Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 2,498 words

    တ

    တင်သား

    [tɪ̀ɴθá]
    တင်ဆုံ၏ ဖီးဖက်ဟိ အသားစိုင်၊ တင်သား။ တချက်ကြည့်ပါ၊ ကျွန့်ခန္ဓာမာ၊ ကြောမှနောက်ပြင်၊ တင်သားမလွတ်၊ ဆတ်ကျာသတ်ရာလေ၊ ဝိဇ္ဇာသတ်လို့ (ကော်)
    တင်ဆုံ၏ ဘေးဖက်ရှိ အသားစိုင်၊ တင်ပါး။ တချက်ကြည့်ပါ၊ ကျွန့်ခန္ဓာတွင်၊ ကြောမှနောက်ပြင်၊ တင်သားမလွတ်၊ ကြိမ်ဒဏ်ရာလေ၊ ဝိဇ္ဇာသတ်လို့ (ကော်)
    backside
    နာမ်

    တင်သားခဲ

    [tɪ̀ɴθákʰɛ]
    တင်သား၏ အောက်ပိုင်း။ တင်သားဆွဲ။ ဖရုံဆွဲ
    တင်သား၏ အောက်ပိုင်း။ တင်ပါးဆွဲ။ ဖရုံဆွဲ
    hip
    နာမ်

    တင်သွင်း

    [tɪ̀ɴθwɪ́ɴ]
    ကုန်ဝန် တိကို အရာမှ ယူဆောင် လာရေ
    ကုန်ပစ္စည်း များကို အခြားမှ ယူဆောင် လာသည်
    import
    ကြိယာ

    တင်္ကာ

    [tŋ̇kaà]
    ငွီဒင်္ဂါး။ တံဆိပ် ခတ်နှိပ်၍ အလီးချိန်နန့် တန်ဖိုး သတ်မှတ်ကာ သွန်းလုပ် ထားရေ ရွှီ၊ ငွီ၊ သတ္တုပြား။ သကြဇ်ဂ ၅၁ တင်္ကာ တရာ ငါးဆယ့်လေးချပ်၊ ဆန်ငါးရာ ခုနစ်ဆဲ၊ ငါ့ကောင်းမှုကို၊ မသုန္တရီနန့် လျှင်သက်သီ၊ အောက်ဘအဝီစိ အထက်ဘဝဂ် ငါကျိန်၏ (ဘုရားနီကျောက်စာ)။ (ပြင်ယာ
    ငွေဒင်္ဂါး။ တံဆိပ် ခတ်နှိပ်၍ အလေးချိန်နှင့် တန်ဖိုး သတ်မှတ်ကာ သွန်းလုပ် ထားသော ရွှေ၊ ငွေ၊ သတ္တုပြား။ သကြဇ်ဂ ၅၁ တင်္ကာ တရာ ငါးဆယ့်လေးချပ်၊ ဆန်ငါးရာ ခုနစ်ဆဲ၊ ငါ့ကောင်းမှုကို၊ မသုန္တရီနှင့် လျှင်သက်သီ၊ အောက်ဘအဝီစိ အထက်ဘဝဂ် ငါကျိန်၏ (ဘုရားနီကျောက်စာ)။ (ပြင်ယာ
    coin
    နာမ်

    တငြိုးငြိုး

    [tɲóɲó]
    တစုံ တဦး ကို တုံ့ပြန် အန္တရာယ် ပြုဖို့ အခွင့် စောင့်နိန်ရေအနိန်နန့်။ ရန်ငြိုး ထားလိုသည် ဖြစ်ပနာ
    တစ်စုံ တစ်ဦး အပေါ်တွင် တုံ့ပြန် အန္တရာယ် ပြုရန် အခွင့် စောင့်နေသော အားဖြင့်။ ရန်ငြိုး ထားလိုသည် ဖြစ်၍
    bitchy
    ကြိယာဝိသေသန

    တငြိုးငြိုး၂

    [tɲóɲó၂]
    ၁၊ တစုံ တဦး ကို တုံ့ပြန် အန္တရာယ် ပြုဖို့ အခွင့် စောင့်နိန်ရေ။ ရန်ငြိုး ထားရေ။ ၂၊ ရန်မူရန် ရည်ရွယ် ကြံစည်သည်
    ၁၊ တစ်စုံ တစ်ဦး အပေါ်တွင် တုံ့ပြန် အန္တရာယ် ပြုရန် အခွင့် စောင့်နေသည်။ ရန်ငြိုး ထားသည်။ ၂၊ ရန်မူရန် ရည်ရွယ် ကြံစည်သည်
    bitchy
    ကြိယာ

    တငြုငြု

    [tɲoʊɲoʊ]
    ၁၊ နားပူနားဆာ။ ၂၊ ရန်ငြိုး ထားသနန့်။ ၃၊ ခိုက်ရန် ဒေါသကြောင့် အခဲမကျီ ဖြစ်ဗျာယ်။ နှစ်ကောင်ခွီးရူး၊ အရိုးလုသို့၊ ရန်မူတငြုငြု၊ ဖြစ်လိမ့်မေ (သိုက်)
    ၁၊ နားပူနားဆာ။ ၂၊ ရန်ငြိုး ထားသဖြင့်။ ၃၊ ခိုက်ရန် ဒေါသကြောင့် အခဲမကျေ ဖြစ်လျက်။ နှစ်ကောင်ခွီးရူး၊ အရိုးလုသို့၊ ရန်မူတငြုငြု၊ ဖြစ်လိမ့်မည် (သိုက်)
    plague-vonomed
    ကြိယာဝိသေသန

    တငြူငြူ

    [tɲùɲù]
    ခိုက်ရန် ဒေါသကြောင့် အခဲမကျီ ဖြစ်ဗျာယ်။ နှစ်ကောင်ခွီးရူး၊ အရိုးလုသို့၊ ရန်မူတငြုငြု ဖြစ်လိမ့်မည် (သိုက်)
    ခိုက်ရန် ဒေါသကြောင့် အခဲမကျေ ဖြစ်လျက်။ နှစ်ကောင်ခွီးရူး၊ အရိုးလုသို့၊ ရန်မူတငြုငြု ဖြစ်လိမ့်မည် (သိုက်)
    implacable
    ကြိယာဝိသေသန

    တငွိ.ငွိ.

    [tŋwì.ŋwì.]
    အဟိန် ရက်ပြတ်ပဲ တဖြည်းတဖြည်း (သောကပူပင် လောင်ကျွမ်းဗျာယ်)။ ဖွဲပုံမီးကျ၊ ထိုတမျှသို့၊ တငွိ.တငွိ. လောင်ကျွမ်း ဘိ၍ (ရှီးထုံး)
    အရှိန် အဆက်မပြတ်ပဲ တဖြည်းတဖြည်း (သောက ပူပန် လောင်ကျွမ်းလျက်)။ ဖွဲပုံမီးကျ၊ ထိုတမျှသို့၊ တငွိ.တငွိ. လောင်ကျွမ်း ဘိ၍ (ရှေးထုံး)
    gradual
    ကြိယာဝိသေသန

    တငွိ.ငွိ.၂

    [tŋwì.ŋwì.၂]
    အဟိန် အဆက် မပြတ်ပဲ တဖြည်းတဖြည်း (သောကပူပင် လောင်ကျွမ်းဗျာယ်)။ ဖွဲပုံမီးကျ၊ ထိုတမျှသို့၊ တငွိ.တငွိ. လောင်ကျွမ်း ဘိ၍ (ရှီးထုံး)
    အရှိန် အဆက် မပြတ်ပဲ တဖြည်းတဖြည်း (သောက ပူပန် လောင်ကျွမ်းလျက်)။ ဖွဲပုံမီးကျ၊ ထိုတမျှသို့၊ တငွိ.တငွိ. လောင်ကျွမ်း ဘိ၍ (ရှေးထုံး)
    gradual
    ကြိယာဝိသေသန

    တစ

    [ts]
    ခြားနားရေ။ တသီး တသန့် ဖြစ်တေ။ တကွဲ တပြား ဖြစ်တေ။ သားမမြင်ကေ၊ လင်တစကေ၊ ဖြစ်ရရေလေ (ဒွေး)။ ဘိသက်ခံဖို့၊ မတန်စွလေ၊ တစကသာ၊ နိန်ရပါမူ၊ ငါ့မာကောင်း၏ (ဝိဇယ)
    ခြားနားသည်။ တသီး တသန့် ဖြစ်သည်။ တစ်ကွဲ တစ်ပြား ဖြစ်သည်။ သားမမြင်ကေ၊ လင်တစလျှင်၊ ဖြစ်ရရေလေ (ဒွေး)။ ဘိသက်ခံဖို့၊ မတန်စွလေ၊ တစကသာ၊ နေရပါမူ၊ ငါ့မှာကောင်း၏ (ဝိဇယ)
    differ
    ကြိယာ

    တစ၂

    [ts၂]
    သုသာန်။ သင်္ချိုင်း။ လူသီကောင် မြှပ်ရာ အရပ်။ သုသာန်တစ၊ သင်္ချိုင်းဝသို့၊ လားရဖို့မာ၊ မလွဲသာတည်း (ရှီးထုံး)
    သုသာန်။ သင်္ချိုင်း။ လူသေကောင် မြှပ်ရာ အရပ်။ သုသာန်တစ၊ သင်္ချိုင်းဝသို့၊ သွားရမည်မှာ၊ မလွဲသာတည်း (ရှေးထုံး)
    continuous
    နာမ်

    တံစက်စွန်း

    [tံsɛʔsʊ́ɴ]
    အမိုး၏ အောက်ဖက် နဘယံ
    အမိုး၏ အောက်ဖက် အနားစွန်း
    eaves
    နာမ်

    တံစက်ရီ

    [tံsɛʔɹí]
    တန်းစက်အောက်မှ ကျသော ရေ
    တံစက်မြိတ်မှ ကျသော ရေ
    eaves
    နာမ်

    တစင်းချင်း

    [tsɪ́ɴɕɪ́ɴ]
    ရှည်းလျား ဖြောင့်တန်း သွီဗျာယ်
    ရှည်းလျား ဖြောင့်တန်း သွယ်လျက်
    straight
    ကြိယာဝိသေသန

    တစင်းတည်း

    [tsɪ́ɴtɛ́]
    (အလုံးအဖန်) တညီ တညွတ်တည်း။ တဖြိုးတည်း။ မြတ်သည်ထင်ရှား၊ သစ်ယောက်ျားမူ၊ အဖျားအရင်း၊ တစင်းတည်းမျှ၊ လုံးညီလှ၏ (ဗိသုကာ)
    (အလုံးအဖန်) တညီ တညွတ်တည်း။ တဖြိုးတည်း။ မြတ်သည်ထင်ရှား၊ သစ်ယောက်ျားမူ၊ အဖျားအရင်း၊ တစင်းတည်းမျှ၊ လုံးညီလှ၏ (ဗိသုကာ)
    concerted
    ကြိယာဝိသေသန

    တစင်ထောင်

    [tsɪ̀ɴtʰàʊɴ]
    တသီး တခြား နီထိုင်ရေ။ တသီး တခြား ထူထောင်သည်
    တစ်သီး တစ်ခြား နေထိုင်သည်။ တစ်သီး တစ်ခြား ထူထောင်သည်
    isolate
    ကြိယာ

    တစစ

    [tss]
    တဆတ်ဆတ်။ တခေါက် တခေါက်လျှင် စိကေချေစီ။ တဖဲ့ချေချင်း
    တဖြည်းဖြည်း။ တစ်ကြိမ် တစ်ကြိမ်လျှင် အနည်းငယ်စီ။ နည်းနည်းချင်း
    gradual
    ကြိယာဝိသေသန

    တစတစ

    [tsts]
    တဆတ်ဆတ်။ တခေါက် တခေါက်လျှင် စိကေချေစီ။ တဖဲ့ချေချင်း
    တဖြည်းဖြည်း။ တစ်ကြိမ် တစ်ကြိမ်လျှင် အနည်းငယ်စီ။ နည်းနည်းချင်း
    gradual
    ကြိယာဝိသေသန

    တစပ်စပ်

    [tsaʔsaʔ]
    ရက်ပြတ် (ပြောဆို ရွတ်ဖတ် မြည်တမ်းဗျာယ်) ဆက်ကာ ဆက်ကာ
    အဆက်မပြတ် (ပြောဆို ရွတ်ဖတ် မြည်တမ်းလျက်) ဆက်ကာ ဆက်ကာ
    repeat
    ကြိယာဝိသေသန