Dictionary Entries
Showing 341–360 of 364 words
ည
ညှိုးမှိန်
[ɲ̯óm̥èɪɴ]
Arakanese:
၁၊ အရောင်အဝါ တောက်ပ ပြောင်လက်ခြင်း မဟိ လျော့ပါးရေ။ အရောင်ညှိုးမှိန်၊ တောက်ထိန်ကင်းပ၊ အမိုက်ကျဗျာယ် (ဓမ္မိက)။ ၂၊ ဂုဏ်ငယ်ရေ။ ညံ့ဖျင်းရေ။ ကုသိုလ်အဟိန်၊ ညှိုးမှိန်ညစ်နွမ်း၊ ပင်ပန်းဒုက္ခ၊ ဆင်းရဲကတ်ပနာ (ရခိုင်ကာ)
Burmese:
၁၊ အရောင်အဝါ တောက်ပ ပြောင်လက်ခြင်း မရှိ လျော့ပါးသည်။ အရောင်ညှိုးမှိန်၊ တောက်ထိန်ကင်းပ၊ အမှောင်ကျလျက် (ဓမ္မိက)။ ၂၊ ဂုဏ်ငယ်သည်။ ညံ့ဖျင်းသည်။ ကုသိုလ်အဟိန်၊ ညှိုးမှိန်ညစ်နွမ်း၊ ပင်ပန်းဒုက္ခ၊ ဆင်းရဲကြလျက် (ရခိုင်ကာ)
English:
not up to the standard
Grammar Note:
ကြိယာ
ညှိုးလယ
[ɲ̯ólj]
Arakanese:
ပင်ပန်း နွမ်းလျရေ။ မလန်းမဆန်း ဖြစ်တေ။ ပင်ပန်းညှိုးလယ၊ ခွန်အားကျပနာ၊ မထမူးမှိုင်၊ မကြံနိုင်လဲ(မြို့တည်)
Burmese:
ပင်ပန်း နွမ်းလျသည်။ မလန်းမဆန်း ဖြစ်သည်။ ပင်ပန်းညှိုးလယ၊ ခွန်အားကျ၍၊ မထမူးမှိုင်၊ မကြံနိုင်လဲ(မြို့တည်)
English:
tired
Grammar Note:
ကြိယာ
ညှိုလုံးတိုင်း
[ɲ̯Òlóʊɴtáɪɴ]
Arakanese:
လုံးဝန်းသော အရာရို့ကို လက်မထိပ်နှင့် လက်ညှိုးထိပ် ထိပနာ တိုင်းရရေ အတိုင်းအထွာ
Burmese:
လုံးဝန်းသော အရာတို့ကို လက်မထိပ်နှင့် လက်ညှိုးထိပ် ထိ၍ တိုင်းရသော အတိုင်းအထွာ
English:
measurement
Grammar Note:
နာမ်
ညှိုးဝီ
[ɲ̯ówí]
Arakanese:
ညော ဖြစ်တေ။ စိတ်အားငယ်ရေ။ စိတ်မာ နှစ်သက် ချမ်းမြေ့စွာ မခံစားရ ဖြစ်တေ။ အသွယ်သွယ်ပျော်ခြင်းရာ၊ စွာကို မြင်သော်၊ ကျွန်လျှင်သည်းအူဆာ၍၊ ညှိုးဝီကာအထက်ဆင့်ပေါ် (ဗမာချီ)
Burmese:
မရွှင်မပျ ဖြစ်သည်။ စိတ်အားငယ်သည်။ စိတ်တွင် နှစ်သက် ချမ်းမြေ့စွာ မခံစားရ ဖြစ်သည်။ အသွယ်သွယ်ပျော်ခြင်းရာ၊ သည်ကို မြင်သော်၊ ကျွန်လျှင်သည်းအူဆာ၍၊ ညှိုးဝီကာထပ်ဆင့်ပေါ် (ဗမာချီ)
English:
drearily
Grammar Note:
ကြိယာ
ညှီ
[ɲ̯í]
Arakanese:
သားစိမ်း၊ ငါးစိမ်း နံ့ပိုင် အနံဟိရေ
Burmese:
သားစိမ်း၊ ငါးစိမ်း နံ့ကဲ့သို့ အနံရှိသည်
English:
smell rank
Grammar Note:
ကြိယာ
ညှီစို
[ɲ̯ísÒ]
Arakanese:
သားစိမ်း၊ ငါးစိမ်း အနံ့ပိုင်ယှောင် သနဖွယ်ဖြစ်ရေ အနံ့
Burmese:
သားစိမ်း၊ ငါးစိမ်း အနံ့ကဲ့သို့သော ရွံရှာဖွယ်ဖြစ်သော အနံ့
English:
smell of raw meat
Grammar Note:
နာမ်
ညှီစို့
[ɲ̯íso̰]
Arakanese:
သလစရာ ကောင်းရေ ညှီသော အနံ့
Burmese:
စက်ဆုပ်ဖွယ် ကောင်းသော ညှီသော အနံ့
English:
smell of raw meat
Grammar Note:
နာမ်
ညှီနံ့
[ɲ̯ínံ့]
Arakanese:
လူ၊ တိရိစ္ဆာန်ရို့မှ ထွက်သော (သွေးညှီနံ့ပိုင်ယှောင်) ညှီသော အနံ့။ လေးထွေချောင်းရှင်၊ ပေါင်းထုတ်ခွင်၌၊ ရီကေနီကြန့်၊သွီးညှီနံ့၏ (ရခိုင်ကာ)
Burmese:
လူ၊ တိရိစ္ဆာန်တို့မှ ထွက်သော (သွေးညှီနံ့ကဲ့သို့သော) ညှီသော အနံ့။ လေးထွေချောင်းရှင်၊ ပေါင်းထုတ်ခွင်၌၊ ရေလျှင်နီကြန့်၊ သွေးညှီနံ့၏ (ရခိုင်ကာ)
English:
smell of raw meat
Grammar Note:
နာမ်
ညှီလူး
[ɲ̯ílùး]
Arakanese:
(ဥပစာ) ကိုယ့်အပြစ်၌ လူတိကိုဆွဲသွင်း ယူရေ။ လူများရို့ ဆိုးရွား ယုတ်မာသော အမှုကို ပြုရာမာ ကိုယ့်ကိုပါ ရောနှော ထည့်သွင်း ယူရေ
Burmese:
(ဥပစာ) မိမိအပြစ်၌ သူတစ်ပါးကို ဆွဲသွင်း ယူသည်။ သူတစ်ပါးတို့ ဆိုးရွား ယုတ်မာသော အမှုကို ပြုရာတွင် မိမိကိုပါ ရောနှော ထည့်သွင်း ယူသည်
English:
thrust into
Grammar Note:
ကြိယာ
ညှီဟောက်
[ɲ̯íhɔ́ɛʔ]
Arakanese:
သလစရာ ကောင်းရေ အနံဟိရေ။ ဟိုင်စော်သော
Burmese:
စက်ဆုပ်ဖွယ် ကောင်းသော အနံရှိသော။ အနံ့နံစော်သော
English:
smell of raw meat
Grammar Note:
နာမဝိသေသန
ညှီဟောင်
[ɲ̯íhàʊɴ]
Arakanese:
အစားအစာ အစဟိစွာ ဖေါက်ပြန် ရိပျက်ပနာ အနံ့ဆိုး ထွက်သော
Burmese:
အစားအစာ စသည် ဖေါက်ပြန် ရိပျက်၍ အနံ့ဆိုး ထွက်သော
English:
smell of raw meat
Grammar Note:
နာမဝိသေသန
ညှောက်
[ɲ̯ɔ́ɛʔ]
Arakanese:
၁၊ အပင်ထွက်ခါစ ဖြစ်ရေ အပင်လောင်း၊ အမြစ်လောင်း။ ၂၊ မှီခိုရာမာ ချိတ်တွယ်သော နွယ်ပင်၏ အစိတ်အပိုင်း
Burmese:
၁၊ အပင်ထွက်ခါစ ဖြစ်သော အပင်လောင်း၊ အမြစ်လောင်း။ ၂၊ မှီခိုရာတွင် ချိတ်တွယ်သော နွယ်ပင်၏ အစိတ်အပိုင်း
English:
sprout
Grammar Note:
နာမ်
ညှောက်တောက်တောက်
[ɲ̯ɔ́ɛʔtɔ́ɛʔtɔ́ɛʔ]
Arakanese:
ငေါက်တောက် ထောင်ဗျာယ်။ ထိုးထိုး ထောင်ထောင်
Burmese:
ငေါက်တောက် ထောင်လျက်။ ထိုးထိုး ထောင်ထောင်
English:
spicily
Grammar Note:
ကြိယာဝိသေသန
ညှောင့်
[ɲ̯a̰ʊɴ]
Arakanese:
(ခမကို ခတီး) ညှောင့်သည်
Burmese:
(ခွေးမကို ခွေးထီး) ညှောင့်သည်
English:
none
Grammar Note:
ကြိယာ
ညှောင်နာနာ
[ɲ̯àʊɴnànà]
Arakanese:
အားပျော့ နွဲ့လျသော။ ခြည့်နန့်သော
Burmese:
အားပျော့ နွဲ့လျသော။ ချည့်နဲ့သော
English:
weak
Grammar Note:
နာမဝိသေသန
ညှောင်နာနာ၂
[ɲ̯àʊɴnànà၂]
Arakanese:
၁၊ တက်ကြွခြင်း ကင်းစွာ။ ၂၊ ပျော့ညံ့ နူးအိဗျာယ်
Burmese:
၁၊ တက်ကြွခြင်း ကင်းစွာ။ ၂၊ ပျော့ညံ့ နူးအိလျက်
English:
lugubrious
Grammar Note:
ကြိယာဝိသေသန
ညှော်
[ɲ̯ɔ̀]
Arakanese:
သားငါး အစဟိစွာရို့ကို မီးဖုတ်သော အခါ၌ ပင်ဖြစ်ဖြစ်၊ ကျော်လောင်းာ်သော အခါ၌ ပင်ဖြစ်ဖြစ် အလွန် ဆိုးဝါးသော အနံ့များ ဖြစ်ပေါ် လာရေ
Burmese:
သားငါး စသည်တို့ကို မီးဖုတ်သော အခါ၌ လည်းကောင်း၊ ကြော်လှော်သော အခါ၌ လည်းကောင်း အလွန် ဆိုးဝါးသော အနံ့များ ဖြစ်ပေါ် လာသည်
English:
smell of burning or frying
Grammar Note:
ကြိယာ
ညှော်ခံ
[ɲ̯ɔ̀kʰံ]
Arakanese:
ညှော်သော အနံ့ကို ခံယူရေ
Burmese:
ညှော်သော အနံ့ကို ခံယူသည်
English:
none
Grammar Note:
ကြိယာ
ညှော်စို
[ɲ̯ɔ̀sÒ]
Arakanese:
ညှော်သော အနံ့
Burmese:
ညှော်သော အနံ့
English:
smell of burning or frying
Grammar Note:
နာမ်
ညှော်ဆီး
[ɲ̯ɔ̀sʰï]
Arakanese:
အညှော်မိ၍ နီမကောင်း ဖြစ်ရေ ဝေဒနာကို လျော့ပါး စီနှိုင်ရေ ဆီး
Burmese:
အညှော်မိ၍ နေမကောင်း ဖြစ်သော ဝေဒနာကို လျော့ပါး စေနိုင်သော ဆေး
English:
inhalant to withstand the bad effects of acrid smells
Grammar Note:
နာမ်