Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 364 words

    ည

    ညဉ့်သုံးပိုရ်ကျော်

    [ɲɪ̀ɴ့θóʊɴpÒɹ်t͡ɕɔ̀]
    မိုးထ သုံးနာရီ ကျော်ပြီးကေ မိုးသောက်ထ အချိန်တဝိုက်။ ညဉ့်ပဟိုရ်လျှင်၊ သုံးပိုကျော်မြောက်၊ သူရိယလျှင်၊ ရောင်ဝါဝင်းကေ၊ မိုးလင်းသောက်သော် (ဓမ္မသာ)
    နံနက် သုံးနာရီ ကျော်၍ မိုးသောက်ထ အချိန်တဝိုက်။ ညဉ့်ပဟိုရ်လျှင်၊ သုံးပိုကျော်မြောက်၊ သူရိယလျှင်၊ ရောင်ဝါဝင်းကေ၊ မိုးလင်းသောက်သော် (ဓမ္မသာ)
    dawn
    နာမ်

    ညဉ့်သုံးယာမ်

    [ɲɪ̀ɴ့θóʊɴjààɴ]
    ညည့်မိုးထပိုင်း သုံးနာရီ အချိန်။ ပျော်ပါးဖွယ်လေ၊ ညနီမှိန်မှိန်၊ သုံးပိုချိန်နှင့်၊ လင်းချိန်ညည့်ယံ (ရာမ)
    ညည့်နံနက်ပိုင်း သုံးနာရီ အချိန်။ ပျော်ပါးဖွယ်လေ၊ ညနေမှိန်မှိန်၊ သုံးပိုချိန်နှင့်၊ လင်းချိန်ညည့်ယံ (ရာမ)
    dawn
    နာမ်

    ညံ့ညံ့ပါးပါး

    [ɲံ့ɲံ့pàးpàး]
    ညံ့သက်သီာ။ နုနယ် သိမ်မွေ့သော။ ပျော့ပျောင်း နွဲ့လျသော
    ညံ့သက်သော။ နုနယ် သိမ်မွေ့သော။ ပျော့ပျောင်း နွဲ့လျသော
    gentle
    နာမဝိသေသန

    ညံ့ညံ့ပါးပါး၂

    [ɲံ့ɲံ့pàးpàး၂]
    အရည်အသွီး ညံ့ဖျင်းသော။ ယုတ်ညံ့သော။ သိမ်ငယ်ရေ
    အရည်အသွေး ညံ့ဖျင်းသော။ ယုတ်ညံ့သော။ သေးသိမ်သော
    not up to the standard
    နာမဝိသေသန

    ညံ့ညံ့ပျော့ပျော့

    [ɲံ့ɲံ့prɔ̰prɔ̰]
    ၁၊ ကိုယ့် ယုံကြည်ချက်ကို စွဲကိုင် နိုင်ခြင်း မဟိဘဲ အလွယ်ကာသား ပြောင်းလဲ လိုက်လျော တတ်ရေ။ ၂၊ နုနယ် ပျောင်းအိသော
    ၁၊ မိမိ ယုံကြည်ချက်ကို စွဲကိုင် နိုင်ခြင်း မရှိပဲ လွယ်လင့် တကူ ပြောင်းလဲ လိုက်လျော တတ်သော။ ၂၊ နုနယ် ပျောင်းအိသော
    flexible
    နာမဝိသေသန

    ညံ့ညံ့သက်သက်

    [ɲံ့ɲံ့θɛʔθɛʔ]
    နူးညံ့ သိမ်မွေ့သော
    နူးညံ့ သိမ်မွေ့သော
    gentle
    နာမဝိသေသန

    ညည်း

    [ɲɛ́]
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသနန့် ကိုယ့် ဖြစ်အင်ကို ဖော်ထုတ်ပနာ ပြောဆို မြည်တွန်ရေ။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနှိုင်ပနာ အသံရှည်ဆွဲကာ အော်မြည်သည်
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသဖြင့် မိမိ ဖြစ်အင်ကို ထုတ်ဖော်၍ ပြောဆို မြည်တွန်သည်။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနိုင်၍ အသံရှည်ဆွဲကာ အော်မြည်သည်
    grumble
    ကြိယာ

    ညည်းဆွဲ

    [ɲɛ́sʰwɛ]
    ကြိုင်းသော သံနန့် ကြိုင်းဗျာယ်
    ညည်းညူသော သံဖြင့် ညည်းညူလျက်
    grumble
    ကြိယာ

    ညည်းညူ

    [ɲɛ́ɲù]
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသနန့် ကိုယ့်ဖြစ်အင်ကို ဖော်ထုတ်ပနာ ပြောဆို မြည်တွန်ရေ။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနှိုင်ပနာ အသံရှည်ဆွဲကာ အော်မြည်ရေ။ ဧပိုင်မယေစိတ်မာ၊ ကြိုင်းကာနန့်၊ ခြင်းရာကောင်းဆိုး၊ အမျိုးအမျိုးမာ၊ မုဆိုးဗလ၊ လျှောက်လာလီသံကို၊ ကြားပြန်ရလ
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသဖြင့် မိမိဖြစ်အင်ကို ထုတ်ဖော်၍ ပြောဆို မြည်တွန်သည်။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနိုင်၍ အသံရှည်ဆွဲကာ အော်မြည်သည်။ ဤသို့မယေစိတ်မှာ၊ ညည်းညူကာဖြင့်၊ ခြင်းရာကောင်းဆိုး၊ အမျိုးအမျိုးတွင်၊ မုဆိုးဗလ၊ လျှောက်လာလေသံကို၊ ကြားပြန်ရလ
    grumble
    ကြိယာ

    ညည်းတွား

    [ɲɛ́tWà]
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသနန့် ကိုယ့်ဖြစ်အင်ကို ဖော်ထုတ်ပနာ ပြောဆို မြည်တွန်ရေ။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနှိုင်ပနာ အသံရှည်ဆွဲကာ အော်မြည်ရေ။ ဆစ်ပေါင်းကြောကြား၊ အယိုးမျှတွား၍၊ ဖြိန်းဖြိန်းလည်းတုန်၊ အဟုန်ပြင်းပြ (ပဉ္စဘုတ်)
    ၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းသဖြင့် မိမိဖြစ်အင်ကို ထုတ်ဖော်၍ ပြောဆို မြည်တွန်သည်။ ၂၊ ဝေဒနာ ခံစားရခြင်းကြောင့် သည်းမခံနိုင်၍ အသံရှည်ဆွဲကာ အော်မြည်သည်။ ဆစ်ပေါင်းကြောကြား၊ ညည်းမျှတွား၍၊ ဖြိန်းဖြိန်းလည်းတုန်၊ အဟုန်ပြင်းပြ (ပဉ္စဘုတ်)
    grumble
    ကြိယာ

    ညည်းဖွေး

    [ɲɛ́pʰwé]
    အကြောင်းကိစ္စ တစုံ တခုခုကို ဆက်ပနာ ဆောင်ရွက်ရန် စိတ်မဝင်စားခြင်း။ ကြိုးစားပန်းစားစိတ်ထက်သန်မှု လျော့ကျခြင်း
    တစ်စုံ တစ်ခုသော အကြောင်းကိစ္စကို ဆက်လက် ဆောင်ရွက်ရန် စိတ်မဝင်စားခြင်း။ အထူးတလည် စိတ်ထက်သန်မှု လျော့ကျခြင်း
    apathy
    နာမ်

    ညည့်သိုင်ယာမ်

    [ɲɛ့̀θàɪɴjààɴ]
    ညဉ့်သိုင်ခေါင် ကျော်ရေ။ သိုင်ယံညဉ့်နက်၊ သုံးပိုကျော်ကေ၊ ထိုအချက်မာ (သာချမ်း)။ သုံးပိုကေ- ကျူးလွန် ညဉ့်သိုင်ယံမာ ပျံကာ- မေထက်ဝဲ၍ (မေတ္တာစာ)
    ညဉ့်သိုင်ခေါင် ကျော်သည်။ သိုင်ယံညဉ့်နက်၊ သုံးပိုကျော်ကေ၊ ထိုအချက်မှာ (သာချမ်း)။ သုံးပိုကေ- ကျူးလွန် ညဉ့်သိုင်ယံမှာ ပျံကာ- မေထက်ဝဲ၍ (မေတ္တာစာ)
    midnight
    နာမ်

    ညည့်သိုင်ယာမ်၂

    [ɲɛ့̀θàɪɴjààɴ၂]
    ညည့်နက် သိုင်ခေါင် ကျော်ပြီးကေ မိုးထမိုးလင်းဝါ တဝိုက်
    ညည့်နက် သန်းခေါင် ကျော်၍ မိုးသောက်ချိန် တဝိုက်
    dawn
    နာမ်

    ညတာ

    [ɲtà]
    ညကာလ၏ သတ်မှတ် ထားချက်
    ညကာလ၏ သတ်မှတ် ထားချက်
    night
    နာမ်

    ညတွင်းချင်း

    [ɲtwɪ́ɴɕɪ́ɴ]
    ရက်မကူးခင် ညအထဲမာ
    နေ့မကူးမီ ညအတွင်း၌
    the same night
    ကြိယာဝိသေသန

    ညံ့ထွား

    [ɲံ့tʰWà]
    နူးညံ့ ပျိုမျစ် ဖွံ့ဖြိုးသူ
    နူးညံ့ ပျိုမျစ် ဖွံ့ဖြိုးသူ
    gentle
    နာမ်

    ညံ့ထွား၂

    [ɲံ့tʰWà၂]
    နူးညံ့ ပျိုမျစ်သော
    နူးညံ့ ပျိုမျစ်သော
    gentle
    နာမဝိသေသန

    ညနီ

    [ɲní]
    ၁၊ ညဇာ အချိန် သုံးနာရီမှ နီနဘိုခတ် အချိန် ကာလအထဲ။ ၂၊ ညဦး မိုက်စ ပျိုးချိန်မှ သိုင်ခေါင် အချိန်ထိ။ ‘ညနီစီ-နီချမ်းစ၊ ရီ အိုးခွက်ပြော့စင်- ခါးထစ်တင်၊ မေလျှင်ရီခပ်ကြွ’ (သျှင်ထွီး)
    ၁၊ ညနေ အချိန် သုံးနာရီမှ နေဝင်စ အချိန် ကာလအတွင်း။ ၂၊ ညဦး မှောင်စ ပျိုးချိန်မှ သန်းခေါင် အချိန်ထိ။ ‘ညနီစီ-နီချမ်းစ၊ ရီ အိုးခွက်ပြော့စင်- ခါးထစ်တင်၊ မေလျှင်ရီခပ်ကြွ’ (သျှင်ထွီး)
    night
    နာမ်

    ညနီခင်း

    [ɲníkʰɪ́ɴ]
    ၁၊ ညဇာ အချိန် သုံးနာရီမှ နီနဘိုခတ် အချိန် ကာလအထဲ။ ၂၊ ညဦး မိုက်စ ပျိုးချိန်မှ သိုင်ခေါင် အချိန်ထိ
    ၁၊ ညနေ အချိန် သုံးနာရီမှ နေဝင်စ အချိန် ကာလအတွင်း။ ၂၊ ညဦး မှောင်စ ပျိုးချိန်မှ သန်းခေါင် အချိန်ထိ
    evening
    နာမ်

    ညနီချမ်း

    [ɲníɕáɴ]
    နီနဘိုခတ် အချိန်။ ပစွန်ဆီရောင်တက်ချိန်။ ညဦး မိုက်စ ပျိုးချိန်။ ပစွန်ဆီရောင်သန်းချိန်။ ‘အဆိုင်ဆိုင်ကေ၊ ဂနိုင်စိမ့်စမ်း၊ ညနိန်ချိန်ခါ၊ နီမှိန်မှိန်နှင့်၊ ညနီချမ်းမာ၊ ပျံသန်းကျီးငှက်’ (ပန်း)
    နေဝင်စ အချိန်။ နေဝင်ရီ တရောအချိန်။ ညဦး မှောင်စ ပျိုးချိန်။ နေဝင်ခါနီး။ ‘အဆိုင်ဆိုင်ကေ၊ ဂနိုင်စိမ့်စမ်း၊ ညနေချိန်ခါ၊ နေမှိန်မှိန်နှင့်၊ ညနီချမ်းမှာ၊ ပျံသန်းကျေးငှက်’ (ပန်း)
    evening
    နာမ်