Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 364 words

    ည

    ညင်းပင်

    [ɲɪ́ɴpɪ̀ɴ]
    သင်ဖျူးဖျာ ရက်သော အပင် တမျိုး
    သင်ဖျူးဖျာ ရက်သော အပင် တစ်မျိုး
    plant
    နာမ်

    ညင်းဖတ်ဖတ်

    [ɲɪ́ɴpʰaʔpʰaʔ]
    ကိုယ်ခန္ဓာမာ ထူထပ်စွာ ပေါက်သော အကွက် အပြောက် ညင်းကွက်များ။ ကိုယ်ပြင်မှတ်မှတ်၊ ညင်းဖတ်ဖတ်နှင့်၊ စပ်စပ်မည်သံ၊ သူ့ခံမား စားလိမ့်မည်လည်း၊ သူ့ပွဲချင်း (သိုက်)
    ကိုယ်ခန္ဓာတွင် ထူထပ်စွာ ပေါက်သော အကွက် အပြောက် ညင်းကွက်များ။ ကိုယ်ပြင်မှတ်မှတ်၊ ညင်းဖတ်ဖတ်နှင့်၊ စပ်စပ်မည်သံ၊ သူ့ခံတွင်း စားလိမ့်မည်လည်း၊ သူ့ပွဲချင်း (သိုက်)
    be worn-out
    နာမ်

    ညင်းသောသော

    [ɲɪ́ɴθɔ́θɔ́]
    ကိုယ်ခန္ဓာမာ ထူထပ်စွာ ပေါက်သော အကွက် အပြောက် ညင်းကွက်များ။ ကိုယ်ပြင်မှတ်မှတ်၊ ညင်းဖတ်ဖတ်နှင့်၊ စပ်စပ်မည်သံ၊ သူ့ခံမား စားလိမ့်မည်လည်း၊ သူ့ပွဲချင်း (သိုက်)
    ကိုယ်ခန္ဓာတွင် ထူထပ်စွာ ပေါက်သော အကွက် အပြောက် ညင်းကွက်များ။ ကိုယ်ပြင်မှတ်မှတ်၊ ညင်းဖတ်ဖတ်နှင့်၊ စပ်စပ်မည်သံ၊ သူ့ခံတွင်း စားလိမ့်မည်လည်း၊ သူ့ပွဲချင်း (သိုက်)
    be worn-out
    နာမ်

    ညစာ

    [ɲsà]
    မွန်းစောင်း သုံးနာရီလောင်းာက်ကပင် နီမိုက်စ ကာလအထဲ။ ‘ညစာဆိုကေ၊ ရီကိုမပြုတ်၊ ခပ်ရရေ’ (ပဲ) ။ ‘နီလည်းသုံးပို၊ ချမ်းရိပ်ညို၊ နီညိုခလိပ်၊ ညစာနီမာ၊ ချမ်းရိပ်ကျရေ’ (ဥက္ကာ)
    မွန်းလွဲ သုံးနာရီခန့်မှသည် နေဝင်ချိန် ကာလအတွင်း။ ‘ညစာဆိုကေ၊ ရီကိုမပြုတ်၊ ခပ်ရရေ’ (ပဲ) ။ ‘နီလည်းသုံးပို၊ ချမ်းရိပ်ညို၊ နီညိုခလိပ်၊ ညစာနီမှာ၊ ချမ်းရိပ်ကျရေ’ (ဥက္ကာ)
    dinner
    နာမ်

    ညစာ၂

    [ɲsà၂]
    ညစာဖက် ထမင်း စားသောက်ချိန်။ ညစာဖက်မာ စားသောက်သော ထမင်း။ ‘လက်နှင့်ယပ်လို့၊ တလတ်ခေါ်ဗျာ၊ ညစာထမင်း၊ ဒါဘောင်ရှင်လေ၊ လင်မယားရို့၊ စားပစ်လို့ကြွင်းကို’ (ဓမ္မသာ)
    ညနေပိုင်း ထမင်း စားသောက်ချိန်။ ညနေပိုင်းတွင် စားသောက်သော ထမင်း။ ‘လက်နှင့်ယပ်လို့၊ တစ်လတ်ခေါ်ဗျာ၊ ညစာထမင်း၊ ဒါဘောင်ရှင်လေ၊ လင်မယားတို့၊ စားလို့ကြွင်းကို’ (ဓမ္မသာ)
    dinner
    နာမ်

    ညစာစောင်း

    [ɲsàsáʊɴ]
    နီဝင်ဒရှုး အချိန်။ (ညချေယံ၏ ပထမပိုင်း အချိန်)။ ‘ကြောင့်ကြစိုးရိမ်၊ မဖြစ်လီကေ့၊ နီမင်းဝင်- ညစာစောင်းမာ၊ ပလွီသံသာ၊ တကျော်ကျော်- မေရို့အိမ်၊ တောင်ဘက်နားမာ၊ မောင်ဟိနီမေ’(ပဲ)
    နေမှောင်စ အချိန်။ (ညလေးယံ၏ ပထမပိုင်း အချိန်)။ ‘ကြောင့်ကြစိုးရိမ်၊ မဖြစ်လီကေ့၊ နီမင်းဝင်- ညစာစောင်းမှာ၊ ပလွီသံသာ၊ တကျော်ကျော်- မေရို့အိမ်၊ တောင်ဘက်နားမှာ၊ မောင်ဟိနီမေ’(ပဲ)
    evening
    နာမ်

    ညစိညစာ

    [ɲsìɲsà]
    ညဇာ သုံးနာရီမှ မိုက်စ ပျိုးချိန်အထိ အချိန် ကာလကို ရည်၍ ပြောသော စကား
    ညနေ သုံးနာရီမှ မှောင်စ ပျိုးချိန်အထိ အချိန် ကာလကို ရည်၍ ပြောသော စကား
    evening
    နာမ်

    ညံစီစီ

    [ɲံsísí]
    ဗလဗွီသတ်စွာ မကန်မဝှန် ရောနှောသော အသံ ဆူမြည်ရေ။ ညံတစီစီ၊ တူရိယာအသံ၊ မှုတ်ဟန်မစဲ၊ ပြောထွေးပွက်ဆူ၊ များဗိုလ်လူရို့ (မြို့တည်)
    ရှုပ်ထွေးစွာ အများအပြား ရောနှောသော အသံ ဆူမြည်သည်။ ညံတစီစီ၊ တူရိယာအသံ၊ မှုတ်ဟန်မစဲ၊ ပြောထွေးပွက်ဆူ၊ များဗိုလ်လူတို့ (မြို့တည်)
    noisy
    ကြိယာ

    ညစ်

    [ɲɪʔ]
    ၁၊ မသန့် ချီး ဖြစ်တေ။ မကြည် မလင် ဖြစ်တေ။ ကမ္ဗာလေ၊ တန်ဆာစစ်ဟု၊ ညစ်တုံမျက်နှာ၊ ဟိခြင်းရာကြောင့် (ရာမ)။ ၂၊ ပေကျိုင်ရေ။ ၃၊ ယုတ်မာရေ။ ဆိုးယုတ်ရေ။ ၄၊ မကြည် မလင် ဖြစ်တေ။ ၅၊ အထဲလားရေ။ ၆၊ ဟောင်းနွမ်းရေ
    ၁၊ မသန့် မစင် ဖြစ်သည်။ မကြည် မလင် ဖြစ်သည်။ ကမ္ဗာလေ၊ တန်ဆာစစ်ဟု၊ ညစ်တုံမျက်နှာ၊ ရှိခြင်းရာကြောင့် (ရာမ)။ ၂၊ ပေကျံသည်။ ၃၊ ယုတ်မာသည်။ ဆိုးယုတ်သည်။ ၄၊ မကြည် မလင် ဖြစ်သည်။ ၅၊ ကောက်ကျစ်သည်။ ၆၊ ဟောင်းနွမ်းသည်
    dishonest
    ကြိယာ

    ညစ်ကြေး

    [ɲɪʔt͡ɕé]
    ကပ်တွယ်ဗျာယ် ဟိရေ ကြီးညှော်။ အမြှပ်။ အကျိ အချွဲ အညှေ့စရေ။ ညစ်ကြီးမတင်၊ ဖွေးဖြူစင်သည်၊ ကြည်လင်အီးမြ
    ကပ်တွယ်လျက် ရှိသော ကြေးညှော်။ အမြှပ်။ အကျိ အချွဲ အညှိစသည်။ ညစ်ကြေးမတင်၊ ဖွေးဖြူစင်သည်၊ ကြည်လင်အေးမြ
    dirty
    နာမ်

    ညစ်ကြေပက်ကြေ

    [ɲɪʔt͡ɕèpɛʔt͡ɕè]
    လူတိကို စီးပိုးဗျာယ်။ အထဲလားဗျာယ်
    သူတစ်ပါး အပေါ် စီးပိုးလျက်။ ကောက်ကျစ်လျက်
    dishonest
    ကြိယာဝိသေသန

    ညစ်ချွဲ

    [ɲɪʔɕwɛ]
    ၁၊ ယုတ်မာ ဆိုးဝါးသော အဖြစ်။ ၂၊ မသန့်စင်သော အဖြစ်
    ၁၊ ယုတ်မာ ဆိုးဝါးသော အဖြစ်။ ၂၊ မသန့်စင်သော အဖြစ်
    dirty
    နာမ်

    ညစ်ဆွီး

    [ɲɪʔsʰwï]
    ၁၊ ယုတ်မာ ဆိုးဝါးရေ။ ၂၊ ညှိုးနွမ်း မွဲခြောက်ရေ။ ဟောင်းနွမ်း စုတ်ပြတ်သည်
    ၁၊ ယုတ်မာ ဆိုးဝါးသည်။ ၂၊ ညှိုးနွမ်း မွဲခြောက်သည်။ ဟောင်းနွမ်း စုတ်ပြတ်သည်
    dirty
    ကြိယာ

    ညစ်ညစ်ပတ်ပတ်

    [ɲɪʔɲɪʔpaʔpaʔ]
    မသန့်ချီး ဖြစ်တေ
    မသန့်မစင် ဖြစ်သည်
    dirty
    ကြိယာ

    ညစ်ညူး

    [ɲɪʔɲùး]
    ၁၊ မသန့် ချီး ဖြစ်တေ။ ၂၊ ဆိုးယုတ်ရေ။ ယုတ်မာသည်
    ၁၊ မသန့် မစင် ဖြစ်သည်။ ၂၊ ဆိုးယုတ်သည်။ ယုတ်မာသည်
    dirty
    ကြိယာ

    ညစ်ထုတ်

    [ɲɪʔtʰoʊʔ]
    ၁၊ မကြည်မလင် ဖြစ်တေ။ ၂၊ မသန့်ချီး ဖြစ်တေ။ ၃၊ ပေကျိုင်ရေ
    ၁၊ မကြည်မလင် ဖြစ်သည်။ ၂၊ မသန့်မစင် ဖြစ်သည်။ ၃၊ ပေကျံသည်
    dirty
    ကြိယာ

    ညစ်နွမ်း

    [ɲɪʔnʊ̀ɴ]
    စင်ကြယ် သန့်ရှင်းမှုမဟိ ဖြစ်တေ။ တောက်ပ ပြောင်လက်ခြင်း ကင်းရေ။ ကြည်လင်မှုမဟိ ဖြစ်တေ
    စင်ကြယ် သန့်ရှင်းမှုမရှိ ဖြစ်သည်။ တောက်ပ ပြောင်လက်ခြင်း ကင်းသည်။ ကြည်လင်မှုမရှိ ဖြစ်သည်
    dirty
    ကြိယာ

    ညစ်ပက်

    [ɲɪʔpɛʔ]
    ၁၊ ယုတ်မာရေ။ ဆိုးယုတ်ရေ။ ၂၊ မကြည်မလင် ဖြစ်တေ
    ၁၊ ယုတ်မာသည်။ ဆိုးယုတ်သည်။ ၂၊ မကြည်မလင် ဖြစ်သည်
    dirty
    ကြိယာ

    ညစ်ပုပ်

    [ɲɪʔpoʊʔ]
    အရောင်အဝါ တောက်ပသည် မဟုတ်ဘဲ။ ကြည်လင်ခြင်း မဟိရေ အနိန်နန့်
    အရောင်အဝါ တောက်ပသည် မဟုတ်ပဲ။ ကြည်လင်ခြင်း မရှိသော အားဖြင့်
    dirty
    ကြိယာဝိသေသန

    ညစ်ဟောင်း

    [ɲɪʔháʊɴ]
    မသန့်ချီး ဖြစ်တေ
    မသန့်မစင် ဖြစ်သည်
    dirty
    ကြိယာ