Dictionary Entries
Showing 2,361–2,380 of 2,498 words
တ
တော်စုပ်
[tɔ̀soʊʔ]
Arakanese:
တော်ဖြင့်သွီးကို စုပ်ယူရေ။ ဘော်ဖြင့် ရေကို စုပ်ယူရေ။ မာ စုပ်သည်
Burmese:
တော်ဖြင့် သွေးကို စုပ်ယူသည်။ ဘော်ဖြင့် ရေကို စုပ်ယူသည်။ တွင် စုပ်သည်
English:
absorbent material
Grammar Note:
ကြိယာ
တော်တန်း
[tɔ̀táɴ]
Arakanese:
မသွယ် မဝိုက် ပြောင့်ရေ။ တည့်မတ် မှန်ကျောက်ရေ
Burmese:
မသွယ် မဝိုက် ဖြောင့်တန်းသည်။ တည့်မတ် မှန်ကန်သည်
English:
right
Grammar Note:
ကြိယာဝိသေသန
တော်တန်ရုံ
[tɔ̀tàɴɹòʊɴ]
Arakanese:
သင့်တင့် ရုံမျှ။ အသင့်အတင့်
Burmese:
သင့်တင့် ရုံမျှ။ အသင့်အတင့်
English:
in a manner
Grammar Note:
ကြိယာဝိသေသန
တော်တော်
[tɔ̀tɔ̀]
Arakanese:
လွန်လွန်ကဲကဲ။ ကြိယာ အထူးပြုဗျာယ်။ ဈီးကို သာမန်နန့် မရောက်၊ တော်တော် လားရရေ
Burmese:
လွန်လွန်ကဲကဲ။ ကြိယာ အထူးပြုလျက်။ ဈီးကို သာမန်နန့် မရောက်၊ တော်တော် လားရရေ
English:
considerably
Grammar Note:
ကြိယာဝိသေသန
တော်တော်ဝေါ်ဝေါ်
[tɔ̀tɔ̀wɔ̀wɔ̀]
Arakanese:
ဖော်ဖော် ရွေရွေ အာဂန္တုကဝတ် ပျူငှါသော။ လှိုက်လှဲ ခင်မင်မှုကို ဆောင်သော။ မမရို့ကို မြင်ကေ၊ မောင်ဖြူလည်း အဝီးကပင် တော်တော် ဝေါ်ဝေါ် နှုတ်ဆက်တေ
Burmese:
ဖော်ဖော် ရွေရွေ ဧည့်ဝတ် ပျူငှါသော။ လှိုက်လှဲ ခင်မင်မှုကို ဆောင်သော။ မမရို့ကို မြင်ကေ၊ မောင်ဖြူလည်း အဝီးကပင် တော်တော် ဝေါ်ဝေါ် နှုတ်ဆက်တေ
English:
companionable
Grammar Note:
နာမဝိသေသန
တော်ယောင်တန်ယောင်
[tɔ̀jàʊɴtàɴjàʊɴ]
Arakanese:
ဖာလိဖာလာ။ သင့်တင့် လျောက်ပတ်ရုံ
Burmese:
ဖြစ်ကတတ်ဆန်း။ သင့်တင့် လျောက်ပတ်ရုံ
English:
modestest
Grammar Note:
ကြိယာဝိသေသန
တော်ရာတန်ရာ
[tɔ̀ɹàtàɴɹà]
Arakanese:
သင့်တော်သော အရာ။ သင့်တော် လျောက်ပတ်သော နိန်ရေ၊ ဒေသ။ သာမန်
Burmese:
သင့်တော်သော အရာ။ သင့်တော် လျောက်ပတ်သော နေသော၊ ဒေသ။ သာမန်
English:
suitable
Grammar Note:
နာမ်
တော်ရိုလယော်ရို
[tɔ̀ɹÒljɔ̀ɹÒ]
Arakanese:
ဖာလိဖာလာ ။သာမန်
Burmese:
ဖြစ်ကတတ်ဆန်း ။သာမန်
English:
ordinary
Grammar Note:
ကြိယာဝိသေသန
တော်ရုံတန်ရုံ
[tɔ̀ɹòʊɴtàɴɹòʊɴ]
Arakanese:
သင့်တင့် လျောက်ပတ်ရုံ
Burmese:
သင့်တင့် လျောက်ပတ်ရုံ
English:
modestest
Grammar Note:
ကြိယာဝိသေသန
တော်ရုံလယော်ရုံ
[tɔ̀ɹòʊɴljɔ̀ɹòʊɴ]
Arakanese:
တော်ရုံ တန်ရုံမျှ
Burmese:
တော်ရုံ တန်ရုံမျှ
English:
modestest
Grammar Note:
ကြိယာဝိသေသန
တော်ရေ
[tɔ̀ɹè]
Arakanese:
အာဂါ့လူ တယောက်ပေ ဟု ချီးမွှမ်း ပြောဆိုရေ စကား
Burmese:
လူတော် တစ်ယောက်ပေ ဟု ချီးမွှမ်း ပြောဆိုသော စကား
English:
clever
Grammar Note:
နာမ်
တော်လည်း
[tɔ̀lɛ́]
Arakanese:
ကမ္ဘာ မြီကြီး မြည်ဟည်းရေ။ တော်လည်းခြင်း ဟူစွာကား အရပ် မျက်နှာရို့မာ တပါးပါးသော အရပ်ရို့မာ နှုမ်းနှုမ်းကြားခြင်း၊ ယင်းပိုင် ကြားခြင်း စွာကား မြင့်မိုရ်တောင် မျှလျှင် တောင်ကြီး ခုနစ်ထပ်မှ ကျောက်ကြီး ရွေ့လတ်၍ ရေ၌ ကျသော အသံတည်း (ပါရာ)။ တော်လည်းအင်နှင့်၊ ငလျ
Burmese:
ကမ္ဘာ မြေကြီး မြည်ဟည်းသည်။ တော်လည်းခြင်း ဟူသည်ကား အရပ် မျက်နှာတို့တွင် တစ်ပါးပါးသော အရပ်တို့၌ နှုမ်းနှုမ်းကြားခြင်း၊ ထိုသို့ ကြားခြင်း သည်ကား မြင့်မိုရ်တောင် မျှလျှင် တောင်ကြီး ခုနစ်ထပ်မှ ကျောက်ကြီး ရွေ့လတ်၍ ရေ၌ ကျသော အသံတည်း (ပါရာ)။ တော်လည်းအင်နှင့်၊ ငလျ
English:
sound loudly
Grammar Note:
ကြိယာ
တော်လယော်
[tɔ̀ljɔ̀]
Arakanese:
တင့်ရေ လျောက်ပတ်သည်
Burmese:
တင့်တယ် လျောက်ပတ်သည်
English:
graceful
Grammar Note:
ကြိယာ
တော်လှန်
[tɔ̀ɬàɴ]
Arakanese:
ဖီဆန်ရေ။ ပုန်ကျောက်ရေ။ အချုပ်အနှောင်မှ လွတ်မြောက်အောင် လုပ်ရေ။ တစုံ တခုသော အဖြစ်မှ တခုတရီ အဖြစ်သို့ အားလုံး (လုံးဝ) ပြောင်းလဲ ပစ်ရေ။ ကျွန်သဘောက် အဖြစ်မှ လွတ်မြောက်အောင် လုပ်ရေ။ အနှောင်အဖွဲ့ ဖိစီး နှိပ်စက်ခြင်းက လွတ်မြောက်အောင် လုပ်ရေ
Burmese:
ဖီဆန်သည်။ ပုန်ကန်သည်။ အချုပ်အနှောင်မှ လွတ်မြောက်အောင် လုပ်သည်။ တစ်စုံ တစ်ခုသော အဖြစ်မှ တစ်စုံတစ်ခု အဖြစ်သို့ အကုန် (လုံးဝ) ပြောင်းလဲ ပစ်သည်။ ကျွန်သဘောက် အဖြစ်မှ လွတ်မြောက်အောင် လုပ်သည်။ အနှောင်အဖွဲ့ ဖိစီး နှိပ်စက်ခြင်းမှ လွတ်မြောက်အောင် လုပ်သည်
English:
rebel
Grammar Note:
ကြိယာ
တော်ဝင်ဒယော
[tɔ̀wɪ̀ɴdjɔ́]
Arakanese:
ရခိုင် ဒယော တမျိုး၏ အမည်
Burmese:
ရခိုင် လုံချည် တစ်မျိုး၏ အမည်
English:
name
Grammar Note:
နာမ်
တော်သလင်း
[tɔ̀θlɪ́ɴ]
Arakanese:
ရခိုင့် တဆယ့်နှစ်လမာ ခြောက်လ မြောက်သော လ၏ အမည်။တော်စလင်း မိုးကြွင်း ရွာချေပါမူ (ဥဂ္ဂါပျံ)။ ကောက်သီး ဝင်းဝင်း တော်စလင်း (ပုံ)
Burmese:
ရခိုင့် တစ်ဆယ့်နှစ်လတွင် ခြောက်လ မြောက်သော လ၏ အမည်။တော်သလင်း မိုးကြွင်း ရွာချေပါမူ (ဥဂ္ဂါပျံ)။ ကောက်သီး ဝင်းဝင်း တော်သလင်း (ပုံ)
English:
sixth month of the year
Grammar Note:
နာမ်
တော်အောင်တန်အောင်
[tɔ̀ʔàʊɴtàɴʔàʊɴ]
Arakanese:
ဖာလိဖာလာ။ သင့်တင့် လျောက်ပတ်ရုံ
Burmese:
ဖြစ်ကတတ်ဆန်း။ သင့်တင့် လျောက်ပတ်ရုံ
English:
modestest
Grammar Note:
ကြိယာဝိသေသန
တဲ
[tɛ]
Arakanese:
ရပ်နား ခိုအောင်း ဖို့အတွက်နန့် လယ်ယာ လုပ်ကိုင်ရန် အတွက် ယာယီ ဆောက်လုပ် ထားရေ အဆောက် အအုံ
Burmese:
ရပ်နား ခိုအောင်း ဖို့ရန်နှင့် လယ်ယာ လုပ်ကိုင်ရန် အတွက် ယာယီ ဆောက်လုပ် ထားသော အဆောက် အအုံ
English:
hut
Grammar Note:
နာမ်
တဲစုတ်
[tɛsoʊʔ]
Arakanese:
တဲအချေ
Burmese:
တဲကလေး
English:
hut
Grammar Note:
နာမ်
တဲတုတ်
[tɛtoʊʔ]
Arakanese:
အဂေါင်းမာ ဦးချောင် ပိုင် အမွီးစု နှစ်ခု ဟိရေ ညည့်ငှက်။ ကျယ်စွာမျက်စိ၊ ကြောက်ဖွယ်ဟိကေ၊ ဇာတိသရုပ်၊ ညည့်ကိုမြည်ကေ၊ အမည်ပျက်သည်၊ ငှက်တဲတုတ်တာ၊ ပြောစဉ်ခါလျှင် (ကော်)
Burmese:
ဦးခေါင်းတွင် ဦးချောင် ကဲ့သို့ အမွေးစု နှစ်ခု ရှိသော ညည့်ငှက်။ ကျယ်စွာမျက်စိ၊ ကြောက်ဖွယ်ဟိကေ၊ ဇာတိသရုပ်၊ ညည့်ကိုမြည်ကေ၊ အမည်ပျက်သည်၊ ငှက်တဲတုတ်တာ၊ ပြောစဉ်ခါလျှင် (ကော်)
English:
bird
Grammar Note:
နာမ်