Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,081–2,100 of 2,498 words

    တ

    တေဝီခတ်

    [tèwíkʰaʔ]
    ပြဿနာ အမျိုးမျိုး ဗလဗွီသတ်ပွီလီပြီး၊ မည်ကိုလုပ်ကြံရဖို့ကို၊ အစရှာ မရယောင်ပင် ဖြစ်ဗျာယ်။ နည်းလမ်း၊ အဖြီ အစဟိစွာ ရှာမရဘဲ အတွေးလည်ဗျာယ်
    ပြဿနာ အမျိုးမျိုး ရှုပ်ထွေးပွေလီပြီး၊ မည်သို့လုပ်ကြံရမည်ကို၊ အစရှာ မရအောင်ပင် ဖြစ်လျက်။ နည်းလမ်း၊ အဖြေ စသည် ရှာမရဘဲ အတွေးလည်လျက်
    labyrinthine
    ကြိယာဝိသေသန

    တေဝီသတ်

    [tèwíθaʔ]
    ပြဿနာ အမျိုးမျိုး ဗလဗွီသတ် ပွီလီပြီး၊ ဇာပိုင် လုပ်ကြံရဖို့ကို၊ အစရှာ မရယောင်ပင် ဖြစ်ဗျာယ်။ နည်းလမ်း၊ အဖြီ အစဟိစွာ ရှာမရဘဲ အတွေးလည်ဗျာယ်
    ပြဿနာ အမျိုးမျိုး ရှုပ်ထွေး ပွေလီပြီး၊ မည်သို့ လုပ်ကြံရမည်ကို၊ အစရှာ မရအောင်ပင် ဖြစ်လျက်။ နည်းလမ်း၊ အဖြေ စသည် ရှာမရဘဲ အတွေးလည်လျက်
    labyrinthine
    ကြိယာဝိသေသန

    တေးသံ

    [téθံ]
    တေး တေးခြင်းဖြင့် သီဆိုရေ အသံ
    တေး သီချင်းဖြင့် သီဆိုသော အသံ
    sound-track
    နာမ်

    တေးသွား

    [téθWà]
    တေး တေးခြင်း အသံ၏ အနိမ့် အမြင့်၊ အဆွဲ အငင်၊ အဖြတ် အတောက် အစဟိစွာ
    တေး သီချင်း အသံ၏ အနိမ့် အမြင့်၊ အဆွဲ အငင်၊ အဖြတ် အတောက် စသည်
    melody
    နာမ်

    တော

    [tɔ́]
    မြို့နန့် ဝေးခေါင်သော အရပ်။ အပင် နွယ်ခြုံ ထူထပ် များပြားစွာ ပေါက်ရောက် နိန်ရေ အရပ်။ အပင်နန့် သတ္တဝါ မကန်မဝှန် စုဝေး တည်ဟိ နိန်ရေ အရပ်
    မြို့နှင့် ဝေးခေါင်သော အရပ်။ သစ်ပင် နွယ်ချုံ ထူထပ် များပြားစွာ ပေါက်ရောက် နေသော အရပ်။ သစ်ပင်နှင့် သတ္တဝါ အများအပြား စုဝေး တည်ရှိ နေသော အရပ်
    forest
    နာမ်

    တော့

    [tɔ̰]
    သနား ဖွယ်ရာ၊ ချစ်ခင် ဖွယ်ရာသော အပြုအမူကို ပြဗျာယ်။ ရင်ခွင်ပါး ထိုင်ပနာသာ လိုင်ကို ဆွဲပနာ တော့ဗျာယ် နီတုံလာ၏။ (ဗမာချီ)။ မပီကလာ ပီကလာ။ သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူဗျာယ်။ လူးလဲကာ ငိုပနာပေ၊ ငါ့ဖခင်ကို၊ ဂုပင်ပီးရဖို့လို့၊ တော့ဗျာယ်ပေ တောင်းရေအခါ၊ မွီးမိခင
    သနား ဖွယ်ရာ၊ ချစ်ခင် ဖွယ်ရာသော အပြုအမူကို ပြလျက်။ ရင်ခွင်ပါး ထိုင်၍သာ လိုင်ကို ဆွဲ၍ တော့လျက် နီတုံလာ၏။ (ဗမာချီ)။ မပီကလာ ပီကလာ။ သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူလျက်။ လူးလဲကာ ငို၍ပေ၊ ငါ့ဖခင်ကို၊ ဂုပင်ပီးရမည်ဟု၊ တော့လျက်ပေ တောင်းသောအခါ၊ မွီးမိခင
    with a pleasing lisp
    ကြိယာဝိသေသန

    တောက

    [tɔ́k]
    နွေ ကာလအခါ ပြင်းပြသော နေ အပူဟိန်ကြောင့် တောတောင် ရို့မှ တလှုပ်လှုပ် မြင်ကတ်ရ သပိုင်ယှောင် အခြင်းအရာ
    နွေ ကာလအခါ ပြင်းပြသော နေ အပူရှိန်ကြောင့် တောတောင် တို့မှ တလှုပ်လှုပ် မြင်ကြရ သကဲ့သို့သော အခြင်းအရာ
    none
    ကြိယာ

    တောကစပ်

    [tɔ́ksaʔ]
    တောမာ အပျော်အပါး ထမင်းစား ထွက်ကတ်တေ။ တော တိရစ္ဆာန် တိကို လိုက်လံ ဖမ်းဆီး ကတ်တေ။ တော တောင်ထဲမာ မကောင်းရေ နတ် မိစ္ဆာများ လူကို မမြင်ရရောင် ကွယ်ဝှက် ထားရေ
    တော၌ အပျော်အပါး ထမင်းစား ထွက်ကြသည်။ တော တိရစ္ဆာန် များကို လိုက်လံ ဖမ်းဆီး ကြသည်။ တော တောင်ထဲ၌ မကောင်းသော နတ် မိစ္ဆာများ လူကို မမြင်ရအောင် ကွယ်ဝှက် ထားသည်
    the sport of hunting
    ကြိယာ

    တောက်

    [tɔ́ɛʔ]
    အဆိပ် သင့်ရေ။ မဟောက် တောက်၍ အဆိပ် မွန်းရေ။ သစ်သီး သစ်ပွင့်ကို စားသောက် မိ၍ တောက်ရေ။ ဂါရီ၊ လောင်း၊ ယာဉ် အစဟိစွာရို့ကို စီးပနာ မူးမော်သည်
    အဆိပ် သင့်သည်။ မြွေဟောက် တောက်၍ အဆိပ် မွန်းသည်။ သစ်သီး သစ်ပွင့်ကို စားသောက် မိ၍ တောက်သည်။ လှည်း၊ လှေ၊ ယာဉ် စသည်တို့ကို စီး၍ မူးမော်သည်
    poison
    ကြိယာ

    တောက်၂

    [tɔ́ɛʔ၂]
    ကြက်၊ ငှက်၊ နှုတ်သီး လက်ချောင်းများ ရို့နန့် တီးခေါက်ရေ။ ပျိုင်ကို လက်နန့် တက်သီးခေါက်တေ
    ကြက်၊ ငှက်၊ နှုတ်သီး လက်ချောင်းများ တို့ဖြင့် တီးခေါက်သည်။ ပျဉ်ကို လက်နန့် တောက်ခေါက်တေ
    rap
    ကြိယာ

    တောက်၃

    [tɔ́ɛʔ၃]
    မီးလျှံ ထရေ။ ဟုန်းဟုန်း တောက်ကုန်၊ ပြာပုံအတိ၊ ဖြစ်ကုန်ဘိ၍ (ရှီးထုံး)
    မီးလျှံ ထသည်။ ဟုန်းဟုန်း တောက်ကုန်၊ ပြာပုံအတိ၊ ဖြစ်ကုန်ဘိ၍ (ရှေးထုံး)
    fire
    ကြိယာ

    တောက်၄

    [tɔ́ɛʔ၄]
    ပြောင်လက်သော။ ထိန်ထိန်တောက်ပြောင်၊ ဝင်းဝင်းရောင်သား (မြို့တည်)။ ထွန်းပ ကြင်းလင်းသော။ ထွန်းပအရောင်၊ တောက်လောင်ခမန်း၊ ရောင်ခြည်သန်းဗျာယ် (ရှီးထုံး)
    ပြောင်လက်သော။ ထိန်ထိန်တောက်ပြောင်၊ ဝင်းဝင်းရောင်သား (မြို့တည်)။ ထွန်းပ ထိန်လင်းသော။ ထွန်းပအရောင်၊ တောက်လောင်ခမန်း၊ ရောင်ခြည်သန်းလျက် (ရှေးထုံး)
    refulgent
    နာမဝိသေသန

    တောက်ကယှက်

    [tɔ́ɛʔkʃɛʔ]
    ငြင်းခုံခြင်း ဖြစ်ဗျာယ်။ သူမှန်သည် ငါမှန်သည် အစဟိစွာအနိန်နန့် စကား အချက်အတင် ပြောဆို ကတ်ပနာ
    ငြင်းခုံခြင်း ဖြစ်လျက်။ သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကား အချေအတင် ပြောဆို ကြလျက်
    argue
    ကြိယာဝိသေသန

    တောက်ကျာ

    [tɔ́ɛʔt͡ɕà]
    အဝတ်၊ သက္ကလပ် စရေ ရို့နန့် (ပုံစံ အမျိုးမျိုး) ခြုပ်လုပ် ထားရေ ဝထုပ် အပျော့စားမျိုး။ ကုလားတောက်ကျာ - မြစ်မာကျ၊ ယှာလို့မရ - မိုးကိုးလ (တဘောင်)
    အဝတ်၊ သက္ကလပ် စသည့် တို့ဖြင့် (ပုံစံ အမျိုးမျိုး) ချုပ်လုပ် ထားသော ဦးထုပ် အပျော့စားမျိုး။ ကုလားတောက်ကျာ - မြစ်မှာကျ၊ ရှာလို့မရ - မိုးကိုးလ (တဘောင်)
    hat
    နာမ်

    တောက်ကျာ၂

    [tɔ́ɛʔt͡ɕà၂]
    ရသေ့များ ဆောင်းသော ဝထုပ် တမျိုး။ ရဟန်းရုပ်ဝါ၊ ပီသစွာဖြင့်၊ တောက်ကျာကြီးစွပ်၊ သစ်ခေါက်ဆင်လေ၊ ကိုယ်မားပန်းပျာ၊ သင်္ကန်းဝတ်လို့ (ဆဒ္ဒန်)
    ရသေ့များ ဆောင်းသော ဦးထုပ် တစ်မျိုး။ ရဟန်းရုပ်ဝါ၊ ပီသစွာဖြင့်၊ တောက်ကျာကြီးစွပ်၊ သစ်ခေါက်ဆင်လေ၊ ကိုယ်တွင်းပန်းပျာ၊ သင်္ကန်းဝတ်လို့ (ဆဒ္ဒန်)
    headgear
    နာမ်

    တောက်ကျာငှက်

    [tɔ́ɛʔt͡ɕàŋ̊ɛʔ]
    သစ်ခေါက်၊ သစ်ခွံရို့ကို နှုတ်သီးဖြင့် ပေါက်ဆိတ်၍ ပိုးကောင်တိကို ဖမ်းယူ စားသောက်သော ငှက်။ တောက်ကျာငှက်။ ခြိုးညို လင်းပြာ၊ စက္ကဝါသည်၊ ခေါက်ယာငှက် တောက်ကျာသို့ (ကုသတု)
    သစ်ခေါက်၊ သစ်ခွံတို့ကို နှုတ်သီးဖြင့် ပေါက်ဆိတ်၍ ပိုးကောင်များကို ဖမ်းယူ စားသောက်သော ငှက်။ သစ်တောက်ငှက်။ ခြိုးညို လင်းပြာ၊ စက္ကဝါသည်၊ ခေါက်ယာငှက် တောက်ကျာသို့ (ကုသတု)
    woodpecker
    နာမ်

    တောက်ခေါက်

    [tɔ́ɛʔkʰaʊʔ]
    အလို မကျအတွက်နန့် လျှာထိပ်ကို အာခေါင်မာ ကပ်ထိပနာ တက် (တောက်) ဆိုရေ အသံကို ထွက်အောင် လုပ်ရေ
    အလို မကျသောကြောင့် လျှာထိပ်ကို အာခေါင်တွင် ကပ်ထိ၍ တက် (တောက်) ဟူသော အသံကို ထွက်အောင် လုပ်သည်
    make a clicking sound
    ကြိယာ

    တောက်ချီးကျ

    [tɔ́ɛʔɕït͡ɕ]
    မကြည့်ချင် မမြင်ချင် ဖြစ်တေ။ မုန်းတီးရေ။ စက်ဆုပ် ရွံ့ယှာရေ။ မင်းနန့် အတွိမခံချင်၊ မင်းမျက်နှာကို မြင်လို့ တောက်ချီး ကျဖို့ ကောင်းရေ။ မချစ် မကြိုက် ဖြစ်တေ။ မခင် မတွယ် ဟိရေ။ မောင်လှ အပြုအမူကို မြင်လို့ တောက်ချီးကျ မုန်းဖို့ ကောင်းရေ
    မကြည့်ချင် မမြင်ချင် ဖြစ်သည်။ မုန်းတီးသည်။ စက်ဆုပ် ရွံ့ရှာသည်။ မင်းနန့် အတွိမခံချင်၊ မင်းမျက်နှာကို မြင်လို့ တောက်ချီး ကျဖို့ ကောင်းရေ။ မချစ် မနှစ်သက် ဖြစ်သည်။ မခင် မတွယ် ရှိသည်။ မောင်လှ အပြုအမူကို မြင်လို့ တောက်ချီးကျ မုန်းဖို့ ကောင်းရေ
    hate
    ကြိယာ

    တောက်စာဖတ်

    [tɔ́ɛʔsàpʰaʔ]
    အဂေါင်းမာ အမင်ာက် ပိုင် အမွီးများ ပါဟိပြီးး ဖင် တဝိုက်မာလည်း နီရဲသော အမွီးများ ပါဟိကာ အသံ သာယာစွာ မြည်တတ်ရေ ငှက်ငယ် တမျိုး
    ဦးခေါင်းတွင် အမောက် သဖွယ် အမွေးများ ပါရှိပြီး ဖင် တစ်ဝိုက်တွင်လည်း နီရဲသော အမွေးများ ပါရှိကာ အသံ သာယာစွာ မြည်တတ်သည့် ငှက်ငယ် တစ်မျိုး
    woodpecker
    နာမ်

    တောက်ဆတ်

    [tɔ́ɛʔsʰaʔ]
    စိတ်တိုရေ။ မာန ကြီးရေ။ မောင်လှကျော် စကား ပြောရေ တောက်ဆတ်ကြီး ကာ
    စိတ်တိုသည်။ မာန ကြီးသည်။ မောင်လှကျော် စကား ပြောရေ တောက်ဆတ်ကြီး ကာ
    haughty
    ကြိယာ