Dictionary Entries
Showing 221–240 of 2,498 words
တ
တင်၃
[tɪ̀ɴ၃]
Arakanese:
တင်သား
Burmese:
တင်ပါး
English:
hip
Grammar Note:
နာမ်
တင်းကုပ်
[tɪ́ɴkoʊʔ]
Arakanese:
အိမ်၊ ကျောင်းရို့၏ အပြင်ပ၌ အလှူ ပီးဖို့၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ထားရန် အစဟိရေ အမှု ကိစ္စ အဝဝရို့ကို လုပ်ဆောင်ရန် အတွက် ဆောက်လုပ် ထားရေ အဆောက် အအုံ။ ယင်းကနိန်တပုဒ်၊ ဆင်တင်းကုပ်မာ၊ သရုပ်အလျောက်၊ အပိုင်လေ၊ မူလရ်ကြပျာ၊ မီးထထောက်လို့၊ မြင်မြောက်ကိစ္စ၊ အဌမတည်း (န
Burmese:
အိမ်၊ ကျောင်းတို့၏ အပြင်ပ၌ အလှူ ပေးရန်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ထားရန် စသော အမှု ကိစ္စ အဝဝတို့ကို လုပ်ဆောင်ရန် အတွက် ဆောက်လုပ် ထားသော အဆောက် အအုံ။ ထိုမှတပုဒ်၊ ဆင်တင်းကုပ်တွင်၊ သရုပ်အလျောက်၊ အလိုလိုလေ၊ နဂိုရ်ကြပျာ၊ မီးထထောက်လို့၊ မြင်မြောက်ကိစ္စ၊ အဌမတည်း (န
English:
cowshed
Grammar Note:
နာမ်
တင်ကူး
[tɪ̀ɴkùး]
Arakanese:
အစကပင် ကြိုတင်ပြီးကေ
Burmese:
အရင်ကပင် ကြိုတင်လျက်
English:
in advance
Grammar Note:
ကြိယာဝိသေသန
တင်းကေ
[tɪ́ɴkè]
Arakanese:
နိူင်းပြိုင်အား စမ်းရန် ဖိတ်ခေါ်ရေ။ ခေါ်တောင်းသည်
Burmese:
ယှဉ်ပြိုင်အား စမ်းရန် ဖိတ်ခေါ်သည်။ စိန်ခေါ်သည်
English:
challenge
Grammar Note:
ကြိယာ
တင်းကေထွက်
[tɪ́ɴkètʰwɛʔ]
Arakanese:
နိူင်းပြိုင်အား စမ်းရန် ဖိတ်ခေါ်ရေ။ ခေါ်တောင်းရေ။ ၂၊ (သတ္တိကောင်းလျှင် ထွက်ဝေပါဟု) ခေါ်တောင်းရေ။ နင့်လောင်းာက်ကိုပင်၊ ထီမထင်ကေ၊ အလျင်တချက်၊ လျင်မနေကေ၊ တင်းကေထွက်ဟု၊ ခေါ်ဗျာယ် အညီ (ရာမ)
Burmese:
ယှဉ်ပြိုင်အား စမ်းရန် ဖိတ်ခေါ်သည်။ စိန်ခေါ်သည်။ ၂၊ (သတ္တိရှိလျှင် ထွက်စမ်းပါဟု) စိန်ခေါ်သည်။ နင့်လှောက်ကိုပင်၊ ထီမထင်ကေ၊ အလျင်တချက်၊ လျင်မနေကေ၊ တင်းကေထွက်ဟု၊ ခေါ်လျက် အညီ (ရာမ)
English:
challenge
Grammar Note:
ကြိယာ
တင်းကျပ်
[tɪ́ɴt͡ɕaʔ]
Arakanese:
ပြည့်လျှံ ဖြိုးမောက်သော။ ရင်၌နို့သီး၊ နုလှပ်လှပ်မာ၊ တင်းကျပ်မကန်၊ သားသက်နှံကို၊ ဖွားပြန်ခါမှ (ပဒုမ္မာ)။ တခဲနက်ဖြစ်ရေ။ ထူထပ်များရေ။ ဗိုလ်ခြီတင်းကျပ်၊ အထပ်ထပ်ကာ၊ မလွတ်သာယောင်၊ ပတ်ကာဝိုင်းလည် (ထာနု)
Burmese:
ပြည့်လျှံ ဖြိုးမောက်သော။ ရင်၌သားမြတ်၊ နုလှပ်လှပ်မှာ၊ တင်းကျပ်မကန်၊ သားသက်နှံကို၊ ဖွားပြန်ပြီးမှ (ပဒုမ္မာ)။ တခဲနက်ဖြစ်သော။ ထူထပ်များပြားသော။ ဗိုလ်ခြေတင်းကျပ်၊ အထပ်ထပ်ကာ၊ မလွတ်သာအောင်၊ ပတ်ကာဝိုင်းလည် (ထာနု)
English:
inflexible
Grammar Note:
နာမဝိသေသန
တင်းကျမ်း
[tɪ́ɴt͡ɕáɴ]
Arakanese:
ပြည့်လျှံ ဖြိုးမောက်စွာ။ မကန်မဝှန်။ အကြားအလပ် မဟိအောင် ထူပြော များပြားဗျာယ်။ ညံ့သက်ဝါဠု၊ သဲဖြူနုသည်၊ ပြည့်မှုတင်းကျမ်း၊ စစ်တိကျွန်း၌ (ဂဏန်း)
Burmese:
ပြည့်လျှံ ဖြိုးမောက်စွာ။ အများအပြား။ အကြားအလပ် မရှိအောင် ထူပြော များပြားလျက်။ ညံ့သက်ဝါဠု၊ သဲဖြူနုသည်၊ ပြည့်မှုတင်းကျမ်း၊ စစ်တွေကျွန်း၌ (ဂဏန်း)
English:
many
Grammar Note:
ကြိယာဝိသေသန
တင်ကျိတ်
[tɪ̀ɴt͡ɕeɪʔ]
Arakanese:
ခါးဝတ်ခတောင်း၏ ရှေ့ အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းမာ နနောင်း ညှပ်ရေ။ ခါးတောင်း ကျိုက်သည်
Burmese:
ခါးဝတ်ပုဆိုး၏ ရှေ့ အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းတွင် မြဲမြံစွာ ညှပ်သည်။ ခါးတောင်း ကျိုက်သည်
English:
gird one’s loins
Grammar Note:
ကြိယာ
တင်းကျိတ်
[tɪ́ɴt͡ɕeɪʔ]
Arakanese:
ရီထဲမာ ငုပ်၍ ငါးရှာ စားတတ်ရေ ငှက် တမျိုး။ တင်းကျိတ်ငယ်လေ၊ ရီမာ ငုပ်ကာစားဗျာယ် (ဗမာချီ)
Burmese:
ရေထဲ၌ ငုပ်၍ ငါးရှာ စားတတ်သော ငှက် တစ်မျိုး။ တင်းကျိတ်ငယ်လေ၊ ရီတွင် ငုပ်ကာစားလျက် (ဗမာချီ)
English:
bird
Grammar Note:
နာမ်
တင်ကျိတ်၂
[tɪ̀ɴt͡ɕeɪʔ၂]
Arakanese:
တင်သား တဖက် တခု အသားစိုင်
Burmese:
တင်ပါး တစ်ဖက် တစ်ခု အသားစိုင်
English:
buttock
Grammar Note:
နာမ်
တင်ကျီ
[tɪ̀ɴt͡ɕí]
Arakanese:
ခါးနန့် တင်ဆုံ အကြား နီရာ။ တင်သားချပ်
Burmese:
ခါးနှင့် တင်ဆုံ အကြား နေရာ။ တင်ပါးချပ်
English:
fanny
Grammar Note:
နာမ်
တင်းကျွိတ်
[tɪ́ɴt͡ɕweɪʔ]
Arakanese:
ပုကွ ကြုံလှီသော။ လူကလေ့ပုပု၊ တင်းကျွိတ်သျှေကာ
Burmese:
ပုကွ ကြုံလှီသော။ လူကလည်းပုပု၊ တင်းကျွိတ်သျှေကာ
English:
dwarfish
Grammar Note:
နာမဝိသေသန
တင်းကြပ်
[tɪ́ɴt͡ɕaʔ]
Arakanese:
အင်အား အဟိန် အဟုန်ကို များစွာ အသုံးပြုဗျာယ်။ တရကတ်မ်း အားဒမ။ လူတိ၏ အလိုနန့် ဆန့်ကျင်ဗျာယ်။ နိုင်ထက် စီးနင်းဗျာယ်
Burmese:
အင်အား အရှိန် အဟုန်ကို များစွာ အသုံးပြုလျက်။ တရကြမ်း အတင်းအကြပ်။ သူတစ်ပါး၏ အလိုနှင့် ဆန့်ကျင်လျက်။ နိုင်ထက် စီးနင်းလျက်
English:
resolutely
Grammar Note:
ကြိယာဝိသေသန
တင်းကြပ်ဥ
[tɪ́ɴt͡ɕaʔʔṵ]
Arakanese:
မြောက်ဥမျိုး အဝင် (အကျိအချွဲမပါ အထဲသား ဝါသော) ဟင်းချက် စားရရေ မြောက်ဥ တမျိုး
Burmese:
မြောက်ဥမျိုး အဝင် (အကျိအချွဲမပါ အတွင်းသား ဝါသော) ဟင်းချက် စားရသည့် မြောက်ဥ တစ်မျိုး
English:
none
Grammar Note:
နာမ်
တင်ချွတ်
[tɪ̀ɴɕwaʔ]
Arakanese:
တင်ဆုံရိုး လွဲလားရေ
Burmese:
တင်ဆုံရိုး လွဲသွားသည်
English:
fanny
Grammar Note:
ကြိယာ
တင်ခွက်
[tɪ̀ɴkʰwɛʔ]
Arakanese:
တင်သားမာ ခွက်နိန်ရေ နီရာ။ တင်သားခွက်
Burmese:
တင်ပါးတွင် ခွက်နေသော နေရာ။ တင်ပါးခွက်
English:
pelvis
Grammar Note:
နာမ်
တင်းခွန်
[tɪ́ɴkʰʊ̀ɴ]
Arakanese:
(ပင်လယ် ရီကြောင်း ခရီး လားလာရေအခါ မျိုးမာ တစုံ တခုသော ဖီးအန္တာရယ်နန့် တွိကြုံ လာကေ (ကယ်ဆယ်ရန် အတွက်) အချက်ပြ ရွှင့်ထူ ထားရေ အလံ တမျိုး
Burmese:
(ပင်လယ် ရေကြောင်း ခရီး သွားလာသည့်အခါ မျိုးတွင် တစ်စုံ တစ်ခုသော ဘေးအန္တာရယ်နှင့် တွေ့ကြုံ လာလျှင် (ကယ်ဆယ်ရန် အတွက်) အချက်ပြ လွှင့်ထူ ထားသော အလံ တစ်မျိုး
English:
pennant
Grammar Note:
နာမ်
တင်းခွန်၂
[tɪ́ɴkʰʊ̀ɴ၂]
Arakanese:
လိပ်ကျောက်ထက် စိကေချေ ပြား၍ လိပ်ကျောက်၏ အမျိုးဝင် ဖြစ်ရေ ငါးတမျိုး
Burmese:
လိပ်ကျောက်ထက် အနည်းငယ် ပြား၍ လိပ်ကျောက်၏ အမျိုးဝင် ဖြစ်သော ငါးတစ်မျိုး
English:
ray-skate
Grammar Note:
နာမ်
တင်းခွန်ဖြူ
[tɪ́ɴkʰʊ̀ɴpʰɹù]
Arakanese:
စပါးပင်မာ ကျရောက်သော နှံဖြူ ပိုးတမျိုး။ (ယင်းပိုး ဖျက်ဆီးမှုကြောင့် စပါးနှံ အဖြူထွက်ပြီးကေ အောက်ကို ညွတ်မကျပဲ အထက်ကို ထောင်နိန်ရေ။
Burmese:
စပါးပင်တွင် ကျရောက်သော နှံဖြူ ပိုးတစ်မျိုး။ (ယင်းပိုး ဖျက်ဆီးမှုကြောင့် စပါးနှံ အဖြူထွက်၍ အောက်သို့ ညွတ်မကျပဲ အထက်သို့ ထောင်နေသည်။
English:
Worm-eaten
Grammar Note:
နာမ်
တင်စား
[tɪ̀ɴsá]
Arakanese:
လူတိ၏ ဆန္ဒနန့် ဆန့်ကျင်ဗျာယ် နိုင်ထက် စီးနင်း ပြုရေ။ အနိုင်အထက် ပြုရေ။ မောင်လှရို့ အုပ်စု လူကို တင်စားချင်ရေ အတွက် မောင်လှက ဈီးခရင်းကို အဝီးသို့ မြှောက်ပစ် လိုက်တေ
Burmese:
သူတစ်ပါး၏ ဆန္ဒနှင့် ဆန့်ကျင်လျက် နိုင်ထက် စီးနင်း ပြုသည်။ အနိုင်အထက် ပြုသည်။ မောင်လှရို့ အုပ်စု လူကို တင်စားချင်ရေ အတွက် မောင်လှက ဈီးခရင်းကို အဝီးသို့ မြှောက်ပစ် လိုက်တေ
English:
force
Grammar Note:
ကြိယာ