Dictionary Entries
Showing 201–220 of 2,498 words
တ
တခြုတ်ခြုတ်၂
[tkʰɹoʊʔkʰɹoʊʔ၂]
Arakanese:
မသိမသာ တတိန်းချေ ပုန်းဝှက် နှောင့်ယှက် နိန်ရေ။ ဝင်ရောက် စွက်ဖက် နိန်ရေ
Burmese:
မသိမသာ တိတ်တိတ်ပုန်း နှောင့်ယှက် နေသည်။ ဝင်ရောက် စွက်ဖက် နေသည်
English:
interfere
Grammar Note:
ကြိယာ
တခြူခြူ
[tkʰɹùkʰɹù]
Arakanese:
မပြတ် နှောင့်ယှက်ရေ။ ဝင်ရောက် စွက်ဖက်ရေ။ ငြိုငြင် ဆင်းရဲအောင် ပြုသည်
Burmese:
မပြတ် နှောင့်ယှက်သည်။ ဝင်ရောက် စွက်ဖက်သည်။ ငြိုငြင် ဆင်းရဲအောင် ပြုသည်
English:
incommode
Grammar Note:
ကြိယာ
တခြဲခြဲ
[tkʰɹɛkʰɹɛ]
Arakanese:
ဖြုတ်ခြည်း တိန်းနိန် တိတ်တိတ် ရယ်ရွှင်သော အသံကို ပြုရေအနိန်နန့်
Burmese:
ဖြုတ်ချည်း တိုးတိုး တိတ်တိတ် ရယ်ရွှင်သော အသံကို ပြုသော အားဖြင့်
English:
snicker
Grammar Note:
ကြိယာဝိသေသန
တခြွာ
[tkʰWɹà]
Arakanese:
အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ
Burmese:
အမျိုးအမည် အရေအတွက် စသည် များပြားစွာ
English:
many
Grammar Note:
ကြိယာဝိသေသန
တခြွာ၂
[tkʰWɹà၂]
Arakanese:
အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ
Burmese:
အမျိုးအမည် အရေအတွက် စသည် များပြားစွာ
English:
quantities
Grammar Note:
ကြိယာ
တံခွန်
[tံkʰʊ̀ɴ]
Arakanese:
အဝတ်ကို အလံ ပိုင် လွင့်ထူ ထားရ သော အရာ (တင်းခွန် အလုံး၊ အပြား ဆိုပနာလည်း ဟိရေ။
Burmese:
အဝတ်ကို အလံ ကဲ့သို့ လွင့်ထူ ထားရ သော အရာ (တံခွန် အလုံး၊ အပြား ဟူ၍လည်း ရှိသည်။
English:
pennant
Grammar Note:
နာမ်
တံခွန်စိုက်
[tံkʰʊ̀ɴsaɪʔ]
Arakanese:
စွမ်းရည် သတ္တိ နိူင်းပြိုင်ရန် ဖိတ်ခေါ်ရေ
Burmese:
စွမ်းရည် သတ္တိ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သည်
English:
championship
Grammar Note:
ကြိယာ
တံခွန်တိုင်
[tံkʰʊ̀ɴtàɪɴ]
Arakanese:
ဘုရား၊ ကျောင်းကန် နံဖီးရို့မာ တင်းခွန်ရှည် ဆွဲပနာ တင်ထားရေ တိုင်
Burmese:
ဘုရား၊ ကျောင်းကန် အနီးတို့တွင် တံခွန်ရှည် ဆွဲ၍ တင်ထားသော တိုင်
English:
flagstaff
Grammar Note:
နာမ်
တံခွန်ရွှား
[tံkʰʊ̀ɴɹW̯á]
Arakanese:
တင်းခွန်ကို တိုင်မာ ရွှင့်ထူရေ။ ၂။ (ဥပစာ) န-တ-စ သော အက္ခရာရို့၏ အထက်မာ အသတ် (န်-တ်) လက္ခဏာ ရီးရေ
Burmese:
တံခွန်ကို တိုင်တွင် လွှင့်ထူသည်။ ၂။ (ဥပစာ) န-တ-စ သော အက္ခရာတို့၏ အထက်တွင် အသတ် (န်-တ်) လက္ခဏာ ရေးသည်
English:
pennant
Grammar Note:
ကြိယာ
တံခွန်လုံး
[tံkʰʊ̀ɴlóʊɴ]
Arakanese:
အဝတ်ကို ခရှရှည် အလုံး လုပ်ထားရေ တင်းခွန်
Burmese:
အဝတ်ကို ခပ်ရှည်ရှည် အလုံး လုပ်ထားသော တံခွန်
English:
cylindrical pennant
Grammar Note:
နာမ်
တခွိ.ခွိ.
[tkʰwì.kʰwì.]
Arakanese:
၁၊ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိရေ။ ရွှင်လန်းခြင်း မဟိ ဖြစ်တေ။ ၂၊ အောက်မိ တမ်းတရေ။ ညှိုးနွမ်းပူဆာ၊ တစာစာနှင့်၊ ဗျာပါလှိုင်ဝေး၊ မြင်ချင်သေးဗျာယ်၊ တအောက်မိ.မိ.၊ တခွိ.ခွိ.နှင့်၊ သတိတွေဝေ၊ စိတ်မပြေပဲ (ထွန်းတိ)
Burmese:
၁၊ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်။ ရွှင်လန်းခြင်း မရှိ ဖြစ်သည်။ ၂၊ အောက်မေ့ တမ်းတသည်။ ညှိုးနွမ်းပူဆာ၊ တစာစာနှင့်၊ ဗျာပါလှိုင်ဝေး၊ မြင်ချင်သေးလျက်၊ တအောက်မိ.မိ.၊ တခွိ.ခွိ.နှင့်၊ သတိတွေဝေ၊ စိတ်မပြေပဲ (ထွန်းတိ)
English:
remembrance
Grammar Note:
ကြိယာ
တခွဲသား
[tkʰwɛθá]
Arakanese:
မာန၊ ဣန္ဒြေ အစဟိစွာရို့ ကြီးမားပုံကို ပြသော စကားလုံး။ ဣန္ဒြေကြီး တခွဲသားနန့်
Burmese:
မာန၊ ဣန္ဒြေ စသည်တို့ ကြီးမားပုံကို ပြသော စကားလုံး။ ဣန္ဒြေကြီး တခွဲသားနန့်
English:
haughty
Grammar Note:
နာမ်
တငိုင်ငိုင်
[tŋàɪɴŋàɪɴ]
Arakanese:
မှိုင်တွေ ငေးမော နိန်ရေ။ ရွှင်လန်း တက်ကြွခြင်း ကင်းစွာ ငေးငိုင် ဆုတ်နစ် နိန်ရေ
Burmese:
မှိုင်တွေ ငေးမော နေသည်။ ရွှင်လန်း တက်ကြွခြင်း ကင်းစွာ ငေးငိုင် ဆုတ်နစ် နေသည်
English:
gawp
Grammar Note:
ကြိယာ
တငေးငေး
[tŋéŋé]
Arakanese:
၁၊ အာရုံ တခုခုမာတွေဝေ စူးစိုက် နိန်ရေ။ ၂၊ စောင့်စည်း မျှော်လင့် နိန်ရေ
Burmese:
၁၊ တစ်ခုခုသော အာရုံတွင် တွေဝေ စူးစိုက် နေသည်။ ၂၊ စောင့်စည်း မျှော်လင့် နေသည်
English:
engross
Grammar Note:
ကြိယာ
တငေးငေး၂
[tŋéŋé၂]
Arakanese:
တစုံ တခု လုပ်ဖို့ မျှော်လင့် စောင့်စား နိန်ရေ။ မျှော်စပ် နိန်ရေ။ တငေးငေး ဇာကို မျှော်စပ်နီရေဝေ
Burmese:
တစ်စုံ တစ်ခု လုပ်ရန် မျှော်လင့် စောင့်စား နေသည်။ မျှော်ကိုး နေသည်။ တငေးငေး ဇာကို မျှော်ကိုးနီရေဝေ
English:
expectancy
Grammar Note:
ကြိယာ
တင်
[tɪ̀ɴ]
Arakanese:
သယ်ဆောင်ဖို့ ဂါရီ၊ လောင်း၊ ယာဉ်၊ ရထား အစဟိစွာရို့မာ ဝန်ထုပ် ဒါဏ်ပိုးရို့ကို ထားရေ။ နိမ့်ရာမှ မြင့်ရာသို့ ပို့ရေ။ တခုထက်မာ တခုကို (တင်) ထားရေ။ ပတ္တမြား မျက်ရှင်တော်ကို လက်ဝါးပြင်မာ တင်ထားဘိ ပိုင် (ဒိဠာ)။ သင်္ကန်း၊ တံဘက် စစွာကို ခြုံးထက်မာ ထား
Burmese:
သယ်ဆောင်မည့် လှည်း၊ လှေ၊ ယာဉ်၊ ရထား စသည်တို့တွင် ဝန်ထုပ် ဝန်ပိုးတို့ကို ထားသည်။ နိမ့်ရာမှ မြင့်ရာသို့ ပို့သည်။ တစ်ခုပေါ်တွင် တစ်ခုကို (တင်) ထားသည်။ ပတ္တမြား မျက်ရှင်တော်ကို လက်ဝါးပြင်တွင် တင်ထားဘိ သကဲ့သို့ (ဒိဠာ)။ သင်္ကန်း၊ တံဘက် စသည်ကို ခြုံးပေါ်တွင် ထား
English:
transport
Grammar Note:
ကြိယာ
တင့်
[tɪ̰ɴ]
Arakanese:
အသရေ ဟိရေ။ ကြည့်လို့ ကောင်းရေ။ မြတ်သော
Burmese:
အသရေ ရှိသော။ ကြည့်၍ ကောင်းသော။ မြတ်သော
English:
Good looking
Grammar Note:
နာမဝိသေသန
တင်း
[tɪ́ɴ]
Arakanese:
(နို့ရည် အစဟိစွာရို့ ယိုစီး မထွက်နှိုင်ရေ အတွက်ကြောင့်) ပြည့်လျှံ လာရေ။ မာတောင့် လာရေ။ ကိုယ့်ရင်နို့သီး၊ နို့ရည်ကျန်ရို့၊ ဟိပြန်ခြင်းကြောင့်၊ တင်းပါလတ်၍ (ဒွေး)။ တဖက်နန့် တဖက် အလျော့မပေး (နောက်မဆုတ်)ပဲ ဖြစ်နီရေ။ အလျော့မပီးဘဲ ရပ်တည် နိန်ရေ။ တင်းခံသ
Burmese:
(နို့ရည် စသည်တို့ ယိုစီး မထွက်နိုင်သည့် အတွက်ကြောင့်) ပြည့်လျှံ လာသည်။ မာတောင့် လာသည်။ ကိုယ့်ရင်သားမြတ်၊ နို့ရည်ကျန်တို့၊ ဟိပြန်ခြင်းကြောင့်၊ တင်းပါလတ်၍ (ဒွေး)။ တစ်ဖက်နှင့် တစ်ဖက် အလျော့မပေး (နောက်မဆုတ်)ပဲ ဖြစ်နေသည်။ အလျော့မပေးပဲ ရပ်တည် နေသည်။ တောင့်ခံသ
English:
tauten
Grammar Note:
ကြိယာ
တင်၂
[tɪ̀ɴ၂]
Arakanese:
ပူဇော်ပသရေ။ မုန့်တစလောင်း တင်လို့ ရွာသျှင်မကို ပူဇော်ထားရေ။ သျှေကို ပစ်ရန် လောင်းးကြိုးကို ဆွဲရေ။ သျှေကိုတင်ပျာ၊ ဒေါင်တင်မြှောက်လည်း၊ ကြောက်ရုပ်မဟိ (ဒွေး)။ လျှောက်ထား ပြောဆိုရေ။ သံတော်ဦး လျှောက်တင် ရေအခါ (တောင်)။ လျှောက်ပါဖို့သခင်၊ တင်ပါရေဘုရား
Burmese:
ပူဇော်ပသသည်။ မုန့်တစ်စလောင်း တင်လို့ ရွာသျှင်မကို ပူဇော်ထားရေ။ လေးကို ပစ်ရန် လေးကြိုးကို ဆွဲသည်။ လေးကိုတင်ပျာ၊ ဒေါင်တင်မြှောက်လည်း၊ ကြောက်ရုပ်မဟိ (ဒွေး)။ လျှောက်ထား ပြောဆိုသည်။ သံတော်ဦး လျှောက်တင် သောအခါ (တောင်)။ လျှောက်ပါမည်သခင်၊ တင်ပါသည်ဘုရား
English:
worship
Grammar Note:
ကြိယာ
တင်း၂
[tɪ́ɴ၂]
Arakanese:
ပြုလုပ် ဆောင်ရွက် စွမ်းနှိုင်ရေ အင်အား အပြည့်အဝ ဟိရေ ရဲစွမ်းမှု။ သတ္တိ
Burmese:
ပြုလုပ် ဆောင်ရွက် စွမ်းနိုင်သော အင်အား အပြည့်အဝ ရှိသော ရဲစွမ်းမှု။ သတ္တိ
English:
brave
Grammar Note:
နာမ်