Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,121–2,140 of 2,498 words

    တ

    တောက်တောက်ပြောင်

    [tɔ́ɛʔtɔ́ɛʔpɹàʊɴ]
    အားလုံး အားလုံး ပြောက်စင်ရေ။ တက်တက် ပြောင်သည်
    အားလုံး အကုန် ပြောက်စင်သည်။ တက်တက် ပြောင်သည်
    shine
    ကြိယာ

    တောက်တောက်ဖြတ်

    [tɔ́ɛʔtɔ́ɛʔpʰɹaʔ]
    အဆက် အဆံ ကင်းကွာရေ။ လုံးဝ လွတ်စင်ရေ။ လုံးဝ ကင်းပြတ်သည်
    အဆက် အဆံ ကင်းကွာသည်။ လုံးဝ လွတ်စင်သည်။ လုံးဝ ကင်းပြတ်သည်
    lose touch
    ကြိယာ

    တောက်တောက်ဖြတ်၂

    [tɔ́ɛʔtɔ́ɛʔpʰɹaʔ၂]
    သေဖို့ ဟန်ပိုင် မငြိမ်မသက် တပြောင်း ပြန်ပြန် လူးလိမ့်ဗျာယ်
    သေမည့် ဟန်ကဲ့သို့ မငြိမ်မသက် တပြောင်း ပြန်ပြန် လူးလိမ့်လျက်
    yawing
    ကြိယာဝိသေသန

    တောက်တောက်မုန်း

    [tɔ́ɛʔtɔ́ɛʔmóʊɴ]
    မျက်နှာကို မကြည့်ချင် မမြင်ချင် အလွန် ရွံ့ရှာ မုန်းတီးဗျာယ်။ ယင်းမျိုး ယင်း အကျင့်နန့် မင်းမျက်နှာကို ငါမမြင်ချင်၊ တောက်တောက် မုန်းရေ
    မျက်နှာကို မကြည့်ချင် မမြင်ချင် အလွန် ရွံ့ရှာ မုန်းတီးလျက်။ ယင်းမျိုး ယင်း အကျင့်နန့် မင်းမျက်နှာကို ငါမမြင်ချင်၊ တောက်တောက် မုန်းရေ
    hate
    ကြိယာဝိသေသန

    တောက်တောက်ရောက်ရောက်

    [tɔ́ɛʔtɔ́ɛʔɹɔ́ɛʔɹɔ́ɛʔ]
    ပြတ်ပြတ် တောက်တောက်။ ငဲ့ညှာခြင်း သဖောမဟိဘဲ။ ရက်ရက် စက်စက်။ သနားခြင်း ကင်းသောအနိန်နန့်။ လူကို မငဲ့ညှာ တောက်တောက် ရောက်ရောက် ပြောရေ
    ပြတ်ပြတ် တောက်တောက်။ ငဲ့ညှာခြင်း သဘော မရှိပဲ။ ရက်ရက် စက်စက်။ သနားခြင်း ကင်းသော အားဖြင့်။ လူကို မငဲ့ညှာ တောက်တောက် ရောက်ရောက် ပြောရေ
    mercilessly
    ကြိယာဝိသေသန

    တောက်တဲ

    [tɔ́ɛʔtɛ]
    `တောက်တဲ့´ ဆိုရေ အသံကို မြည်တတ်ရေ သတ္တဝါ ။ ကြောင်သျှေ မြည်ကေ - ပုတ်ဒေါင့်က၊ တောက်တဲ မြည်ကေ - ညောင်ခေါင်းက (တေး)
    `တောက်တဲ့´ ဟူသော အသံကို မြည်တတ်သော သတ္တဝါ ။ ကြောင်သျှေ မြည်ကေ - ပုတ်ထောင့်က၊ တောက်တဲ မြည်ကေ - ညောင်ခေါင်းက (တေး)
    tucktoo
    နာမ်

    တောက်တဲ့ကပ်

    [tɔ́ɛʔtékaʔ]
    (ဥပစာ) တောက်တဲ့ တွယ်ကပ် ပိုင် ခွာမရယောင် ထိကပ်ပြီးကေ
    (ဥပစာ) တောက်တဲ့ တွယ်ကပ် သကဲ့သို့ ခွာမရအောင် ထိကပ်လျက်
    keep sticking
    ကြိယာဝိသေသန

    တောက်ပူလောင်

    [tɔ́ɛʔpùlàʊɴ]
    စကား ပြောကေ ဒေါနန့် မောနန့် ပြောရေ။ တဖက်သား မာန်ပါဖို့၊ ဒေါသ ထွက်မည်ကို မသိ ကိုယ့်စိတ်မာ ဟိသမျှ ပြောဆိုရေ။ စိတ်တို၍ ဒေါသ ထွက်လွယ်ရေ
    စကား ပြောလျှင် ဒေါနှင့် မောနှင့် ပြောသည်။ တစ်ဖက်သား စိတ်ဆိုးမည်၊ ဒေါသ ထွက်မည်ကို မသိ မိမိစိတ်တွင် ရှိသမျှ ပြောဆိုသည်။ စိတ်တို၍ ဒေါသ ထွက်လွယ်သည်
    irritate
    ကြိယာ

    တောက်ပူလောင်၂

    [tɔ́ɛʔpùlàʊɴ၂]
    ဒေါသ ထွက်လွယ်သူ။ စိတ်တို လွယ်သူ။ မစဉ်း မစား ပြုလုပ် တတ်သည်
    ဒေါသ ထွက်လွယ်သူ။ စိတ်တို လွယ်သူ။ မစဉ်း မစား ပြုလုပ် တတ်သည်
    Quick-tempered
    နာမ်

    တောက်ပြင်း

    [tɔ́ɛʔpɹɪ́ɴ]
    စိတ်တို တတ်ရေ။ စိတ်ဓာတ် ပြင်းထန်သည်
    စိတ်တို တတ်သည်။ စိတ်ဓာတ် ပြင်းထန်သည်
    huffy
    ကြိယာ

    တောက်ပြင်း၂

    [tɔ́ɛʔpɹɪ́ɴ၂]
    စိတ်တို တတ်သူ။ စိတ်ဓာတ် ပြင်းထန် တတ်သူ
    စိတ်တို တတ်သူ။ စိတ်ဓာတ် ပြင်းထန် တတ်သူ
    huffy
    နာမ်

    တောက်ပြောင်

    [tɔ́ɛʔpɹàʊɴ]
    အလွန် အရောင် ထွက်သော။ ကြင်းလင်း တောက်ပြောင်သော
    လွန်စွာ အရောင် ထွက်သော။ ထိန်လင်း တောက်ပြောင်သော
    shine
    နာမဝိသေသန

    တောက်လယောက်

    [tɔ́ɛʔljɔ́ɛʔ]
    ရပ်ဆိုင်း နားနေခြင်း မဟိဘဲ။ စဉ်တိုက်။ အကြား အလပ် မဟိဘဲ။ တဆက်တည်း
    ရပ်ဆိုင်း နားနေခြင်း မရှိပဲ။ စဉ်တိုက်။ အကြား အလပ် မရှိပဲ။ တစ်ဆက်တည်း
    continuously
    ကြိယာဝိသေသန

    တောက်လီယာပိုင်း

    [tɔ́ɛʔlíjàpáɪɴ]
    ကိုယ်လက်၊ မျက်နှာ အစဟိစွာ ပွတ်တိုက် သန့်စင် ရရေ ခြည်ပွ မွှီးဖွားဖြင့် ယက်လုပ်ရေ အထည်ပိုင်း။ တောက်လီယာ၊ လည်မာပတ်ကေ၊ လိုက်ဖို့ကျရေ (ဇမ်း)။ ပုခုံးတင် ပုဝါ တမျိုး
    ကိုယ်လက်၊ မျက်နှာ စသည် ပွတ်တိုက် သန့်စင် ရသော ချည်ပွ မွှေးဖွားဖြင့် ယက်လုပ်သည့် အထည်ပိုင်း။ တောက်လီယာ၊ လည်မှာပတ်ကေ၊ လိုက်ဖို့ကျရေ (ဇမ်း)။ ပုခုံးတင် ပုဝါ တစ်မျိုး
    towel
    နာမ်

    တောကျ

    [tɔ́t͡ɕ]
    ရိုးအရေ။ ရုံးကမ်းကိုတောင် မသိ ဘလောက်ကေ တောကျရေ လူလဲ။ မြို့မှ ဝေးခေါင်သည်
    ရိုးအသည်။ ရုံးကမ်းကိုတောင် မသိ ဘလောက်ကေ တောကျရေ လူလဲ။ မြို့မှ ဝေးခေါင်သည်
    duffer
    ကြိယာ

    တောကျ၂

    [tɔ́t͡ɕ၂]
    နှိမ့်ချပနာ ပြောသော စကားလုံး
    နှိမ့်ချ၍ ပြောသော စကားလုံး
    rusticity
    နာမ်

    တောကျပ်

    [tɔ́t͡ɕaʔ]
    သစ်တော ဌာနဖက် ဆိုင်ရာ အမှုထမ်း တခု၏ အမည်
    သစ်တော ဌာနဖက် ဆိုင်ရာ အမှုထမ်း တစ်ခု၏ အမည်
    woodman
    နာမ်

    တောကျောင်း

    [tɔ́t͡ɕáʊɴ]
    ရွာနန့် ဝီးကွာသော အရပ်မာ ဟိရေ ကျောင်း။ တောရ ကျောင်း
    ရွာနှင့် ဝေးကွာသော အရပ်တွင် ရှိသော ကျောင်း။ တောရ ကျောင်း
    cloistral
    နာမ်

    တောကျွံ

    [tɔ́t͡ɕwံ]
    တောမာ ခရီး လွန်လားရေ။ တောကစပ် လားကတ်ရာ တောကျွံ၍ ဘီလူး ပြည်သို့ ရောက်လှား လေ၏ (ပုံပြင်)
    တောတွင် ခရီး လွန်သွားသည်။ တောကစပ် သွားကြရာ တောကျွံ၍ ဘီလူး ပြည်သို့ ရောက်သွား လေ၏ (ပုံပြင်)
    be always on a journey
    ကြိယာ

    တောကျွမ်း

    [tɔ́t͡ɕʊ̀ɴ]
    တော တောင်၏ ခရီး လမ်းပန်း လားရီး လာရီး ကောင်းစွာ သိရေ
    တော တောင်၏ ခရီး လမ်းပန်း သွားရေး လာရေး ကောင်းစွာ သိသည်
    woodcraft
    ကြိယာ