Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,261–2,280 of 2,498 words

    တ

    တောင်မြောင်ဥ

    [tàʊɴmɹàʊɴʔṵ]
    ကဒတ်ဥ မျိုးအဝင် (အကျိအချွဲ မပါဘဲနန့်) အထဲသား ဖြူဖွေးပြီး ဟင်းချက်၍သော် ပင်ဖြစ်ဖြစ်၊ ပြုတ်ပနာသော် ပင်ဖြစ်ဖြစ်၊ ဖုတ်ပနာသော် ပင်ဖြစ်ဖြစ် သရည်စာ အဖြစ် စားသုံးရရေ စူးနွယ်ပင် တမျိုး
    ကဒတ်ဥ မျိုးအဝင် (အကျိအချွဲ မပါဘဲ) အတွင်းသား ဖြူဖွေးပြီး ဟင်းချက်၍သော် လည်းကောင်း၊ ပြုတ်၍သော် လည်းကောင်း၊ ဖုတ်၍သော် လည်းကောင်း သွားရည်စာ အဖြစ် စားသုံးရသည့် ဆူးနွယ်ပင် တစ်မျိုး
    smilax
    နာမ်

    တောင်မွိ.

    [tàʊɴmwì.]
    အားပြု ရရေ တုတ်ရှည်ကြီး။ သက္ကဒေဝါ၊ သုဇာပတိ၊ ထိုယက္ခကို၊ မေတ္တာဟိ၍၊ တောင်မွိ.စကြာ၊ အပ်ခြင်းရာက (ကော်)။ ပုဏ္ဏား လူ ဝါကြီးအို၊ ဝါးတောင်မွိ.ကိုင်စွဲကာ (ကုသတု)။ တောင်မွိ.မကိုင် မထနိုင်၊ ကေဥဩ၊ မြည်ရို့ပင်စာ (ဥဂ္ဂါစာ)။ တောင်မွိန့်
    အားပြု ရသော တုတ်ရှည်ကြီး။ သက္ကဒေဝါ၊ သုဇာပတိ၊ ထိုယက္ခကို၊ မေတ္တာဟိ၍၊ တောင်မွိ.စကြာ၊ အပ်ခြင်းရာက (ကော်)။ ပုဏ္ဏား လူ ဝါကြီးအို၊ ဝါးတောင်မွိ.ကိုင်စွဲကာ (ကုသတု)။ တောင်မွိ.မကိုင် မထနိုင်၊ ကေဥဩ၊ မြည်ရို့ပင်စာ (ဥဂ္ဂါစာ)။ တောင်ဝှေး
    Walking-stick
    နာမ်

    တောင်မှင်းကျိုး

    [tàʊɴm̥ɪ́ɴt͡ɕó]
    အခေါက်ကို သင်္ကန်း ဆိုးရည် လုပ်သော အိမ်မန်ကျည်းနှင့် တူသော အပင် တမျိုး
    အခေါက်ကို သင်္ကန်း ဆိုးရည် လုပ်သော အိမ်မန်ကျည်းနှင့် တူသော သစ်ပင် တစ်မျိုး
    mucilage
    နာမ်

    တောင်းမှတ်

    [táʊɴm̥aʔ]
    တောင်းခံရေ။ ပီးဖို့ ပြောရေ
    တောင်းခံသည်။ ပေးရန် ပြောသည်
    request
    ကြိယာ

    တောင်ယာ

    [tàʊɴjà]
    တော်ကုန်း၊ တောင်ကမ်းပါယံ၊ ကုန်းမြင့်ရာ အရပ်ရို့မာ ခုတ်ထွင် ရှင်းလင်းပြီးကေ စပါး သီးနှံများ စိုက်ရာသော နီရာ အရပ်
    တော်ကုန်း၊ တောင်ကမ်းပါယံ၊ ကုန်းမြင့်ရာ အရပ်တို့တွင် ခုတ်ထွင် ရှင်းလင်း၍ စပါး သီးနှံများ စိုက်ရာသော နေရာ အရပ်
    farm
    နာမ်

    တောင်ယာစပါး

    [tàʊɴjàspàး]
    တောင်ယာမှ ထွက်သော စပါး။ တောင်ယာစပါး၊ မျို့သခွားနန့် (တေး)
    တောင်ယာမှ ထွက်သော စပါး။ တောင်ယာစပါး၊ မျို့သခွားနန့် (တေး)
    paddy
    နာမ်

    တောင်းရမ်း

    [táʊɴɹáɴ]
    တောင်းခံသည်
    တောင်းခံသည်
    request
    ကြိယာ

    တောင်ရိုး

    [tàʊɴɹó]
    တောင်တန်း တလျှောက်။ တောင်စဉ် တောင်တန်း
    တောင်တန်း တစ်လျှောက်။ တောင်စဉ် တောင်တန်း
    mountain range
    နာမ်

    တောင်ရိုးသား

    [tàʊɴɹóθá]
    တောင်ပေါ်သား
    တောင်ပေါ်သား
    highlander
    နာမ်

    တောင်ရောက်မြောက်ရောက်

    [tàʊɴɹɔ́ɛʔmɹɔ́ɛʔɹɔ́ɛʔ]
    ရောက်တတ် ရာရာ။ အစီအစိုင် မဟိဘဲ
    ရောက်တတ် ရာရာ။ အစီအစဉ် မရှိပဲ
    aimlessness
    ကြိယာဝိသေသန

    တောင်ရောက်ရောက်မြောက်ရောက်ရောက်

    [tàʊɴɹɔ́ɛʔɹɔ́ɛʔmɹɔ́ɛʔɹɔ́ɛʔɹɔ́ɛʔ]
    ရည်ရွယ်ချက် မဟိဘဲ။ ရောက်တတ် ရာရာ။ အစီအစိုင် မဟိဘဲဗျာယ်
    ရည်ရွယ်ချက် မရှိပဲ။ ရောက်တတ် ရာရာ။ အစီအစဉ် မရှိပဲလျက်
    aimlessness
    ကြိယာဝိသေသန

    တောင်ရှည်ဒယော

    [tàʊɴʃɛ̀djɔ́]
    ရှေး ရခိုင် ယောက်ျားများ ဝတ်ဆင်သော ခါးဝတ် အထည်။ (ရှေးက ဝတ်ဆင်သော တောင်ရှည် ဒယောမာ အလျား ကိုးတောင်၊ အနံ နှစ်တောင် တထွာ ဟိရေ။
    ရှေး ရခိုင် ယောက်ျားများ ဝတ်ဆင်သော ခါးဝတ် အထည်။ (ရှေးက ဝတ်ဆင်သော တောင်ရှည် ဒယောမှာ အလျား ကိုးတောင်၊ အနံ နှစ်တောင် တစ်ထွာ ရှိသည်။
    nethergarment
    နာမ်

    တောင်လန်ကြိုး

    [tàʊɴlàɴt͡ɕó]
    လောင်းကို အရှည် ဆွဲဗျာယ် ခြည်သော ကြိုး
    လှေကို အရှည် ဆွဲလျက် ချည်သော ကြိုး
    mooring
    နာမ်

    တောင်လန်ငါး

    [tàʊɴlàɴŋàး]
    ရီတိမ် ငါးလုံးငယ် တမျိုး
    ရေတိမ် ငါးလုံးငယ် တစ်မျိုး
    croaker
    နာမ်

    တောင်လမူး

    [tàʊɴlmùး]
    တော၊ တောင်၌ ပေါက်ရောက်သော နွယ်လို ပင်လို တမျိုး။ ကြက်နား ရွက်ပင်။ တောင်လမူးကို ဆင်ထူးမခတ်ရာ (တဘောင်)
    တော၊ တောင်၌ ပေါက်ရောက်သော နွယ်လို ပင်လို တစ်မျိုး။ ကြက်နား ရွက်ပင်။ တောင်လမူးကို ဆင်ထူးမခတ်ရာ (တဘောင်)
    vine
    နာမ်

    တောင်လီ

    [tàʊɴlí]
    တောင်ဖက်မှ တိုက်ခတ် လာရေ လေ။ တောင်လီက လာလာ၊ မြောက်လီက သွတ်သွတ် (တေး)
    တောင်ဖက်မှ တိုက်ခတ် လာသော လေ။ တောင်လီက လာလာ၊ မြောက်လီက သွတ်သွတ် (တေး)
    southerly
    နာမ်

    တောင်လီပြန်

    [tàʊɴlípɹàɴ]
    မိုးခါသားသို့ စတင် ဝင်ရောက် ချိန်၌ တောင်ဖက် အရပ်မှ တိုက်ခတ် လာရေ လေ။ တောင်လေ
    မိုးရာသီသို့ စတင် ဝင်ရောက် ချိန်၌ တောင်ဖက် အရပ်မှ တိုက်ခတ် လာသော လေ။ တောင်လေ
    southerly
    နာမ်

    တောင်လီဖြူး

    [tàʊɴlípʰɹú]
    တောင်ဖက်မှ အဆက် မပြတ် ဖြေးညင်းစွာ တိုက်ခတ် လာရေ လီအီး
    တောင်ဖက်မှ အဆက် မပြတ် ဖြေးညင်းစွာ တိုက်ခတ် လာသော လေအေး
    southerly
    နာမ်

    တောင်လောင်ဘလောင်

    [tàʊɴlàʊɴbʱlàʊɴ]
    တစုံ တခုမာ ချိတ်ဆွဲ ထားသနန့်သော် ပင်ဖြစ်ဖြစ်၊ ငြိတွယ် နေသနန့်သော် ပင်ဖြစ်ဖြစ်၊ တမ်းလန်း ကျဗျာယ်၊ တွဲလွဲ ကျဗျာယ်
    တစ်စုံ တစ်ခုတွင် ချိတ်ဆွဲ ထားသဖြင့်သော် လည်းကောင်း၊ ငြိတွယ် နေသဖြင့်သော် လည်းကောင်း၊ တမ်းလန်း ကျလျက်၊ တွဲလွဲ ကျလျက်
    perpend
    ကြိယာဝိသေသန

    တောင်ဝှမ်း

    [tàʊɴʍáɴ]
    တောင်နှစ်လုံး အကြားဟိ ညီညာသော မြီပြင်ကျယ်။ တောင်ချိုင် တောင်ဝှမ်း၊ တောင်ခါးပန်းကို၊ ဖြတ်သန်းကျော်မြောက် (ရှီးထုံး)
    တောင်နှစ်လုံး အကြားရှိ ညီညာသော မြေပြင်ကျယ်။ တောင်ချိုင် တောင်ဝှမ်း၊ တောင်ခါးပန်းကို၊ ဖြတ်သန်းကျော်မြောက် (ရှေးထုံး)
    hill side
    နာမ်