Dictionary Entries
Showing 181–200 of 2,498 words
တ
တံခါးကျင်
[tံkʰàးt͡ɕɪ̀ɴ]
Arakanese:
တန်းခါးကို မြဲအောင် ပိတ်ထား ရရေ တုတ်ခေါင်း
Burmese:
တံခါးကို မြဲအောင် ပိတ်ထား ရသော တုတ်ခေါင်း
English:
bolt
Grammar Note:
နာမ်
တခါချင်း
[tkʰàɕɪ́ɴ]
Arakanese:
တပြိုင်တည်း။ တတူတကွ။ တချက်တည်း
Burmese:
တပြိုင်နက်။ အတူတကွ။ တချက်တည်း
English:
instantaneously
Grammar Note:
ကြိယာဝိသေသန
တခါတည်း
[tkʰàtɛ́]
Arakanese:
တတူတကွ။ တပေါင်းတည်း။ သီးသန့် ဖြစ်ခြင်း မဟိဘဲ
Burmese:
အတူတကွ။ တပေါင်းတည်း။ သီးခြား ဖြစ်ခြင်း မရှိပဲ
English:
together
Grammar Note:
ကြိယာဝိသေသန
တခါတိုး
[tkʰàtó]
Arakanese:
တခေါက် တခါ လောင်းာက်ရာ အကျိုး ဟိရေ အရာ။ တခေါက်သုံး တခါသုံး ဖြစ်ရေ အရာ
Burmese:
တစ်ကြိမ် တစ်ခါ မျှသာ အကျိုး ရှိသော အရာ။ တစ်ကြိမ်သုံး တစ်ခါသုံး ဖြစ်သော အရာ
English:
disposable
Grammar Note:
နာမ်
တံခါးမဟိဓါးမဟိ
[tံkʰàးmhìdʱàးmhì]
Arakanese:
အတား အဆီး၊ အပိတ် အပင်။ အဟန့် အတား မဟိဘဲ။ ဝင်လွယ်၊ ထွက်လွယ်ဗျာယ်
Burmese:
အတား အဆီး၊ အပိတ် အပင်။ အဟန့် အတား မရှိပဲ။ ဝင်လွယ်၊ ထွက်လွယ်လျက်
English:
ingress
Grammar Note:
ကြိယာဝိသေသန
တံခါးရွက်
[tံkʰàးɹwɛʔ]
Arakanese:
တန်းခါး၌ တပ်ဆင် ထားရေ ပျိုင်ချပ်ပြား
Burmese:
တံခါး၌ တပ်ဆင် ထားသော ပျဉ်ချပ်ပြား
English:
leaf of door
Grammar Note:
နာမ်
တချက်တပြတ်
[tɕɛʔtpɹaʔ]
Arakanese:
တိုတောင်းသော ကာလ အပိုင်း အရာ။ ခဏ တဖြုတ်။ တိုတောင်းသော အခိုက်အတန့်
Burmese:
တိုတောင်းသော ကာလ အပိုင်း အခြား။ ခဏ တဖြုတ်။ တိုတောင်းသော အခိုက်အတန့်
English:
moment
Grammar Note:
နာမ်
တချင်
[tɕɪ̀ɴ]
Arakanese:
(အဆီးအတား အပိတ်အပင် မဟိ) စိတ် အလို ဟိတိုင်း။ ကြိုက်ပိုင်။ သဖောကျပိုင်။ (ကိုယ့်) ဆန္ဒအတိုင်း။ စိတ်တိုင်းကျ
Burmese:
(အဆီးအတား အပိတ်အပင် မရှိ) စိတ် အလို ရှိတိုင်း။ ကြိုက်သလို။ သဘောကျ သလို။ (မိမိ) ဆန္ဒအတိုင်း။ စိတ်တိုင်းကျ
English:
desired
Grammar Note:
ကြိယာဝိသေသန
တချပ်ချပ်
[tɕaʔɕaʔ]
Arakanese:
သစ်ရွက် ခြောက်၊ စက္ကူ အစဟိစွာရို့ကို ထိခိုက် မိသနန့် မြည်သော အသံမျိုး အဆက် မပြတ် ဖြစ်ဗျာယ်
Burmese:
သစ်ရွက် ခြောက်၊ စက္ကူ စသည်တို့ကို ထိခိုက် မိသဖြင့် မြည်သော အသံမျိုး အဆက် မပြတ် ဖြစ်လျက်
English:
continuous
Grammar Note:
ကြိယာဝိသေသန
တချေ
[tɕè]
Arakanese:
ကိုယ့် ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောလို ရာမာ ဝါကျ ရှေ့မှ ထည့်ပနာ သုံးသော စကား။ ထားပါတချေ၊ ယင်းတိုင်သျှင်စကားကို မပြောကေ။ သောင်းခြောက်ထောင်မာ၊ ခေါင်တက်ဘိကေ၊ မိဖုရားကို၊ လာလောတချေ (ဒွေး)။ တောင်ညာသျှင်မ၊ ထဲကတ်သိုကေ၊ ထိုကိစ္စကို၊ ပြောပါတချေ၊ ဆိုခါဝယ်လျင် (ဆဒ
Burmese:
မိမိ၏ ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောလို ရာတွင် ဝါကျ ရှေ့မှ ထည့်၍ သုံးသော စကား။ ထားပါတချေ၊ ယင်းသူစကားကို မပြောကေ။ သောင်းခြောက်ထောင်တွင်၊ ခေါင်တက်ဘိကေ၊ မိဖုရားကို၊ လာလောတချေ (ဒွေး)။ တောင်ညာသျှင်မ၊ ထဲမှတ်သိုကေ၊ ထိုကိစ္စကို၊ ပြောပါတချေ၊ ဆိုခါဝယ်လျင် (ဆဒ
English:
in my point of view
Grammar Note:
ပစ္စည်း
တချွတ်ချွတ်
[tɕwaʔɕwaʔ]
Arakanese:
ဝန် တခုခုကို (တင်သားကို) မြီကြီးမာ ဒရွတ် ဆွဲတိုက်ပနာ လားခါ မြည်သော အသံမျိုး ရက်ပြတ် ဖြစ်ဗျာယ်
Burmese:
ပစ္စည်း တစ်ခုခုကို (တင်ပါးကို) မြေကြီးမှာ ဒရွတ် ဆွဲတိုက်၍ သွားသောအခါ မြည်သော အသံမျိုး အဆက်မပြတ် ဖြစ်လျက်
English:
incessant
Grammar Note:
ကြိယာဝိသေသန
တခြက်ခြက်
[tkʰɹɛʔkʰɹɛʔ]
Arakanese:
တဦးနှင့် တဦး မသင့် မတင့် ဖြစ်ကတ်၍ တနားတခါ စကားတိ ကတ်တေ။ အကျွန်ယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)။ အဝီးနီကေ-တသတ်သတ်၊ အပါးနီကေ-တခြက်ခြက်(ပုံ)
Burmese:
တစ်ဦးနှင့် တစ်ဦး မသင့် မတင့် ဖြစ်ကြ၍ မကြာခဏ စကားများ ကြသည်။ ကျွန်မယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)။ အဝီးနီကေ-တသက်သက်၊ အပါးနီကေ-တခြက်ခြက်(ပုံ)
English:
argue
Grammar Note:
ကြိယာဝိသေသန
တခြခြ
[tkʰɹkʰɹ]
Arakanese:
၁၊ ချောမော ပြေပြစ်ရေ မဟုတ်ရေ။ ကြမ်းတမ်းသော (အသားအရီ)။ ၂၊ ခြောက်သွိသော အသားအရီ ဟိရေ
Burmese:
၁၊ ချောမော ပြေပြစ်သည် မဟုတ်သော။ ကြမ်းတမ်းသော (အသားအရေ)။ ၂၊ ခြောက်သွေ့သော အသားအရေ ရှိသော
English:
papery
Grammar Note:
နာမဝိသေသန
တခြား
[tkʰɹá]
Arakanese:
တမျိုး တဖုံ၊ တသီး တသန့် ဖြစ်ရေ အရာ။ အခြားသလိပ်၊ ခူသျှိသျှူနာ၊ စွဲပြန်လာရေ် (ပဉ္စဘုတ်)
Burmese:
တစ်မျိုး တဖုံ၊ တစ်သီး တစ်သန့် ဖြစ်သော အရာ။ တခြားသလိပ်၊ ခူသျှိသျှူနာ၊ စွဲပြန်လာသော် (ပဉ္စဘုတ်)
English:
unrelated
Grammar Note:
နာမဝိသေသန
တခြားရပ်ရွာ
[tkʰɹáɹaʔɹwà]
Arakanese:
အခြားသော အရပ် ဒေသ။ ခရီး ဝီးကွာသော အရပ် ဒေသ
Burmese:
တခြားသော အရပ် ဒေသ။ ခရီး ဝေးကွာသော အရပ် ဒေသ
English:
distant
Grammar Note:
နာမ်
တခြိခြိ
[tkʰɹìkʰɹì]
Arakanese:
ဖြုတ်ခြည်း တိန်းနိန် တိတ်တိတ် ရယ်ရွှင်သော အသံကို ပြုရေအနိန်နန့်
Burmese:
ဖြုတ်ချည်း တိုးတိုး တိတ်တိတ် ရယ်ရွှင်သော အသံကို ပြုသော အားဖြင့်
English:
snicker
Grammar Note:
ကြိယာဝိသေသန
တခြိခြိ၂
[tkʰɹìkʰɹì၂]
Arakanese:
ရယ်မောခြင်း ပြုရာမှ ထွက်ပေါ် လာရေ အသံ
Burmese:
ရယ်မောခြင်း ပြုရာမှ ထွက်ပေါ် လာသော အသံ
English:
chuckle
Grammar Note:
နာမ်
တခြိမ့်ခြိမ့်
[tkʰɹèɪɴ့kʰɹèɪɴ့]
Arakanese:
သာယာ ငြိမ့်ညောင်းရေ။ သာယာ ချိုအီးရေ။ ငါးဖြာပဉ္စင်၊ ပဲ့တင်ရိုက်ချိမ့်၊ တခြိမ့်ခြိမ့်လျင်၊ ပျော်ငြိမ့်သာယာ၊ လူတိုင်းရို့ (ရှီးထုံး)
Burmese:
သာယာ ငြိမ့်ညောင်းသည်။ သာယာ ချိုအေးသည်။ ငါးဖြာပဉ္စင်၊ ပဲ့တင်ရိုက်ချိမ့်၊ တခြိမ့်ခြိမ့်လျင်၊ ပျော်ငြိမ့်သာယာ၊ လူတကာတို့ (ရှေးထုံး)
English:
dulcet
Grammar Note:
ကြိယာ
တခြိမ့်ခြိမ့်၂
[tkʰɹèɪɴ့kʰɹèɪɴ့၂]
Arakanese:
သာယာ နာပျော်ဖွယ် ကောင်းရေ အသံ
Burmese:
သာယာ နာပျော်ဖွယ် ကောင်းသော အသံ
English:
mellifluous
Grammar Note:
နာမ်
တခြုတ်ခြုတ်
[tkʰɹoʊʔkʰɹoʊʔ]
Arakanese:
မနားမနီ၊ မလျော့သော ဇွဲလုံ့လဖြင့်။ မဆုတ်မဆိုင်း
Burmese:
မနားမနေ၊ မလျော့သော ဇွဲလုံ့လဖြင့်။ မဆုတ်မဆိုင်း
English:
ceaseless
Grammar Note:
ကြိယာဝိသေသန