Dictionary Entries
Showing 101–120 of 364 words
ည
ညနီခြည်
[ɲníkʰɹɛ]
Arakanese:
ညနီဖက် ပစွန်ဆီရောင်သန်းချိန် ကာလ နီ၏ ရောင်ခြည်။ နီ၏အရောင်
Burmese:
ညနေချမ်း နေဝင်ခါနီး ကာလ နေ၏ ရောင်ခြည်။ နေ၏အရောင်
English:
sun’s ray
Grammar Note:
နာမ်
ညနီခြည်ပျောက်
[ɲníkʰɹɛprɔ́ɛʔ]
Arakanese:
နီရောင် ပျောက်သော အချိန် ကာလ။ နီရောင် ပျောက်၍ မိုက်စ ပျိုးသော အချိန်
Burmese:
နေရောင် ပျောက်သော အချိန် ကာလ။ နေရောင် ပျောက်၍ မှောင်စ ပျိုးသော အချိန်
English:
night
Grammar Note:
နာမ်
ညနီခြည်ရုပ်
[ɲníkʰɹɛɹoʊʔ]
Arakanese:
မိုက်စ ပျိုးသော အချိန်
Burmese:
မှောင်စ ပျိုးသော အချိန်
English:
night
Grammar Note:
နာမ်
ညနီခြည်ရုပ်၂
[ɲníkʰɹɛɹoʊʔ၂]
Arakanese:
နီရောင် ပျောက်သော အချိန် ကာလ။ နီရောင် ပျောက်၍ မိုက်စ ပျိုးသော အချိန်
Burmese:
နေရောင် ပျောက်သော အချိန် ကာလ။ နေရောင် ပျောက်၍ မှောင်စ ပျိုးသော အချိန်
English:
night
Grammar Note:
နာမ်
ညနီစောင်း
[ɲnísáʊɴ]
Arakanese:
မွန်းစောင်း သုံးနာရီလောင်းာက်ကပင် နီမိုက်စ ကာလအထဲ။ ညဇာ စောင်းအချိန်မှ ညဦး မိုက်စ ပျိုးချိန် ကာလအထဲ
Burmese:
မွန်းလွဲ သုံးနာရီခန့်မှသည် နေဝင်ချိန် ကာလအတွင်း။ ညနေ စောင်းအချိန်မှ ညဦး မှောင်စ ပျိုးချိန် ကာလအတွင်း
English:
late afternoon
Grammar Note:
နာမ်
ညနီညို
[ɲníɲÒ]
Arakanese:
နိခင်း သုံးနာရီလောင်းာက်ကပင် နီဝင် ပျိုးစ အချိန် ကာလအထဲ။ ‘စစ်တွေမြို့က၊ ညနီညိုကေ၊ သုံးပိုလောင်းာက်မာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
Burmese:
နေ့လယ် သုံးနာရီခန့်မှသည် နေဝင် ပျိုးစ အချိန် ကာလအတွင်း။ ‘စစ်တွေမြို့က၊ ညနီညိုကေ၊ သုံးပိုလှောက်မှာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
English:
evening
Grammar Note:
နာမ်
ညနီတောင်တင်
[ɲnítàʊɴtɪ̀ɴ]
Arakanese:
ပစွန်ဆီရောင်သန်းချိန် အနောက်ဘက်မှ တောတန်း တောင်တန်းထက်မာ နေကို မြင်ရရေ အချိန်
Burmese:
နေဝင်ခါနီး အနောက်ဘက်မှ တောတန်း တောင်တန်းပေါ်တွင် နေကို မြင်ရသော အချိန်
English:
night
Grammar Note:
နာမ်
ညနီလေးပို
[ɲnílépÒ]
Arakanese:
မိုးထ ခြောက်နာရီမှ ညဇာ ခြောက်နာရီအထဲ အချိန်ကာလ။ (တရက်နိကို အချိန်ချေပိုင်း ပိုင်းခြား ထားရာ တရက်အတွက် သျှစ်ပိုင်း ဖြစ်တေ။ ပဟာရသဒ္ယပိုင်မှ ပို ဖြစ်လှာရေ။) တပိုင်းမာ သုံးနာရီစီ ဟိသနန့် လေးပိုင်းအတွက် တရက်မာ (၁၂) နာရီ ဖြစ်တေ
Burmese:
နံနက် ခြောက်နာရီမှ ညနေ ခြောက်နာရီအတွင်း အချိန်ကာလ။ (တစ်နေ့ကို အချိန်လေးပိုင်း ပိုင်းခြား ထားရာ တစ်ရက်အတွက် ရှစ်ပိုင်း ဖြစ်သည်။ ပဟာရသဒ္ဒါမှ ပို ဖြစ်လာသည်။) တစ်ပိုင်းတွင် သုံးနာရီစီ ရှိသဖြင့် လေးပိုင်းအတွက် တစ်နေ့တွင် (၁၂) နာရီ ဖြစ်သည်
English:
none
Grammar Note:
နာမ်
ညနီလေးပိုရုပ်
[ɲnílépÒɹoʊʔ]
Arakanese:
ညချေပိုကို ကျော်လွန်ပြီးကေ ငါးပိုသို့ ရောက်ခါစ ဖြစ်ရေ အချိန်။ ညခြောက်နာရီ ကျော်လွန်ပြီးကေ (၇) နာရီသို့ ရောက်ခါစ ဖြစ်ရေ အချိန်။ ‘ဓမ္မရာဇ်မင်းသည် သက္ကရာဇ် ၁၁၄၁-ခု၊ နံယုန်လဆန်း(၆) ရက်၊ ကြာသပတီးနိမာ၊ ညနီလေးပိုရုပ်ဝယ်၊ ကြက်ရိုးနန်းတော်ကို၊ ဆော်ကလုပ်တော်မူ၏’ (တောင်)
Burmese:
ညလေးပိုကို ကျော်လွန်၍ ငါးပိုသို့ ရောက်ခါစ ဖြစ်သော အချိန်။ ညခြောက်နာရီ ကျော်လွန်၍ (၇) နာရီသို့ ရောက်ခါစ ဖြစ်သော အချိန်။ ‘ဓမ္မရာဇ်မင်းသည် သက္ကရာဇ် ၁၁၄၁-ခု၊ နယုန်လဆန်း(၆) ရက်၊ ကြာသပတေးနေ့တွင်၊ ညနီလေးပိုရုပ်ဝယ်၊ ကြက်ရိုးနန်းတော်ကို၊ ဆော်ကလုပ်တော်မူ၏’ (တောင်)
English:
evening
Grammar Note:
နာမ်
ညနီဝင်တရူး
[ɲníwɪ̀ɴtɹùး]
Arakanese:
နီဝင်ပနာ လူမှန်း သူမှန်း ခွဲခြားပနာ မရရေ အချိန်
Burmese:
နေဝင်၍ လူမှန်း သူမှန်း ခွဲခြား၍ မရသော အချိန်
English:
nightfall
Grammar Note:
နာမ်
ညနီသုံးပို
[ɲníθóʊɴpÒ]
Arakanese:
နိ့ခင်း (၁) နာရီမှ (၃) နာရီအထဲ။ ‘ညနီညိုကေ၊ သုံးပိုလောင်းာက်မာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
Burmese:
နေ့လည် (၁) နာရီမှ (၃) နာရီအတွင်း။ ‘ညနီညိုကေ၊ သုံးပိုလှောက်မှာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
English:
afternoon
Grammar Note:
နာမ်
ညနီသုံးပိုခပ်
[ɲníθóʊɴpÒkʰaʔ]
Arakanese:
နိ့ခင်း (၁) နာရီမှ (၃) နာရီအထဲ။ ‘ညနီညိုကေ၊ သုံးပိုလောင်းာက်မာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
Burmese:
နေ့လည် (၁) နာရီမှ (၃) နာရီအတွင်း။ ‘ညနီညိုကေ၊ သုံးပိုလှောက်မှာ၊ ရမ်းပေါက်လာကေ’ (သာချမ်း)
English:
afternoon
Grammar Note:
နာမ်
ညန်
[ɲàɴ]
Arakanese:
စပါး မှည့်ချိန် လယ်ပြင်မာ ပေါက်တတ်ရေ အရွက်ငယ်ပနာ ပင်မကြီး ဖေါ့ဖြစ်ရေ တနှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုင်ကြီး၊ ညိုင်သျှေ ဆိုပနာ၊ မျိုးကွဲများ၊ ဟိသိရေ။
Burmese:
စပါး မှည့်ချိန် လယ်ကွင်းတွင် ပေါက်တတ်သော အရွက်သေး၍ ပင်စည် ဖေါ့ဖြစ်သော တစ်နှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုင်ကြီး၊ ညိုင်သျှေ ဟူ၍၊ မျိုးကွဲများ၊ ရှိသေးသည်။
English:
none
Grammar Note:
နာမ်
ညံပင်
[ɲံpɪ̀ɴ]
Arakanese:
စပါး မှည့်ချိန် လယ်ပြင်မာ ပေါက်တတ်ရေ အရွက်ငယ်ပနာ ပင်မကြီး ဖေါ့ဖြစ်ရေ တနှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုင်ကြီး၊ ညိုင်သျှေ ဆိုပနာ၊ မျိုးကွဲများ၊ ဟိသိရေ။
Burmese:
စပါး မှည့်ချိန် လယ်ကွင်းတွင် ပေါက်တတ်သော အရွက်သေး၍ ပင်စည် ဖေါ့ဖြစ်သော တစ်နှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုင်ကြီး၊ ညိုင်သျှေ ဟူ၍၊ မျိုးကွဲများ၊ ရှိသေးသည်။
English:
sesbaina tree
Grammar Note:
နာမ်
ညပ်
[ɲaʔ]
Arakanese:
၁၊ နှစ်ခုရို့၏ အကြားမာ ကျပ်တည်းစွာ တည်ဟိ နိန်ရေ။ ၂၊ လူများတွက်နန့် ကျိတ်ကျိတ်တိုးအောင် ပူးကပ် ပြည့်ကျပ် နိန်ရေ
Burmese:
၁၊ နှစ်ခုတို့၏ အကြားတွင် ကျပ်တည်းစွာ တည်ရှိ နေသည်။ ၂၊ လူများ၍ တိုးမပေါက်အောင် ပူးကပ် ပြည့်ကျပ် နေသည်
English:
be jammed in a crowd
Grammar Note:
ကြိယာ
ညပ်ကျပ်
[ɲaʔt͡ɕaʔ]
Arakanese:
တင်းကျပ်သည်
Burmese:
တင်းကျပ်သည်
English:
constrict
Grammar Note:
ကြိယာ
ညံ့ဖျင်း
[ɲံ့pʰrɪ́ɴ]
Arakanese:
(အဆင့်အတန်း) ယုတ်လျော့သော။ နိမ့်ကျသော
Burmese:
(အဆင့်အတန်း) ယုတ်လျော့သော။ နိမ့်ကျသော
English:
not up to the standard
Grammar Note:
နာမဝိသေသန
ညမင်း
[ɲmɪ́ɴ]
Arakanese:
လှပရေ မမာ့ငယ်
Burmese:
လှပသော မိန်းမငယ်
English:
beautiful girl
Grammar Note:
နာမ်
ညမင်းရုပ်
[ɲmɪ́ɴɹoʊʔ]
Arakanese:
၁၊ လှပရေ မမာ့ငယ် အရုပ်။ ၂၊ အဝတ်အစ များနှင့် လှပစွာ ပြုလုပ် ထားရေ ကစပ်စရာ မမာ့၊ ယောက်ျား ငယ်ရုပ်။ ညမင်းရုပ်
Burmese:
၁၊ လှပသော မိန်းမငယ် အရုပ်။ ၂၊ အဝတ်အစ များနှင့် လှပစွာ ပြုလုပ် ထားသော ကစားစရာ မိန်းမ၊ ယောက်ျား ငယ်ရုပ်။ ယမင်းရုပ်
English:
beautiful figure of a young girl carved out of wood
Grammar Note:
နာမ်
ညမင်းသျှေ
[ɲmɪ́ɴʃè]
Arakanese:
ကစပ်စရာ ညမင်းရုပ် အချေ
Burmese:
ကစားစရာ ယမင်းရုပ် ကလေး
English:
beautiful figure of a young girl carved out of wood
Grammar Note:
နာမ်