Dictionary Entries
Showing 2,441–2,460 of 2,498 words
တ
တွန်းထွီး
[tʊ́ɴtʰwï]
Arakanese:
ခံမားမှ စိမ့်ထွက်သော အရည်။ သွန်းဆီး။။ ဖဝါးခြီမာ၊ သဲမြီမှုန့်ကို၊ ငုံပြီးကေယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမာရို့၊ လှမုတ္ထိုရ်မာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးရို့၍၊ နို့ချိုတိုက်ပြန် (ကော်)
Burmese:
ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး။ ဖဝါးခြီမှာ၊ သဲမြီမှုန့်ကို၊ ငုံ၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမှာတို့၊ လှမုတ္ထိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးတို့၍၊ နို့ချိုတိုက်ပြန် (ကော်)
English:
saliva
Grammar Note:
နာမ်
တွန့်ယွန့်
[tʊ̀ɴ့jʊ̀ɴ့]
Arakanese:
၁၊ စိတ် စေတနာ အစဟိစွာ ဆုတ်နာရေ။ ၂၊ နောက်ကို ပြန်လှည့်ရေ။ ဆုတ်နစ်သည်
Burmese:
၁၊ စိတ် စေတနာ စသည် ဆုတ်နာသည်။ ၂၊ နောက်သို့ ပြန်လှည့်သည်။ ဆုတ်နစ်သည်
English:
hypocrisy
Grammar Note:
ကြိယာ
တွန့်ရွံ့
[tʊ̰ɴɹwံ့]
Arakanese:
၁၊ တိုလို့ယိုလို့ ဟိရေ။ တွန့်ဆုတ်ရေ။ ညှစ်လို့ထားရေ၊ ရွှီနို့ရည်ကို၊ မွေးမေတွန့်ဘိတ်၊ မကြည့်ဝံ့ပဲ၊ သားမိခင်မာ၊ သိချင်ငြား၍၊ မလားဝံ့ဝံ့၊ သွားဝံ့ဝံ့နန့် (ကော်)။ ၂၊ နောက်ကို ပြန်လှည့်ရေ။ တွန့်ဆုတ်ရေ။ တွန့်ဘိတ်ဆုတ်ကေ၊ တဆတ်ဆတ်သာ၊ ဟပ်၍လာလေ (ရာမ)
Burmese:
၁၊ မဝံ့မရဲ ရှိသည်။ တွန့်ဆုတ်သည်။ ညှစ်လို့ထားသည်၊ ရွှီနို့ရည်ကို၊ မွေးမယ်တွန့်ရွှံ့၊ မကြည့်ဝံ့ပဲ၊ သားမိခင်မှာ၊ သိချင်ငြား၍၊ မသွားဝံ့ဝံ့၊ သွားဝံ့ဝံ့နှင့် (ကော်)။ ၂၊ နောက်သို့ ပြန်လှည့်သည်။ တွန့်ဆုတ်သည်။ တွန့်ရွှံ့ဆုတ်ကေ၊ တဆတ်ဆတ်သာ၊ ဟပ်၍လာလေ (ရာမ)
English:
timidly
Grammar Note:
ကြိယာ
တွန့်ရှုပ်
[tʊ̀ɴ့ʃoʊʔ]
Arakanese:
အရီပြား အစဟိစွာရို့ အလျားလိုက် တွန့်ခေါက်သည်
Burmese:
အရေပြား စသည်တို့ အလျားလိုက် တွန့်ခေါက်သည်
English:
crispy
Grammar Note:
ကြိယာ
တွန့်လိပ်
[tʊ̀ɴ့lìaʔ]
Arakanese:
အရီပြား အစဟိစွာရို့ အတွန့်အတွန့် ဖြစ်တေ
Burmese:
အရေပြား စသည်တို့ အတွန့်အတွန့် ဖြစ်သည်
English:
crispy
Grammar Note:
ကြိယာ
တွန့်လိမ်
[tʊ̀ɴ့lèɪɴ]
Arakanese:
၁၊ ရစ်ခွေ လှည့်ပတ်ရေ။ ရှည်သော ကြိုး၊ လွန် အစဟိစွာရို့ တွန့်ခွေ လိပ်ရေ။ ၂၊ (ဥပစာ) သဖောမဖြောင့်မတ်။ အထဲလား ကောက်ကျစ်သည်
Burmese:
၁၊ ရစ်ခွေ လှည့်ပတ်သည်။ ရှည်သော ကြိုး၊ လွန် စသည်တို့ တွန့်ခွေ လိပ်သည်။ ၂၊ (ဥပစာ) သဘော မဖြောင့်မတ်။ ကောက်ကျစ် စဉ်းလဲသည်
English:
crooked
Grammar Note:
ကြိယာ
တွန်းလှန်
[tʊ́ɴɬàɴ]
Arakanese:
ဆန့်ကျင်မှု ပြုလုပ်ရေ တဖက်သား အင်အားကို ရွင့်ပါး လားလီရန် တွန်းကျောက်ရေ။ တွန်းလှန်သေမြတ်၊ သေကျိုးနပ်၏ (ရှီးထုံး)
Burmese:
ဆန့်ကျင်မှု ပြုလုပ်သော တစ်ဖက်သား အင်အားကို လွင့်ပါး သွားစေရန် တွန်းကန်သည်။ တွန်းလှန်သေမြတ်၊ သေကျိုးနပ်၏ (ရှေးထုံး)
English:
repel
Grammar Note:
ကြိယာ
တွန်းအား
[tʊ́ɴá]
Arakanese:
၁၊ တစုံ တခု ပြုလုပ်ဖို့ အတွက် တိုက်တွန်း အားပီးမှု။ ၂၊ တွန်းကန် ရွီ့လျော လားနှိုင်သော အစွမ်းသတ္တိ
Burmese:
၁၊ တစ်စုံ တစ်ခု ပြုလုပ်ရန် အတွက် တိုက်တွန်း အားပေးမှု။ ၂၊ တွန်းကန် ရွေ့လျော သွားနိုင်သော အစွမ်းသတ္တိ
English:
impetus
Grammar Note:
နာမ်
တွယ်
[twɛ̀]
Arakanese:
၁၊ ပူးကပ် လက်တွဲရေ။ မောင်လှ ဂေါင်းမူးလို့ မောင်အေး တွယ်ယူ ခရရေ။ ၂၊ ကပ်ငြိရေ။ ပူးနိူင်းသည်
Burmese:
၁၊ ပူးကပ် ယှဉ်တွဲသည်။ မောင်လှ ဂေါင်းမူးလို့ မောင်အေး တွယ်ယူ ခရရေ။ ၂၊ ကပ်ငြိသည်။ ပူးယှဉ်သည်
English:
incorporates
Grammar Note:
ကြိယာ
တွယ်ကပ်
[twɛ̀kaʔ]
Arakanese:
၁၊ ပူးကပ်ရေ။ လက်တွဲရေ။ ၂၊ ပေါင်းစပ်ရေ
Burmese:
၁၊ ပူးကပ်သည်။ ယှဉ်တွဲသည်။ ၂၊ ပေါင်းစပ်သည်
English:
agglutination-incorporates
Grammar Note:
ကြိယာ
တွာ
[twà]
Arakanese:
နုပ်နုပ်ဖွဲဖွဲ ဖြစ်ယောင် ခုတ်လှီးရေ။ အေဆီးမြစ်ကို အနူမရဖြစ်ယောင် ဓါးနန့် တွာပစ်ခီ။ ဓါးနန့်တင်ပျာ၊ ရင်ကိုလေ့ခွဲ၊ မုန့်မုန့်လည်းတွာ၊ ဆီနန့်ကျော်ပြီးကေ (ထာနု)
Burmese:
နုပ်နုပ်ဖွဲဖွဲ ဖြစ်အောင် ခုတ်လှီးသည်။ အေဆီးမြစ်ကို အနူမရဖြစ်အောင် ဓါးနန့် တွာပစ်လိုက်။ ဓါးနန့်တင်ပျာ၊ ရင်ကိုလည်းခွဲ၊ မုန့်မုန့်လည်းတွာ၊ ဆီနှင့်ကျော်၍ (ထာနု)
English:
fleece
Grammar Note:
ကြိယာဝိသေသန
တွား
[tWà]
Arakanese:
၁၊ ဝမ်းလျား မှောက်ကာ လှုပ်ပနာလှုပ်ပနာ ရွီ့လျောရေ။ တဆတ်ဆတ်ကေ၊ တွားတတ်ထိုင်တတ်၊ ပြိုင်းပေါင်တတ်တေ (ပဒုမ္မ)။ ကာလရှည်လျား၊ နှစ်လများရေ်၊ တွားတတ်ထိုင်တတ်၊ ပြိုင်းပေါက်တတ်လို့ (ဂုတ္ထိလ)။ ၂၊ မြက်ပင် အစဟိစွာရို့စွာ မြေမာ ကပ်တည် နိန်ရေ။ ရီစင်မြက်သည် မြေမာ တွား၍ ပေါ
Burmese:
၁၊ ဝမ်းလျား မှောက်ကာ လှုပ်၍လှုပ်၍ ရွေ့လျောသည်။ တဆတ်ဆတ်ကေ၊ တွားတတ်ထိုင်တတ်၊ ပြိုင်းပေါင်တတ်တေ (ပဒုမ္မ)။ ကာလရှည်လျား၊ နှစ်လများသော်၊ တွားတတ်ထိုင်တတ်၊ ပြိုင်းပေါက်တတ်လို့ (ဂုတ္ထိလ)။ ၂၊ မြက်ပင် စသည်တို့သည် မြေတွင် ကပ်တည် နေသည်။ ရီစင်မြက်သည် မြေတွင် တွား၍ ပေါ
English:
crawl
Grammar Note:
ကြိယာ
တွားတတ်သျှေ
[tWàtaʔʃè]
Arakanese:
လက်နှစ်ဖက်နန့် ဒူးနှစ်ဖက်ကို ထောက်ကာ လားတတ်ရေ အရွယ်
Burmese:
လက်နှစ်ဖက်နှင့် ဒူးနှစ်ဖက်ကို ထောက်ကာ သွားတတ်သော အရွယ်
English:
baby
Grammar Note:
နာမ်
တွိ.
[twì.]
Arakanese:
ဆုံရေ။ ဆုံမိရေ။ တိုက်ဆိုင်ရေ။ ရှာဖွီတုံဘိ၊ အဿဇိကို၊ ယင်းမာတွိက (ကော်)။ အသက်မသေ၊ နောင်မြင်းမွန်နန့်၊ ငါကံဟိလို့၊ တွိ.ရပါရေ (ထာနု)။ ကြုံသည်ဂုနိ၊ တွိဗျာယ်နန့်ကံ၊ ကျမ္မာဟန်ကို၊ ပြန်ပြောပါလား (မိုး)
Burmese:
ဆုံသည်။ ဆုံမိသည်။ တိုက်ဆိုင်သည်။ ရှာဖွေတုံဘိ၊ အဿဇိကို၊ ယင်းမှာတွိက (ကော်)။ အသက်မသေ၊ နောင်မြင်းမွန်နှင့်၊ ငါကံဟိလို့၊ တွိ.ရပါရေ (ထာနု)။ ကြုံသည်ဂုနိ၊ တွိလျက်နှင့်ကံ၊ ကျန်းမာဟန်ကို၊ ပြန်ပြောပါလား (မိုး)
English:
coincide
Grammar Note:
ကြိယာ
တွိ.ကရာ
[twì.kɹà]
Arakanese:
၁၊ ထွိမိထွိရာ။ ဆားမရရီမရ။ ထင်ရာမြင်ရာ အမျိုးမျိုး။ ၂၊ ကလီကဝ အခြီ အမြစ်မဟိ အဖိုး မတန်သော အရာ။ ဖာလိဖာလာ
Burmese:
၁၊ ထွေထွေရာရာ။ ပေါက်ကရ။ ထင်ရာမြင်ရာ အမျိုးမျိုး။ ၂၊ ကလေကဝ အခြေ အမြစ်မရှိ အဖိုး မတန်သော အရာ။ ဖြစ်ကတတ်ဆန်း
English:
carelessly
Grammar Note:
နာမ်
တွိ.ကရာသောင်းပြောင်း
[twì.kɹàθáʊɴpɹáʊɴ]
Arakanese:
၁၊ ထွိမိထွိရာ။ ဆားမရရီမရ။ ထင်ရာမြင်ရာ အမျိုးမျိုး။ ၂၊ ကလီကဝ အခြီ အမြစ် မဟိ အဖိုး မတန်သော အရာ။ ဖာလိဖာလာ
Burmese:
၁၊ ထွေထွေရာရာ။ ပေါက်ကရ။ ထင်ရာမြင်ရာ အမျိုးမျိုး။ ၂၊ ကလေကဝ အခြေ အမြစ် မရှိ အဖိုး မတန်သော အရာ။ ဖြစ်ကတတ်ဆန်း
English:
carelessly
Grammar Note:
နာမ်
တွိ.ကြ
[twì.t͡ɕ]
Arakanese:
ကြုံတွိရေ။ အခန့်သင့် တွိ့ဆုံရေ။ တောင်းဆုမွန်ကေ၊ သုဓမ္မနှင့်၊ မုချတွိ.ကြုံ (ဓမ္မသာ)
Burmese:
ကြုံကြိုက်သည်။ အခန့်သင့် တွေ့ဆုံသည်။ တောင်းဆုမွန်ကေ၊ သုဓမ္မနှင့်၊ မုချတွိ.ကြုံ (ဓမ္မသာ)
English:
encounter
Grammar Note:
ကြိယာ
တွိ.စ
[twì.s]
Arakanese:
စပြီးကေ တွိ့ဆုံရေ။ အခန့်သင့် တွိဆုံစဉ်။ ကြီးငြားမှရာ၊ နဂါးရွာမာ၊ တွိ.ရပါရေ၊ တွိ.စခါလေ၊ မျိုးဇာတိကို၊ မသိရလေ (ကော်)
Burmese:
စ၍ တွေ့ဆုံသည်။ အခန့်သင့် တွေ့ဆုံစဉ်။ ကြီးငြားမှသာ၊ နဂါးရွာတွင်၊ တွိ.ရပါသည်၊ တွိ.စခါလေ၊ မျိုးဇာတိကို၊ မသိရလေ (ကော်)
English:
meet
Grammar Note:
ပစ္စည်း
တွိ.ဆုံ
[twì.sʰòʊɴ]
Arakanese:
ကြုံတွိရေ။ အခန့်သင့် တွိ့ဆုံရေ။ တောင်းဆုမွန်ကေ၊ သုဓမ္မနှင့်၊ မုချတွိ.ကြုံ (ဓမ္မသာ)
Burmese:
ကြုံကြိုက်သည်။ အခန့်သင့် တွေ့ဆုံသည်။ တောင်းဆုမွန်ကေ၊ သုဓမ္မနှင့်၊ မုချတွိ.ကြုံ (ဓမ္မသာ)
English:
encounter
Grammar Note:
ကြိယာ
တွိ.ထိ
[twì.tʰì]
Arakanese:
၁၊ ခိုက်တိုက် မိရေ။ ၂၊ ကိုယ်နန့် ထိမိ မှုကြောင့် ဖြစ်ပေါ်လှာသော အတွိ့ကို ခံစားရရေ
Burmese:
၁၊ ခိုက်တိုက် မိသည်။ ၂၊ ကိုယ်နှင့် ထိမိ မှုကြောင့် ဖြစ်ပေါ်လာသော အတွေ့ကို ခံစားရသည်
English:
touch
Grammar Note:
ကြိယာ