Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,461–2,480 of 2,498 words

    တ

    တွိ.မိ

    [twì.mì]
    ထင်ယောင် ထင်မား ယုံမား သံသယ ဖြစ်ပနာ။ အကိုကို မဟာမုနိ ဘုရားမာ တွိ.မိယောင် ထင်ပါရေ
    ထင်ယောင် ထင်မှား ယုံမှား သံသယ ဖြစ်၍။ အကိုကို မဟာမုနိ ဘုရားမှာ တွိ.မိယောင် ထင်ပါရေ
    deceived
    ကြိယာဝိသေသန

    တွိ.မိတွိ.ရာ

    [twì.mìtwì.ɹà]
    ရည်မှန်းချက် မဟိဘဲ။ ခြေဦး ပေါက်ရာ။ စိတ်ကူး ပေါက်ရာ။ တွိ့ကရာ ထင်ရာ။ စိတ်ကူးပေါက်တိုင်း၊ တွိ.မိတွိ.ရာ လားနီရေ ဗျာယ်လား
    ရည်မှန်းချက် မရှိပဲ။ ခြေဦး ပေါက်ရာ။ စိတ်ကူး ပေါက်ရာ။ တွေ့ကရာ ထင်ရာ။ စိတ်ကူးပေါက်တိုင်း၊ တွိ.မိတွိ.ရာ လားနီရေ ဗျာယ်လား
    potter
    ကြိယာဝိသေသန

    တွိ.မြင်

    [twì.mɹɪ̀ɴ]
    မျက်စိ အကြည်ဓါတ် (ပသာဒ) ဖြင့် တွိဆုံ ဖြစ်ပေါ် ခံစားသည်
    မျက်စိ အကြည်ဓါတ် (ပသာဒ) ဖြင့် တွေ့ဆုံ ဖြစ်ပေါ် ခံစားသည်
    meet
    ကြိယာ

    တွိ.ရာ

    [twì.ɹà]
    ဖွေဖွေရာရာ။ ထင်ရာမြင်ရာ။ စိတ်ကူးပေါက်ရာ။ တွိ့ကရာ။ ခွီးပုပ်အသွင်၊ ငါ့ကိုလျှင်ဝယ်၊ အမြင်မပေး၊ တွိ.ရာဆိုပျာ၊ ဆိုကာဆဲလို (ဝိဇယ)
    ဖွေဖွေရာရာ။ ထင်ရာမြင်ရာ။ စိတ်ကူးပေါက်ရာ။ တွေ့ကရာ။ ခွီးပုပ်အသွင်၊ ငါ့ကိုလျှင်ဝယ်၊ အမြင်မပေး၊ တွိ.ရာဆိုပျာ၊ ဆိုကာဆဲလို (ဝိဇယ)
    conjecturally
    ကြိယာဝိသေသန

    တွိ.ရာနဖာ

    [twì.ɹànpʰà]
    ၁၊ ထိုထိုဒေဒေ။ ထွိမိထွိရာ။ အတိအကျ အမည် မဖော်နှိုင်ရေ အရာများ။ ၂၊ စိစိ စုံစုံ
    ၁၊ ထိုထိုဤဤ။ ထွေထွေရာရာ။ အတိအကျ အမည် မဖော်နိုင်သော အရာများ။ ၂၊ စေ့စေ့ စုံစုံ
    variety
    နာမ်

    တွိ.ရာမြင်ရာ

    [twì.ɹàmɹɪ̀ɴɹà]
    နနောင်း တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော အထောက် အထား ကိုးကားချက်။ အခြီအမြစ် (မဟိ)။ ၂၊ ဆောင်ရွက်ရန် စီမံချက် အစီအစိုင် မဟိရေ၏ အဖြစ်။ ၃၊ ဦးတည်ပြီးကေ ရည်ရွယ်ချက် မဟိခြင်း
    ခိုင်မာ တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော အထောက် အထား ကိုးကားချက်။ အခြေအမြစ် (မရှိ)။ ၂၊ ဆောင်ရွက်ရန် စီမံချက် အစီအစဉ် မရှိသည်၏ အဖြစ်။ ၃၊ ဦးတည်၍ ရည်ရွယ်ချက် မရှိခြင်း
    potter
    နာမ်

    တွိန်

    [twèɪɴ]
    တောင်ပူစာ။ တောင်ကုန်း အချေ။ တောင်ငယ်ကေ တွိန်၊ ချောင်းငယ်ကေ ချိန်ပြင်ငယ်ကေ ပြွိန် (ပုံ)
    တောင်ပူစာ။ တောင်ကုန်း ကလေး။ တောင်ငယ်ကေ တွိန်၊ ချောင်းငယ်ကေ ချိန်ပြင်ငယ်ကေ ပြွိန် (ပုံ)
    knoll
    နာမ်

    တွီး

    [twï]
    ၁၊ အလွန်နီသော အရောင် ဟိရေ။ နီတာ ရဲသော။ ၂၊ အရဲရောင်ကို အထူး ပြုရေ။ ချစ်ဟုန်ကြီးမား၊ သူ့မယားကို၊ ဖားဖားဝတ်ဆံ၊ ရိုးတံနီတွီး၊ အင်ကြင်းခိုင်ကို၊ ကိုင်ခါပီးလို့ (ဆဒ္ဒန်)
    ၁၊ အလွန်နီသော အရောင် ရှိသော။ နီတာ ရဲသော။ ၂၊ အနီရောင်ကို အထူး ပြုသော။ ချစ်ဟုန်ကြီးမား၊ သူ့မယားကို၊ ဖားဖားဝတ်ဆံ၊ ရိုးတံနီတွီး၊ အင်ကြင်းခိုင်ကို၊ ကိုင်ခါပီးလို့ (ဆဒ္ဒန်)
    red
    နာမဝိသေသန

    တွီး၂

    [twï၂]
    နီမြန်းသော။ နတ်ခမ်းတွီးနီ၊ ဟင်္သာပါးသို့ (ဒွေး)
    နီမြန်းသော။ နတ်ခမ်းတွီးနီ၊ ဟင်္သာဆီသို့ (ဒွေး)
    red
    နာမဝိသေသန

    တွီးတွီး

    [twïtwï]
    ၁၊ အလွန် နီသော အရောင် ဟိရေ။ နီတာ ရဲသော။ ၂၊ အရဲရောင်ကို အထူး ပြုရေ။ ချစ်ဟုန်ကြီးမား၊ သူ့မယားကို၊ ဖားဖားဝတ်ဆံ၊ ရိုးတံနီတွီး၊ အင်ကြင်းခိုင်ကို၊ ကိုင်ခါပီးလို့ (ဆဒ္ဒန်)
    ၁၊ အလွန် နီသော အရောင် ရှိသော။ နီတာ ရဲသော။ ၂၊ အနီရောင်ကို အထူး ပြုသော။ ချစ်ဟုန်ကြီးမား၊ သူ့မယားကို၊ ဖားဖားဝတ်ဆံ၊ ရိုးတံနီတွီး၊ အင်ကြင်းခိုင်ကို၊ ကိုင်ခါပီးလို့ (ဆဒ္ဒန်)
    red
    နာမဝိသေသန

    တွီတွီတွတ်တွတ်

    [twítwítwaʔtwaʔ]
    မပီကလာ ပီကလာနန့် ခရာတာတာ သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမှုရေ။ မပြီးတခွန်း၊ ပြီးတခွန်းနန့် ချိုသာမွန်မြတ်၊ တွီတွီတွတ်တွတ်၊ ပြောဆိုလတ်၍ (ကော်)
    မပီကလာ ပီကလာနှင့် ခရာတာတာ သနားဖွယ်ရာ၊ ချစ်ခင်ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမှုသည်။ မပြီးတစ်ခွန်း၊ ပြီးတစ်ခွန်းနှင့် ချိုသာမွန်မြတ်၊ တွီတွီတွတ်တွတ်၊ ပြောဆိုလတ်၍ (ကော်)
    gibber
    ကြိယာ

    တွေ

    [twè]
    ၁၊ အခက်အခဲနန့် ကြုံရေ။ အကျွန်လည်း အခက်တိလို့ အဝီးကို မလားနှိုင်ပါ။ ၂၊ ဆိတ်ငြိမ်စွာ မရာမကြည် ငေးငိုက် နိန်ရေ။ ပါးလက် မိလက်ထောက် ဇာကိုတွေ နီရေလဲ။ ၃၊ စိတ်ထဲမာ ပြတ်သားမှု မဟိ ဖြစ်နီရေ။ အသိဉာဏ် မှုန်ဝါး တွေဝေရေ။ အကျွန်လည်း ဇာမျိုး ချမှတ် ရဖို့လည်းလို့ စိ
    ၁၊ အခက်အခဲနှင့် ကြုံသည်။ အကျွန်လည်း အခက်တွေလို့ အဝီးကို မလားနိုင်ပါ။ ၂၊ ဆိတ်ငြိမ်စွာ မသာမကြည် ငေးငိုက် နေသည်။ ပါးလက် မိလက်ထောက် ဇာကိုတွေ နီရေလဲ။ ၃၊ စိတ်ထဲတွင် ပြတ်သားမှု မရှိ ဖြစ်နေသည်။ အသိဉာဏ် မှုန်ဝါး တွေဝေသည်။ အကျွန်လည်း ဇာမျိုး ချမှတ် ရဖို့လည်းလို့ စိ
    vacantly
    ကြိယာ

    တွေး

    [twé]
    တွေးခေါ် စိတ်ကူးရေ။ ဆင်ခြင် အောင်မိရေ။ စိုင်းစားရေ။ ပညာဟိသို့၊ တွေးကြည့်ဘိထွေ၊ သဝေမတိမ်း၊ စောင်းမယိမ်းဟု၊ ဆိုမှုစကား (ရှီးထုံး)
    တွေးတော စိတ်ကူးသည်။ ဆင်ခြင် အောင်မေ့သည်။ စဉ်းစားသည်။ ပညာဟိသို့၊ တွေးကြည့်ဘိထွေ၊ သဝေမတိမ်း၊ စောင်းမယိမ်းဟု၊ ဆိုမှုစကား (ရှေးထုံး)
    consider-think
    ကြိယာ

    တွေကျင်

    [twèt͡ɕɪ̀ɴ]
    တိန်ညင်ကြက်။ ကြက်မကိုတောင်၊ ဝေးကရှောင်၍၊ မောင်လျှင်မထား၊ ကစပ်ပေလည်း၊ တိကျင်သားကို၊ မင်းသားဖွယ်ရာ၊ ကစပ်ကာဖြင့် (ကော်)
    တိန်ညင်ကြက်။ ကြက်မကိုတောင်၊ ဝေးကရှောင်၍၊ မောင်လျှင်မထား၊ ကစားပေလည်း၊ တွေကျင်သားကို၊ မင်းသားဖွယ်ရာ၊ ကစားကာဖြင့် (ကော်)
    bantam
    နာမ်

    တွေးဆ

    [twésʰ]
    စိုင်းစားရေ။ ဆင်ခြင်ရေ။ ချင့်ချိန်ရေ။ တွေးဆမြော်မြင်၊ ပညာသျှင်ရို့၊ ဆင်ခြင်တွက်ဖော်၊ ချင့်ရွီတွက်နန့် (ရှီးထုံး)
    စဉ်းစားသည်။ ဆင်ခြင်သည်။ ချင့်ချိန်သည်။ တွေးဆမြော်မြင်၊ ပညာရှင်တို့၊ ဆင်ခြင်စဉ်းစား၊ ချင့်သောအားဖြင့် (ရှေးထုံး)
    think
    ကြိယာ

    တွေးတော

    [twétɔ́]
    ဧပိုင် ဖြစ်တန် ကောင်း၏ ဟု စိတ်ထွေပြားရေ။ ယုံမားရေ။ သို့လောသို့လော၊ ယုံမားသောအား၊ တွေးခေါ်နီကျင်၊ ဆင်ခြင်သမှု၊ မျှော်ထောက်ရှု၍ (မြို့တည်)
    ဤသို့ ဖြစ်တန် ကောင်း၏ ဟု စိတ်ထွေပြားသည်။ ယုံမှားသည်။ သို့လောသို့လော၊ ယုံမှားသောအား၊ တွေးတောနေကျင်၊ ဆင်ခြင်သမှု၊ မျှော်ထောက်ရှု၍ (မြို့တည်)
    consider
    ကြိယာ

    တွေးမှု

    [twém̥oʊ]
    ဆင်ခြင် စိုင်းစားရေ။ ဆင်ခြင်တွေးမှု၊ တွက်ဖော်ပြုလည်း၊ အမှုမထင်၊ ဖြစ်ခြင်း၊ အင်ကြောင့် (ရှီးထုံး)
    ဆင်ခြင် စဉ်းစားသည်။ ဆင်ခြင်တွေးမှု၊ စဉ်းစားပြုလည်း၊ အမှုမထင်၊ ဖြစ်ခြင်း၊ အင်ကြောင့် (ရှေးထုံး)
    rotiocinate
    ကြိယာ

    တွေဝေ

    [twèwè]
    မမာ့ောရေ။ သတိမဲ့ ပိုင် ဖြစ်နီရေ။ သတိတွေဝေ၊ မမာ့ောနိန်ပနာ၊ သေမည့်ပိုင်၊ ပုံမခြားသို့ (ရှီးထုံး)
    မိန်းမောသည်။ သတိမဲ့ သကဲ့သို့ ဖြစ်နေသည်။ သတိတွေဝေ၊ မိန်းမောနေ၍၊ သေမည့်အလား၊ ပုံမခြားသို့ (ရှေးထုံး)
    indecisive
    ကြိယာ

    တွဲ

    [twɛ]
    (သူတိနန့်) အပေါင်းအဖော် ပြုရေ။ အကျွန့်ရိုက သူတိနန့်လို့ လိုက်ပါစွာရာ
    (သူများနှင့်) အပေါင်းအဖော် ပြုသည်။ အကျွန့်ရိုက သူများနန့်လို့ လိုက်ပါစွာရာ
    comrades
    ကြိယာ

    တွဲ၂

    [twɛ၂]
    သင်္ဘော ( စက်ပါရေ) ရေယာဉ်နှင့် တွဲထားရေ စက်မဲ့ ရေယာဉ်
    သင်္ဘော ( စက်ပါသော) ရေယာဉ်နှင့် တွဲထားသော စက်မဲ့ ရေယာဉ်
    attach
    နာမ်