Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 364 words

    ည

    ညချင်းတွင်း

    [ɲɕɪ́ɴtwɪ́ɴ]
    ရက်မကူးခင် ညအထဲမာ
    နေ့ မကူးမီ ညအတွင်း၌
    the same night
    ကြိယာဝိသေသန

    ညချင်းပေါက်

    [ɲɕɪ́ɴpaʊʔ]
    တညည့် တည်းနှင့် အရောက်
    တစ်ည တည်းနှင့် အရောက်
    the same night
    ကြိယာဝိသေသန

    ညချင်းပြီး

    [ɲɕɪ́ɴpɹï]
    တညည့် တည်းနှင့် အပြီးသို့ ရောက်ရေ
    တစ်ည တည်းနှင့် အပြီးသို့ ရောက်သည်
    the same night
    ကြိယာ

    ညချမ်း

    [ɲɕáɴ]
    ညဦးပိုင်း ဖြစ်ရေ အချိန်
    ညဦးပိုင်း ဖြစ်သော အချိန်
    night
    နာမ်

    ညင်

    [ɲɪ̀ɴ]
    ၁၊ ဝမ်းညင် မွတ်သိပ်ရေ။ ထမင်းကန်းကျင်၊ ဝမ်းကဟင်၊ စာပင်မဟိ ဖြစ်တုံဘိ၍ (ဓမ္မက)
    ၁၊ ဆာလောင် မွတ်သိပ်သည်။ ထမင်းကညင်၊ ဝမ်းကဟင်၊ စာပင်မရှိ ဖြစ်တုံဘိ၍ (ဓမ္မက)
    hungry
    ကြိယာ

    ညင်း

    [ɲɪ́ɴ]
    တခုခုကို တဆင့် ပြန်ပနာမကျဉ်းဖြစ်ပနာ ညွှန်ပြရာမာ သုံးသော စကားလုံး။ ၄င်း။ ထို
    တစ်စုံ တစ်ရာကို တစ်ဆင့် ပြန်လည်၍ ညွှန်ပြရာ၌ သုံးသော စကားလုံး။ ၄င်း။ ထို
    that
    နာမဝိသေသန

    ညင်၂

    [ɲɪ̀ɴ၂]
    နွမ်းလျ ပင်ပန်း ညှိုးငယ်သော။ ခွန်အား ကုန်ခန်းသော
    နွမ်းလျ ပင်ပန်း ညှိုးငယ်သော။ ခွန်အား ကုန်ခန်းသော
    tired
    နာမဝိသေသန

    ညင်း၂

    [ɲɪ́ɴ၂]
    ထိုအရာ။ ယင့်အရာ။ (ညင်းလူ- ယင်းတိုင်သျှင်။ ညင်းချင့်- ယင်းချင့်။ ခိုချင့်
    ထိုအရာ။ ၄င်းအရာ။ (ညင်းလူ- ယင်းလူ။ ညင်းချင့်- ယင်းချင့်။ ခိုချင့်
    that
    နာမ်

    ညင်း၃

    [ɲɪ́ɴ၃]
    အသာ တဆတ်ဆတ် ဖြစ်ရေ။ ကကြမ်းတတမ်း အယင်ဘလင်သည် မဟုတ်ရေ
    အသာ ဖြည်းဖြည်း ဖြစ်သော။ ကြမ်းတမ်း လျင်မြန်သည် မဟုတ်သော
    slow
    နာမဝိသေသန

    ညင်း၄

    [ɲɪ́ɴ၄]
    (အဖြူကွက်ငယ် ပေါက်သော ညင်းကို ခြိုးညင်း ဟု ခေါ်ပနာ အရဲအကွက်ကြီး ပေါက်သော ညင်းကို ဆင်ညင်း စပါး ရိတ်သိမ်းချိန်၌ အဖြူကွက်ငယ် ပေါက်သော ညင်းကို စပါးညင်း ဟု ခေါ်ကတ်တေ။) အစဟိစွာအနိန်နန့် ဟိကတ်၏။ မိတ်ရင်းလိုင်တံ၊ ရွှီရင်မားမာ၊ ညင်းပွင့်ရံကေ (ရာမ)။ သျှတ္တရဝင်၊ ညင်းပွင်
    (အဖြူကွက်ငယ် ပေါက်သော ညင်းကို ခြိုးညင်း ဟု ခေါ်၍ အနီအကွက်ကြီး ပေါက်သော ညင်းကို ဆင်ညင်း စပါး ရိတ်သိမ်းချိန်၌ အဖြူကွက်ငယ် ပေါက်သော ညင်းကို စပါးညင်း ဟု ခေါ်ကြသည်။) စသည်အားဖြင့် ရှိကြ၏။ မိတ်ရင်းလည်တံ၊ ရွှေရင်တွင်းမှာ၊ ညင်းပွင့်ရံကေ (ရာမ)။ သျှတ္တရဝင်၊ ညင်းပွင်
    none
    နာမ်

    ညင်းကွဲ

    [ɲɪ́ɴkwɛ]
    ထက်ခြမ်း ကွဲလားရေ၊ မဟုတ်ဘဲ ဟိုတစ သည်တစ ကွဲလားခြင်း ဖြစ်တေ
    ထက်ခြမ်း ကွဲသွားသည်၊ မဟုတ်ပဲ ဟိုတစ်စ သည်တစ်စ ကွဲသွားခြင်း ဖြစ်သည်
    in halves
    ကြိယာ

    ညင်ညင်

    [ɲɪ̀ɴɲɪ̀ɴ]
    ၁၊ ဖြည်းညင်း ညင်သာသော။ (အပြောအဆို အပြုအမူ အစဟိစွာ) သိမ်မွေ့ နူးညံ့သော။ နားမာနားကပ်၊ ကြာသွင်စီးကေ၊ ညင်ညင်ချွတ်လီ (တေး)။ ၂၊ ကကြမ်းတတမ်း အယင်ဘလင်သည် မဟုတ်ရေ။ အသာ တဆတ်ဆတ် ဖြစ်ရေ
    ၁၊ ဖြည်းညင်း ညင်သာသော။ (အပြောအဆို အပြုအမူ စသည်) သိမ်မွေ့ နူးညံ့သော။ နားတွင်နားကပ်၊ ကြာသွင်စီးကေ၊ ညင်ညင်ချွတ်လေ (တေး)။ ၂၊ ကြမ်းတမ်း လျင်မြန်သည် မဟုတ်သော။ အသာ ဖြည်းဖြည်း ဖြစ်သော
    be gentle
    နာမဝိသေသန

    ညင်းညင်း

    [ɲɪ́ɴɲɪ́ɴ]
    နူးနူး ညံ့ညံ့။ ဖြည်းညင်း သာယာစွာ။ နားခံ သာယောင် ညင်သာစွာ
    နူးနူး ညံ့ညံ့။ ဖြည်းညင်း သာယာစွာ။ နားခံ သာအောင် ညင်သာစွာ
    soft
    ကြိယာဝိသေသန

    ညင်ညင်ပင်ပင်

    [ɲɪ̀ɴɲɪ̀ɴpɪ̀ɴpɪ̀ɴ]
    ၁၊ ကိုယ်စိတ် ပင်ပန်း နွမ်းရိဗျာယ်။ ၂၊ ခွန်အား ကုန်ခမ်း သနန့်။ အလွန် မှေးမှိန် ညှိုးရော်သည် ဖြစ်ပနာ။ ၃၊ ဝမ်းညင် မွတ်သိပ်သော အနိန်နန့်
    ၁၊ ကိုယ်စိတ် ပင်ပန်း နွမ်းနယ်လျက်။ ၂၊ ခွန်အား ကုန်ခမ်း သဖြင့်။ အလွန် မှေးမှိန် ညှိုးရော်သည် ဖြစ်၍။ ၃၊ ဆာလောင် မွတ်သိပ်သော အားဖြင့်
    tired
    ကြိယာဝိသေသန

    ညင်ညင်ဖတ်ဖတ်

    [ɲɪ̀ɴɲɪ̀ɴpʰaʔpʰaʔ]
    ၁၊ ကိုယ်စိတ် ပင်ပန်း နွမ်းရိဗျာယ်။ ၂၊ ခွန်အား ကုန်ခမ်း သနန့်။ အလွန် မှေးမှိန် ညှိုးရော်သည် ဖြစ်ပနာ။ ၃၊ ဝမ်းညင် မွတ်သိပ်သော အနိန်နန့်
    ၁၊ ကိုယ်စိတ် ပင်ပန်း နွမ်းနယ်လျက်။ ၂၊ ခွန်အား ကုန်ခမ်း သဖြင့်။ အလွန် မှေးမှိန် ညှိုးရော်သည် ဖြစ်၍။ ၃၊ ဆာလောင် မွတ်သိပ်သော အားဖြင့်
    tired
    ကြိယာဝိသေသန

    ညင်ညင်သာသာ

    [ɲɪ̀ɴɲɪ̀ɴθàθà]
    ၁၊ ဖြည်းညင်း ညင်သာသော။ (အပြောအဆို အပြုအမူ အစဟိစွာ) သိမ်မွေ့ နူးညံ့သော။ နားမာနားကပ်၊ ကြာသွင်စီးကေ၊ ညင်ညင်ချွတ်လီ (တေး)။ ၂၊ ကကြမ်းတတမ်း အယင်ဘလင်သည် မဟုတ်ရေ။ အသာ တဆတ်ဆတ် ဖြစ်ရေ
    ၁၊ ဖြည်းညင်း ညင်သာသော။ (အပြောအဆို အပြုအမူ စသည်) သိမ်မွေ့ နူးညံ့သော။ နားတွင်နားကပ်၊ ကြာသွင်စီးကေ၊ ညင်ညင်ချွတ်လေ (တေး)။ ၂၊ ကြမ်းတမ်း လျင်မြန်သည် မဟုတ်သော။ အသာ ဖြည်းဖြည်း ဖြစ်သော
    be gentle
    နာမဝိသေသန

    ညင်းညင်းသာသာ

    [ɲɪ́ɴɲɪ́ɴθàθà]
    နူးနူး ညံ့ညံ့။ ဖြည်းညင်း သာယာစွာ။ နားခံ သာယောင် ညင်သာစွာ
    နူးနူး ညံ့ညံ့။ ဖြည်းညင်း သာယာစွာ။ နားခံ သာအောင် ညင်သာစွာ
    soft
    ကြိယာဝိသေသန

    ညင်ညင်သာသာ၂

    [ɲɪ̀ɴɲɪ̀ɴθàθà၂]
    ဖြည်းညှင်း သာယာစွာ။ (အပြောအဆို၊ အပြုအမူ အစဟိစွာ) သိမ်မွေး နူးညံ့သည် ဖြစ်ပနာ
    ဖြည်းညှင်း သာယာစွာ။ (အပြောအဆို၊ အပြုအမူ စသည်) သိမ်မွေး နူးညံ့သည် ဖြစ်၍
    be gentle
    ကြိယာဝိသေသန

    ညင်ညင်သာသာ၃

    [ɲɪ̀ɴɲɪ̀ɴθàθà၃]
    ဖြည်းညင်း ညင်သာရေ။ (အပြောအဆို၊ အပြုအမူ အစဟိစွာ) နူးညံ့သည်
    ဖြည်းညင်း ညင်သာသည်။ (အပြောအဆို၊ အပြုအမူ စသည်) နူးညံ့သည်
    be gentle
    ကြိယာ

    ညင်းတက်

    [ɲɪ́ɴtɛʔ]
    ပင်မကြီးမှ ထွက်လှာသော အတက်
    ပင်စည်မှ ထွက်လာသော အတက်
    branch
    နာမ်