Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,321–2,340 of 2,498 words

    တ

    တောမီး

    [tɔ́mï]
    တောထဲမာ အပင် ခြုံနွယ်ရို့ကို လောင်သော မီး။ တောမီးလောင်၊ ဘာဟုန်ဘက် လက်ကတီးခတ် (ပုံ)
    တောထဲ၌ သစ်ပင် ချုံနွယ်တို့ကို လောင်သော မီး။ တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ် (ပုံ)
    Bush-fire
    နာမ်

    တောမျှောင်

    [tɔ́mr̯àʊɴ]
    တော တောင် လားရာမာ မကောင်း ဆိုးဝါး ရို့စွာ တစုံ တယောက်သော သူအကွန်ဆောင်ပြီး လှည့်ဖျား ခေါ်ဆောင် လားတတ်သည်
    တော တောင် သွားရာ၌ မကောင်း ဆိုးဝါး တို့သည် တစ်စုံ တစ်ယောက်သော သူဟန်ဆောင်ပြီး လှည့်ဖျား ခေါ်ဆောင် သွားတတ်သည်
    hoodwink
    ကြိယာ

    တောမြောက်ဥ

    [tɔ́mɹɔ́ɛʔʔṵ]
    ကဒတ်ဥ မျိုးအဝင် (အကျိအချွဲ မပါဘဲနန့်) အထဲသား ဖြူဖွေးပြီး ဟင်းချက်၍သော် ပင်ဖြစ်ဖြစ်၊ ပြုတ်ပနာသော် ပင်ဖြစ်ဖြစ်၊ ဖုတ်ပနာသော် ပင်ဖြစ်ဖြစ် သရည်စာ အဖြစ် စားသုံးရရေ စူးနွယ်ပင် တမျိုး
    ကဒတ်ဥ မျိုးအဝင် (အကျိအချွဲ မပါဘဲ) အတွင်းသား ဖြူဖွေးပြီး ဟင်းချက်၍သော် လည်းကောင်း၊ ပြုတ်၍သော် လည်းကောင်း၊ ဖုတ်၍သော် လည်းကောင်း သွားရည်စာ အဖြစ် စားသုံးရသည့် ဆူးနွယ်ပင် တစ်မျိုး
    vine
    နာမ်

    တောယမ်း

    [tɔ́jáɴ]
    တော ခြုံ ပိတ်ပေါင်း ရို့ကို ခုတ်ထွင် ထွင်ရေ
    တော ချုံ ပိတ်ပေါင်း တို့ကို ခုတ်ထွင် ရှင်းလင်းသည်
    clear land
    ကြိယာ

    တောရကျောင်း

    [tɔ́ɹt͡ɕáʊɴ]
    ရွာနန့် ဝီးကွာသော အရပ်မာ ဟိရေ ကျောင်း။ တောရကျောင်း
    ရွာနှင့် ဝေးကွာသော အရပ်တွင် ရှိသော ကျောင်း။ တောရကျောင်း
    monastery situated far from lay habitat
    နာမ်

    တောရိုင်း

    [tɔ́ɹáɪɴ]
    လူသူ မရောက်နှိုင်ရေ တော။ လူသူ အသုံးမပြုရေ တော
    လူသူ မရောက်နိုင်သော တော။ လူသူ အသုံးမပြုသော တော
    wild
    နာမ်

    တောရိုင်းထ

    [tɔ́ɹáɪɴtʰ]
    သားရဲ တိရစ္ဆာန်များ ထူပြောရေ။ ကျကျယ်လောင်လောင်သော အသံဖြင့် မြည်ဟိန်းသည်
    သားရဲ တိရစ္ဆာန်များ ထူပြောသည်။ ကျယ်လောင်စွာသော အသံဖြင့် မြည်ဟိန်းသည်
    gnarl
    ကြိယာ

    တောရှင်း

    [tɔ́ʃɪ́ɴ]
    တော ခြုံ ပိတ်ပေါင်း ရို့ကို ခုတ်ထွင် ထွင်ရေ
    တော ချုံ ပိတ်ပေါင်း တို့ကို ခုတ်ထွင် ရှင်းလင်းသည်
    clear land
    ကြိယာ

    တောလက်လွန်

    [tɔ́lɛʔlʊ̀ɴ]
    ခရီး ကျွံရေ။ တောထဲမာ ခရီးလွန် လားရေ။ လားရဖို့ ခရီးထက် ပိုပြီးကေ လားရေ။ တောဝမြိုင်ယံ၊ သားနန်းလျာမာ၊ ပျော်ကစပ်ကေ၊ တောလားလွန်လို့ (ကော်)
    ခရီး ကျွံသည်။ တောထဲ၌ ခရီးလွန် သွားသည်။ သွားရမည့် ခရီးထက် ပို၍ သွားသည်။ တောဝမြိုင်ယံ၊ သားနန်းလျာမှာ၊ ပျော်ကစားကေ၊ တောလားလွန်လို့ (ကော်)
    go out on a hunt for big game
    ကြိယာ

    တောလည်

    [tɔ́lɛ̀]
    အမဲလိုက်ရန် အတွက် တောသို့ လားရေ။ အမဲလိုက်ရေ
    အမဲလိုက်ရန် အတွက် တောသို့ သွားသည်။ အမဲလိုက်သည်
    go out on a hunt for big game
    ကြိယာ

    တောလား

    [tɔ́lá]
    ချီးပါရေ။ ကျင်ကြီး စွန့်ရေ။ အိမ်သာ လားရေ။ နောက်ဖေး လားရေ
    ချေးပါသည်။ ကျင်ကြီး စွန့်သည်။ အိမ်သာ သွားသည်။ နောက်ဖေး သွားသည်
    crap
    ကြိယာ

    တောလား၂

    [tɔ́lá၂]
    တောထဲမာ သစ်၊ ဝါး၊ ထင်း ခုတ်ရန် လားရေ
    တောထဲ၌ သစ်၊ ဝါး၊ ထင်း ခုတ်ရန် သွားသည်
    go to the forest
    ကြိယာ

    တောလား၃

    [tɔ́lá၃]
    ကျင်ကြီး စွန့်သည်
    ကျင်ကြီး စွန့်သည်
    defecate
    ကြိယာ

    တောလားလွန်

    [tɔ́lálʊ̀ɴ]
    ခရီး ကျွံရေ။ တောထဲမာ ခရီးလွန် လားရေ။ လားရဖို့ ခရီးထက် ပိုပြီးကေ လားရေ။ တောဝမြိုင်ယံ၊ သားနန်းလျာမာ၊ ပျော်ကစပ်ကေ၊ တောလားလွန်လို့ (ကော်)
    ခရီး ကျွံသည်။ တောထဲ၌ ခရီးလွန် သွားသည်။ သွားရမည့် ခရီးထက် ပို၍ သွားသည်။ တောဝမြိုင်ယံ၊ သားနန်းလျာမှာ၊ ပျော်ကစားကေ၊ တောလားလွန်လို့ (ကော်)
    be always on a journey
    ကြိယာ

    တောလိုက်

    [tɔ́laɪʔ]
    အမဲလိုက်ရေ
    အမဲလိုက်သည်
    hunt
    ကြိယာ

    တောဝင်

    [tɔ́wɪ̀ɴ]
    သစ်ခုတ်၊ ဝါးခွပ်၊ ထင်းခွပ် လားရေ
    သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ် သွားသည်
    hackle
    ကြိယာ

    တောဝင်၂

    [tɔ́wɪ̀ɴ၂]
    သူတော်ကောင်း တရားကို ကျင့်ကြံ အားထုတ်ရန် တောသို့ ချိုင်းကပ်သည်
    သူတော်ကောင်း တရားကို ကျင့်ကြံ အားထုတ်ရန် တောသို့ ချဉ်းကပ်သည်
    retire into the forest
    ကြိယာ

    တောသား

    [tɔ́θá]
    ကျား သတ္တဝါကို ခေါ်သော အမည်။ တောရိုင်း တိရစ္ဆာန်
    ကျား သတ္တဝါကို ခေါ်သော အမည်။ တောရိုင်း တိရစ္ဆာန်
    tiger
    နာမ်

    တောသား၂

    [tɔ́θá၂]
    ကျေးလက် ကျွန်းရွာမာ နီထိုင်သော သူ
    ကျေးလက် တောရွာတွင် နေထိုင်သော သူ
    Chaw-bacon
    နာမ်

    တောသားကောင်

    [tɔ́θákàʊɴ]
    လူကို နှောင့်ယှက် တတ်ရေ ဆစ္ဆီ၊ သဆီ မှင်စာတိ။ သားရဲ တိရစ္ဆာန်
    လူကို နှောင့်ယှက် တတ်သော တစ္ဆေ မှင်စာများ။ သားရဲ တိရစ္ဆာန်
    beast
    နာမ်