Dictionary Entries
Showing 301–320 of 2,498 words
တ
တစပ်တည်း
[tsaʔtɛ́]
Arakanese:
စဉ်တိုက်။ တောက်လျောက်။ အကြား အလပ် မဟိဘဲ
Burmese:
စဉ်တိုက်။ တောက်လျောက်။ အကြား အလပ် မရှိပဲ
English:
continuous
Grammar Note:
ကြိယာဝိသေသန
တစပြင်
[tspɹɪ̀ɴ]
Arakanese:
သုဿန်။ သင်္ချိုင်း။ လူသီကောင် မြှပ်ရာ အရပ်။ သုဿန်တစ၊ သင်္ချိုင်းဝသို့၊ လားရဖို့မာ၊ မလွဲသာတည်း (ရှီးထုံး)
Burmese:
သုဿန်။ သင်္ချိုင်း။ လူသေကောင် မြှပ်ရာ အရပ်။ သုဿန်တစ၊ သင်္ချိုင်းဝသို့၊ သွားရမည်မှာ၊ မလွဲသာတည်း (ရှေးထုံး)
English:
graveyard
Grammar Note:
နာမ်
တစသတ်
[tsθaʔ]
Arakanese:
၁၊ ရက်ပြတ်။ ဆက်ကာ ဆက်ကာ။ ၂၊ တနီရာမှ စပြီးကေ။ ၃၊ တဖက်သတ်။ ၄၊ အစမှ အဆုံးထိ ထိတောင်။ အားလုံး သိမ်းကျုံး ဗျာယ်
Burmese:
၁၊ အဆက်မပြတ်။ ဆက်ကာ ဆက်ကာ။ ၂၊ တစ်နေရာမှ စ၍။ ၃၊ တစ်ဖက်သတ်။ ၄၊ အစမှ အဆုံးထိ တိုင်အောင်။ အားလုံး သိမ်းကျုံး လျက်
English:
repeat
Grammar Note:
ကြိယာဝိသေသန
တစာစာ
[tsàsà]
Arakanese:
မပြတ်မလပ် ဆက်ကာ ဆက်ကာ ကျယ်စွာသော အသံကို ပြုဗျာယ်။ တစာစာ တရုရု၊ ဆွတ်ဆွတ်လည်းခေါ်၊ ဖကိုရှာကေ၊ မကြာခုပီးလတ်ဟု (မေတ္တာ)။ သားငယ်သားကြီး၊ ပူဆိပူဆာ၊ တစာစာနှင့်၊ ငိုကာညီးကေ (ပဋါ)
Burmese:
မပြတ်မလပ် ဆက်ကာ ဆက်ကာ ကျယ်စွာသော အသံကို ပြုလျက်။ တစာစာ တတွတ်တွတ်၊ ဆွတ်ဆွတ်လည်းခေါ်၊ ဖကိုရှာကေ၊ မကြာခုပီးလတ်ဟု (မေတ္တာ)။ သားငယ်သားကြီး၊ ပူဆိပူဆာ၊ တစာစာနှင့်၊ ငိုကာညီးကေ (ပဋါ)
English:
rumbustious
Grammar Note:
ကြိယာဝိသေသန
တစိ
[tsì]
Arakanese:
စိကေချေလောင်းာက်။ တဖဲ့ချေတောင်။ စဉ်းချေ။ ဇာသို့တစိ၊ စိုးရိမ်ရန်ကို၊ မှန်မသိဟု (ထာနု)။ အရင်းဘက်က၊ တချက်ရို့ဘိ၊ ထက်ဘုံစဉ်မာ၊ အသာငြိမ့်လို့၊ တစိမလှုပ် (ကော်)။ ညဦးကပင်၊ စံပျော်ရွှင်ကေ၊ ဇာမာတစိ၊ မြစ်မဟိပဲ(ဥဒိန်သာ)
Burmese:
အနည်းငယ်မျှ။ စိုးစဉ်းမျှ။ စဉ်းငယ်မျှ။ ဘယ်သို့တစိ၊ စိုးရိမ်ရန်ကို၊ မှန်မသိဟု (ထာနု)။ အရင်းဘက်က၊ တချက်တို့ဘိ၊ ထက်ဘုံစဉ်မှာ၊ အသာငြိမ့်လို့၊ တစိမလှုပ် (ကော်)။ ညဦးကပင်၊ စံပျော်ရွှင်ကေ၊ ဘယ်တွင်တစိ၊ မြစ်မဟိပဲ(ဥဒိန်သာ)
English:
jot
Grammar Note:
ကြိယာဝိသေသန
တစိ.ကေတဗွေ
[tsì.kètbwè]
Arakanese:
မပြောပ လောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဆိတ်စာလေး
Burmese:
မပြောပ လောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ တဆိတ်စာလေး
English:
dribs and drabs
Grammar Note:
နာမ်
တစိ.တပေါက်
[tsì.tpaʊʔ]
Arakanese:
၁၊ စိကေချေ လောင်းာက်ရာ ဖြစ်ရေ။ ၂၊ နည်းသော ပမာဏ ဟိရေ
Burmese:
၁၊ အနည်းငယ် မျှသာ ဖြစ်သော။ ၂၊ နည်းသော ပမာဏ ရှိသော
English:
few-slight
Grammar Note:
နာမဝိသေသန
တစိကေ
[tsìkè]
Arakanese:
မပြောပ လောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဖဲ့ချေတောင် ဖြစ်ရေ ပမာဏ
Burmese:
မပြောပ လောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ စိုးစဉ်းမျှ ဖြစ်သော ပမာဏ
English:
little
Grammar Note:
နာမ်
တစိကေသျှေ
[tsìkèʃè]
Arakanese:
မပြောပ လောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဆိတ်စာလေး
Burmese:
မပြောပ လောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ တဆိတ်စာလေး
English:
dribs and drabs
Grammar Note:
နာမ်
တစိတ်ကာသား
[tseɪʔkàθá]
Arakanese:
အနည်း အကျိုင်း။ တချို့ အလပ်
Burmese:
အနည်း အကျဉ်း။ အချို့ တဝက်
English:
soupcon
Grammar Note:
နာမ်
တစိတ်ကေ
[tseɪʔkè]
Arakanese:
မပြောပ လောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဖဲ့ချေတောင် ဖြစ်ရေ ပမာဏ
Burmese:
မပြောပ လောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ စိုးစဉ်းမျှ ဖြစ်သော ပမာဏ
English:
little
Grammar Note:
နာမ်
တစိတ်ကေသျှေ
[tseɪʔkèʃè]
Arakanese:
မပြောပ လောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဆိတ်စာလေး
Burmese:
မပြောပ လောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ တဆိတ်စာလေး
English:
dribs and drabs
Grammar Note:
နာမ်
တစိတ်စောင်
[tseɪʔsàʊɴ]
Arakanese:
တဖက်သို့ တိမ်းရေ။ စောင်းရေ။ ယွဲ့သည်
Burmese:
တစ်ဖက်သို့ တိမ်းသည်။ စောင်းသည်။ ယွဲ့သည်
English:
swaying
Grammar Note:
ကြိယာ
တစိတ်စောင်း
[tseɪʔsáʊɴ]
Arakanese:
တည့်တည့် မတ်မတ် မဟုတ်ဘဲ။ တူရူ မဟုတ်။ ခပ်ရွှီရွှီ။ ခပ်ရွဲ့ရွဲ့
Burmese:
တည့်တည့် မတ်မတ် မဟုတ်ပဲ။ တူရူ မဟုတ်။ ခပ်ရွှေရွှေ။ ခပ်ရွဲ့ရွဲ့
English:
devious
Grammar Note:
ကြိယာ
တစိတ်သတ်
[tseɪʔθaʔ]
Arakanese:
တဖက်သို့ တိမ်းရေ။ စောင်းရေ။ ယွဲ့သည်
Burmese:
တစ်ဖက်သို့ တိမ်းသည်။ စောင်းသည်။ ယွဲ့သည်
English:
swaying
Grammar Note:
ကြိယာဝိသေသန
တစိပ်ခွပ်
[tsìaʔkʰwaʔ]
Arakanese:
တဖက်သို့ တိမ်းရေ။ စောင်းရေ။ ယွဲ့သည်
Burmese:
တစ်ဖက်သို့ တိမ်းသည်။ စောင်းသည်။ ယွဲ့သည်
English:
incline
Grammar Note:
ကြိယာ
တစိမ်း
[tséɪɴ]
Arakanese:
တကြိမ် တခါမျှ တွိမြင် သိကျွမ်း ဖူးခြင်း မဟိသိမ့်သူ။ မရင်းနှီးသူ
Burmese:
တကြိမ် တစ်ခါမျှ တွေ့မြင် သိကျွမ်း ဖူးခြင်း မရှိသေးသူ။ မရင်းနှီးသူ
English:
unfamiliarity
Grammar Note:
နာမ်
တစိမ်းစိမ်း
[tséɪɴséɪɴ]
Arakanese:
၁၊ စစိနနံ ရှုကြည့်ရေ။ ၂၊ တဏှာစိတ်ဖြင့် အာရုံ စွဲလန်း၍ ကြည့်သည်
Burmese:
၁၊ သေသေချာချာ ရှုကြည့်သည်။ ၂၊ တဏှာစိတ်ဖြင့် အာရုံ စွဲလန်း၍ ကြည့်သည်
English:
look up desire
Grammar Note:
ကြိယာ
တစိုက်ချင်း
[tsaɪʔɕɪ́ɴ]
Arakanese:
မသွေမဝိုက် ဖြောင့်တန်းစွာ။ ဖြောင့်ဖြောင့် တန်းတန်း။ ဂရုထူဗျာယ်။ ကျောင်းကဆင်းကေ အိမ်သို့ တစိုက်ချင်းလာရေ
Burmese:
မသွေမဝိုက် ဖြောင့်တန်းစွာ။ ဖြောင့်ဖြောင့် တန်းတန်း။ ဂရုစိုက်လျက်။ ကျောင်းကဆင်းကေ အိမ်ကို တစိုက်ချင်းလာရေ
English:
straight
Grammar Note:
ကြိယာဝိသေသန
တစိုက်စိုက်
[tsaɪʔsaɪʔ]
Arakanese:
အမြဲမကွာ။ နောက်ခါ ထပ်ကြပ် ကေလည်း
Burmese:
အမြဲမကွာ။ နောက်မှ ထပ်ကြပ် ပါလျက်
English:
adjoining
Grammar Note:
ကြိယာဝိသေသန