Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 2,498 words

    တ

    တစ်ကျင်း

    [tɪʔt͡ɕɪ́ɴ]
    အပိုင်း အရာ အတွက် စရေ ကန့်သတ်ချက် တခု။ မှိုတကျင်း စရေ။ အလျား အနံ ၁၀ ပေစီ ဟိပြီးကေ အစောက် ၁ ပေဟိရေ သဲ၊ ကျောက် အစဟိစွာရို့၏ အတိုင်းအတာ
    အပိုင်း အခြား အတွက် စသည့် ကန့်သတ်ချက် တစ်ခု။ မှိုတစ်ကျင်း စသည်။ အလျား အနံ ၁၀ ပေစီ ရှိ၍ အစောက် ၁ ပေရှိသော သဲ၊ ကျောက် စသည်တို့၏ အတိုင်းအတာ
    separate
    နာမ်

    တစ်ကျည့်

    [tɪʔt͡ɕɛ̰]
    (ခွက်ဖြင့်) တခွက်။ ကျိုက်၍ တခေါက် မျိုသောက် လောက်ရုံ။ အုန်းရည်ထန်းရည်၊ တခပ်တကျည့်၊ ငါ့ရို့ညှည့်မေ၊ သောက်ကြည့် လီလီာ (ဥဒိန်သာ)
    (ခွက်ဖြင့်) တစ်ခွက်။ ကျိုက်၍ တစ်ကြိမ် မျိုသောက် လောက်ရုံ။ အုန်းရည်ထန်းရည်၊ တခပ်တကျည့်၊ ငါ့တို့ညှည့်မေ၊ သောက်ကြည့် လေလော (ဥဒိန်သာ)
    cup
    နာမ်

    တစ်ကျည့်၂

    [tɪʔt͡ɕɛ̰၂]
    ပစဖြင့် တခေါက် ကျိုက်၍ မျိုသောက် လောက်ရုံမျှသော ရေ
    ပါးစပ်ဖြင့် တစ်ကြိမ် ကျိုက်၍ မျိုသောက် လောက်ရုံမျှသော ရေ
    mouthful
    နာမ်

    တစ်ကျိတ်စာ

    [tɪʔt͡ɕeɪʔsà]
    တခေါက် တခါ သောက်လောက်၊ စားရုံ လောက်လောင်းာက်သော အစားအစာ
    တစ်ကြိမ် တစ်ခါ သောက်လောက်၊ စားရုံ လောက်မျှသော အစားအစာ
    disposable
    နာမ်

    တစ်ကျိတ်သာ

    [tɪʔt͡ɕeɪʔθà]
    ဖူးစကတ် ၄ ရွက် ပမာဏဟိ စက္ကူ ၂၄ ရွက်။ (ဖူးစကတ် ၉၆ ရွက်)
    ဖူးစကတ် ၄ ရွက် ပမာဏရှိ စက္ကူ ၂၄ ရွက်။ (ဖူးစကတ် ၉၆ ရွက်)
    page
    နာမ်

    တစ်ကျိပ်

    [tɪʔt͡ɕìaʔ]
    လူဆယ်ယောက်။ လူတဆယ်
    လူဆယ်ယောက်။ လူတစ်ဆယ်
    ten persons
    နာမ်

    တစ်ကျိုင်

    [tɪʔt͡ɕàɪɴ]
    များပြားစွာ တစု တရုံတည်း ဟိနိန်ရေ သက်ဟိ သတ္တဝါ အစုအဖွဲ့ တခု။ လူတကျိုင်၊ ကျွဲတကျိုင်၊ နွားတကျိုင်၊ ဗျိုင်းတကျိုင် အစဟိစွာ
    များပြားစွာ တစ်စု တစ်ရုံတည်း ရှိနေသော သက်ရှိ သတ္တဝါ အစုအဖွဲ့ တစ်ခု။ လူတစ်ကျိုင်၊ ကျွဲတစ်ကျိုင်၊ နွားတစ်ကျိုင်၊ ဗျိုင်းတစ်ကျိုင် စသည်
    group
    နာမ်

    တစ်ကျီသော်

    [tɪʔt͡ɕíθɔ̀]
    တခေါက်။ တခါ။ တလှည့်။ တသုတ်။ (အကြိမ်၊ အခါ၊ အလှည့်)။ ငွီတကျီသော် ထုတ်ကေ၊ နှစ်ရာငါးဆယ်စီရာ ရရေ။ ငွီတထောင်ကို၊ ချေကျီသော်ထုတ်ရဖို့
    တစ်ကြိမ်။ တစ်ခါ။ တစ်လှည့်။ တစ်သုတ်။ (အကြိမ်၊ အခါ၊ အလှည့်)။ ငွီတစ်ကျီသော် ထုတ်ကေ၊ နှစ်ရာငါးဆယ်စီရာ ရရေ။ ငွီတစ်ထောင်ကို၊ လေးကျီသော်ထုတ်ရဖို့
    once
    နာမ်

    တစ်ကျော်စာ

    [tɪʔt͡ɕɔ̀sà]
    ခြေဖြင့် ကျော်လွှား၍ လားနှိုင် လောက်သော အမြင့် ပမာဏ
    ခြေဖြင့် ကျော်လွှား၍ သွားနိုင် လောက်သော အမြင့် ပမာဏ
    height
    နာမ်

    တစ်ကျွန်း

    [tɪʔt͡ɕʊ́ɴ]
    ဝေးရပ် မြီခြား တိုင်းတပါး။ တသက်လုံးလုံး ထောင်ဒဏ် ခံရသူရို့ကို ထားရေ အရပ်
    ဝေးရပ် မြေခြား တိုင်းတစ်ပါး။ တစ်သက်ပတ်လုံး ထောင်ဒဏ် ခံရသူတို့ကို ထားသော အရပ်
    banish
    နာမ်

    တစ်ကျွန်းပို့

    [tɪʔt͡ɕʊ́ɴpo̰]
    ၁၊ အပြစ်ဒဏ် ကြီးရေ သူရို့ကို (ကိုကိုးကျွန်း ပိုင်ယှောင်) လူနှင့် မနီးသော ကျွန်းသို့ အပို့ ခံရသူ။ ၂၊ ထောင်ဒဏ် အပြစ်ပီး ခံရသူ
    ၁၊ အပြစ်ဒဏ် ကြီးသော သူတို့ကို (ကိုကိုးကျွန်း ကဲ့သို့သော) လူနှင့် မနီးသော ကျွန်းသို့ အပို့ ခံရသူ။ ၂၊ ထောင်ဒဏ် အပြစ်ပေး ခံရသူ
    banish
    နာမ်

    တစ်ကြို

    [tɪʔt͡ɕÒ]
    ခေါင်ရည်၊ စိမ်ရည် သောက်ရာမာ အတိုင်း အတာ တခု။ (ခေါင်ရည်၊ စိမ်ရည် စစွာကို တဆီးဖြင့် ရေထည့်၍ တည်ထားပြီးသားကေ (အိုးကြီးလျှင် ကြီးသလောက်) တထွာ၊ တမိုက် အစဟိစွာအနိန်နန့် အရည်ကို တိုင်းတာ၍ ထားရရေ။ ယင်း တိုင်းတာ၍ ထားချက် တခုကို တကြိုဟု ခေါ်ရေ။
    ခေါင်ရည်၊ စိမ်ရည် သောက်ရာ၌ အတိုင်း အတာ တစ်ခု။ (ခေါင်ရည်၊ စိမ်ရည် စသည်ကို တဆေးဖြင့် ရေထည့်၍ တည်ထားပြီးလျှင် (အိုးကြီးလျှင် ကြီးသလောက်) တစ်ထွာ၊ တစ်မိုက် စသည်ဖြင့် အရည်ကို တိုင်းတာ၍ ထားရသည်။ ယင်း တိုင်းတာ၍ ထားချက် တစ်ခုကို တစ်ကြိုဟု ခေါ်သည်။
    scope
    နာမ်

    တစ်ကြိုင်း

    [tɪʔt͡ɕáɪɴ]
    ၁၊ တခေါက်။ တခါ။ တခေါက်။ ခြံချောင်းရွာကို တကိုင်း လားခီဗျာယ်။ ၂၊ မကြာ သိမ့်ရေ အချိန်ကာလ။ မောင်ဖြူ ဈီးကို လားခစွာ တကိုင်းရာ ဟိသိရေ
    ၁၊ တစ်ကြိမ်။ တစ်ခါ။ တစ်ခေါက်။ ခြံချောင်းရွာကို တစ်ကိုင်း လားခီဗျာယ်။ ၂၊ မကြာ သေးသော အချိန်ကာလ။ မောင်ဖြူ ဈီးကို လားခစွာ တစ်ကိုင်းရာ ဟိသိရေ
    one time
    နာမ်

    တစ်ကြုတ်

    [tɪʔt͡ɕoʊʔ]
    အပေါင်း အသင်း၊ အဖွဲ့ အစည်း တခု။ ယင်း သူရို့ တကြုတ်မာ လူ တဆယ့် နှစ်ယောက် ဟိရေ
    အပေါင်း အသင်း၊ အဖွဲ့ အစည်း တစ်ခု။ ယင်း သူရို့ တစ်ကြုတ်မှာ လူ တစ်ဆယ့် နှစ်ယောက် ဟိရေ
    group
    နာမ်

    တစ်ကြောင်း

    [tɪʔt͡ɕáʊɴ]
    တခြား နည်းလမ်း
    တစ်ခြား နည်းလမ်း
    other way
    နာမ်

    တစ်ကြောင်း၂

    [tɪʔt͡ɕáʊɴ၂]
    တခုတည်းသော လမ်း
    တစ်ခုတည်းသော လမ်း
    one way
    နာမ်

    တစ်ကြောင်း၃

    [tɪʔt͡ɕáʊɴ၃]
    ကိုယ် ခံယူချက်ဖြင့် ကိုယ်စီ။ ကိုယ်တကြောင်း သူတကြောင်း။ ချီတကြောင်း ဆတ်တကြောင်း (ပုံ)
    ကိုယ် ခံယူချက်ဖြင့် ကိုယ်စီ။ ကိုယ်တစ်ကြောင်း သူတစ်ကြောင်း။ ချီတစ်ကြောင်း ဆတ်တစ်ကြောင်း (ပုံ)
    ways
    နာမ်

    တစ်ကြောင်းတည်း

    [tɪʔt͡ɕáʊɴtɛ́]
    (ဥပစာ) စိတ်ချင်း၊ သဖောချင်း၊ ဆန္ဒချင်း တူညီရေ
    (ဥပစာ) စိတ်ချင်း၊ သဘောချင်း၊ ဆန္ဒချင်း တူညီသည်
    same
    ကြိယာ

    တစ်ကြောင်းတည်း၂

    [tɪʔt͡ɕáʊɴtɛ́၂]
    (ဥပစာ) စိတ်ချင်း၊ သဖောချင်း၊ ဆန္ဒချင်း တူညီခြင်း
    (ဥပစာ) စိတ်ချင်း၊ သဘောချင်း၊ ဆန္ဒချင်း တူညီခြင်း
    same
    နာမ်

    တစ်ကြွီ

    [tɪʔt͡ɕwí]
    ကွမ်းသီး လုံးရေ ၂၀၀ ကို ခေါ်သော စကားလုံး
    ကွမ်းသီး လုံးရေ ၂၀၀ ကို ခေါ်သော စကားလုံး
    of areca nut
    နာမ်