Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 2,498 words

    တ

    တင်စား၂

    [tɪ̀ɴsá၂]
    တစုံ တယောက်သော သူ၏ ဂုဏ်သတင်းကို တစုံ တယောက်သော သူ၏ ဂုဏ်သတင်းအဖြစ် ပြောဆိုရေ
    တစ်စုံ တစ်ယောက်သော သူ၏ ဂုဏ်သတင်းကို တစ်စုံ တစ်ယောက်သော သူ၏ ဂုဏ်သတင်းအဖြစ် ပြောဆိုသည်
    to come the old soldier over one
    ကြိယာ

    တင်စီး

    [tɪ̀ɴsï]
    လူတိ၏ ဆန္ဒနန့် ဆန့်ကျင်ဗျာယ် နိုင်ထက် စီးနင်း ပြုရေ။ အနိုင်အထက် ပြုရေ။ မောင်လှရို့ အုပ်စု လူကို တင်စားချင်ရေ အတွက် မောင်လှက ဈီးခရင်းကို အဝီးသို့ မြှောက်ပစ် လိုက်တေ
    သူတစ်ပါး၏ ဆန္ဒနှင့် ဆန့်ကျင်လျက် နိုင်ထက် စီးနင်း ပြုသည်။ အနိုင်အထက် ပြုသည်။ မောင်လှရို့ အုပ်စု လူကို တင်စားချင်ရေ အတွက် မောင်လှက ဈီးခရင်းကို အဝီးသို့ မြှောက်ပစ် လိုက်တေ
    force
    ကြိယာ

    တင်စီး၂

    [tɪ̀ɴsï၂]
    ဂုဏ်ယူ ဝင့်ကြွားရေ။ လူတိကိုမာ အနိုင် ယူရေ။ လူကို အသုံးမချ တင်စီးလို့ စကား ပြောရေ
    ဂုဏ်ယူ ဝင့်ကြွားသည်။ သူတစ်ပါး အပေါ်တွင် အနိုင် ယူသည်။ လူကို အသုံးမချ တင်စီးလို့ စကား ပြောရေ
    High-handed
    ကြိယာ

    တင်ဆိုင်

    [tɪ̀ɴsʰàɪɴ]
    တင်သား နှစ်ဖက်၏ အသားစိုင်
    တင်ပါး နှစ်ဖက်၏ အသားစိုင်
    buttock
    နာမ်

    တင်ဆုံ

    [tɪ̀ɴsʰòʊɴ]
    တင်သား နှစ်ဖက်၏ အသားစိုင်
    တင်ပါး နှစ်ဖက်၏ အသားစိုင်
    buttock
    နာမ်

    တင်ဆောင်

    [tɪ̀ɴsʰàʊɴ]
    ဂါရီယာဉ်၊ ရေယာဉ် အစဟိစွာ တခုခုနန့် သယ်ယူရေ
    လှည်းယာဉ်၊ ရေယာဉ် စသည် တစ်ခုခုနှင့် သယ်ယူသည်
    carry out
    ကြိယာ

    တင်းတင်း

    [tɪ́ɴtɪ́ɴ]
    နောက်ကို ပြန်ပနာ ဆုတ်ခွာခြင်း မဟိဘဲ။ ပြင်းပြင်းထန်ထန်။ ကိုယ့်အမြင်ကို၊ လျှောက်တင်ကတ်ဖိ၊ ဒေပိုင်ဆိုကေလည်း၊ ပြည့်သျှင်မတ်မာ၊ တင်းတင်းပြောသော် (နာရဒ)။ မတွန့်ဆုတ်။ ရဲဝံ့စွာ။ နောင်းနောင်း။ အာမဝန္တာ၊ တင်းတင်းခံမှ၊ ဘုန်းလျှံထွန်းပ၊ သတိဿလည်း (ရခိုင်ကာ)။ နီရာ
    နောက်သို့ ပြန်လည် ဆုတ်ခွာခြင်း မရှိဘဲ။ ပြင်းပြင်းထန်ထန်။ ကိုယ့်အမြင်ကို၊ လျှောက်တင်ကြလော့၊ ဤသို့လျှင်လည်း၊ ပြည့်သျှင်မင်းမှာ၊ တင်းတင်းပြောသော် (နာရဒ)။ မတွန့်ဆုတ်။ ရဲဝံ့စွာ။ ခိုင်ခိုင်မာမာ။ အာမဝန္တာ၊ တင်းတင်းခံမှ၊ ဘုန်းလျှံထွန်းပ၊ သတိဿလည်း (ရခိုင်ကာ)။ နေရာ
    tautly
    ကြိယာဝိသေသန

    တင့်တင့်ကားကား

    [tɪ̰ɴtɪ̰ɴkáká]
    လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော
    လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော
    suitable
    နာမဝိသေသန

    တင်းတင်းကြပ်ကြပ်

    [tɪ́ɴtɪ́ɴt͡ɕaʔt͡ɕaʔ]
    မောက်မာစွာ အင်အား အဟိန် အဟုန်ကို များစွာ အသုံးပြုဗျာယ်
    မောက်မာစွာ အင်အား အရှိန် အဟုန်ကို များစွာ အသုံးပြုလျက်
    tightly
    ကြိယာဝိသေသန

    တင်းတင်းမာမာ

    [tɪ́ɴtɪ́ɴmàmà]
    ခိုင်ခိုင်ခံ့ခံ့။ ရဲဝံ့စွာ။ တောင့်တောင့်မာမာ။ နောက်ကို မဆုတ်နစ်ပဲ။ အိပ်စက်သောခါ၊ သုပိန္နာဝယ်၊ စကြာလှံပျံ၊ ရမက်ဟန်ကြောင့်၊ အမှန်မယွင်း၊ ငါပေါက်မင်းဟု၊ တင်းတင်းမာမာ၊ ခံပြီးခါမှ (ရခိုင်ကာ)
    ခိုင်ခိုင်ခံ့ခံ့။ ရဲဝံ့စွာ။ တောင့်တောင့်မာမာ။ နောက်သို့ မဆုတ်နစ်ပဲ။ အိပ်စက်သောခါ၊ သုပိန္နာဝယ်၊ စကြာလှံပျံ၊ ရမက်ဟန်ကြောင့်၊ အမှန်မယွင်း၊ ငါပေါက်မင်းဟု၊ တင်းတင်းမာမာ၊ ခံပြီးခါမှ (ရခိုင်ကာ)
    uncompromisingly
    ကြိယာဝိသေသန

    တင်းတင်းရင်းရင်း

    [tɪ́ɴtɪ́ɴɹɪ́ɴɹɪ́ɴ]
    သစ္စာ ဟိစွာဖြင့်။ မဆုတ် မနစ်ပဲ။ ရဲရဲဝံ့ဝံ့။ နောင်းနောင်း။ ဇာလောက်ပင် အခက်အခဲနန့် တွိကေလေ့ နောက်မဆုတ်ပဲ တတင်းရကေး ခံရေ။ မဆုတ်အလျင်း၊ တတင်းရကေး၊ နေနန့်မင်းဟု၊ အာမဝန္တာ၊ ခံပြီးခါမှ (ရခိုင်ကာ)
    သစ္စာ ရှိစွာဖြင့်။ မဆုတ် မနစ်ပဲ။ ရဲရဲဝံ့ဝံ့။ ခိုင်ခိုင်မာမာ။ ဇာလောက်ပင် အခက်အခဲနန့် တွိကေလေ့ နောက်မဆုတ်ပဲ တင်းတင်းရင်းရင်း ခံရေ။ မဆုတ်အလျင်း၊ တင်းတင်းရင်းရင်း၊ နေနှင့်မင်းဟု၊ အာမဝန္တာ၊ ခံပြီးခါမှ (ရခိုင်ကာ)
    firmly
    ကြိယာဝိသေသန

    တင့်တယ်

    [tɪ̰ɴtɛ̀]
    အသရေ ဟိရေ။ ကြည့်လို့ ကောင်းရေ။ မြတ်သော
    အသရေ ရှိသော။ ကြည့်၍ ကောင်းသော။ မြတ်သော
    Good looking
    နာမဝိသေသန

    တင်းတိမ်

    [tɪ́ɴtèɪɴ]
    ရောင်ရဲရေ။ ကျီနပ်ရေ။ တင်းတိမ်အားရ၊ ကျီနပ်လှရေ၊ အလိုပြည့်ဝ၊ ငြိမ်းငြိမ်းတည်း (ရှီးထုံး)
    ရောင်ရဲသည်။ ကျေနပ်သည်။ တင်းတိမ်အားရ၊ ကျေနပ်လှသည်၊ အလိုပြည့်ဝ၊ ငြိမ်းငြိမ်းတည်း (ရှေးထုံး)
    content
    ကြိယာ

    တင်းတိမ်ရံ

    [tɪ́ɴtèɪɴɹံ]
    လန့်ဆန့်ကာ ပိုင် အကာအကွယ် အဖြစ် စပ်၍ ခြုပ်ထားရေ အထည်။ ယင်းအထည်ဖြင့် ကာရံ ပီးရေ အမတ်က အထည်ဖြင့် ကာရံသည်
    ကန့်လန့်ကာ သကဲ့သို့ အကာအကွယ် အဖြစ် စပ်၍ ချုပ်ထားသော အထည်။ ယင်းအထည်ဖြင့် ကာရံ ပေးသော အမတ်က အထည်ဖြင့် ကာရံသည်
    shield
    ကြိယာ

    တင့်တောင့်တင့်တယ်

    [tɪ̰ɴtɔ́ɪ̰ɴtɪ̰ɴtɛ̀]
    လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော။ တင့်တောင့်တင့်ရေ၊ လှနတ်မေနှင့်၊ ငြားတုံပေကြ (ဒွေး)
    လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော။ တင့်တောင့်တင့်တယ်၊ လှနတ်မေနှင့်၊ ငြားတုံပေကြ (ဒွေး)
    suitable
    နာမဝိသေသန

    တင်းတောင်းပို

    [tɪ́ɴtáʊɴpÒ]
    ပြန်ဆပ် ရေအခါ သဘောတူချင်း သတ်မှတ် ထားရေ စပါး (တင်း)။ ပိုကို ပီးရရေ စနစ်ဖြင့် ချေယူခြင်း
    ပြန်ဆပ် သောအခါ သဘောတူချင်း သတ်မှတ် ထားသော စပါး (တင်း)။ ပိုကို ပေးရသော စနစ်ဖြင့် ချေယူခြင်း
    anything superfluous
    နာမ်

    တင်းထိမ်

    [tɪ́ɴtʰèɪɴ]
    လန့်ဆန့်ကာ ပိုင် အကာအကွယ် အဖြစ် စပ်၍ ခြုပ်ထားရေ အထည်။ ယင်းအထည်ဖြင့် ကာရံ ပီးရေ အမတ်။ (ရခိုင်ဘုရင် မင်းလက်ထက်က မင်းရီး မင်းရာ ကိစ္စ ကျလှာကေ ယင်းအမတ်က တင်းထိမ်ကို ကာရံ ပီးရရေ။ မြောက်ဦးမြို့နယ်မာ ယင်းအမတ် နီခရေ ရွာကို `တင်းထိမ်ရံ´ ဟု ဒေနိန့်ထိ ခ
    ကန့်လန့်ကာ သကဲ့သို့ အကာအကွယ် အဖြစ် စပ်၍ ချုပ်ထားသော အထည်။ ယင်းအထည်ဖြင့် ကာရံ ပေးသော အမတ်။ (ရခိုင်ဘုရင် မင်းလက်ထက်က မင်းရေး မင်းရာ ကိစ္စ ကျလာလျှင် ၎င်းအမတ်က တင်းထိမ်ကို ကာရံ ပေးရသည်။ မြောက်ဦးမြို့နယ်တွင် ၎င်းအမတ် နေခဲ့သော ရွာကို `တင်းထိမ်ရံ´ ဟု ယနေ့တိုင် ခ
    curtain
    နာမ်

    တင်ပလ္လင်ခြွီ

    [tɪ̀ɴpl္lɪ̀ɴkʰWɹí]
    ထက်ဝယ်ဖွဲ့ ခွေ (ထိုင်) ရေ။ ခြေတချောင်း ထက်မာ ခြေတချောင်းကို ထပ်၍ ခွေသည်
    ထက်ဝယ်ဖွဲ့ ခွေ (ထိုင်) သည်။ ခြေတစ်ချောင်း ပေါ်တွင် ခြေတစ်ချောင်းကို ထပ်၍ ခွေသည်
    sit cross-legged
    ကြိယာ

    တင်ပို့

    [tɪ̀ɴpo̰]
    ဝန် တိကို လောင်း၊ ဂါရီ အစဟိရေ ယာဉ်မာ တင်ပနာ ပီးပို့ရေ
    ပစ္စည်း များကို လှေ၊ လှည်း စသော ယာဉ်တွင် တင်၍ ပေးပို့သည်
    dispatch
    ကြိယာ

    တင်းပုတ်

    [tɪ́ɴpoʊʔ]
    တစုံ တခု ပြုလုပ်ဖို့ အတွက် မြေမာ စိုက်သွင်း ထားရရေ သစ်သား အတိုပိုင်း။ ကျွဲ၊ နွား ခြည်သော တိုင်တိုအချေ။ ရွက်ဖျင် တင်းကုပ် ချရာမာ လေဖြင့် ရွင့်ပါ မလားရယောင် အောက်ခြီကို မြေမာ တူးစိုက် ထားရရေ သစ်သားတို။ အထဲပြင်ဘက်၊ တင်းပုတ်နှက်၍ (ဥဒိန်ကာ)
    တစ်စုံ တစ်ခု ပြုလုပ်ရန် အတွက် မြေတွင် စိုက်သွင်း ထားရသော သစ်သား အတိုပိုင်း။ ကျွဲ၊ နွား ချည်သော တိုင်တိုကလေး။ ရွက်ဖျင် တင်းကုပ် ချရာတွင် လေဖြင့် လွင့်ပါ မသွားရအောင် အောက်ခြေကို မြေတွင် တူးစိုက် ထားရသော သစ်သားတို။ အတွင်းပြင်ဘက်၊ တင်းပုတ်နှက်၍ (ဥဒိန်ကာ)
    cudgel
    နာမ်