Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 364 words

    ည

    ညှာညှာသာသာ

    [ɲ̯àɲ̯àθàθà]
    သာယာ ဖြည်းညှင်းစွာ။ တဆတ်ဆတ် သာသာ
    သာယာ ဖြည်းညှင်းစွာ။ ဖြည်းဖြည်း သာသာ
    have compassion for
    ကြိယာဝိသေသန

    ညှာတံ

    [ɲ̯àtံ]
    အသီးအပွင့် အရွက်ရို့နန့် ဆက်စပ်နိန်ရေ ရိုးတံ။ ညှာတံစီရရီ၊ ပွင့်ဝီဝီသည်၊ ပင်လုံးညွတ်ကုန်ဘိသို့ (ဗမာချီ)
    အသီးအပွင့် အရွက်တို့နှင့် ဆက်စပ်နေသော ရိုးတံ။ ညှာတံစီရရီ၊ ပွင့်ဝီဝီသည်၊ ပင်လုံးညွတ်ကုန်ဘိသို့ (ဗမာချီ)
    petiole
    နာမ်

    ညှာတာ

    [ɲ̯àtà]
    ထည့်တွက် စာနာရေ။ ဆင်ခြင် နှိုင်းဆရေ။ လျော့နည်းယောင် သက်ညှာခြင်း ပြုသည်
    ချင့်တွက် စာနာသည်။ ဆင်ခြင် နှိုင်းဆသည်။ လျော့နည်းအောင် သက်ညှာခြင်း ပြုသည်
    have compassion for
    ကြိယာ

    ညှာပြန်သီး

    [ɲ̯àpɹàɴθï]
    သမ္ဘရာသီးကို မဆွတ်ပဲ ထားကေ မှည့်သော အသီး။ ရာသီပြန်လျှင် (အချိန်ကျကေ) ပြန်ပနာ စိမ်းလာရေ အသီး
    သမ္ဘရာသီးကို မဆွတ်ပဲ ထားလျှင် မှည့်သော အသီး။ ရာသီပြန်လျှင် (အချိန်ကျလျှင်) ပြန်၍ စိမ်းလာသော အသီး
    none
    နာမ်

    ညှာပြန်သီး၂

    [ɲ̯àpɹàɴθï၂]
    (ဥပစာ) လူအိုများ လပျို လူရွယ်စိတ် ဖြစ်ပေါ် လာရေအခါ သုံးနှုန်းသော စကားလုံး။ (ယင်းပိုင် စိတ်ပေါ်လှာသော သူအိုတိကို ညှာပြန်သီးဆိုပနာ ပင်ဖြစ်ဖြစ်၊ သမ္ဘရာသီးဆိုပနာ ပင်ဖြစ်ဖြစ် ခေါ်ဆို ကတ်တေ။
    (ဥပစာ) လူအိုများ လူပျို လူရွယ်စိတ် ဖြစ်ပေါ် လာသည့်အခါ သုံးနှုန်းသော စကားလုံး။ (ယင်းကဲ့သို့ စိတ်ပေါ်လာသော သူအိုများကို ညှာပြန်သီးဟူ၍ လည်းကောင်း၊ သမ္ဘရာသီးဟူ၍ လည်းကောင်း ခေါ်ဆို ကြသည်။
    none
    နာမ်

    ညှိ

    [ɲ̯ì]
    ၁၊ ထည့်တွက် ဆင်ခြင်ရေ။ မိကညာမာ၊ သိရပါရာ၊ ညှိဆဆင်ခြင်၊ ယေကေလဲမူ၊ အယင်ခေါက်က၊ ပေါရာဏနန့်၊ ပြောကတ်တေမာ (ဓမ္မသာ)။ ၂၊ မြေမညီစွာကို ညီယောင် လုပ်ရေ။ ၃၊ လက်တွဲ နှိုင်းနိူင်းရေ။ ရာသီမသိ၊ ပန်းနှင့်ညှိ (ပဉ္စဘုတ်)။ ၄၊ တယောက်နှင့် တယောက် သဖောချင်း ကိုက်
    ၁၊ ချင့်တွက် ဆင်ခြင်သည်။ မိကညာမှာ၊ သိရပါပြီ၊ ညှိဆဆင်ခြင်၊ သို့ရာတွင်မူ၊ ရှေးယခင်က၊ ပေါရာဏဖြင့်၊ ပြောကြသည်မှာ (ဓမ္မသာ)။ ၂၊ မြေမညီသည်ကို ညီအောင် လုပ်သည်။ ၃၊ ယှဉ်တွဲ နှိုင်းယှဉ်သည်။ ရာသီမသိ၊ ပန်းနှင့်ညှိ (ပဉ္စဘုတ်)။ ၄၊ တစ်ယောက်နှင့် တစ်ယောက် သဘောချင်း ကိုက်
    chime
    ကြိယာ

    ညှိနှိုင်း

    [ɲ̯ìn̥áɪɴ]
    ၁၊ ထည့်တွက် ဆင်ခြင်ရေ။ မိကညာမာ၊ သိရပါရာ၊ ညှိဆဆင်ခြင်၊ ယေကေလဲမူ၊ အယင်ခေါက်က၊ ပေါရာဏနန့်၊ ပြောကတ်တေမာ (ဓမ္မသာ)။ ၂၊ မြေမညီစွာကို ညီယောင် လုပ်ရေ။ ၃၊ လက်တွဲ နှိုင်းနိူင်းရေ။ ရာသီမသိ၊ ပန်းနှင့်ညှိ (ပဉ္စဘုတ်)။ ၄၊ တယောက်နှင့် တယောက် သဖောချင်း ကိုက်
    ၁၊ ချင့်တွက် ဆင်ခြင်သည်။ မိကညာမှာ၊ သိရပါပြီ၊ ညှိဆဆင်ခြင်၊ သို့ရာတွင်မူ၊ ရှေးယခင်က၊ ပေါရာဏဖြင့်၊ ပြောကြသည်မှာ (ဓမ္မသာ)။ ၂၊ မြေမညီသည်ကို ညီအောင် လုပ်သည်။ ၃၊ ယှဉ်တွဲ နှိုင်းယှဉ်သည်။ ရာသီမသိ၊ ပန်းနှင့်ညှိ (ပဉ္စဘုတ်)။ ၄၊ တစ်ယောက်နှင့် တစ်ယောက် သဘောချင်း ကိုက်
    chime
    ကြိယာ

    ညှို

    [ɲ̯Ò]
    ညဇာသား ရောက်ပနာ နီ၏ အပူဟိန် အားလျော့ နည်းသော အချိန်
    ညနေဖက် ရောက်၍ နေ၏ အပူရှိန် အားလျော့ နည်းသော အချိန်
    evening
    နာမ်

    ညှို့

    [ɲ̯o̰]
    ကိုယ့် အလိုသို့ ပါအောင် နှုတ်အမူအရာ နန့်သော် ပင်ဖြစ်ဖြစ်၊ ကိုယ်အမူအရာ နန့်သော် ပင်ဖြစ်ဖြစ် သိမ်းသွင်းရေ။ ယောက်ျား ဟူလေ၊ လူအတိမာ၊ သီရေလောက်ယောင်၊ အတွိဆောင်ကေ၊ ကွင်းရှောင်မလွတ်၊ နတ်ပျိုမေမာ၊ မြွီညှို့ကပ်သို့၊ ထူးမြတ် ဂုဏ်ဟိတ်(ဒွေး)
    မိမိ အလိုသို့ ပါအောင် နှုတ်အမူအရာ ဖြင့်သော် လည်းကောင်း၊ ကိုယ်အမူအရာ ဖြင့်သော် လည်းကောင်း ဆွဲဆောင်သည်။ ယောက်ျား ဟူလေ၊ လူအများမှာ၊ သေသောလောက်အောင်၊ အတွေ့ဆောင်ကေ၊ ကွင်းရှောင်မလွတ်၊ နတ်ပျိုမေမှာ၊ မြွေညှို့ကပ်သို့၊ ထူးမြတ် ဂုဏ်ဟိတ်(ဒွေး)
    enchanter
    ကြိယာ

    ညှိုး

    [ɲ̯ó]
    ၁၊ မှေးမှိန်ရေ။ ဘုန်းတန်ခိုး လျော့ပါးရေ။ ၂၊ လန်းဆန်းခြင်း မဟိ ဖြစ်တေ။ ပူဟိန်ပြင်းပြ၊ လကဆုန်မာ၊ ရွက်ဟုန်ညှိုးကေ၊ ကြွီကျသွင်သို့ (ပန်း)
    ၁၊ မှေးမှိန်သည်။ ဘုန်းတန်ခိုး လျော့ပါးသည်။ ၂၊ လန်းဆန်းခြင်း မရှိ ဖြစ်သည်။ ပူဟိန်ပြင်းပြ၊ လကဆုန်မှာ၊ ရွက်ဟုန်ညှိုးကေ၊ ကြွေကျသွင်သို့ (ပန်း)
    fade-lose luster
    ကြိယာ

    ညှို၂

    [ɲ̯Ò၂]
    လက်ညှိုးထိပ်နှင့် လက်မထိပ်ရို့၏ အကြားဟိ အကွာအဝီး အတိုင်းအတာ။ သုဇာစွာရေ၊ ဟင်္သာဟန်မပြားတည်း၊ နွဲ့သည်ခါး၊ နှစ်ညှိုကျော် (ဗမာချီ)
    လက်ညှိုးထိပ်နှင့် လက်မထိပ်တို့၏ အကြားရှိ အကွာအဝေး အတိုင်းအတာ။ သုဇာတာသည်၊ ဟင်္သာဟန်မပြားတည်း၊ နွဲ့သည်ခါး၊ နှစ်ညှိုကျော် (ဗမာချီ)
    measurement
    နာမ်

    ညှို့၂

    [ɲ̯o̰၂]
    လေးမာ တပ်ရရေ ကြိုး
    လေးတွင် တပ်ရသော ကြိုး
    bowstring
    နာမ်

    ညှို၃

    [ɲ̯Ò၃]
    ညစာသား ရောက်ပနာ နီ၏ အပူဟိန် အားလျော့ နည်းရေ။ စစ်တွေမြို့က၊ ညနီညှိုကေ၊ သုံးပိုလောင်းာက်မာ၊ ရမ်းပေါက်လာကေ(သာချမ်း)
    ညနေဘက် ရောက်၍ နေ၏ အပူရှိန် အားလျော့ နည်းသည်။ စစ်တွေမြို့က၊ ညနီညှိုကေ၊ သုံးပိုလှောက်မှာ၊ ရမ်းပေါက်လာကေ(သာချမ်း)
    evening
    ကြိယာ

    ညှိုးငယ်

    [ɲ̯óŋɛ̀]
    ၁၊ ရွှင်ပြ လန်းဆန်းခြင်း မဟိ။ ၂၊ တန်ခိုး အဟိတ် လျော့ပါးသည်
    ၁၊ ရွှင်ပျ လန်းဆန်းခြင်း မရှိ။ ၂၊ တန်ခိုး အရှိန်အဝါ လျော့ပါးသည်
    drearily
    ကြိယာ

    ညှိုးစိတ်ဝီ

    [ɲ̯óseɪʔwí]
    ၁၊ ဝီခွဲ မရယောင် ဖြစ်တေ။ ဖြစ်ပြီးကေ၊ ဖြစ်နီဆဲ၊ ဖြစ်အံ့ အမှုရို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်းရို့နန့် နိူင်း၍ စိတ်မတည် မငြိမ် ခံစားရရေ။ ၂၊ ညော ဖြစ်တေ
    ၁၊ ဝေခွဲ မရအောင် ဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ အမှုတို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်းတို့နှင့် ယှဉ်၍ စိတ်မတည် မငြိမ် ခံစားရသည်။ ၂၊ မရွှင်မပျ ဖြစ်သည်
    baffle
    ကြိယာ

    ညှိုးညှိုးငယ်ငယ်

    [ɲ̯óɲ̯óŋɛ̀ŋɛ̀]
    ၁၊ ရွှင်ပြ လန်းဆန်းခြင်း မဟိ။ ၂၊ တန်ခိုး အဟိတ် လျော့ပါးရေ။ ညှိုးညှိုးငယ်ငယ်၊ နှမသျှေလေ၊ စိတ်ဝေမလန်း၊ တောပြိုင်ချောင်မာ၊ ဖကိုတမ်းကေ၊ လွမ်းစိတ်မပြေ (ပန်း)
    ၁၊ ရွှင်ပျ လန်းဆန်းခြင်း မရှိ။ ၂၊ တန်ခိုး အရှိန်အဝါ လျော့ပါးသည်။ ညှိုးညှိုးငယ်ငယ်၊ နှမသျှေလေ၊ စိတ်ဝေမလန်း၊ တောပြိုင်ချောင်မှာ၊ ဖကိုတမ်းကေ၊ လွမ်းစိတ်မပြေ (ပန်း)
    drearily
    ကြိယာ

    ညှိုထွာ

    [ɲ̯Òtʰwà]
    ညဇာသား ရောက်ပနာ နီ၏ အပူဟိန် အားလျော့ နည်းသော အချိန်
    ညနေဖက် ရောက်၍ နေ၏ အပူရှိန် အားလျော့ နည်းသော အချိန်
    evening
    နာမ်

    ညှို့ဓါတ်

    [ɲ̯o̰dʱàaʔ]
    လူ၏ စိတ်ကို သိမ်းသွင်းနှိုင်ရေ (ညှို့နှိုင်ရေ) အစွမ်း
    လူ၏ စိတ်ကို ဆွဲဆောင်နိုင်သော (ညှို့နိုင်သော) အစွမ်း
    enchant
    နာမ်

    ညှိုးနွမ်း

    [ɲ̯ónʊ̀ɴ]
    ၁၊ လန်းဆန်း ရွှင်ပြခြင်း မဟိ ဖြစ်တေ။ ၂၊ ဘုန်းတန်ခိုး အစဟိရေ အဟိတ် လျော့ပါးသည်
    ၁၊ လန်းဆန်း ရွှင်ပျခြင်း မရှိ ဖြစ်သည်။ ၂၊ ဘုန်းတန်ခိုး စသော အရှိန်အဝါ လျော့ပါးသည်
    drearily
    ကြိယာ

    ညှိုပြွီ

    [ɲ̯ÒpWɹí]
    တညည့်ှိုခန့် ရှည်၍ အပေါက် သုံးပေါက်နန့် မှုတ်ရရေ ပြွေတမျိုး
    တစ်ညှိုခန့် ရှည်၍ အပေါက် သုံးပေါက်ဖြင့် မှုတ်ရသော ပြွေတစ်မျိုး
    flute
    နာမ်