Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,161–2,180 of 2,498 words

    တ

    တောင်၆

    [tàʊɴ၆]
    အဝီး နံဖီး အနက် ရို့ကို ပြရာမာ သုံးသော စကား။ (စကား ပြောဆို ကတ်ရာမာ အသုံး တိစွာ။) ဆရာရို့ အိမ်သို့ အပါးသျှေတောင်၊ အကျွန်လာဖို့ မအားနှိုင်ပါ
    အဝေး အနီး အနက် တို့ကို ပြရာတွင် သုံးသော စကား။ (စကား ပြောဆို ကြရာ၌ အသုံး များသည်။) ဆရာရို့ အိမ်ကို အပါးသျှေတောင်၊ အကျွန်လာဖို့ မအားနိုင်ပါ
    position
    ပစ္စည်း

    တောင်ကပ်ဖားရား

    [tàʊɴkaʔpʰáɹá]
    ရပ်ရွာ တခု တည်းမာ အမြဲအစွဲ မဟိဘဲ။ သွားတုံ၊ သွားတုံ ခေါက်တုံ့ ခေါက်ပြန် ပြုဗျာယ်။ နီထိုင်အရပ်၊ မငြိပ်ဝပ်၍၊ တောင်ကပ်ပီကပ်ပါးရား၊ ဖြစ်ရေအားကြောင့်၊ ပိုင်အလာ၊ ထိုသည်ရွာနန့်၊ ဤရွာပြောင်းတုံ၊ နေကတ်ကုန်၏ (ရခိုင်ကာ)
    ရပ်ရွာ တစ်ခု တည်းတွင် အမြဲအစွဲ မရှိပဲ။ သွားတုံ၊ သွားတုံ ခေါက်တုံ့ ခေါက်ပြန် ပြုလျက်။ နေထိုင်အရပ်၊ မငြိပ်ဝပ်၍၊ တောင်ကပ်ဖားရား၊ ဖြစ်သောအားကြောင့်၊ အလားအလာ၊ ထိုသည်ရွာနှင့်၊ ဤရွာပြောင်းတုံ၊ နေကြကုန်၏ (ရခိုင်ကာ)
    unsteady
    ကြိယာဝိသေသန

    တောင်ကလပ်

    [tàʊɴklaʔ]
    အောက်ခြီ ကြီးပြီးကေ အလယ် သိမ့်ပြီးကေ ထိပ်ဝ ကားပြန့်ဗျာယ် ဟိရေတောင်။ အဆင့် အဆင့် ပတ်ရစ်၍ တက်ရရေ တောင်။ မမြင့်လွန်း မနိမ့်လွန်းသော တောင်။ တောင်စဉ် တောင်ပတ်၊ တောင်ကလပ်၊ ပတ်ရစ်မသွေ၊ အကျွန်ရို့မာ၊ တက်ကတ်ကေ (တေး)
    အောက်ခြေ ကြီး၍ အလယ် သေးပြီး ထိပ်ဝ ကားပြန့်လျက် ရှိသည့်တောင်။ အဆင့် အဆင့် ပတ်ရစ်၍ တက်ရသော တောင်။ မမြင့်လွန်း မနိမ့်လွန်းသော တောင်။ တောင်စဉ် တောင်ပတ်၊ တောင်ကလပ်၊ ပတ်ရစ်မသွေ၊ အကျွန်ရို့မှာ၊ တက်ကတ်ကေ (တေး)
    flat topped hill
    နာမ်

    တောင်ကုန်း

    [tàʊɴkóʊɴ]
    နိမ့်သော တောင်ငယ်။ တောင်စောက် တောင်ကုန်း၊ တလုံးကသက်၊ တလုံးတက်လို့ (ဂုတ္ထိလ)
    နိမ့်သော တောင်ငယ်။ တောင်စောက် တောင်ကုန်း၊ တလုံးကသက်၊ တလုံးတက်လို့ (ဂုတ္ထိလ)
    hill
    နာမ်

    တောင်ကျကျမြောက်ကျကျ

    [tàʊɴt͡ɕt͡ɕmɹɔ́ɛʔt͡ɕt͡ɕ]
    ဖြစ်ချင်ရာ ဖြစ်ရေပါ့ီ။ ဘာပဲ ဖြစ်ဖြစ်
    ဖြစ်ချင်ရာ ဖြစ်ပါစေ။ ဘာပဲ ဖြစ်ဖြစ်
    what so ever
    ကြိယာဝိသေသန

    တောင့်ကျဉ်

    [tɔ́ɪ̰ɴt͡ɕɪ̀ɴ]
    အဆိပ် ပြင်းသော ပုရွက်ကြီး တမျိုး
    အဆိပ် ပြင်းသော ပုရွက်ကြီး တစ်မျိုး
    pismire
    နာမ်

    တောင်ကျမြောက်ကျ

    [tàʊɴt͡ɕmɹɔ́ɛʔt͡ɕ]
    ရည်ရွယ်ချက် မဟိဘဲ။ ရောက်တတ် ရာရာ။ ထင်ရာ မြင်ရာ
    ရည်ရွယ်ချက် မရှိပဲ။ ရောက်တတ် ရာရာ။ ထင်ရာ မြင်ရာ
    random thought
    ကြိယာဝိသေသန

    တောင်ကျရီ

    [tàʊɴt͡ɕɹí]
    မိုး ရွာသွန်းချိန်မာ တောင်ပေါ် ထက်မှ အဟိန် အဟုန် ပြင်းစွာ တဟုန်ထိုး စီးဆင်း လာရေ ရေ
    မိုး ရွာသွန်းချိန်တွင် တောင်ပေါ် ထက်မှ အရှိန် အဟုန် ပြင်းစွာ တဟုန်ထိုး စီးဆင်း လာသော ရေ
    mountain water
    နာမ်

    တောင်ကျိုင်

    [tàʊɴt͡ɕàɪɴ]
    တောင်များ အကြားမာ တည်ဟိရေ ချောက်ရှည်။ လျှိုမြောင်။ တောင်နှစ်ခု အကြားဟိ လွင်ပြင်။ တောင်ဝှမ်း။ မိခင်ဝရီး၊ သူရို့မာလေ၊ ခေါ်မာရိုးကေ၊ ဝါကြီးက၊ ထိမ်းမြှားထိမ်းမြား၊ ထိုတောင်ကျိုင်ကို၊ အပိုင်အပ်လို့ (ဝိဇယ)
    တောင်များ အကြားတွင် တည်ရှိသော ချောက်ရှည်။ လျှိုမြောင်။ တောင်နှစ်ခု အကြားရှိ လွင်ပြင်။ တောင်ဝှမ်း။ မိခင်ဦးရီး၊ သူတို့မှာလေ၊ ခေါ်တွင်ရိုးကေ၊ အဘိုးကြီးက၊ ထိမ်းမြှားလက်ထပ်၊ ထိုတောင်ကျိုင်ကို၊ အပိုင်အပ်လို့ (ဝိဇယ)
    valley
    နာမ်

    တောင်ကျိုင်တောင်ကြား

    [tàʊɴt͡ɕàɪɴtàʊɴt͡ɕá]
    တောင်များ အကြားမာ တည်ဟိရေ ချောက်ရှည်။ လျှိုမြောင်။ တောင်နှစ်ခု အကြားဟိ လွင်ပြင်။ တောင်ဝှမ်း။ မိခင်ဝရီး၊ သူရို့မာလေ၊ ခေါ်မာရိုးကေ၊ ဝါကြီးက၊ ထိမ်းမြှားထိမ်းမြား၊ ထိုတောင်ကျိုင်ကို၊ အပိုင်အပ်လို့ (ဝိဇယ)
    တောင်များ အကြားတွင် တည်ရှိသော ချောက်ရှည်။ လျှိုမြောင်။ တောင်နှစ်ခု အကြားရှိ လွင်ပြင်။ တောင်ဝှမ်း။ မိခင်ဦးရီး၊ သူတို့မှာလေ၊ ခေါ်တွင်ရိုးကေ၊ အဘိုးကြီးက၊ ထိမ်းမြှားလက်ထပ်၊ ထိုတောင်ကျိုင်ကို၊ အပိုင်အပ်လို့ (ဝိဇယ)
    valley
    နာမ်

    တောင်းကျီ

    [táʊɴt͡ɕí]
    အဆိပ် ပြင်းသော ပုရွက်ကြီး တမျိုး
    အဆိပ် ပြင်းသော ပုရွက်ကြီး တစ်မျိုး
    pismire
    နာမ်

    တောင်ကျော်

    [tàʊɴt͡ɕɔ̀]
    လုံးပတ် ငယ်ပနာ အလျား ရှည်သော ငါးရံ တမျိုး။ အဆင့်ဆင့် မဟုတ်ဘဲ။ (ချန်လှပ်၍) ကျော်လွန်ပြီးကေ သွားခြင်းမျိုး
    လုံးပတ် သေး၍ အလျား ရှည်သော ငါးရံ တစ်မျိုး။ အဆင့်ဆင့် မဟုတ်ပဲ။ (ချန်လှပ်၍) ကျော်လွန်၍ သွားခြင်းမျိုး
    cut corners
    နာမ်

    တောင်ကျော်ပစ်

    [tàʊɴt͡ɕɔ̀pɪʔ]
    (ကျင် - နပန်းလုံး) ကျင်နပန်း လုံးကတ်ရာမာ ကိုယ့် ကိုယ်ခန္ဓာ နောက်ကုန်းမှ ကျော်ပြီးကေ တအား လွှဲပစ် ချလိုက်ခြင်း နည်းမျိုး
    (ကျင် - နပန်းလုံး) ကျင်နပန်း လုံးကြရာတွင် မိမိ ကိုယ်ခန္ဓာ ကျောကုန်းမှ ကျော်၍ တစ်အား လွှဲပစ် ချလိုက်ခြင်း နည်းမျိုး
    wrestle
    နာမ်

    တောင်ကျော်ပစ်၂

    [tàʊɴt͡ɕɔ̀pɪʔ၂]
    ကိုယ့်ထက် ကြီးရေ အကို၊ အစ်မ တိက မယား၊ လင်သား မရသိမ့်ခင် ညီ၊ ညီမတိက ကျော်လွန်ပြီးကေ မယား၊ လင် အလျင် ရယူ သွားခြင်းမျိုး
    မိမိထက် ကြီးသည့် အကို၊ အစ်မ များက မယား၊ လင်သား မရသေးမီ ညီ၊ ညီမများက ကျော်လွန်၍ မယား၊ လင် အလျင် ရယူ သွားခြင်းမျိုး
    none
    နာမ်

    တောင်ကျော်ပစ်၃

    [tàʊɴt͡ɕɔ̀pɪʔ၃]
    တခေါက် တဖန် ထပ်၍ တပတ် ကျော့ရေ။ ဝါရေ။ လှည့်ဖြားရေ။ တပတ် သတ်ရေ
    တစ်ကြိမ် တစ်ဖန် ထပ်၍ တစ်ပတ် ကျော့သည်။ လိမ်လည်သည်။ လှည့်စားသည်။ တစ်ပတ် ရိုက်သည်
    bilk
    ကြိယာ

    တောင်ကျွန်း

    [tàʊɴt͡ɕʊ́ɴ]
    မြင့်မိုရ် တောင်၏ တောင်ဖက် မျက်နှာ၌ တည်ဟိရေ ဆိုရေ ကျွန်း
    မြင့်မိုရ် တောင်၏ တောင်ဖက် မျက်နှာ၌ တည်ရှိသည် ဆိုသော ကျွန်း
    island of mount
    နာမ်

    တောင်ကြိုတောင်ကြား

    [tàʊɴt͡ɕÒtàʊɴt͡ɕá]
    တောင်နှစ်ခု အကြားဟိ ကျိုင်းမြောင်း ဂြောင်ကျသော နီရာ။ ပြားကလူလေ့၊ အယူတလို့၊ တောင်ကြိုတောင်ကြား၊ တည်လိမ့်မေ (သိုက်)။ တောင်ကြိုတောင်ကြား- ပေါက်တေဝါး၊ အဆစ်က ခပ်သွယ်သွယ် (ဇမ်း)
    တောင်နှစ်ခု အကြားရှိ ကျဉ်းမြောင်း ချောင်ကျသော နေရာ။ ပြားကလူလည်း၊ အယူတလို့၊ တောင်ကြိုတောင်ကြား၊ တည်လိမ့်မည် (သိုက်)။ တောင်ကြိုတောင်ကြား- ပေါက်တေဝါး၊ အဆစ်က ခပ်သွယ်သွယ် (ဇမ်း)
    mountain pass
    နာမ်

    တောင်ကြောင်း

    [tàʊɴt͡ɕáʊɴ]
    ခြီကျင် ခရီး။ ကုန်းကြောင်း ခရီး။ ကြည်းကြောင်း
    ခြေလျင် ခရီး။ ကုန်းလမ်း ခရီး။ ကြည်းကြောင်း
    land route
    နာမ်

    တောင့်ခံ

    [tɔ́ɪ̰ɴkʰံ]
    သူ တပါး၏ အလို ဆန္ဒသို့ မလိုက်ပဲ ရပ်တည် နိန်ရေ။ ကြံ့ကြံ့ ခံသည်
    သူ တစ်ပါး၏ အလို ဆန္ဒသို့ မလိုက်ပဲ ရပ်တည် နေသည်။ ကြံ့ကြံ့ ခံသည်
    endure
    ကြိယာ

    တောင်းခံ

    [táʊɴkʰံ]
    ပီးပါ၊ ကမ်းပါ ဟု ပြောဆိုရေ။ ၂၊ ဒါဒေါင်၊ အခွန် စစွာကို ကောက်ယူရေ
    ပေးပါ၊ ကမ်းပါ ဟု ပြောဆိုသည်။ ၂၊ အကြွေး၊ အခွန် စသည်ကို ကောက်ယူသည်
    request
    ကြိယာ