Dictionary Entries
Showing 161–180 of 364 words
ည
ညို့ညို့
[ɲo̰ɲo̰]
Arakanese:
၁၊ မြပိုင် စိမ်းသော အရောင်ဟိရေ။ ၂၊ မြင်ကွင်း မကြည်မလင် မှုန်ဆိုင်းသော။ အရောင် မပွင့်မလင်း မှုန်ဝါးသော။ ယင်ရွေးခြုံလေ၊ ပန်းခြုံမို့မို့၊ လှရီကြိုင်လေ၊ ထွီးမေချောင်းမာ၊ ရီညို့ညို့လေ (နတ်ခြင်း)
Burmese:
၁၊ မြကဲ့သို့ စိမ်းသော အရောင်ရှိသော။ ၂၊ မြင်ကွင်း မကြည်မလင် မှုန်ဆိုင်းသော။ အရောင် မပွင့်မလင်း မှုန်ဝါးသော။ ယင်ရွေးခြုံလေ၊ ပန်းခြုံမို့မို့၊ လှရေကြည်လေ၊ ထွီးမေချောင်းမှာ၊ ရီညို့ညို့လေ (နတ်ခြင်း)
English:
green
Grammar Note:
နာမဝိသေသန
ညိုးညိုးညံ
[ɲóɲóɲံ]
Arakanese:
အသံမျိုးစုံ ဆူညံ မြည်တွန်ဗျာယ်။ တောကြက်ကတွန်၊ ညိုးညိုးညံယောင်၊ တောင်ဖန်ရိုက်သတ် (ကော်)
Burmese:
အသံမျိုးစုံ ဆူညံ မြည်တွန်လျက်။ တောကြက်ကတွန်၊ ညိုးညိုးညံယောင်၊ တောင်ဖန်ရိုက်သတ် (ကော်)
English:
noisy
Grammar Note:
ကြိယာဝိသေသန
ညိုးညိုးညံညံ
[ɲóɲóɲံɲံ]
Arakanese:
ရိုက်ခတ်သော အသံ ကျီရောင်ဘာရောင် ဖြစ်ပေါ်ဗျာယ်။ ညိုးညိုးညံညံ၊ စည်သံမကင်း၊ တီးခတ်ခြင်းကြောင့် (ရခိုင်ကာ)
Burmese:
ရိုက်ခတ်သော အသံ ဆူညံစွာ ဖြစ်ပေါ်လျက်။ ညိုးညိုးညံညံ၊ စည်သံမကင်း၊ တီးခတ်ခြင်းကြောင့် (ရခိုင်ကာ)
English:
noisy
Grammar Note:
ကြိယာဝိသေသန
ညိုမှောင်း
[ɲÒm̥áʊɴ]
Arakanese:
မိုက်မဲသော။ တောရပ်မြိုင်ချောင်း၊ ညိုရီမိုက်းဗျာယ်၊ သစ်ကောင်းဝါးပင်၊ ဝေးမှမြင်ရေ (ဓမ္မိက)
Burmese:
မည်းမှောင်သော။ တောရပ်မြိုင်ချောင်း၊ ညိုရီမှောင်းလျက်၊ သစ်ကောင်းဝါးပင်၊ ဝေးမှမြင်၏ (ဓမ္မိက)
English:
dark
Grammar Note:
နာမဝိသေသန
ညိုရိရိ
[ɲÒɹìɹì]
Arakanese:
စိကေချေ ညိုသော အရောင်အသွီး
Burmese:
အနည်းငယ် ညိုသော အရောင်အသွေး
English:
brown
Grammar Note:
နာမ်
ညီ
[ɲí]
Arakanese:
တမိတည်း၊ တဖတည်းမှ ပေါက်ဖွားသော သားနှစ်ယောက်မာ အချေသူ
Burmese:
တစ်မိတည်း၊ တစ်ဖတည်းမှ ပေါက်ဖွားသော သားနှစ်ယောက်တွင် အငယ်သူ
English:
younger brother
Grammar Note:
နာမ်
ညီး
[ɲï]
Arakanese:
အပူအလောင် အဆင်းအရဲရို့ မဟိရေ။ ရပ်စဲ ကုန်ဆုံးသော။ ငြိမ်အေးသော။ လူ့ရွာကိုညီး၊ ဆရာမြတ်မာ၊ နတ်ရွာစံလီပြီး (ဓမ္မက)
Burmese:
အပူအလောင် အဆင်းအရဲတို့ ကင်းမဲ့သော။ ရပ်စဲ ကုန်ဆုံးသော။ ငြိမ်အေးသော။ လူ့ရွာကိုညီး၊ ဆရာမြတ်မှာ၊ နတ်ရွာစံလီပြီး (ဓမ္မက)
English:
balmy
Grammar Note:
နာမဝိသေသန
ညီ၂
[ɲí၂]
Arakanese:
၁၊ မြီမျက်နှာပြင် တပြိုင်တည်း ပြင်နိန်ရေ။ ၂၊ အစုအရုံး တပေါင်းတည်း ဟိရေ။ ၃၊ (အလျား၊ အနံ၊ အရွယ်အစား အစဟိစွာ) မကွဲမပြား တမျိုး တစားတည်း ဖြစ်တေ
Burmese:
၁၊ မြေမျက်နှာပြင် တစ်ပြေးတည်း ပြန့်ပြူးသည်။ ၂၊ အစုအရုံး တစ်ပေါင်းတည်း ရှိသည်။ ၃၊ (အလျား၊ အနံ၊ အရွယ်အစား စသည်) မကွဲမပြား တစ်မျိုး တစ်စားတည်း ဖြစ်သည်
English:
wide and even
Grammar Note:
ကြိယာ
ညီး၂
[ɲï၂]
Arakanese:
၁၊ မူးဝေရေ။ ဂေါင်းညီးရေ။ ၂၊ နှစ်သက်ခြင်း ကုန်လွန်း လားရေ။ ယင်းပိုင် သစ်သီး ဝလံရို့ကို စားပစ်လို့ ညီးလားဗျာယ်။ စိတ်ပျက်ရေ။ ပျင်းရိရေ။ တောနယ်မာလေ့သော့၊ ပျင်းဖို့ကောင်းရေနင့်၊ စိတ်ပျက်လက်ပျက်၊ ညီးဖို့ကောင်းရေ။ သလမိရေ။ မင်းရို့ အပြုအမူကို မြင်လို့ စက်ဆုပ်
Burmese:
၁၊ မူးဝေသည်။ ဂေါင်းညီးရေ။ ၂၊ နှစ်သက်ခြင်း ကုန်လွန်း သွားသည်။ ယင်းပိုင် သစ်သီး ဝလံရို့ကို စားလို့ ညီးလားဗျာယ်။ စိတ်ပျက်သည်။ ပျင်းရိသည်။ တောနယ်မှာလည်း၊ ပျင်းဖို့ကောင်းရေနင့်၊ စိတ်ပျက်လက်ပျက်၊ ညီးဖို့ကောင်းရေ။ စက်ဆုပ်သည်။ မင်းရို့ အပြုအမူကို မြင်လို့ စက်ဆုပ်
English:
be disappointed
Grammar Note:
ကြိယာ
ညီး၃
[ɲï၃]
Arakanese:
အလွန် တောက်ထွန်းရေ။ ထွန်းတောက်ရေ။ မီးထိန်ထိန် ညီးနီရေ
Burmese:
အလွန် တောက်ထွန်းသည်။ ထွန်းတောက်သည်။ မီးထိန်ထိန် ညီးနီရေ
English:
light
Grammar Note:
ကြိယာ
ညီး၄
[ɲï၄]
Arakanese:
၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းခြင်းကြောင့် ကိုယ့်ဖြစ်အင်ကို ဖော်ထုတ် ဆိုမြည်ရေ။ ၂၊ ဝေဒနာ ခံစားရမှုကြောင့် အသံကို ရှည်စွာ ဆွဲပနာ အော်မြည်သည်
Burmese:
၁၊ ကိုယ်စိတ် ဆင်းရဲ ပင်ပန်းခြင်းကြောင့် မိမိဖြစ်အင်ကို ထုတ်ဖော် ဆိုမြည်သည်။ ၂၊ ဝေဒနာ ခံစားရမှုကြောင့် အသံကို ရှည်စွာ ဆွဲ၍ အော်မြည်သည်
English:
grumble
Grammar Note:
ကြိယာ
ညီး၅
[ɲï၅]
Arakanese:
ပြင်းပြ စူးရှသော အနံ့အသက်။ မူးမိစီတတ်ရေ အနံ့အသက်။ ညီးစို (စော်) နံရေ
Burmese:
ပြင်းပြ စူးရှသော အနံ့အသက်။ မူးမေ့ စေတတ်သော အနံ့အသက်။ ညီးစို (စော်) နံရေ
English:
smell rank
Grammar Note:
နာမ်
ညီးစရာ
[ɲïsɹà]
Arakanese:
ပျင်းရိစရာ ကောင်းရေ။ စိတ်ပျက်ရေ။ သလမိရေ။ နားမခံ သာယောင် ဖြစ်တေ
Burmese:
ပျင်းရိစရာ ကောင်းသည်။ စိတ်ပျက်သည်။ စက်ဆုပ်သည်။ နားမခံ သာအောင် ဖြစ်သည်
English:
be disappointed
Grammar Note:
ကြိယာ
ညီညာ
[ɲíɲà]
Arakanese:
၁၊ မြီမျက်နှာပြင် တပြိုင်တည်း ပြင်နိန်ရေ။ ၂၊ အစုအရုံး တပေါင်းတည်း ဟိရေ။ ၃၊ (အလျား၊ အနံ၊ အရွယ်အစား အစဟိစွာ) မကွဲမပြား တမျိုး တစားတည်း ဖြစ်တေ
Burmese:
၁၊ မြေမျက်နှာပြင် တစ်ပြေးတည်း ပြန့်ပြူးသည်။ ၂၊ အစုအရုံး တစ်ပေါင်းတည်း ရှိသည်။ ၃၊ (အလျား၊ အနံ၊ အရွယ်အစား စသည်) မကွဲမပြား တစ်မျိုး တစ်စားတည်း ဖြစ်သည်
English:
wide and even
Grammar Note:
ကြိယာ
ညီးညီး
[ɲïɲï]
Arakanese:
၁၊ သာယာ နာပျော်ဖွယ်သော အသံ။ ၂၊ ကျယ်လောင် ပြင်းထန် မြည်ဟည်းသော အသံ။ သံဝါညီးညီး၊ သိကြားပီးရေ၊ မောင်ကြီးသျှင် ကျားနွယ်၊ ရုံရဖို့ (ဥက္ကာ)
Burmese:
၁၊ သာယာ နာပျော်ဖွယ်သော အသံ။ ၂၊ ကျယ်လောင် ပြင်းထန် မြည်ဟည်းသော အသံ။ သံဝါညီးညီး၊ သိကြားပီးရေ၊ မောင်ကြီး ကျားနွယ်၊ ရုံရမည် (ဥက္ကာ)
English:
tuneful
Grammar Note:
နာမ်
ညီးညီး၂
[ɲïɲï၂]
Arakanese:
ကကောင်း ထွန်းလင်းးရေ။ မီး ညီးညီးထိန်နီရေ
Burmese:
အလွန် ထွန်းလင်းသည်။ မီး ညီးညီးထိန်နီရေ
English:
light
Grammar Note:
ကြိယာ
ညီးညီးတောက်
[ɲïɲïtɔ́ɛʔ]
Arakanese:
၁၊ ကကောင်း ထွန်းလင်းး တောက်ပရေ။ ၂၊ မူးမိစီတတ်ရေ အနံ့အသက် နံသည်
Burmese:
၁၊ အလွန် ထွန်းလင်း တောက်ပသည်။ ၂၊ မူးမေ့ စေတတ်သော အနံ့အသက် နံသည်
English:
light-smell rank
Grammar Note:
ကြိယာ
ညီးညီးထိန်
[ɲïɲïtʰèɪɴ]
Arakanese:
ကကောင်း ထွန်းလင်းး တောက်ပသော
Burmese:
အလွန် ထွန်းလင်း တောက်ပသော
English:
shine
Grammar Note:
နာမဝိသေသန
ညီးညီးပြောင်ပြောင်
[ɲïɲïpɹàʊɴpɹàʊɴ]
Arakanese:
အလင်းရောင် အလွန် ထွက်သော။ ညီးညီး ပြောင်ပြောင်၊ ပိုးရွှီတောင် (ဖိုးရွှီ)။ ပြာသာဒ်ဆောင်ဆောင်၊ ပြောင်ပြောင်ညီးကေ၊ ကျောက်စိမ်းတောင်သို့ (ကော်)
Burmese:
အလင်းရောင် လွန်စွာ ထွက်သော။ ညီးညီး ပြောင်ပြောင်၊ ပိုးရွှီတောင် (ဖိုးရွှီ)။ ပြာသာဒ်ဆောင်ဆောင်၊ ပြောင်ပြောင်ညီးကေ၊ ကျောက်စိမ်းတောင်သို့ (ကော်)
English:
shine
Grammar Note:
နာမဝိသေသန
ညီးညောင်
[ɲïɲàʊɴ]
Arakanese:
ကြောင် သတ္တဝါကို ခေါ်သော အမည်
Burmese:
ကြောင် သတ္တဝါကို ခေါ်သော အမည်
English:
cat
Grammar Note:
နာမ်