Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 2,498 words

    တ

    တစ်ကန့်

    [tɪʔkàɴ့]
    (တကန့်စီ) ကန့်သတ် ပိုင်းခြား သတ်မှတ် ထားချက် တခု
    (တစ်ကန့်စီ) ကန့်သတ် ပိုင်းခြား သတ်မှတ် ထားချက် တစ်ခု
    restricted
    နာမ်

    တစ်ကပ်

    [tɪʔkaʔ]
    အရွီအတွက် အစဟိစွာအနိန်နန့် သီသပ်စွာ ထုပ်ပိုး ထားရေ ဝန် တခု။ ဆီမီးတိုင် တကပ်။ ဆီးတကပ် အစဟိစွာ
    အရေအတွက် စသည်ဖြင့် သေသပ်စွာ ထုပ်ပိုး ထားသော ပစ္စည်း တစ်ခု။ ဖယောင်းတိုင် တစ်ကပ်။ ဆေးတစ်ကပ် စသည်
    package
    နာမ်

    တစ်ကပ်၂

    [tɪʔkaʔ၂]
    ခြည်ခင် အရွီအတွက် ၂၀၀ ဟိရေ အထုပ်တခု။ (ခြည်တခင်မာ (ခြည်ခင်ငယ်) ခုနှစ် ခု ဟိရေ။) ဆယ်ခင်ကို တထုံး ခေါ်ရေ။ အထုံး နှစ်ဆယ်ကို တကပ် ခေါ်ရေ။ ၁၀×၂၀=၂၀၀) ခုနှစ်ခု တခင်၊ ဆယ်ခင် တထုံး၊ ဆယ်ထုံး တကပ်
    ချည်ခင် အရေအတွက် ၂၀၀ ရှိသော အထုပ်တစ်ခု။ (ချည်တစ်ခင်တွင် (ချည်ခင်ငယ်) ခုနှစ် ခု ရှိသည်။) ဆယ်ခင်ကို တစ်ထုံး ခေါ်သည်။ အထုံး နှစ်ဆယ်ကို တစ်ကပ် ခေါ်သည်။ ၁၀×၂၀=၂၀၀) ခုနှစ်ခု တစ်ခင်၊ ဆယ်ခင် တစ်ထုံး၊ ဆယ်ထုံး တစ်ကပ်
    of one package
    နာမ်

    တစ်ကရစ်

    [tɪʔkɹɪʔ]
    အလွန်အကျွံ စုပြုံဗျာယ်။ ပျစ်ဗျာယ်။ သခွားငကြောင်၊ တညှာတည်းမာ၊ ကိုးလုံးပြောင်၊ တတောင်တဆစ်၊ တကရစ် (တေး)
    အလွန်အမင်း စုပြုံလျက်။ ပြွတ်သိပ်လျက်။ သခွားငကြောင်၊ တညှာတည်းမှာ၊ ကိုးလုံးပြောင်၊ တတောင်တဆစ်၊ တစ်ကရစ် (တေး)
    chock a block
    ကြိယာဝိသေသန

    တစ်ကရီတစ်ကရစ်

    [tɪʔkɹítɪʔkɹɪʔ]
    အလွန်အကျွံ စုပြုံဗျာယ်။ ပျစ်ဗျာယ်
    အလွန်အမင်း စုပြုံလျက်။ ပြွတ်သိပ်လျက်
    chock a block
    ကြိယာဝိသေသန

    တစ်ကာနီ

    [tɪʔkàní]
    လယ် တသျှဉ်းမာ ၆ ဒသမ ၄၀ ဧက ဟိရာ ယင်း တသျှဉ်း၏ ၁၆ဖို့ ၁ဖို့ဖြစ်ရေ လယ်ယာ မြီကွက်။ (လယ် တသျှဉ်းမာ ၁၆ ကာနီ ဟိရေ။ တိုင်းနီသည် သျှစ်တောင် ဝါးပြန်ဖြင့် အတာပြုပနာ စတုရန်း ပတ်လည် ဝါးပြန်ပေါင်း ၁၂၀ ဟိရေ။ နှစ်ကာနီခွဲသည် တ ဧကနန့် ညီမျှရေ။ တဆယ့် ခြောက
    လယ် တစ်သျှဉ်းတွင် ၆ ဒသမ ၄၀ ဧက ရှိရာ ယင်း တစ်သျှဉ်း၏ ၁၆ဖို့ ၁ဖို့ဖြစ်သော လယ်ယာ မြေကွက်။ (လယ် တစ်သျှဉ်းတွင် ၁၆ ကာနီ ရှိသည်။ တစ်ကာနီသည် ရှစ်တောင် ဝါးပြန်ဖြင့် အတာပြု၍ စတုရန်း ပတ်လည် ဝါးပြန်ပေါင်း ၁၂၀ ရှိသည်။ နှစ်ကာနီခွဲသည် တစ် ဧကနှင့် ညီမျှသည်။ တစ်ဆယ့် ခြောက
    plot of land
    နာမ်

    တစ်ကိုင်

    [tɪʔkàɪɴ]
    လက်ဖြင့် ကိုင်နိုင် လောက်သော အလီးချိန်
    လက်ဖြင့် ကိုင်နိုင် လောက်သော အလေးချိန်
    weight
    နာမ်

    တစ်ကိုင်း

    [tɪʔkáɪɴ]
    ၁၊ တခေါက်။ တခါ။ တခေါက်။ ခြံချောင်းရွာကို တကိုင်းလားခီဗျာယ်။ ၂၊ မကြာသိမ့်သော အချိန်ကာလ။ မောင်ဖြူဈီးကို လားခစွာ တကိုင်းရာ ဟိသိရေ
    ၁၊ တစ်ကြိမ်။ တစ်ခါ။ တစ်ခေါက်။ ခြံချောင်းရွာကို တစ်ကိုင်းလားခီဗျာယ်။ ၂၊ မကြာသေးသော အချိန်ကာလ။ မောင်ဖြူဈီးကို လားခစွာ တစ်ကိုင်းရာ ဟိသိရေ
    once
    နာမ်

    တစ်ကိုင်၂

    [tɪʔkàɪɴ၂]
    ဆွဲတောင်း (တတောင်း) တလုံးဖြင့် ထည့်ထားရေ ဝန် တခု
    ခြင်းတောင်း (တစ်တောင်း) တစ်လုံးဖြင့် ထည့်ထားသော ပစ္စည်း တစ်ခု
    one thing in the basket
    နာမ်

    တစ်ကိုင်တည်း

    [tɪʔkàɪɴtɛ́]
    တူညီရေ၏ အဖြစ်ကို ပြသော စကား
    တူညီသည်၏ အဖြစ်ကို ပြသော စကား
    same
    နာမ်

    တစ်ကိုင်တည်းငါးပိ

    [tɪʔkàɪɴtɛ́ŋàးpì]
    (ဥပစာ) တသဘောတည်း။ အသွင် သဏ္ဍာန် တမျိုး တစားတည်း
    (ဥပစာ) တစ်သဘောတည်း။ အသွင် သဏ္ဍာန် တစ်မျိုး တစ်စားတည်း
    only one
    နာမ်

    တစ်ကိုယ်

    [tɪʔkÒɛ̀]
    တယောက် ထီးတည်း
    တစ်ယောက် ထီးတည်း
    alone
    နာမ်

    တစ်ကိုယ်ကောင်း

    [tɪʔkÒɛ̀káʊɴ]
    ကိုယ့် တဦးတည်း ကောင်းစားရီး အတွက်
    မိမိ တစ်ဦးတည်း ကောင်းစားရေး အတွက်
    selfish
    နာမ်

    တစ်ကိုယ်တစ်ကာယ

    [tɪʔkÒɛ̀tɪʔkàj]
    တယောက် ထီးတည်း။ လင်နန့်ကွဲလို့၊ မယ့်တကိုယ်လေ၊ တိုင်းယတည်း (ထာနု)
    တစ်ယောက် ထီးတည်း။ လင်နဲ့ကွဲလို့၊ မယ့်တစ်ကိုယ်လေ၊ တစ်ကာယတည်း (ထာနု)
    alone
    နာမ်

    တစ်ကိုယ်တော်

    [tɪʔkÒɛ̀tɔ̀]
    တဦး လုံးချင်းတည်း
    တစ်ဦး တစ်ယောက်တည်း
    alone
    နာမ်

    တစ်ကူရီ

    [tɪʔkùɹí]
    အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ။ မကန်မဝှန်။ မောင်ဖြူရို့မာ အမျိုးတိ တိလို့ အမျိုး တကူရီ ရောက်နီကတ် တေ။ လူတကူရီ အစဟိစွာ
    အမျိုးအမည် အရေအတွက် စသည် များပြားစွာ။ အများအပြား။ မောင်ဖြူရို့မှာ အမျိုးတိ များလို့ အမျိုး တစ်ကူရီ ရောက်နီကတ် တေ။ လူတစ်ကူရီ စသည်
    many
    ကြိယာဝိသေသန

    တစ်ကူသျှိ

    [tɪʔkùʃì]
    တဆွေ တမျိုးလုံး
    တစ်ဆွေ တစ်မျိုးလုံး
    relative
    နာမ်

    တစ်ကောင်ကြွက်

    [tɪʔkàʊɴt͡ɕwɛʔ]
    ဆွီမျိုး သားချင်း တစုံ တယောက်လောင်းာက် မဟိ တဦးတည်း အဖြစ်။ ကံရက်ချုပ် ညံ့ရေအတွက် အကျွန့်မာ တကောင်ကြွက် ဖြစ်နီပါဗျာယ်
    ဆွေမျိုး သားချင်း တစ်စုံ တစ်ယောက်မျှ မရှိ တစ်ဦးတည်း အဖြစ်။ ကံဇာတာ ညံ့ရေအတွက် အကျွန့်မှာ တစ်ကောင်ကြွက် ဖြစ်နီပါဗျာယ်
    person without any relatives
    နာမ်

    တစ်ကောင်ကြွက်တစ်မျက်နှာ

    [tɪʔkàʊɴt͡ɕwɛʔtɪʔmrɛʔn̥à]
    ဆွီမျိုး သားချင်း တစုံ တယောက်လောင်းာက် မဟိ တဦးတည်း အဖြစ်။ ကံရက်ချုပ် ညံ့ရေအတွက် အကျွန့်မာ တကောင်ကြွက် ဖြစ်နီပါဗျာယ်
    ဆွေမျိုး သားချင်း တစ်စုံ တစ်ယောက်မျှ မရှိ တစ်ဦးတည်း အဖြစ်။ ကံဇာတာ ညံ့ရေအတွက် အကျွန့်မှာ တစ်ကောင်ကြွက် ဖြစ်နီပါဗျာယ်
    person without any relatives
    နာမ်

    တစ်ကော်

    [tɪʔkɔ̀]
    လက်ညိုးဖြင့် (ကော်၍) ယူနိုင် လောက်သော ပမာဏ
    လက်ညိုးဖြင့် (ကော်၍) ယူနိုင် လောက်သော ပမာဏ
    magnitude
    နာမ်