Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 2,498 words

    တ

    တင်ပါ

    [tɪ̀ɴpà]
    ရဟန်း အချင်းချင်းသော် ပင်ဖြစ်ဖြစ်၊ လူက ရဟန်းကိုသော် ပင်ဖြစ်ဖြစ် ပြောရာမာ ဝန်ခံခြင်း သဖောတူညီခြင်း ရို့မာ ပြောသော စကားလုံး
    ရဟန်း အချင်းချင်းသော် လည်းကောင်း၊ လူက ရဟန်းကိုသော် လည်းကောင်း ပြောရာ၌ ဝန်ခံခြင်း သဘော တူညီခြင်း တို့၌ ပြောသော စကားလုံး
    admit
    နာမ်

    တင်ပျင်ခြွီ

    [tɪ̀ɴprɪ̀ɴkʰWɹí]
    ခြေ တချောင်း ထက်မာ ခြေ တချောင်း ထပ်၍ ခွေရေ။ တင်ပျိုင် ခွေသည်
    ခြေ တစ်ချောင်း ပေါ်တွင် ခြေ တစ်ချောင်း ထပ်၍ ခွေသည်။ တင်ပျဉ် ခွေသည်
    sit cross-legged
    နာမ်

    တင်ပျဉ်ဖွဲ့

    [tɪ̀ɴprɪ̀ɴpʰwé]
    ထက်ဝယ်ဖွဲ့ ခွေရေ။ တင်ပျိုင် ခွေရေ။ ပစ္စေကလျှင်၊ ဉာဏ်တော်လင်းကေ၊ မကြွင်းဖြစ်က၊ ကြာ၌ပြကတော့၊ တတ်ကာထိုင်ကေ၊ တင်ပျိုင်ဖွဲ့လို့၊ ပပြောင့်တန်းတန်း၊ ဣန္ဒြေနှင့်၊ တညတုံလတ်က (ပဒုမ္မာ)
    ထက်ဝယ်ဖွဲ့ ခွေသည်။ တင်ပျဉ် ခွေသည်။ ပစ္စေကလျှင်၊ ဉာဏ်တော်လင်းကေ၊ မကြွင်းဖြစ်က၊ ကြာ၌ပြကတော့၊ တတ်ကာထိုင်ကေ၊ တင်ပျဉ်ဖွဲ့လို့၊ တည့်တည့်မတ်မတ်၊ ဣန္ဒြေနှင့်၊ တညတုံလတ်က (ပဒုမ္မာ)
    sit cross-legged
    ကြိယာ

    တင်ပြ

    [tɪ̀ɴpɹ]
    ရှင်းလင်း ပြောပြရေ
    ရှင်းလင်း ပြောပြသည်
    explain
    ကြိယာ

    တင်းပြည့်ကျပ်ပြည့်

    [tɪ́ɴpɹɛ̰t͡ɕaʔpɹɛ̰]
    ပြည့်ပြည့် စုံစုံ။ လျော့ပါးမှု မဟိ
    ပြည့်ပြည့် စုံစုံ။ လျော့ပါးမှု မရှိ
    complete
    ကြိယာဝိသေသန

    တင့်ပြောင်

    [tɪ̰ɴpɹàʊɴ]
    လူငယ်နန့် လူလတ်ကြား အရွယ်ဟိ သူ။ လူငယ်လူရွယ်
    လူငယ်နှင့် လူလတ်ကြား အရွယ်ရှိ သူ။ လူငယ်လူရွယ်
    fresh and youthful
    နာမ်

    တင့်ပြောင်သျှေ

    [tɪ̰ɴpɹàʊɴʃè]
    မကြီး မငယ် ပျိုမျစ် နုနယ်သော အရွယ်ဟိ သူ
    မကြီး မငယ် ပျိုမျစ် နုနယ်သော အရွယ်ရှိ သူ
    fresh and youthful
    နာမ်

    တင်ဖြုတ်

    [tɪ̀ɴpʰɹoʊʔ]
    (တောအရက် ချက်ရာမာ ဆယ်ပုလင်း ယူရဖို့ အရာကို ငါးပုလင်းသာ ယူပနာ) အခိုး စူးရှ ပြင်းပြသော အရက်တမျိုး
    (တောအရက် ချက်ရာတွင် ဆယ်ပုလင်း ယူရမည့် အရာကို ငါးပုလင်းသာ ယူ၍) အခိုး စူးရှ ပြင်းပြသော အရက်တစ်မျိုး
    alcohol
    နာမ်

    တင်ဖွီခြွီ

    [tɪ̀ɴpʰwíkʰWɹí]
    ခြေ တချောင်း ထက်မာ ခြေ တချောင်း ထပ်၍ ခွေရေ။ တင်ပျိုင် ခွေသည်
    ခြေ တစ်ချောင်း ပေါ်တွင် ခြေ တစ်ချောင်း ထပ်၍ ခွေသည်။ တင်ပျဉ် ခွေသည်
    sit cross-legged
    ကြိယာ

    တင်းမာ

    [tɪ́ɴmà]
    တဦးနန့် တဦး၊ တဖက်နန့် တဖက် လက်လျော့ မပေး ဖြစ်နီသည်
    တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် လက်လျော့ မပေး ဖြစ်နေသည်
    stern
    ကြိယာ

    တင်းမာ၂

    [tɪ́ɴmà၂]
    တောင့်တင်း မာကျောသော။ နနောင်းသော
    တောင့်တင်း မာကျောသော။ ခိုင်မာသော
    impudent
    နာမဝိသေသန

    တင်မြှောက်

    [tɪ̀ɴmɹ̯ɔ́ɛʔ]
    အလုပ် တခုခု ခန့်အပ်ရန် အတွက် ရွီးချယ်၍ လုပ်ဆောင်ရန် တာဝန် ပီးအပ်ရေ
    အလုပ် တစ်ခုခု ခန့်အပ်ရန် အတွက် ရွေးချယ်၍ လုပ်ဆောင်ရန် တာဝန် ပေးအပ်သည်
    task
    ကြိယာ

    တင်လင်ပလင်

    [tɪ̀ɴlɪ̀ɴplɪ̀ɴ]
    တစုံ တခုမာ ချိတ်ဆွဲ ထားသနန့်သော် ပင်ဖြစ်ဖြစ်၊ ငြိတွယ် နေသနန့်သော် ပင်ဖြစ်ဖြစ်၊ တန်းလန်းကျဗျာယ်၊ တွဲလွဲကျဗျာယ်
    တစ်စုံ တစ်ခုတွင် ချိတ်ဆွဲ ထားသဖြင့်သော် လည်းကောင်း၊ ငြိတွယ် နေသဖြင့်သော် လည်းကောင်း၊ တန်းလန်းကျလျက်၊ တွဲလွဲကျလျက်
    sit cross-legged
    ကြိယာဝိသေသန

    တင်လယောက်

    [tɪ̀ɴljɔ́ɛʔ]
    (ဂုဏ် အသီရေ ကြီးမြတ်သော သူအား) ပြောပြရေ
    (ဂုဏ် အသေရေ ကြီးမြတ်သော သူအား) ပြောပြသည်
    tell
    ကြိယာ

    တင်လုံးကျိတ်

    [tɪ̀ɴlóʊɴt͡ɕeɪʔ]
    ခါးဝတ် ခတောင်း၏ ရှေ့အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းမာ နနောင်း ညှပ်ရေ။ ခါးတောင်း ကျိုက်သည်
    ခါးဝတ် ပုဆိုး၏ ရှေ့အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းတွင် မြဲမြံစွာ ညှပ်သည်။ ခါးတောင်း ကျိုက်သည်
    gird one’s loins
    ကြိယာ

    တင်လုံပိတ်

    [tɪ̀ɴlòʊɴpeɪʔ]
    ခါးဝတ် ခတောင်း၏ ရှေ့အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းမာ နနောင်း ညှပ်ရေ။ ခါးတောင်း ကျိုက်သည်
    ခါးဝတ် ပုဆိုး၏ ရှေ့အစကို ပေါင်ကြားမှ လျှို၍ ခါးနောက်ပိုင်းတွင် မြဲမြံစွာ ညှပ်သည်။ ခါးတောင်း ကျိုက်သည်
    gird one’s loins
    ကြိယာ

    တင်လွှာ

    [tɪ̀ɴlW̯à]
    ဘုရင် မင်းမြတ်ထံ တင်လျှောက်သော စာ
    ဘုရင် မင်းမြတ်ထံ တင်လျှောက်သော စာ
    accreditation
    နာမ်

    တင်လွှဲ

    [tɪ̀ɴlW̯ɛ]
    တင်သား တဖက်မှ တဖက်သို့ ကူးပြောင်းသည်
    တင်ပါး တစ်ဖက်မှ တစ်ဖက်သို့ ကူးပြောင်းသည်
    side wise
    ကြိယာ

    တင်လွှဲထိုင်

    [tɪ̀ɴlW̯ɛtʰàɪɴ]
    တင်သား တဖက်ဖြင့် ဖီးသတ် ထိုင်သည်
    တင်ပါး တစ်ဖက်ဖြင့် ဘေးတိုက် ထိုင်သည်
    sit side wise
    ကြိယာ

    တင်းဝါ

    [tɪ́ɴwà]
    (ကျည်တောက်မာ) ကောက်ညှင်းဆန် ထည့်၍ ဖုတ်စားရရေ ဝါးတမျိုး။ တင်းဝါးပါရေ၊ ဝယ်ပါခလိုက်၊ ကောက်ညှင်းဆန်ကို၊ ဖြူအောင်ဖွပ်ကေ၊ ဖုတ်စားရမေ၊ ချစ်ရောက်မကို၊ မာပိုင်က်တေ (ကျေး)
    (ကျည်တောက်တွင်) ကောက်ညှင်းဆန် ထည့်၍ ဖုတ်စားရသော ဝါးတစ်မျိုး။ တင်းဝါးပါရေ၊ ဝယ်ပါခလိုက်၊ ကောက်ညှင်းဆန်ကို၊ ဖြူအောင်ဖွပ်ကေ၊ ဖုတ်စားရမေ၊ ချစ်ရောက်မကို၊ မှာလိုက်တေ (ကျေး)
    bamboo
    နာမ်