Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 364 words

    ည

    ညဈီး

    [ɲzʱï]
    ညဦး အချိန်မာ ရောင်းချသော ဈီး
    ညဦး အချိန်၌ ရောင်းချသော ဈေး
    night market
    နာမ်

    ညဉ့်

    [ɲɪ̀ɴ့]
    နီဝင်ရေမှ နီထွက်သည်အထိ အချိန်။ ညဉ့်မူနိမှန်း၊ မသိလွန်းသည်၊ မျက်ဆံလည်းဆောက်၊ ကြောက်ချင်စဖွယ် (ပဉ္စဘုတ်)
    နေဝင်သည်မှ နေထွက်သည်အထိ အချိန်။ ညဉ့်မူနိမှန်း၊ မသိလွန်းသည်၊ မျက်ဆံလည်းဆောက်၊ ကြောက်ချင်စဖွယ် (ပဉ္စဘုတ်)
    night
    နာမ်

    ညဉ့်ကြီးနက်ကြီး

    [ɲɪ̀ɴ့t͡ɕïnɛʔt͡ɕï]
    သိုင်ခေါင်ချိန် ရောက်ဖို့လောင်းာက်ခါပတ်ဝန်းကျင်
    သန်းခေါင်ချိန် ရောက်ခါနီး ပတ်ဝန်းကျင်
    midnight
    နာမ်

    ညဉ့်တပိုရ်

    [ɲɪ̀ɴ့tpÒɹ်]
    ညခုနစ်နာရီမှ ကိုးနာရီ အချိန်ထိ။ ညဉ့်ပဟုရ်လေ၊ တပိုလွန်မြောက်၊ နန်းမြညောင်မာ၊ မောင်မရောက်လို့ (ထာနု)
    ညခုနစ်နာရီမှ ကိုးနာရီ အချိန်ထိ။ ညဉ့်ပဟုရ်လေ၊ တပိုလွန်မြောက်၊ နန်းမြညောင်မှာ၊ မောင်မရောက်လို့ (ထာနု)
    night
    နာမ်

    ညဉ့်ထွက်ညဉ့်ဝင်

    [ɲɪ̀ɴ့tʰwɛʔɲɪ̀ɴ့wɪ̀ɴ]
    ထွက်ဝင် လားလာရန် အတွက် အခွင့်အရီး ပီးထားရေ
    ထွက်ဝင် သွားလာရန် အတွက် အခွင့်အရေး ပေးထားသည်
    allow
    ကြိယာ

    ညဉ့်နက်

    [ɲɪ̀ɴ့nɛʔ]
    ပထမ ညဦးယံကို ကျော်သည်
    ပထမ ညဦးယံကို ကျော်သည်
    midnight
    ကြိယာ

    ညဉ့်နက်၂

    [ɲɪ̀ɴ့nɛʔ၂]
    ပထမ ညည့်ဦးယံကို ကျော်လွန်သော အချိန်ကာလ
    ပထမ ညည့်ဦးယံကို ကျော်လွန်သော အချိန်ကာလ
    midnight
    ကြိယာ

    ညဉ့်နက်သိုင်ခေါင်

    [ɲɪ̀ɴ့nɛʔθàɪɴkʰèàɪ̀ɴ]
    သိုင်ခေါင်ချိန် ရောက်ဖို့လောင်းာက်ခါပတ်ဝန်းကျင်။ ညည့်နက်သိုင်ခေါင် - စဆီမျှောင် (ပုံ)
    သန်းခေါင်ချိန် ရောက်ခါနီး ပတ်ဝန်းကျင်။ ညည့်နက်သိုင်ခေါင် - စဆီမျှောင် (ပုံ)
    midnight
    နာမ်

    ညဉ့်နှစ်ပို

    [ɲɪ̀ɴ့n̥ɪʔpÒ]
    ည ခုနစ်နာရီမှ (၁၂) နာရီအထိ အချိန်
    ည ခုနစ်နာရီမှ (၁၂) နာရီအထိ အချိန်
    midnight
    နာမ်

    ညဉ့်ပဟိုရ်

    [ɲɪ̀ɴ့phÒɹ်]
    ညည့်အခါ တီးခတ်သော အချိန်။ (ပဟိုရ်စည်သံ) တညည့်ည့်မာ (လေးပိုင်း လေးယံ) လေးပဟိုရ်စီ ဟိရေ။ တပဟိုရ် ကျရောက်တိုင်း တီးခတ် ရရေ။ ) နီဝန်းဝင်ချိန်၊ ညမိုင်းရီဝယ်၊ ဘေရီစည်ကြီး၊ တပိုမာလေ၊ ခတ်ကာတီးလို့ (ဥဒိန်သာ)
    ညည့်အခါ တီးခတ်သော အချိန်။ (ပဟိုရ်စည်သံ) တစ်ညည့်တွင် (လေးပိုင်း လေးယံ) လေးပဟိုရ်စီ ရှိသည်။ တစ်ပဟိုရ် ကျရောက်တိုင်း တီးခတ် ရသည်။ ) နေဝန်းဝင်ချိန်၊ ညမိုင်းရီဝယ်၊ ဘေရီစည်ကြီး၊ တပိုတွင်လေ၊ ခတ်ကာတီးလို့ (ဥဒိန်သာ)
    drum
    နာမ်

    ညဉ့်မိုက်

    [ɲɪ̀ɴ့maɪʔ]
    အလင်းရောင် မဟိရေ
    အလင်းရောင် ကင်းမဲ့သော
    dark
    နာမဝိသေသန

    ညဉ့်ယာမ်

    [ɲɪ̀ɴ့jààɴ]
    ညည့်ယံ ညည့်ယန် ညည့်ယိုင် ညဦး ပထမပိုင်း ကာလ
    ညည့်ယံ ညည့်ယန် ညည့်ယိုင် ညဦး ပထမပိုင်း ကာလ
    first phases of night
    နာမ်

    ညဉ့်လယ်

    [ɲɪ̀ɴ့lɛ̀]
    ညည့်စက် (၁၂) နာရီအချိန်။ ညဉ့်အလယ် ဖြစ်ရေ အချိန်
    ညည့်စက် (၁၂) နာရီအချိန်။ ညဉ့်အလယ် ဖြစ်သော အချိန်
    midnight
    နာမ်

    ညဉ့်လေးပိုရ်

    [ɲɪ̀ɴ့lépÒɹ်]
    ညဇာ ခြောက်နာရီမှ မိုးထ ခြောက်နာရီထိ အချိန်။ စိတ်ညစ်ဖို့ရာ၊ တအာအာနှင့်၊ များစွာလည်းငို၊ ညဉ့်လေးပိုရ်မာ၊ တပိုမအိပ်၊ ရွှီနို့သျှင်လေ၊ မိခင်သိပ်ကေ၊ အိပ်ပါငါ့သား (ဂုတ္ထိလ)
    ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီထိ အချိန်။ စိတ်ညစ်ဖို့ရာ၊ တအာအာနှင့်၊ များစွာလည်းငို၊ ညဉ့်လေးပိုရ်မှာ၊ တပိုမအိပ်၊ ရွှီနို့သျှင်လေ၊ မိခင်သိပ်ကေ၊ အိပ်ပါငါ့သား (ဂုတ္ထိလ)
    four phases of night
    နာမ်

    ညဉ့်လေးယာမ်

    [ɲɪ̀ɴ့léjààɴ]
    ညည့်လေးယံ ညည့်လေးယန် ညဇာ ခြောက်နာရီမှ မိုးထ ခြောက်နာရီ အထိ။ (တညည့်ည့်မာ လေးပိုရ် ဟိပိုင် ယံ အနိန်နန့် လည်း လေးယံ ဟိရေ။ ညဉ့်ဦးယံ၊ သိုင်ခေါင်ယံ၊ သိုင်လွဲယံ (သုံးပိုယံ)။ အာရုဏ်ဖက်။) ညဉ့်လေးယံမာ၊ ခံဒုက္ခနန့် (ပဋာ)
    ညည့်လေးယံ ညည့်လေးယန် ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီ အထိ။ (တစ်ညည့်တွင် လေးပိုရ် ရှိသကဲ့သို့ ယံ အားဖြင့် လည်း လေးယံ ရှိသည်။ ညဉ့်ဦးယံ၊ သိုင်ခေါင်ယံ၊ သိုင်လွဲယံ (သုံးပိုယံ)။ မိုးသောက်ယံ။) ညဉ့်လေးယံမှာ၊ ခံဒုက္ခဖြင့် (ပဋာ)
    four phases of night
    နာမ်

    ညဉ့်ဝင်ညဉ့်ထွက်

    [ɲɪ̀ɴ့wɪ̀ɴɲɪ̀ɴ့tʰwɛʔ]
    ထွက်ဝင် လားလာရန် အတွက် အခွင့်အရီး ပီးထားရေ
    ထွက်ဝင် သွားလာရန် အတွက် အခွင့်အရေး ပေးထားသည်
    allow
    ကြိယာ

    ညဉ့်ဝင်နိထွက်

    [ɲɪ̀ɴ့wɪ̀ɴnìtʰwɛʔ]
    ထွက်ဝင် လားလာရန် အတွက် အခွင့်အရီး ပီးထားရေ
    ထွက်ဝင် သွားလာရန် အတွက် အခွင့်အရေး ပေးထားသည်
    allow
    ကြိယာ

    ညဉ့်သိုင်ခေါင်

    [ɲɪ̀ɴ့θàɪɴkʰèàɪ̀ɴ]
    ညည့်စက်(၁၂) နာရီအချိန်။ ညဉ့်အလယ် ဖြစ်ရေ အချိန်
    ညည့်စက်(၁၂) နာရီအချိန်။ ညဉ့်အလယ် ဖြစ်သော အချိန်
    midnight
    နာမ်

    ညဉ့်သိုင်လွဲ

    [ɲɪ̀ɴ့θàɪɴlwɛ]
    ညည့် (၁၂) နာရီ ကျော်ပြီးကေ (၁) နာရီသို့ ရောက်စ အချိန်
    ညည့် (၁၂) နာရီ ကျော်၍ (၁) နာရီသို့ ရောက်စ အချိန်
    dawn
    နာမ်

    ညဉ့်သုံးပိုရ်

    [ɲɪ̀ɴ့θóʊɴpÒɹ်]
    ညည့်မိုးထပိုင်း သုံးနာရီ အချိန်။ ပျော်ပါးဖွယ်လေ၊ ညနီမှိန်မှိန်၊ သုံးပိုချိန်နှင့်၊ လင်းချိန်ညည့်ယံ (ရာမ)
    ညည့်နံနက်ပိုင်း သုံးနာရီ အချိန်။ ပျော်ပါးဖွယ်လေ၊ ညနေမှိန်မှိန်၊ သုံးပိုချိန်နှင့်၊ လင်းချိန်ညည့်ယံ (ရာမ)
    dawn
    နာမ်