Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,421–2,440 of 2,498 words

    တ

    တွင်းနက်ဥ

    [twɪ́ɴnɛʔʔṵ]
    တောဆီး တမျိုး။ (ယင်းအဥကိုသွီး၍ သောက်ကေ ခြောင်းဆိုး ပျောက်သည် ဟူ၏။
    တောဆေး တစ်မျိုး။ (ယင်းအဥကို သွေး၍ သောက်လျှင် ချောင်းဆိုး ပျောက်သည် ဟူ၏။
    medicine
    နာမ်

    တွင်းပစ်တမ်း

    [twɪ́ɴpɪʔtáɴ]
    လက်ချောင်းဖြင့် မန်ကျည်းစိ (ဇယ်)ကို မားသွင်း ကစပ်သော ကစပ်နည်း တမျိုး
    လက်ချောင်းဖြင့် မန်ကျည်းစေ့ (ဇယ်)ကို တွင်းသွင်း ကစားသော ကစားနည်း တစ်မျိုး
    game
    ကြိယာ

    တွတ်

    [twaʔ]
    လက်မနန့် လက်လယ် ပွတ်တီးသော အခိုက်အတန့် ကာလ။ မျက်စိတမှိက်၊ လျှပ်တပြက်၊ လက်ဖျစ် တတွတ် ဟူပိုင်
    လက်မနှင့် လက်လယ် ပွတ်တီးသော အခိုက်အတန့် ကာလ။ မျက်စိတစ်မှိက်၊ လျှပ်တစ်ပြက်၊ လက်ဖျစ် တစ်တွတ် ဟူသကဲ့သို့
    tric
    နာမ်

    တွတ်၂

    [twaʔ၂]
    စိကေချေလှောက်
    အနည်းငယ်မျှ
    a little bit
    နာမဝိသေသန

    တွတ်၃

    [twaʔ၃]
    မပြတ်မလပ် ရက်ပြတ် ပြောဆိုရေ
    မပြတ်မလပ် အဆက်မပြတ် ပြောဆိုသည်
    rattle
    ကြိယာ

    တွတ်တီးတွတ်တွတ်

    [twaʔtïtwaʔtwaʔ]
    မပီကလာ ပီကလာနန့် ခရာတာတာ သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမှုရေ။ မပြီးတခွန်း၊ ပြီးတခွန်းနန့် ချိုသာမွန်မြတ်၊ တွီတွီတွတ်တွတ်၊ ပြောဆိုလတ်၍ (ကော်)။ မပြီကလာ၊ ပြီကလာ တွက်တီး တွတ်တွတ်နန့် စကားပြောနီရေ၊ ချစ်ဖို့ကောင်းရေပင်
    မပီကလာ ပီကလာနှင့် ခရာတာတာ သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမှုသည်။ မပြီးတစ်ခွန်း၊ ပြီးတစ်ခွန်းနှင့် ချိုသာမွန်မြတ်၊ တွီတွီတွတ်တွတ်၊ ပြောဆိုလတ်၍ (ကော်)။ မပြီကလာ၊ ပြီကလာ တွက်တီး တွတ်တွတ်နန့် စကားပြောနီရေ၊ ချစ်ဖို့ကောင်းရေပင်
    wheedling
    ကြိယာဝိသေသန

    တွတ်တွတ်

    [twaʔtwaʔ]
    မပြတ်မလပ်။ ဆက်ကာဆက်ကာ။ ရက်ပြတ် ပြောဆိုရေ။ စကားတွတ်တွတ်နန့် ရက်ပြတ် ပြောနီရေ
    မပြတ်မလပ်။ ဆက်ကာဆက်ကာ။ အဆက်မပြတ် ပြောဆိုသည်။ စကားတွတ်တွတ်နန့် ရက်ပြတ် ပြောနီရေ
    rattle
    ကြိယာ

    တွတ်တွတ်နီ၂

    [twaʔtwaʔní၂]
    ဒဏ်ရာ ဒဏ်ချက်ကြောင့် အရဲရောင် ဖြစ်ပေါ် လာရေ အသားရေ။ အရီအထပ်၊ တွတ်တွတ်နီကေ၊ ကြီကာကျွတ်ယောင်၊ ကြိမ်သတ်ပြီးကေ၊ ထုတ်လေလျှင်ကေ (ဥဒိန်)
    ဒဏ်ရာ ဒဏ်ချက်ကြောင့် အနီရောင် ဖြစ်ပေါ် လာသော အသားရေ။ အရီအထပ်၊ တွတ်တွတ်နီကေ၊ ကြီကာကျွတ်ယောင်၊ ကြိမ်သတ်ပြီးလျှင်၊ ထုတ်လေလျှင်ကေ (ဥဒိန်)
    inflammation
    နာမ်

    တွ့တွ့

    [tw့tw့]
    မပီကလာ ပီကလာ ပွတ်ချီပွတ်ချက်ဖြင့် ပျော့ပျောင်းစွာ ချွဲ၍ ပြောဆို ပြုမှုဗျာယ်။ သားသူငယ်သည်၊ ဖကိုရာခေါ်ဗျာယ်၊ လူးလဲကာငိုပနာပေ (ဗမာချီ)
    မပီကလာ ပီကလာ တီတီတာတာဖြင့် ပျော့ပျောင်းစွာ ချွဲ၍ ပြောဆို ပြုမှုလျက်။ သားသူငယ်သည်၊ ဖကိုသာခေါ်လျက်၊ လူးလဲကာငို၍ပေ (ဗမာချီ)
    gibber
    ကြိယာ

    တွန်

    [tʊ̀ɴ]
    (ကြက်၊ ဥဩ၊ ဥဒေါင်း၊ နွား အစဟိစွာရို့) အော်မြည်သည်
    (ကြက်၊ ဥဩ၊ ဥဒေါင်း၊ နွား စသည်တို့) အော်မြည်သည်
    crow
    နာမ်

    တွန့်

    [tʊ̀ɴ့]
    ၁၊ အရီတိ ရှုံ့တွရေ။ ၂၊ ကြိုးမျှင် အစဟိစွာရို့ ကွေ့ကွေ့ ကောက်ကောက် ဖြစ်တေ။ ၃၊ စိတ်၊ စေတနာ အစဟိစွာ ထက်သန်မှု မဟိဘဲ ဆုတ်နစ်သည်
    ၁၊ အရေများ ရှုံ့တွသည်။ ၂၊ ကြိုးမျှင် စသည်တို့ ကွေ့ကွေ့ ကောက်ကောက် ဖြစ်သည်။ ၃၊ စိတ်၊ စေတနာ စသည် ထက်သန်မှု မရှိပဲ ဆုတ်နစ်သည်
    crispy-hypocrisy
    ကြိယာ

    တွန်း

    [tʊ́ɴ]
    ၁၊ ကိုယ့်ဖက်မှ တဖက်သို့ ရောက်ယောင် လက်အစဟိစွာအနိန်နန့် တအား ကန်လိုက်ရေ။ ရှက်အား ဘနန်း၊ အရတွန်းပနာ၊ အကြောင်း မသိ၊ ပြေးလေဘိ၍ (ရခိုင်ကာ)
    ၁၊ မိမိဖက်မှ တစ်ဖက်သို့ ရောက်အောင် လက်စသည်ဖြင့် တစ်အား ကန်လိုက်သည်။ ရှက်အား ဘနန်း၊ အရတွန်း၍၊ အကြောင်း မသိ၊ ပြေးလေဘိ၍ (ရခိုင်ကာ)
    push
    ကြိယာ

    တွန်းကန်

    [tʊ́ɴkàɴ]
    အပြင်သို့ ရွှိလျော လားယောင် လက်ဖြင့် တအား တွန်လိုက်ရေ
    အပြင်သို့ ရွှေ့လျော သွားအောင် လက်ဖြင့် တစ်အား တွန်လိုက်သည်
    repel
    ကြိယာ

    တွန်းကျူး

    [tʊ́ɴt͡ɕùး]
    သာယာ ချိုအီးစွာ မြည်သည်
    သာယာ ချိုအေးစွာ မြည်သည်
    serenade
    ကြိယာ

    တွန်းချ

    [tʊ́ɴɕ]
    အမြင့်မှ အနိမ့်သို့၊ တောင်ထက်မှ တောင်အောက်ကို ရွီ့လျော ရွင့်ပါး လားယောင် တွန်းကျောက်ရေ
    အမြင့်မှ အနိမ့်သို့၊ တောင်ထက်မှ တောင်အောက်သို့ ရွေ့လျော လွင့်ပါး သွားအောင် တွန်းကန်သည်
    ejection
    ကြိယာ

    တွန်းချ၂

    [tʊ́ɴɕ၂]
    (ဥပစာ) လူတဖက်သား ဒုက္ခ ရောက်ယောင် ကြံဆောင် ပြောဆိုရေ။ ဒုက္ခ ရောက်ယောင် လုပ်ရေ။ မောင်လှရို့ အမှုကို အကျွန်ရို့ကိုရာ တိုးချပါရေကာ
    (ဥပစာ) လူတစ်ဖက်သား ဒုက္ခ ရောက်အောင် ကြံဆောင် ပြောဆိုသည်။ ဒုက္ခ ရောက်အောင် လုပ်သည်။ မောင်လှရို့ အမှုမှာ အကျွန်ရို့ကိုရာ တွန်းချပါရေကာ
    afflicter
    ကြိယာ

    တွန်းဆီး

    [tʊ́ɴsʰï]
    ခံမားမှ စိမ့်ထွက်သော အရည်။ သွန်းဆီး။။ ဖဝါးခြီမာ၊ သဲမြီမှုန့်ကို၊ ငုံပြီးကေယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမာရို့၊ လှမုတ္ထိုရ်မာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးရို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး။ ဖဝါးခြီမှာ၊ သဲမြီမှုန့်ကို၊ ငုံ၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမှာတို့၊ လှမုတ္ထိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးတို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    spittle
    နာမ်

    တွန့်တို

    [tʊ̀ɴ့tÒ]
    ၁၊ နှမြိုးရေ။ နှမြိုးစုံမက်၊ စိတ်စက်တွန်တို၊ မပေးလိုရေတွက်နန့် (ရှီးထုံး)။ ၂၊ စိတ်မပါ၍ နောက်ဆုတ်သည်
    ၁၊ နှမြောသည်။ နှမြောစုံမက်၊ စိတ်စက်တွန်တို၊ မပေးလို၍ (ရှေးထုံး)။ ၂၊ စိတ်မပါ၍ နောက်ဆုတ်သည်
    niggardly
    ကြိယာ

    တွန့်တွန့်

    [tʊ̀ɴ့tʊ̰ɴ]
    ၁၊ ကြောက်ခမန်းလီလီ။ ကြောက်လန့်ဖွယ် တမျှ တုန်လှုပ်ချောက် တိစွာ။ နန်းမတောင်ညာ၊ ကြားရေအခါလျှင်၊ နားမှတွန့်တွန့်၊ ပုဏ္ဏားဆိုကေ၊ ထိုစကားကို၊ မကြားဝံ့ဘဲ (ကော်)။ ၂၊ စိတ်၊ စေတနာ အစဟိစွာ ဆုတ်နစ်ရေ။ ၃၊ ကြာ ထိုင်းမှိုင်းသည်
    ၁၊ ကြောက်ခမန်းလီလီ။ ကြောက်လန့်ဖွယ် တမျှ တုန်လှုပ်ချောက် များသည်။ နန်းမတောင်ညာ၊ ကြားသောအခါလျှင်၊ နားမှတွန့်တွန့်၊ ပုဏ္ဏားဆိုကေ၊ ထိုစကားကို၊ မကြားဝံ့ဘဲ (ကော်)။ ၂၊ စိတ်၊ စေတနာ စသည် ဆုတ်နစ်သည်။ ၃၊ နှေးကွေး လေးလံသည်
    terrified
    ကြိယာ

    တွန်းထုတ်

    [tʊ́ɴtʰoʊʔ]
    ထွက်ခွာ လားလီရန် နင်လားငါလား တွန်းဖယ်သည်
    ထွက်ခွာ သွားစေရန် တအား တွန်းဖယ်သည်
    hustle
    ကြိယာ