Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 2,498 words

    တ

    တကယ့်တကယ်

    [tkɛ့̀tkɛ̀]
    မုချဧကန်။ အမှန် စင်စစ်
    မုချဧကန်။ အမှန် စင်စစ်
    surely - really
    ကြိယာဝိသေသန

    တကယ်တမ်း

    [tkɛ̀táɴ]
    အမှန်။ စင်စစ်။ ဧကန်။ မလွဲမသွေ။ မုချ
    အမှန်။ စင်စစ်။ ဧကန်။ မလွဲမသွေ။ မုချ
    certainly
    ကြိယာဝိသေသန

    တကယ့်ပင်

    [tkɛ့̀pɪ̀ɴ]
    အဂေါင့်။ ဧကန်။ မုချ။ အမှန်။ စင်စစ်
    အဟုတ်။ ဧကန်။ မုချ။ အမှန်။ စင်စစ်
    certainly
    ကြိယာဝိသေသန

    တကယ်လို့

    [tkɛ̀lo̰]
    မဖြစ် သိမ့်စွာကို ဖြစ်လီဖို့ဟန် ပိုင် ပြောဆို ရာမာ သုံးသော စကားလုံး
    မဖြစ် သေးသည်ကို ဖြစ်မည်ဟန် ကဲ့သို့ ပြောဆို ရာတွင် သုံးသော စကားလုံး
    in case
    ကြိယာဝိသေသန

    တကယ်လိုလို

    [tkɛ̀lÒlÒ]
    ထင်ယောင် ထင်မား။ ယုံမား သံသယ ဖြစ်ဗျာယ်
    ထင်ယောင် ထင်မှား။ ယုံမှား သံသယ ဖြစ်လျက်
    illusiveness
    ကြိယာဝိသေသန

    တကာ

    [tkà]
    အပေါင်း။ အများ။ အားလုံး။ ပဏ္ဏာမွန်ကို၊ ခါရံမပြတ်၊ ပြည်တိုင်းက၊ ဆက်ကာကပ်ကေ (နာရဒ)။ ယောက်ျားတိုင်း၊ မြင်မြင်ရာနှင့်၊ ဖောက်ပြန်ပြုပြန်၊ မျိုးက်မင်းသားနှင့်၊ ဖေါက်ပြားဟန်ကို (မျိုးက်)။ အများတိုင်း
    အပေါင်း။ အများ။ အလုံးစုံ။ ပဏ္ဏာမွန်ကို၊ ခါရံမပြတ်၊ ပြည်တကာက၊ ဆက်ကာကပ်ကေ (နာရဒ)။ ယောက်ျားတကာ၊ မြင်မြင်ရာနှင့်၊ လော်မာပြုပြန်၊ မျောက်မင်းသားနှင့်၊ ဖေါက်ပြားဟန်ကို (မျောက်)။ အများတကာ
    overall
    နာမ်

    တကာ၂

    [tkà၂]
    ၁၊ ဒါယကာ။ အလှူရှင် ယောက်ျား။ ယင်းရပ်ဝယ်၊ နီပျော်ငြား၊ ကျောင်းတိုင်းဟု၊ ဒါနကူသည်၊ ဟိုလူနှစ်ယောက်အားကို၊ ကြောင်းစကားမာလိုက်ပေ (မေတ္တာ)။ ၂၊ ရဟန်းက လူယောင်္ကျားကို ခေါ်ဝေါ်သော စကားလုံး
    ၁၊ ဒါယကာ။ အလှူရှင် ယောက်ျား။ ယင်းရပ်ဝယ်၊ နီပျော်ငြား၊ ကျောင်းတကာဟု၊ ဒါနကူသည်၊ ထိုလူနှစ်ယောက်အားကို၊ ကြောင်းစကားမှာလိုက်ပေ (မေတ္တာ)။ ၂၊ ရဟန်းက လူယောင်္ကျားကို ခေါ်ဝေါ်သော စကားလုံး
    benefactor
    နာမ်

    တကာခံ

    [tkàkʰံ]
    ကျွေးမွီးရေ။ ပီးရေ။ လှူသည်
    ကျွေးမွေးသည်။ ပေးသည်။ လှူသည်
    donate
    ကြိယာ

    တကာမ

    [tkàm]
    ၁၊ ဒါယကာမ။ အလှူရှင်မ။ ၂၊ ရဟန်းက လူမမာ့ကို ခေါ်ဝေါ်သော စကားလုံး ။ ဘုန်းကြီးတိုင်းမ၊ နီးကမအပ် (ပန်း)
    ၁၊ ဒါယကာမ။ အလှူရှင်မ။ ၂၊ ရဟန်းက လူမိန်းမကို ခေါ်ဝေါ်သော စကားလုံး ။ ဘုန်းကြီးတကာမ၊ နီးကမအပ် (ပန်း)
    benefactress
    နာမ်

    တကာယ

    [tkàj]
    လုံးချင်းတည်း။ တဦးတည်း။ ‘ဆင်းရဲဒုက္ခ၊ မေတကိုယ်လေ၊ တိုင်းယတည်း’ (ပဋါ)
    တစ်ယောက်တည်း။ တစ်ဦးတည်း။ ‘ဆင်းရဲဒုက္ခ၊ မေတကိုယ်လေ၊ တကာယတည်း’ (ပဋါ)
    only
    နာမ်

    တကာလ

    [tkàl]
    အပိုင်း အကန့် ဖြစ်ရေ။ ခြားနားသော။ တသီး အခြား ဖြစ်ရေ။ ကိုယ့်စွာနန်ကိုယ်၊ သူ့စွာနန်သူ တိုင်းလစီ
    အပိုင်း အကန့် ဖြစ်သော။ ခြားနားသော။ တသီး တခြား ဖြစ်သော။ ကိုယ့်စွာနန်ကိုယ်၊ သူ့စွာနန်သူ တကာလစီ
    separate
    နာမဝိသေသန

    တကိုးတကန့်

    [tkótkàɴ့]
    သာမန်ထက် ပိုလွန်ပနာ။ ထူးထူး ခြားခြား။ သီးသန့်။ သီးသန်း
    သာမန်ထက် ပိုလွန်စွာ။ ထူးထူး ခြားခြား။ သီးသန့်။ အထူးတလည်
    extraordinary
    ကြိယာဝိသေသန

    တကိုးတကား

    [tkótká]
    ကျင်ကြီး ကျင်ငယ် စွန့်ရေ။ အခင်းကြီး အခင်းငယ် လားရေ။ တပိုတပါး လားရေ
    ကျင်ကြီး ကျင်ငယ် စွန့်သည်။ အခင်းကြီး အခင်းငယ် သွားသည်။ တပိုတပါး သွားသည်
    urinate - defecate
    ကြိယာ

    တကုတ်ကုတ်

    [tkoʊʔkoʊʔ]
    မနားမနီ၊ မလျော့သော ဇွဲလုံ့လဖြင့်။ မဆုတ်မဆိုင်း
    မနားမနေ၊ မလျော့သော ဇွဲလုံ့လဖြင့်။ မဆုတ်မဆိုင်း
    busily
    ကြိယာဝိသေသန

    တကူ

    [tkù]
    လောင်းဝမ်း၊ လောင်းနံ ပျိုင်ရို့ကို အမာခံ ရိုက်ရာ သစ်သား ကောက်
    လှေဝမ်း၊ လှေနံ ပျဉ်တို့ကို အမာခံ ရိုက်ရာ သစ်သား ကောက်
    none
    နာမ်

    တကူကူ

    [tkùkù]
    ဂြိုးငှက် မြည်တွန်သော အသံ။ တကူကူ၊ ခြိုးကူလတ်တေ၊ ကတုတ်ချောင်း၊ မဲတောင်မိကို၊ လွမ်းလတ်တေလေ (တေး)
    ချိုးငှက် မြည်တွန်သော အသံ။ တကူကူ၊ ခြိုးကူလတ်တေ၊ ကတုတ်ချောင်း၊ မဲတောင်မိကို၊ လွမ်းလတ်တေလေ (တေး)
    crow
    နာမ်

    တကူးတကန့်

    [tkùးtkàɴ့]
    ထူးထူး ခြားခြား။ သီးသန့်။ သာမန်ထက် ပိုပြီးကေစွာ။ နင်လားငါလား။ စောလှခိုင်၊ ကြိုးစားပန်းစားန့် လာလို့ခေါ်လာစွာ၊ လားကတ်လားချင့်ပါယင့်- မအားလို့ရာ
    ထူးထူး ခြားခြား။ သီးသန့်။ သာမန်ထက် ပိုမိုစွာ။ အထူး တလည်။ စောလှခိုင်၊ တကူးတကန့် လာလို့ခေါ်လာစွာ၊ လားကလားချင့်ပါယင့်- မအားလို့ပါ
    especially - specially
    ကြိယာဝိသေသန

    တကောက်ကောက်

    [tkɔ́ɛʔkɔ́ɛʔ]
    (နောက်ခါ) အစိုင်တစိုက်၊ ထက်ကြပ် မကွာ (လိုက်ကေလည်း)။ မုဆိုးနောက်က ခွီးတကောက်ကောက် လိုက်ယောင် (ပုံ)
    (နောက်မှ) အစဉ်တစိုက်၊ ထက်ကြပ် မကွာ (လိုက်ပါလျက်)။ မုဆိုးနောက်က ခွီးတကောက်ကောက် လိုက်ယောင် (ပုံ)
    tag along
    ကြိယာဝိသေသန

    တံကဲ

    [tံkɛ]
    အမှီ။ နောက်ခါီ။ ၂။ ပန်လင်၌ လှပ တင့်ရေ စီရန် စီရင် ပြုလုပ် ထားရေ နောက်ခါီ တန်ဆာ တမျိုး
    အမှီ။ နောက်မှီ။ ၂။ ပလ္လင်၌ လှပ တင့်တယ် စေရန် စီရင် ပြုလုပ် ထားသော နောက်မှီ တန်ဆာ တစ်မျိုး
    ornamental
    နာမ်

    တကဲကဲ

    [tkɛkɛ]
    တိုင်းစွာ မရပ် တည်နိုင်ပဲ ထလှားလိုစိတ် လှုပ်ယှားဗျာယ်။ ထ ဖို့တကဲကဲ ဖင်ရွနီရေ
    တည်ငြိမ်စွာ မရပ် တည်နိုင်ပဲ ထသွားလိုစိတ် လှုပ်ရှားလျက်။ ထ ဖို့တကဲကဲ ဖင်ရွနီရေ
    unsteady
    ကြိယာဝိသေသန