Dictionary Entries
Showing 2,381–2,400 of 2,498 words
တ
တဲပျံ
[tɛprံ]
Arakanese:
ဖြုတ်ရန်၊ တပ်ရန် လွယ်ကူသော တဲ
Burmese:
ဖြုတ်ရန်၊ တပ်ရန် လွယ်ကူသော တဲ
English:
tent
Grammar Note:
နာမ်
တဲလင့်စင်
[tɛlɪ̰ɴsɪ̀ɴ]
Arakanese:
တောင်ယာ အစဟိစွာ၌ စပါး စောင့်ရန် ပင်ဖြစ်ဖြစ်။ မုဆိုးသား စောင့်ရန် ပင်ဖြစ်ဖြစ်၊ စောင့်ကြည့်ရန် အပင် အမြင့်မာ ဆောက်ထားရေ စင်။ တောင်ယာထဲမာ၊ တဲလင့်စင်၌ လူရှင်မကြား၊ ပျိုလပျိုနှင့်၊ နှစ်ကိုယ်နှောလို့ (ပဋါ)
Burmese:
တောင်ယာ စသည်၌ စပါး စောင့်ရန် လည်းကောင်း။ မုဆိုးသား စောင့်ရန် လည်းကောင်း၊ စောင့်ကြည့်ရန် သစ်ပင် အမြင့်တွင် ဆောက်ထားသော စင်။ တောင်ယာထဲတွင်၊ တဲလင့်စင်၌ လူရှင်မကြား၊ ပျိုလူပျိုနှင့်၊ နှစ်ကိုယ်နှောလို့ (ပဋါ)
English:
platform
Grammar Note:
နာမ်
တဲအုံ
[tɛʔòʊɴ]
Arakanese:
တနားချေတဗွေချေအနိန်နန့် နီထိုင်ဖို့အတွက် ဆောက်လုပ် ထားရေ တဲကုတ်သျှေ
Burmese:
ခေတ္တ အားဖြင့် နေထိုင်ဖို့ရန် ဆောက်လုပ် ထားသော တဲငယ်
English:
hut
Grammar Note:
နာမ်
တျာတျာ
[tràtrà]
Arakanese:
နီရဲသော အရောင် ဟိရေ။ ပင်ပေါက်ပန်းလည်း၊ နီမြန်းတျာတျာ၊ လီပြင်းလာက (ထွန်းတိ)။ ရာသီခိုက်ကြုံ၊ ပင်ကမ်းမုံလည်း၊ နီတုံတျာတျာ၊ မှည့်၍လာက (ပဉ္စဘုတ်)
Burmese:
နီရဲသော အရောင် ရှိသော။ ပင်ပေါက်ပန်းလည်း၊ နီမြန်းတျာတျာ၊ လီပြင်းလာက (ထွန်းတိ)။ ရာသီခိုက်ကြုံ၊ ပင်ကမ်းမုံလည်း၊ နီတုံတျာတျာ၊ မှည့်၍လာက (ပဉ္စဘုတ်)
English:
red
Grammar Note:
နာမဝိသေသန
တျာတျာ၂
[tràtrà၂]
Arakanese:
နပျိုးသီး၊ နွားစားသရက် ပင်လုံးကျွတ် မှည့်နိန်ရေ။ နပျိုးသီး (ကျာကျာ) တျာတျာ မှည့်လတ်တေ (တေး)
Burmese:
ငှက်ပျောသီး၊ သရက်သီး ပင်လုံးကျွတ် မှည့်နေသော။ နပျိုးသီး (ကျာကျာ) တျာတျာ မှည့်လတ်တေ (တေး)
English:
ripe
Grammar Note:
နာမဝိသေသန
တျာတျာသံ
[tràtràθံ]
Arakanese:
ကျယ်လောင်သော အသံ။ စူးရှသော အသံ။ တျာတျာလူသံ၊ ခေါ်သံကြားတိ၊ တန့်မီလိုက်နာ (ရှီးထုံး)
Burmese:
ကျယ်လောင်သော အသံ။ စူးရှသော အသံ။ တျာတျာလူသံ၊ ခေါ်သံကြားတိ၊ တန့်မီနာခံ (ရှေးထုံး)
English:
strident
Grammar Note:
နာမ်
တျာတျာသံ၂
[tràtràθံ၂]
Arakanese:
တီးမှုတ်ခြင်း အမျိုးမျိုး ရို့မာ ခုနစ်မျိုးသော သံစဉ် အနက် တမျိုးမျိုးသော သံစဉ်ကို မူတည် ထားပနာ မှုတ်သော အသံမျိုး။ (သံစဉ် ခုနှစ်ပါး၊ နှစ်ပေါက်၊ သုံးပေါက်၊ လေးပေါက်၊ ငါးပေါက်၊ ခြောက်ပေါက်၊ ခုနှစ်ပေါက်၊ သံမှန်ရို့ ဖြစ်ပါရေ။
Burmese:
တီးမှုတ်ခြင်း အမျိုးမျိုး တို့တွင် ခုနစ်မျိုးသော သံစဉ် အနက် တစ်မျိုးမျိုးသော သံစဉ်ကို မူတည် ထား၍ မှုတ်သော အသံမျိုး။ (သံစဉ် ခုနှစ်ပါး၊ နှစ်ပေါက်၊ သုံးပေါက်၊ လေးပေါက်၊ ငါးပေါက်၊ ခြောက်ပေါက်၊ ခုနှစ်ပေါက်၊ သံမှန်တို့ ဖြစ်ပါသည်။
English:
signature tune
Grammar Note:
နာမ်
တြင်း
[tɹɪ́ɴ]
Arakanese:
ဖြစ်ပေါ် အံ့သော အကောင်း အဆိုး နိမိတ် ယူရန် အကြောင်း။ နခေါင်းတိုနား တိုကို မြင်သော် ပင်ဖြစ်ဖြစ်၊ မကောင်းရေ တြင်းတည်း (ပါရာ)
Burmese:
ဖြစ်ပေါ် လတ္တံ့သော အကောင်း အဆိုး နိမိတ် ယူရန် အကြောင်း။ နှာခေါင်းတိုနား တိုကို မြင်သော် လည်းကောင်း၊ မကောင်းသော တြင်းတည်း (ပါရာ)
English:
omen
Grammar Note:
နာမ်
တြင်း၂
[tɹɪ́ɴ၂]
Arakanese:
တစုံ တခု ဖြစ်ပေါ် လာဖို့ အကြောင်း အရာရို့ကို ညွှန်ပြ နိန်ရေဟု ထင်မှတ် ရရေ (အဘုချေ၊ သူငယ်၊ လရူး၊ ဇာတ်သမာ့ အစဟိရေ) လူရို့ ပြောဆိုရေ နိမိတ် တဘောင် စကား။ သီဟဇာနန့်၊ ဗျဂစာရီ၊ မညီပိုင်၊ သုံးပါးဥတု၊ ဆိုမူဂီမှ၊ ဝဿဟေမန်၊ အပြန်ပြန်လျှင်၊ ပြဟန်တြင်း၊ ခါမဲ့လျင်းတည်
Burmese:
တစ်စုံ တစ်ခု ဖြစ်ပေါ် လာမည့် အကြောင်း အရာတို့ကို ညွှန်ပြ နေသည်ဟု ထင်မှတ် ရသော (ခလေး၊ သူငယ်၊ အရူး၊ သဘင်သည် စသော) လူတို့ ပြောဆိုသည့် နိမိတ် တဘောင် စကား။ သီဟဇာနှင့်၊ ဗျဂစာရီ၊ မညီအသွား၊ သုံးပါးဥတု၊ ဆိုမူဂီမှ၊ ဝဿဟေမန်၊ အပြန်ပြန်လျှင်၊ ပြဟန်တြင်း၊ ခါမဲ့လျင်းတည်
English:
foretell
Grammar Note:
နာမ်
တြင်းကျေ
[tɹɪ́ɴt͡ɕè]
Arakanese:
မကောင်းရေ အမင်္ဂလာဟူ သမျှရို့စွာ ပျောက်ပျက် အီးငြိမ်း လားရေ
Burmese:
မကောင်းသော အမင်္ဂလာဟူ သမျှတို့သည် ပျောက်ပျက် အေးငြိမ်း သွားသည်
English:
auspicious
Grammar Note:
ကြိယာ
တြင်းဆော်
[tɹɪ́ɴsʰɔ̀]
Arakanese:
တစုံ တယောက် (အာဂန္တု) ရောက်လှာ မည်ကို ကြိုတင် သိစီနှိုင်ဖို့ အရိပ်အခြည် ပြရေ။ နိမိတ် ပြရေ။ ထင်ရှား ဖြစ်ပေါ်လှာဖို့ နိမိတ်၏ အကြောင်းကို ပြရေ။ ငှက်ရမီဝါ၊ တတွက်တွတ်၊ ရောက်ပျာရောက်ပျာ၊ တြင်းဆော်သည်၊ ကျူးကာ နိမိတ်ဖတ်ပနာ၊ မြည်တွန်လတ်တုံသောခါ (မေတ္တာစာ)
Burmese:
တစ်စုံ တစ်ယောက် (ဧည့်သည်) ရောက်လာ မည်ကို ကြိုတင် သိစေနိုင်ရန် အရိပ်အခြည် ပြသည်။ နိမိတ် ပြသည်။ ထင်ရှား ဖြစ်ပေါ်လာမည့် နိမိတ်၏ အကြောင်းကို ပြသည်။ ငှက်ရမီဝါ၊ တတွက်တွတ်၊ ရောက်ပျာရောက်ပျာ၊ တြင်းဆော်သည်၊ ကျူးကာ နိမိတ်ဖတ်၍၊ မြည်တွန်လတ်တုံသောခါ (မေတ္တာစာ)
English:
foreshadow
Grammar Note:
ကြိယာ
တြိ
[tɹì]
Arakanese:
သုံးခု အရွီအတွက်
Burmese:
သုံးခု အရေအတွက်
English:
three
Grammar Note:
နာမ်
တြိဂံ
[tɹìɡံ]
Arakanese:
သုံးဒေါင့် ဟိရေ ပုံ
Burmese:
သုံးထောင့် ရှိသော ပုံ
English:
triangle
Grammar Note:
နာမ်
တြိဒေါသ
[tɹìdèàθ]
Arakanese:
ခန္ဓာကိုယ်၌ ဖြစ်တတ်ရေ အပြစ်အနာ သုံးမျိုး။ ၁၊ လေ။ ၂၊ သလိပ်။ ၃၊ သည်းခြီ။ တြိဒေါသ၊ သင့်ပြန်ပနား၊ လေနန့် သည်းခြီ၊ သလိပ်ဝယ်လည်း၊ ရှောင်ကွက်မလွတ်၊ ဖြစ်လီဖို့မာ့ခ်ျလော (ပဉ္စဘုတ်)
Burmese:
ခန္ဓာကိုယ်၌ ဖြစ်တတ်သော အပြစ်အနာ သုံးမျိုး။ ၁၊ လေ။ ၂၊ သလိပ်။ ၃၊ သည်းခြေ။ တြိဒေါသ၊ သင့်ပြန်လည်း၊ လေနှင့် သည်းခြေ၊ သလိပ်ဝယ်လည်း၊ ရှောင်ကွက်မလွတ်၊ ဖြစ်မည်မတ်လော (ပဉ္စဘုတ်)
English:
flaw
Grammar Note:
နာမ်
တွ
[tw]
Arakanese:
တွာ့ မပီကလာ ပီကာလာဖြင့် သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ၊ ချွဲ၍ ပြောဆို ပြုမူဗျာယ်။ ရင်ခွင်ပါးထိုင်ပနာသာ၊ လိုင်ကိုဆွဲပနာ၊ တွ့ဗျာယ်နီတုံလှာ၏ (ဗမာချီ)
Burmese:
တွာ့ မပီကလာ ပီကာလာဖြင့် သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ၊ ချွဲ၍ ပြောဆို ပြုမူလျက်။ ရင်ခွင်ပါးထိုင်၍သာ၊ လိုင်ကိုဆွဲ၍၊ တွ့လျက်နီတုံလှာ၏ (ဗမာချီ)
English:
gibber
Grammar Note:
ကြိယာ
တွ၂
[tw၂]
Arakanese:
၁၊ လင် မယား တနည်း သမီး ရည်းစားရို့ ပလီပလာ ပလဲ ချစ်ခင် ယုယစွာဖြင့် ရွင်မြူး လာယောင် ကြီစပ် ကတ်တေ။ ၂၊ အပျို၊ လပျို ရို့၏ သဖောသဘာဝအရ ပြုမှု ပြောဆိုကတ်တေ
Burmese:
၁၊ လင် မယား သို့မဟုတ် သမီး ရည်းစားတို့ ပလူး ပလဲ ချစ်ခင် ယုယစွာဖြင့် ရွင်မြူး လာအောင် ကျီစယ် ကြသည်။ ၂၊ အပျို၊ လူပျို တို့၏ သဘော သဘာဝအရ ပြုမှု ပြောဆိုကြသည်
English:
tease affectionately
Grammar Note:
ကြိယာဝိသေသန
တွက်
[twɛʔ]
Arakanese:
၁၊ နည်းသည် တိစွာကို မှန်းဆရေ။ ချင့်ချိန်ရေ။ ၂၊ တ၊ နှစ် အစဟိစွာအနိန်နန့် ရီတွက်ရေ။ ၃၊ ဂဏန်းဖြင့် အဖြီ ယှာရေ။ ၄၊ တွက်ဖော် ဆင်ခြင်ရေ။ တွေးခေါ်ရေ။ ၅၊ ကြောင့်ကြ စိုးရိမ်ရေ။ နောက်ဆံ တင်းရေ။ ၆၊ ဂြိုဟ်စား သက်ရောက် ကောင်းမကောင်း ချင့်ချိန်ရေ။ စစ်ဆီး ဆင်ခြင်သည
Burmese:
၁၊ နည်းသည် များသည်ကို မှန်းဆသည်။ ချင့်ချိန်သည်။ ၂၊ တစ်၊ နှစ် စသည်ဖြင့် ရေတွက်သည်။ ၃၊ ဂဏန်းဖြင့် အဖြေ ရှာသည်။ ၄၊ စဉ်းစား ဆင်ခြင်သည်။ တွေးတောသည်။ ၅၊ ကြောင့်ကြ စိုးရိမ်သည်။ နောက်ဆံ တင်းသည်။ ၆၊ ဂြိုဟ်စား သက်ရောက် ကောင်းမကောင်း ချင့်ချိန်သည်။ စစ်ဆေး ဆင်ခြင်သည
English:
predict-worry
Grammar Note:
ကြိယာ
တွက်ကပ်
[twɛʔkaʔ]
Arakanese:
ခက်ခဲရေ။ ခဲယဉ်းသည်
Burmese:
ခက်ခဲသည်။ ခဲယဉ်းသည်
English:
difficult
Grammar Note:
ကြိယာ
တွက်ကိန်း
[twɛʔkéɪɴ]
Arakanese:
၁၊ ရွီတွက်ခြင်း။ အရွီအတွက်။ ၂၊ ရွီတွက်နည်း။ ကမ္ဘာတသိန်း၊ တွက်ကိန်း ရွီတွက်၊ သင်္ချာစက်ဝယ် (ဒိဌာ)။ ကဋီတသိန်း၊ တွက်ကိန်းမက၊ ခံခဲ့မှလျှင် (ပဝေဏီ)
Burmese:
၁၊ ရေတွက်ခြင်း။ အရေအတွက်။ ၂၊ ရေတွက်နည်း။ ကမ္ဘာတသိန်း၊ တွက်ကိန်း ရေတွက်၊ သင်္ချာစက်ဝယ် (ဒိဌာ)။ ကုဋေတသိန်း၊ တွက်ကိန်းမက၊ ခံခဲ့မှလျှင် (ပဝေဏီ)
English:
count
Grammar Note:
နာမ်
တွက်ချက်
[twɛʔɕɛʔ]
Arakanese:
၁၊ နည်းသည် တိစွာကို မှန်းဆရေ။ ချင့်ချိန်သည်
Burmese:
၁၊ နည်းသည် များသည်ကို မှန်းဆသည်။ ချင့်ချိန်သည်
English:
predict
Grammar Note:
ကြိယာ