Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,181–2,200 of 2,498 words

    တ

    တောင်ခမောက်

    [tàʊɴkʰmɔ́ɛʔ]
    မြင့်မောက်သော တောင်။ တောင်ချွန်း စောက်စောက်၊ တောင်မက္ကလာသို့၊ မရောက်နိုင်စွာ၊ ခက်ခဲလာကေ၊ တောင်ကာထူးစိုက်၊ ကွပ်စူးရိုက်ပနာ (ဆဒ္ဒန်)။ များစွာအင်းချောက်၊ တောင်မက္ကလာနန့်၊ တောင်စောက်တောင်ကုန်း၊ တလုံးကသက်၊ တလုံးတက်လို့ (ဂုတ္ထိလ)
    မြင့်မောက်သော တောင်။ တောင်ချွန်း စောက်စောက်၊ တောင်ခမောက်သို့၊ မရောက်နိုင်စွာ၊ ခက်ခဲလာလျှင်၊ တောင်မှာထူးစိုက်၊ သံစူးရိုက်၍ (ဆဒ္ဒန်)။ များစွာအင်းချောက်၊ တောင်ခမောက်နှင့်၊ တောင်စောက်တောင်ကုန်း၊ တလုံးကသက်၊ တလုံးတက်လို့ (ဂုတ္ထိလ)
    ridge
    နာမ်

    တောင်ခမောက်၂

    [tàʊɴkʰmɔ́ɛʔ၂]
    ပကတိ မျက်နှာပြင်ထက် စူကြွတက်သော။ မြင့်မောက်သော
    ပကတိ မျက်နှာပြင်ထက် စူကြွတက်သော။ မြင့်မောက်သော
    ridge
    နာမဝိသေသန

    တောင်ခေါင်း

    [tàʊɴkʰèàɪ́ɴ]
    တောင်နံရံမာ အလိုအလျောက် ဖြစ်ပေါ် နိန်ရေ (တနည်း) ပြုလုပ် ထားရေ မားခေါင်း။ လိုဏ်။ ဂူ
    တောင်နံရံတွင် အလိုအလျောက် ဖြစ်ပေါ် နေသော (သို့မဟုတ်) ပြုလုပ် ထားသော တွင်းခေါင်း။ လိုဏ်။ ဂူ
    cave
    နာမ်

    တောင်ခါးစောင်း

    [tàʊɴkʰàးsáʊɴ]
    တောင်၏ ဆင်ခြီလျော အရပ်
    တောင်၏ ဆင်ခြေလျော အရပ်
    mountainside
    နာမ်

    တောင်ခါးပတ်

    [tàʊɴkʰàးpaʔ]
    တောင်ထိပ် တောင်ခြီ နှစ်ခုရို့၏ အကြားဟိ အလယ် အရပ်
    တောင်ထိပ် တောင်ခြေ နှစ်ခုတို့၏ အကြားရှိ အလယ် အရပ်
    hillside
    နာမ်

    တောင်ခါးဗန်း

    [tàʊɴkʰàးbáɴ]
    တောင်ထိပ် တောင်ခြီ နှစ်ခုရို့၏ အကြားဟိ အလယ် အရပ်
    တောင်ထိပ် တောင်ခြေ နှစ်ခုတို့၏ အကြားရှိ အလယ် အရပ်
    hillside
    နာမ်

    တောင်ခါးလတ်

    [tàʊɴkʰàးlaʔ]
    တောင်ထိပ် တောင်ခြီ နှစ်ခုရို့၏ အကြားဟိ အလယ် အရပ်
    တောင်ထိပ် တောင်ခြေ နှစ်ခုတို့၏ အကြားရှိ အလယ် အရပ်
    slope
    နာမ်

    တောင်ခါးလယ်

    [tàʊɴkʰàးlɛ̀]
    တောင်ထိပ် တောင်ခြီ နှစ်ခုရို့၏ အကြားဟိ အလယ် အရပ်
    တောင်ထိပ် တောင်ခြေ နှစ်ခုတို့၏ အကြားရှိ အလယ် အရပ်
    slope
    နာမ်

    တောင်းခြင်

    [táʊɴkʰɹɪ̀ɴ]
    နှစ်သိုက်ဝင်၊ နှစ်ပြည်ဝင် ပမာဏ ဟိရေ တောင်းဖြင့် တခု ချင်းစီ ခြယ်တွယ် ဖလှယ်ရေ။ အိမ်ထက်အထဲ၊ ဘိုးဒါဘောင်မာ၊ ချိုင်ပေါင်ဟင်းနှင့်၊ ခုချင်းရောင်းရာ၊ တောင်းခြင်ခေါ်ကေ (ငှက်ဆင်ချီ)
    တစ်ပြည်ဝင်၊ နှစ်ပြည်ဝင် ပမာဏ ရှိသော တောင်းဖြင့် တစ်ခု ချင်းစီ ခြယ်တွယ် ဖလှယ်သည်။ အိမ်ပေါ်အတွင်း၊ ဘိုးဒါဘောင်မှာ၊ ချဉ်ပေါင်ဟင်းနှင့်၊ ခုချင်းရောင်းရာ၊ တောင်းခြင်ခေါ်ကေ (ငှက်ဆင်ချီ)
    basket
    ကြိယာ

    တောင်းခြင်း

    [táʊɴkʰɹɪ́ɴ]
    ၁၊ ခြောက်ပြည် ဝင်သော အခြင် အတွယ် ပမာဏ။ ၂၊ ဝါး၊ နှီး အစဟိစွာနန့် ရက်လုပ်သော ထည့်စရာ
    ၁၊ ခြောက်ပြည် ဝင်သော အခြင် အတွယ် ပမာဏ။ ၂၊ ဝါး၊ နှီး စသည်ဖြင့် ရက်လုပ်သော ထည့်စရာ
    scale pan
    နာမ်

    တောင်းခြင်၂

    [táʊɴkʰɹɪ̀ɴ၂]
    စပါး၊ ဆန် အစဟိစွာရို့ကို တောင်းတင်း အစဟိစွာရို့ကို တောင်းတင်း အစဟိစွာရို့မာ ထည့်ပနာ အနည်း အများ ပမာဏကို သိရယောင် လုပ်ရေ
    စပါး၊ ဆန် စသည်တို့ကို တောင်းတင်း စသည်တို့ကို တောင်းတင်း စသည်တို့တွင် ထည့်၍ အနည်း အများ ပမာဏကို သိရအောင် လုပ်သည်
    scale pan
    နာမ်

    တောင်ခြီ

    [tàʊɴkʰɹì]
    ခြီကျင် ခရီး။ ကုန်းကြောင်း ခရီး။ ကြည်းကြောင်း
    ခြေလျင် ခရီး။ ကုန်းလမ်း ခရီး။ ကြည်းကြောင်း
    land route
    နာမ်

    တောင်ခြီ၂

    [tàʊɴkʰɹì၂]
    တောင်၊ တောင်တန်း၏ နံဖီး ဝန်းကျင်ဟိ မြီပြင် အရပ်
    တောင်၊ တောင်တန်း၏ အနီး ဝန်းကျင်ရှိ မြေပြင် အရပ်
    ground
    နာမ်

    တောင်ခြီရင်း

    [tàʊɴkʰɹìɹɪ́ɴ]
    တော၊ တောင်တန်း၏ အောက်ပိုင်းဆုံး အရပ်
    တော၊ တောင်တန်း၏ အောက်ပိုင်းဆုံး အရပ်
    foothill
    နာမ်

    တောင်ခွင်

    [tàʊɴkʰwɪ̀ɴ]
    တော၊ တောင် စရေ နယ်မြီ ဒေသ အပိုင်း အရာ။ တောင်တခို
    တော၊ တောင် စသည့် နယ်မြေ ဒေသ အပိုင်း အခြား။ တောင်တခို
    highland
    နာမ်

    တောင်ခွင်တန်း

    [tàʊɴkʰwɪ̀ɴtáɴ]
    (တော၊ တောင် စရေ နယ်မြီ ဒေသ အပိုင်း အရာ။ တောင်တခို။) တောင်တန်း မြေ ဒေသ တလျောက်ဟိ ရပ်ရွာတိ
    (တော၊ တောင် စသည့် နယ်မြေ ဒေသ အပိုင်း အခြား။ တောင်တခို။) တောင်တန်း မြေ ဒေသ တစ်လျောက်ရှိ ရပ်ရွာများ
    highland
    နာမ်

    တောင်စကားမြောက်စကား

    [tàʊɴskámɹɔ́ɛʔská]
    နနောင်း တည်တံ့သော အကြောင်းအရာ၊ ခိုင်လုံသော အထောက်အထား ကိုးကားချက်။ အခြီအမြစ်။ မူလ မဟိရေ စကား အစဟိစွာ
    ခိုင်မာ တည်တံ့သော အကြောင်းအရာ၊ ခိုင်လုံသော အထောက်အထား ကိုးကားချက်။ အခြေအမြစ်။ မူလ မရှိသော စကား စသည်
    baseless
    နာမ်

    တောင်စဉ်

    [tàʊɴsɪ̀ɴ]
    သွယ်တန်းဗျာယ် ဟိရေ တောင်တန်း၊ တောင်ရိုး တလျောက်
    သွယ်တန်းလျက် ရှိသော တောင်တန်း၊ တောင်ရိုး တစ်လျောက်
    mountain range
    နာမ်

    တောင်စဉ်ကမ်း

    [tàʊɴsɪ̀ɴkáɴ]
    တောင်စဉ် တောင်တန်း၊ တောင်ရိုး တလျှောက်ဟိ ရပ်ရွာတိ
    တောင်စဉ် တောင်တန်း၊ တောင်ရိုး တစ်လျှောက်ရှိ ရပ်ရွာများ
    highland
    နာမ်

    တောင်စဉ်ကမ်းသား

    [tàʊɴsɪ̀ɴkáɴθá]
    တောင်စဉ် တောင်တန်း၊ တောင်ရိုး တလျှောက်မာ နီထိုင် ကြသူတိ
    တောင်စဉ် တောင်တန်း၊ တောင်ရိုး တစ်လျှောက်တွင် နေထိုင် ကြသူများ
    highlander
    နာမ်