Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,101–2,120 of 2,498 words

    တ

    တောက်ဆတ်၂

    [tɔ́ɛʔsʰaʔ၂]
    စိတ်တို တတ်သူ
    စိတ်တို တတ်သူ
    Bad-tempered
    နာမ်

    တောက်ဆတ်ဆတ်

    [tɔ́ɛʔsʰaʔsʰaʔ]
    ကျိုးလွယ် ပျက်လွယ်သော။ ကြွပ်ဆပ်သော။ တောင့်တင်း ပျိုင်းတွဲသော။ မာဆတ်သော
    ကျိုးလွယ် ပျက်လွယ်သော။ ကြွပ်ဆပ်သော။ တောင့်တင်း ပျဉ်းတွဲသော။ မာဆတ်သော
    fragile-stiff
    နာမဝိသေသန

    တောက်ဆတ်တောက်ဆတ်

    [tɔ́ɛʔsʰaʔtɔ́ɛʔsʰaʔ]
    စကား ပြောရေအခါ ပြတ်တောက် ပြတ်တောက် ပြောရေ။ မောင်စောထွန်း စကားပြောရေ တောက်ဆတ် တောက်ဆတ် ပြောရေကာ
    စကား ပြောသည့်အခါ ပြတ်တောက် ပြတ်တောက် ပြောသည်။ မောင်စောထွန်း စကားပြောရေ တောက်ဆတ် တောက်ဆတ် ပြောရေကာ
    failure
    ကြိယာ

    တောက်ဆီတောက်ဆတ်

    [tɔ́ɛʔsʰítɔ́ɛʔsʰaʔ]
    ပျိုင်းတွဲ တောင့်တင်းဗျာယ်။ မာဆတ်ဆတ်။ မောက်ကြွား မာန်တင်းဗျာယ်။ စကားပြောရေ မာန တဆွဲသားနန့် တောက်ဆီ တောက်ဆတ် ပြောရေကာ
    ပျဉ်းတွဲ တောင့်တင်းလျက်။ မာဆတ်ဆတ်။ မောက်ကြွား မာန်တင်းလျက်။ စကားပြောရေ မာန တစ်ဆွဲသားနန့် တောက်ဆီ တောက်ဆတ် ပြောရေကာ
    haughty
    ကြိယာဝိသေသန

    တောက်တက်

    [tɔ́ɛʔtɛʔ]
    လက်ချောင်း တိနန့် (ပျိုင်၊ တန်းခါး၊ ရွက် အစဟိစွာ ရို့ကို) တီးခေါက်သော အသံ။ ရပ်ငြားဟိဆိုင်၊ ခါးပန်းပျိုင်ကို၊ လူယဉ်တောက်တက်၊ လက်နန့်ခေါက်ကေ၊ စောက်စောက်လည်းထ (မိုး)
    လက်ချောင်း များဖြင့် (ပျဉ်၊ တံခါး၊ ရွက် စသည် တို့ကို) တီးခေါက်သော အသံ။ ရပ်ငြားရှိဆိုင်၊ ခါးပန်းပျဉ်ကို၊ လူယဉ်တောက်တက်၊ လက်နှင့်ခေါက်ကေ၊ စောက်စောက်လည်းထ (မိုး)
    knock
    နာမ်

    တောက်တီးတောက်တဲ့

    [tɔ́ɛʔtïtɔ́ɛʔté]
    ဆက်ကာ ဆက်ကာ ရေရွတ် ပြောဆိုရေ။ ဆိုမြည် တမ်းရေ။ စကား တောက်တီးတောက်တဲ့ ရက်ပြတ် ပြောနီရေ ဗျာလ်
    ဆက်ကာ ဆက်ကာ ရေရွတ် ပြောဆိုသည်။ ဆိုမြည် တမ်းသည်။ စကား တောက်တီးတောက်တဲ့ ရက်ပြတ် ပြောနီရေ ဗျာလ်
    repeat
    ကြိယာ

    တောက်တီးတောက်တွတ်

    [tɔ́ɛʔtïtɔ́ɛʔtwaʔ]
    မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ ဆုံးခန်းမဟိ တောက်ဆီး တောက်တွတ် ပြောနီရေ
    မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ ဆုံးခန်းမဟိ တောက်ဆီး တောက်တွတ် ပြောနီရေ
    continuous
    ကြိယာ

    တောက်တီးထိုး

    [tɔ́ɛʔtïtʰó]
    ဗြုန်းခနဲ။ အယင့်အယင်။ အဂု။ မဆိုင်းမတွ
    ရုတ်တရက်။ အလျင်အမြန်။ ချက်ချင်း။ မဆိုင်းမတွ
    immediate
    ကြိယာဝိသေသန

    တောက်တီးမည်ရ

    [tɔ́ɛʔtïmɛ̀ɹ]
    အသီး အမွှား။ အတို အထွာ။ တိုလီ မိုလီ
    အသေး အမွှား။ အတို အထွာ။ တိုလီ မိုလီ
    bean curd
    နာမ်

    တောက်တူလက်

    [tɔ́ɛʔtùlɛʔ]
    ကွမ်းသီး အခိုင်၏ အညှာတံ
    ကွမ်းသီး အခိုင်၏ အညှာတံ
    stalk
    နာမ်

    တောက်တောက်

    [tɔ́ɛʔtɔ́ɛʔ]
    လက်ချောင်း တိနန့် (ပျိုင်၊ တန်းခါး၊ ရွက် အစဟိစွာရို့ကို) တီးခေါက်သည်
    လက်ချောင်း များဖြင့် (ပျဉ်၊ တံခါး၊ ရွက် စသည်တို့ကို) တီးခေါက်သည်
    knock
    ကြိယာ

    တောက်တောက်၂

    [tɔ́ɛʔtɔ́ɛʔ၂]
    အထူး ပိုပြီးကေ လွန်ကဲစွာ။ အလွန့် အလွန်။ (တောက်တောက်နန့် တွဲစပ်ပြီး တောက်တောက်ကျိုင်း၊ တောက်တောက်ခါ၊ တောက်တောက်ခုန်၊ တောက်တောက် ရောက်ရောက် အစဟိစွာအနိန်နန့် ပြောဆိုလေ့ ဟိကတ်တေ)
    အထူး ပိုမို လွန်ကဲစွာ။ အလွန့် အလွန်။ (တောက်တောက်နှင့် တွဲစပ်ပြီး တောက်တောက်ကျိုင်း၊ တောက်တောက်ခါ၊ တောက်တောက်ခုန်၊ တောက်တောက် ရောက်ရောက် စသည်ဖြင့် ပြောဆိုလေ့ ရှိကြသည်)
    immoderate
    ကြိယာဝိသေသန

    တောက်တောက်ကျိုင်း

    [tɔ́ɛʔtɔ́ɛʔt͡ɕáɪɴ]
    မပျော့ မပျောင်း အလွန် ခက်မာရေ။ မာကျန်းရေ။ တောင့်တင်း နနောင်းသည်
    မပျော့ မပျောင်း အလွန် ခက်မာသည်။ မာကျန်းသည်။ တောင့်တင်း ခိုင်မာသည်
    hardness
    ကြိယာ

    တောက်တောက်ခုန်

    [tɔ́ɛʔtɔ́ɛʔkʰòʊɴ]
    တစုံ တခုဖြင့် ပြုလုပ်နိုင်ဖို့ ခိုင်းစီ တိုက်တွန်း စွာကို ဒေါသ မာန်ဟုန် ထကာ၊ လုံးဝလက်မခံ ခခါးသသီး အားဓမ ငြင်းပယ်ရေ။ ဒေါသမာန်ဟုန်၊ တောက်တောက်ခုန်၍၊ ယမ်းပုံမီးကျ၊ ပမာဏသို့ (ရှီးထုံး)
    တစ်စုံ တစ်ခုဖြင့် ပြုလုပ်နိုင်ရန် ခိုင်းစေ တိုက်တွန်း သည်ကို ဒေါသ မာန်ဟုန် ထကာ၊ လုံးဝလက်မခံ ခါးခါးသီးသီး အတင်း ငြင်းပယ်သည်။ ဒေါသမာန်ဟုန်၊ တောက်တောက်ခုန်၍၊ ယမ်းပုံမီးကျ၊ ပမာဏသို့ (ရှေးထုံး)
    refuse
    ကြိယာ

    တောက်တောက်ခေါ်

    [tɔ́ɛʔtɔ́ɛʔkʰɔ̀]
    အလို မကျအတွက်နန့် လျှာထိပ်ကို အာခေါင်မာ ကပ်ထိပနာ တက် (တောက်) ဆိုရေ အသံကို ထွက်အောင် လုပ်ရေ။ ကျောက်ဖျာအထက်၊ တက်ကာ ထိုင်ကေ မှိုင်ကာတွက်လို့၊ မသက်မသာ၊ တက်တက်ခေါ်ကေ၊ ကျောက်ဖျာကထ၊ စိတ်ညစ် မာန်ပါ၊ မနေပျော်၍၊ ဟေမာတောမာ၊ လားကာလမာ (ပန်း)။ ဖွားဖက်မောင်ရို့ ၊ ထေ
    အလို မကျသောကြောင့် လျှာထိပ်ကို အာခေါင်တွင် ကပ်ထိ၍ တက် (တောက်) ဟူသော အသံကို ထွက်အောင် လုပ်သည်။ ကျောက်ဖျာအထက်၊ တက်ကာ ထိုင်ကေ မှိုင်ကာတွက်လို့၊ မသက်မသာ၊ တက်တက်ခေါ်ကေ၊ ကျောက်ဖျာကထ၊ စိတ်ညစ် မာန်ပါ၊ မနေပျော်၍၊ ဟေမာတောမှာ၊ သွားကာလ၌ (ပန်း)။ ဖွားဖက်မောင်တို့ ၊ ထေ
    make a clicking sound
    ကြိယာ

    တောက်တောက်ခါ

    [tɔ́ɛʔtɔ́ɛʔkʰà]
    တစုံ တခု ပြုလုပ်ဖို့ ခိုင်းစီ တိုက်တိုးရေကို မပြု မလုပ် နှိုင်ကြောင်း လက်မခံ နှိုင်ကြောင်း ငြင်းဆိုရေ။ ငြင်းပယ်သည်
    တစ်စုံ တစ်ခု ပြုလုပ်ရန် ခိုင်းစေ တိုက်တွန်းသည်ကို မပြု မလုပ် နိုင်ကြောင်း လက်မခံ နိုင်ကြောင်း ငြင်းဆိုသည်။ ငြင်းပယ်သည်
    refuse
    ကြိယာ

    တောက်တောက်စဉ်း

    [tɔ́ɛʔtɔ́ɛʔsɪ́ɴ]
    အသား၊ အရိုး အစဟိစွာရို့ကို အသီး အဖွဲ့ ဖြစ်ယောင် နုပ်နုပ် ခုတ်ဖြတ်ရေ
    အသား၊ အရိုး စသည်တို့ကို အသေး အဖွဲ့ ဖြစ်အောင် နုပ်နုပ် ခုတ်ဖြတ်သည်
    minced
    ကြိယာ

    တောက်တောက်ဆာ

    [tɔ́ɛʔtɔ́ɛʔsʰà]
    မစာမနာပဲ။ ရက်ရက် စက်စက်။ ပစ်ပစ်ခါခါ။ ပြတ်ပြတ် တောင်းတောင်း။ နားကနားဋောင်းကို တောက်တောက်ဆာ ချွတ်ယူ လားခရေ
    မညှာမတာပဲ။ ရက်ရက် စက်စက်။ ပစ်ပစ်ခါခါ။ ပြတ်ပြတ် တောင်းတောင်း။ နားကနားဋောင်းကို တောက်တောက်ဆာ ချွတ်ယူ လားခရေ
    mercilessly
    ကြိယာဝိသေသန

    တောက်တောက်ညီး

    [tɔ́ɛʔtɔ́ɛʔɲï]
    စိတ်ပျက်ရေ။ စက်ဆုတ် ရွံ့ယှာရေ။ အလွန် မုန်းတီးရေ။ မောင်လှနန့် စကားပြောဖို့ စွာကို မနည်း မုန်းဖို့ ကောင်းစွာ မဟောက်၊ တောက်တောက် ညီးရေ
    စိတ်ပျက်သည်။ စက်ဆုတ် ရွံ့ရှာသည်။ အလွန် မုန်းတီးသည်။ မောင်လှနန့် စကားပြောဖို့ စွာကို မနည်း မုန်းဖို့ ကောင်းစွာ မဟောက်၊ တောက်တောက် ညီးရေ
    fainthearted
    ကြိယာ

    တောက်တောက်နာ

    [tɔ́ɛʔtɔ́ɛʔnà]
    စိတ် ဆင်းရဲမှုကို ခံစား ရရေ။ စိတ် နှလုံး ထိခိုက်ရေ။ စိတ် မကျီနပ်မှု မပြေ ပျောက်နိုင် ဖြစ်တေ။ စိတ် နာကျည်းရေ။ မောင်သာဖြူရို့ လုပ်စွာ တိကို သီကေလေ့ မိဖို့ မဟောက် ငါအခဲမကျီ၊ တောက်တောက် နာရေ
    စိတ် ဆင်းရဲမှုကို ခံစား ရသည်။ စိတ် နှလုံး ထိခိုက်သည်။ စိတ် မကျေနပ်မှု မပြေ ပျောက်နိုင် ဖြစ်သည်။ စိတ် နာကျည်းသည်။ မောင်သာဖြူရို့ လုပ်စွာ တိကို သီကေလေ့ မိဖို့ မဟောက် ငါအခဲမကျေ၊ တောက်တောက် နာရေ
    embitter
    ကြိယာ