Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,281–2,300 of 2,498 words

    တ

    တောင်းသိုး

    [táʊɴθó]
    ဆိုးသော အနံ့ရရေ။ သိုးဆိတ် ပိုင် အနံ့ဟိရေ
    ဆိုးသော အနံ့ရသော။ သိုးဆိတ် ကဲ့သို့ အနံ့ရှိသော
    smelly
    နာမဝိသေသန

    တောင်းသိုးကြီး

    [táʊɴθót͡ɕï]
    မယိုင်ကျေး၊ ရိုင်းသည်
    မယဉ်ကျေး၊ ရိုင်းသည်
    impolite
    ကြိယာ

    တောင်းသိုးကြီး၂

    [táʊɴθót͡ɕï၂]
    ညစ်ညစ် ပတ်ပတ် နိန်ရေ
    ညစ်ညစ် ပတ်ပတ် နေသည်
    dirty
    နာမ်

    တောင်သူ

    [tàʊɴθù]
    လယ်လုပ်၊ ယာခွတ် စားသူ။ ယာခွတ်သူ၊ ဓါးမအုပ်ရို့စွာ (ဒိဋာ)
    လယ်လုပ်၊ ယာခုတ် စားသူ။ တောင်ယာခုတ်သူ၊ ဓါးမအုပ်တို့သည် (ဒိဋာ)
    cultivator
    နာမ်

    တောင်သူငါး

    [tàʊɴθùŋàး]
    ဖြားရီချောင်း ကမ်းစ များမာ တနီရာမှ တနီရာသို့ ခုန်ကာ ကျက်စား တတ်ရေ မျက်လုံး ပြူးသော (ငါးဖျံ အမျိုးဝင်) ငါးငယ် တမျိုး
    ဒီရေချောင်း ကမ်းစပ် များတွင် တစ်နေရာမှ တစ်နေရာသို့ ခုန်ကာ ကျက်စား တတ်သော မျက်လုံး ပြူးသော (ငါးဖျံ အမျိုးဝင်) ငါးငယ် တစ်မျိုး
    periopthalmus koelreuteri
    နာမ်

    တောင်သူလယ်သမား

    [tàʊɴθùlɛ̀θmá]
    လယ်ယာ တိကို လုပ်ကိုင် စားသောက် သူ
    လယ်ယာ များကို လုပ်ကိုင် စားသောက် သူ
    peasant
    နာမ်

    တောငှက်တောကျီး

    [tɔ́ŋ̊ɛʔtɔ́t͡ɕï]
    တောထဲမာ နိန်ရေ ငှက်ရိုင်း၊ ကျီးရိုင်း စရေ။ (ဥပစာ) မယဉ် ကျေးသော သူ။ အရိုင်းအစိုင်း
    တောထဲတွင် နေသော ငှက်ရိုင်း၊ ကျီးရိုင်း စသည်။ (ဥပစာ) မယဉ် ကျေးသော သူ။ အရိုင်းအစိုင်း
    rook
    နာမ်

    တောစခန်း

    [tɔ́skʰáɴ]
    တောကြောင်း ခရီးမာ လားလာ နိန်ရေ ခရီးသည်ရို့ အပန်းဖြီ နားနီရာ အရပ်
    တောလမ်း ခရီးတွင် သွားလာ နေသော ခရီးသည်တို့ အပန်းဖြေ နားနေရာ အရပ်
    forest station
    နာမ်

    တောစာ

    [tɔ́sà]
    ငရုတ်၊ ငါးပိ (ကြူကြူ) များများ ဆီ စိကေချေ၊ ရေ များများနန့် ချက်ပြုတ် ထားရေ ဟင်းချက်နည်း တမျိုး
    ငရုတ်၊ ငါးပိ (ကြူကြူ) များများ ဆီ အနည်းငယ်၊ ရေ များများဖြင့် ချက်ပြုတ် ထားသော ဟင်းချက်နည်း တစ်မျိုး
    flaw in gem stone
    နာမ်

    တောစာ၂

    [tɔ́sà၂]
    ခြုံကြို။ ခြုံကြား၊ ခြုံပိတ် ပေါင်းထဲမာ နီလိဟိရေ စာ အမျိုးမျိုး
    ချုံကြို။ ချုံကြား၊ ချုံပိတ် ပေါင်းထဲတွင် နေလေ့ရှိသော စာ အမျိုးမျိုး
    bird
    နာမ်

    တောစိမ်း

    [tɔ́séɪɴ]
    အပင်ရို့ အမြဲ စိမ်းလမ်း နိန်ရေ တော
    အပင်တို့ အမြဲ စိမ်းလမ်း နေသော တော
    verdant
    နာမ်

    တောစိုးကြီး

    [tɔ́sót͡ɕï]
    အလွန် ကြီးမားရေ အပင်။ နတ် ဟိရေဟု လူရို့ ပူဇော်သော အပင်
    အလွန် ကြီးမားသော သစ်ပင်။ နတ် ရှိသည်ဟု လူတို့ ပူဇော်သော သစ်ပင်
    tree in locality of its immense proportions
    နာမ်

    တောစီး

    [tɔ́sï]
    အမဲလိုက်သူ အချင်းချင်း တယောက်ကို တယောက် အမဲကောင်ဟု ထင်မှတ်ပနာ ပစ်သည်
    အမဲလိုက်သူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် အမဲကောင်ဟု ထင်မှတ်၍ ပစ်သည်
    shoot
    ကြိယာ

    တောဆောင်

    [tɔ́sʰàʊɴ]
    တော တောင် လားရာမာ မကောင်း ဆိုးဝါးရို့စွာ တစုံ တယောက်သော သူအကွန်ဆောင်ပြီး လှည့်ဖျား ခေါ်ဆောင် လားတတ်သည်
    တော တောင် သွားရာ၌ မကောင်း ဆိုးဝါးတို့သည် တစ်စုံ တစ်ယောက်သော သူဟန်ဆောင်ပြီး လှည့်ဖျား ခေါ်ဆောင် သွားတတ်သည်
    hoodwink
    ကြိယာ

    တောဇကန်း

    [tɔ́zkáɴ]
    ကြမ်းတမ်း စူးရှသော အသံဟိပြီးကေ ကိုယ်ထည် ကြီးမားရေ ကျီးငှက်။ ကျီးအ
    ကြမ်းတမ်း စူးရှသော အသံရှိ၍ ကိုယ်ထည် ကြီးမားသော ကျီးငှက်။ ကျီးအ
    crow
    နာမ်

    တောတီတောက်တဲ

    [tɔ́títɔ́ɛʔtɛ]
    အတိအကျ အခိုင်အမာ မဟုတ်ဘဲ။ စနစ်တကျ မဟုတ်ဘဲ
    အတိအကျ အခိုင်အမာ မဟုတ်ပဲ။ စနစ်တကျ မဟုတ်ပဲ
    rummage
    ကြိယာဝိသေသန

    တော့တော့တော့တီ

    [tɔ̰tɔ̰tɔ̰tí]
    စကား ပြောတတ် ခါစ ပိုင်။ မပီကလာ ပီကလာ။ စကားသံ မှန်ကန်ခြင်း မဟိဘဲ။ ချစ်ခင် ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူဗျာယ်။ တခွန်းမပီ၊ တခွန်းပီကေ၊ သက်ဝီသားလှ၊ ထုတ်ပနာဆိုကေ၊ နှုတ်ချိုမြနန့်၊ တော့တော့တော့တီ၊ ပုလီပုလု၊ ခေါ်ဝေါ်ပြုလို့၊ သက်စုပတ္တမြား (ကော်)
    စကား ပြောတတ် ခါစ ကဲ့သို့။ မပီကလာ ပီကလာ။ စကားသံ မှန်ကန်ခြင်း မရှိဘဲ။ ချစ်ခင် ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူလျက်။ တစ်ခွန်းမပီ၊ တစ်ခွန်းပီကေ၊ သက်ဝီသားလှ၊ ထုတ်ကာဆိုကေ၊ နှုတ်ချိုမြနှင့်၊ တော့တော့တော့တီ၊ ပုလီပုလု၊ ခေါ်ဝေါ်ပြုလို့၊ သက်စုပတ္တမြား (ကော်)
    chatter
    ကြိယာဝိသေသန

    တော့တွ့

    [tɔ̰tw့]
    ပလီစိချောက်ချက်။ ချစ်စဖွယ်။ ပွတ်ချီပွတ်ချက်။ မပီကလာ ပီကလာ။ ပျော့ပျောင်းစွာ ချွဲ၍ ပြောဆို ပြုမူဗျာယ်။ သားသူငယ်သည်၊ မိခင်ပါးကာ၊ မပြီတော့တွ့၊ ပြီတော့တွ့ သည်၊ ဖကိုရာခေါ်ဗျာယ်၊ လူးလဲကာငိုပေ၍ (ဗမာချီ)
    ပလီပလာ။ ချစ်စဖွယ်။ တီတီတာတာ။ မပီကလာ ပီကလာ။ ပျော့ပျောင်းစွာ ချွဲ၍ ပြောဆို ပြုမူလျက်။ သားသူငယ်သည်၊ မိခင်ထံမှာ၊ မပြီတော့တွ့၊ ပြီတော့တွ့ သည်၊ ဖကိုသာခေါ်လျက်၊ လူးလဲကာငိုပေ၍ (ဗမာချီ)
    chatter
    ကြိယာဝိသေသန

    တောတွင်းသား

    [tɔ́twɪ́ɴθá]
    သူပုန်။ တောထဲ တောင်ထဲမာ နီထိုင်ပနာ ကြီးပြင်းလာသူ။ တောရိုင်း ကျား။ သားရဲ တိရစ္ဆာန်
    သောင်းကျန်းသူ။ တောထဲ တောင်ထဲတွင် နေထိုင်၍ ကြီးပြင်းလာသူ။ တောရိုင်း ကျား။ သားရဲ တိရစ္ဆာန်
    insurgent
    နာမ်

    တောထ

    [tɔ́tʰ]
    ဓါးပြ သခိုးများ ဆူပူ ထ သောင်းကျန်းရေ။ သားရဲ တိရစ္ဆာန်ရို့ ပြင်းစွာ မြည်ဟည်းရေ။ ထူပြောရေ
    ဓါးပြ သူခိုးများ ဆူပူ ထကြွ သောင်းကျန်းသည်။ သားရဲ တိရစ္ဆာန်တို့ ပြင်းစွာ မြည်ဟည်းသည်။ ထူပြောသည်
    unruliness
    ကြိယာ