Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,221–2,240 of 2,498 words

    တ

    တောင်တပ်

    [tàʊɴtaʔ]
    ကြည်းတပ်၊ ဆင်တပ်၊ မြင်းတပ်၊ ခြီကျင်တပ် အစဟိရေ ကုန်းနန့် ဆိုင်ရေ စစ်တပ်
    ကြည်းတပ်၊ ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ် စသော ကုန်းနှင့် ဆိုင်သော စစ်တပ်
    military
    နာမ်

    တောင်တလတ်

    [tàʊɴtlaʔ]
    တောင်၏ ထက်ဝက် အမြင့် ဟိရေ အရပ်။ တောင်ထိပ်နန့် တောင်ခြီ အကြား ဟိရေ အရပ်
    တောင်၏ ထက်ဝက် အမြင့် ရှိသော အရပ်။ တောင်ထိပ်နှင့် တောင်ခြေ အကြား ရှိသော အရပ်
    valley
    နာမ်

    တောင်တလောင်ပေါင်တလောင်

    [tàʊɴtlàʊɴpèàɪ̀ɴtlàʊɴ]
    (မြေ) မညီမညာ၊ အနိမ့် အမြင့်၊ ကြက်ဆင်း ကြက်နင်း ဖြစ်ဗျာယ်။ မတည် မငြိမ် ယိမ်းယိုင်ကာဖြင့်။ မြေမာတွဲလောင်း၊ ဒရွတ်ဆွဲ တိုက်ဗျာယ်
    (မြေ) မညီမညာ၊ အနိမ့် အမြင့်၊ ကြက်ဆင်း ကြက်နင်း ဖြစ်လျက်။ မတည် မငြိမ် ယိမ်းယိုင်ကာဖြင့်။ မြေတွင်တွဲလျား၊ ဒရွတ်ဆွဲ တိုက်လျက်
    shamble
    ကြိယာဝိသေသန

    တောင်တလောင်မောင်တလောင်

    [tàʊɴtlàʊɴmàʊɴtlàʊɴ]
    (မြေ) မညီမညာ၊ အနိမ့် အမြင့်၊ ကြက်ဆင်း ကြက်နင်း ဖြစ်ဗျာယ်။ မတည် မငြိမ် ယိမ်းယိုင်ကာဖြင့်။ မြေမာ တွဲလောင်း၊ ဒရွတ် ဆွဲတိုက်ဗျာယ်
    (မြေ) မညီမညာ၊ အနိမ့် အမြင့်၊ ကြက်ဆင်း ကြက်နင်း ဖြစ်လျက်။ မတည် မငြိမ် ယိမ်းယိုင်ကာဖြင့်။ မြေတွင် တွဲလျား၊ ဒရွတ် ဆွဲတိုက်လျက်
    shamble
    ကြိယာဝိသေသန

    တောင့်တို

    [tɔ́ɪ̰ɴtÒ]
    အဝတ်ကို အတို ဝတ်ရေ
    အဝတ်ကို အတို ဝတ်သည်
    wear
    ကြိယာ

    တောင့်တို၂

    [tɔ́ɪ̰ɴtÒ၂]
    ၁၊ အဝတ်ကို အတို ဝတ်သူ။ ၂၊ အနံ ကျဉ်းသော အဝတ် အထည်
    ၁၊ အဝတ်ကို အတို ဝတ်သူ။ ၂၊ အနံ ကျဉ်းသော အဝတ် အထည်
    wear
    နာမ်

    တောင့်တို၃

    [tɔ́ɪ̰ɴtÒ၃]
    အရပ် ပုသူ
    အရပ် ပုသူ
    pudgy
    နာမ်

    တောင်းတုံ

    [táʊɴtòʊɴ]
    တောင်းတင်း၊ ပြည်၊ ခွက် အစဟိရေ ချင့်တွယ် ရာကို ခြုံ၍ ခေါ်သော စကားလုံး
    တောင်းတင်း၊ ပြည်၊ ခွက် စသော ချင့်တွယ် ရာကို ခြုံ၍ ခေါ်သော စကားလုံး
    scale pan
    နာမ်

    တောင့်တောင့်

    [tɔ́ɪ̰ɴtɔ́ɪ̰ɴ]
    အတောင့်လိုက်၊ အတောင့်လိုက် (ပိုင်းဖြတ်ရေ)
    အတောင့်လိုက်၊ အတောင့်လိုက် (ပိုင်းဖြတ်သည်)
    stiff
    နာမ်

    တောင့်တောင့်၂

    [tɔ́ɪ̰ɴtɔ́ɪ̰ɴ၂]
    ခိုင်ခိုင် မာမာ။ မြဲမြဲ မြံမြံ။ချပ်ဝတ်တန်ဆာကို၊ နနောင်း နောင်းအောင်၊ တောင့်တောင့်ဝတ်လို့ (ဒွေး)
    ခိုင်ခိုင် မာမာ။ မြဲမြဲ မြံမြံ။ချပ်ဝတ်တန်ဆာကို၊ ခိုင်မာ နောင်းအောင်၊ တောင့်တောင့်ဝတ်လို့ (ဒွေး)
    stiffly
    ကြိယာဝိသေသန

    တောင်တောင်ထွေထွေ

    [tàʊɴtàʊɴtʰwètʰwè]
    ထွိမိထွိရာ၊ ဆီးဆောက်ခရောက်
    ထွေထွေရာရာ၊ ရောက်တတ်ရာရာ
    aimlessness
    နာမ်

    တောင်တောင်မြည်

    [tàʊɴtàʊɴmɹɛ]
    (ဥပစာ) အဆင့်အတန်း စီမံရေ။ ကောင်းရေ။ တောင်တောင် (ဒေါင်ဒေါင်) မြည်မှ-အိုး (ပုံ)
    (ဥပစာ) အဆင့်အတန်း စီမံသည်။ ကောင်းသည်။ တောင်တောင် (ဒေါင်ဒေါင်) မြည်မှ-အိုး (ပုံ)
    fine
    နာမ်

    တောင်တောင်မြောက်မြောက်

    [tàʊɴtàʊɴmɹɔ́ɛʔmɹɔ́ɛʔ]
    ထင်ရာမြင်ရာ။ ထိုဟင့် ဒေဟင့် ရယ်လို့ အတိအကျ မဖော်နိုင်ပဲ။ ရောက်တတ် ရာရာ။ ခြေဦး တည့်ရာ။ ထွိမိထွိရာ
    ထင်ရာမြင်ရာ။ ဘာဘာ ညာညာ ရယ်လို့ အတိအကျ မဖော်နိုင်ပဲ။ ရောက်တတ် ရာရာ။ ခြေဦး တည့်ရာ။ ထွေထွေရာရာ
    aimlessness
    နာမ်

    တောင်တောင်ဤဤ

    [tàʊɴtàʊɴʔìʔì]
    အဓိပ္ပါယ် မဟိဘဲ။ ပတ်ကာမွှီကာ။ ဆီးဆောက်ခရောက်
    အဓိပ္ပါယ် မရှိပဲ။ ဟိုဟိုဒီဒီ။ ရောက်တတ်ရာရာ
    aimlessness
    နာမ်

    တောင့်တဲ့

    [tɔ́ɪ̰ɴté]
    ကောက်ပဲ သီးနှံ တိကို ဖျက်စီး တတ်ရေ ပေါက်ဖတ်ခူ တမျိုး
    ကောက်ပဲ သီးနှံ များကို ဖျက်စီး တတ်သော ပေါက်ဖတ်ခူ တစ်မျိုး
    caterpillar
    နာမ်

    တောင်ထိပ်

    [tàʊɴtʰìaʔ]
    တောင်၏ အထွတ်။ တောင်၏ ထိပ်အရပ်။ တောင်၏ အမြင့်ဆုံးဖြစ်တေအရပ်
    တောင်၏ အထွတ်။ တောင်၏ ထိပ်အရပ်။ တောင်၏ အမြင့်ဆုံးသော အရပ်
    peak
    နာမ်

    တောင်ထိုးမြောက်ထိုး

    [tàʊɴtʰómɹɔ́ɛʔtʰó]
    ဟိုရောက် သည်ရောက်။ ဟိုဟို သည်ရေ။ ရောက်တတ် ရာရာ။ အဓိပ္ပါယ် မဟိဘဲ။ ရည်ရွယ်ချက် မဟိဘဲ
    ဟိုရောက် သည်ရောက်။ ဟိုဟို သည်သည်။ ရောက်တတ် ရာရာ။ အဓိပ္ပါယ် မရှိပဲ။ ရည်ရွယ်ချက် မရှိပဲ
    aimlessness
    ကြိယာဝိသေသန

    တောင်ထိုးရီကျ

    [tàʊɴtʰóɹít͡ɕ]
    ဖြောင့်ဖြူးခြင်း မဟိဘဲ၊ ကွိကောက်ဗျာယ်။ ရောက်တတ် ရာရာ။ ထွေထွေ ရာရာ။ ရည်ရွယ်ချက် မဟိဘဲ
    ဖြောင့်ဖြူးခြင်း မရှိပဲ၊ ကွေ့ကောက်လျက်။ ရောက်တတ် ရာရာ။ ထွေထွေ ရာရာ။ ရည်ရွယ်ချက် မရှိပဲ
    aimlessness
    ကြိယာဝိသေသန

    တောင်နှာမောင်း

    [tàʊɴn̥àmáʊɴ]
    တဆတ်ဆတ် နိမ့်ပနာ လျောဆင်း လားရေ တောင်
    တဖြည်းဖြည်း နိမ့်၍ လျောဆင်း သွားသော တောင်
    slope
    နာမ်

    တောင်းပန်

    [táʊɴpàɴ]
    တစုံ တခု ပြုလုပ်ဖို့ကို ပင်ဖြစ်ဖြစ်၊ လွန်ကျူး မိကေပင်ဖြစ်ဖြစ် လေးလေး စားစား တရို တသေ ပြောရေ
    တစ်စုံ တစ်ခု ပြုလုပ်ရန်ကို လည်းကောင်း၊ လွန်ကျူး မိသော်လည်းကောင်း လေးလေး စားစား တရို တသေ ပြောသည်
    apologise
    ကြိယာ