Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 2,498 words

    တ

    တစ်ချက်၂

    [tɪʔɕɛʔ၂]
    တခေါက်။ တခါ။ အရင်းဖက်က၊ တချက်ရို့ဘိ၊ ထက်ဘုံစဉ်မာ အသာငြိလို့ (ကော်)
    တစ်ကြိမ်။ တစ်ခါ။ အရင်းဖက်က၊ တချက်တို့ဘိ၊ ထက်ဘုံစဉ်မှာ အသာငြိလို့ (ကော်)
    one time
    နာမ်

    တစ်ချက်၃

    [tɪʔɕɛʔ၃]
    ဗြုန်းခနဲ။ ဖြုတ်ခြည်း။ ခဏအထဲ။ လောင်းကျော်ထင်ကို၊ မမြင်တချက်၊ စိတ်မာထင်ကေ၊ မြင်တချက်နန့် (ထာနု)
    ရုတ်တရက်။ ဖြုတ်ချည်း။ ခဏအတွင်း။ လောင်းကျော်ထင်ကို၊ မမြင်တစ်ချက်၊ စိတ်မှာထင်ကေ၊ မြင်တစ်ချက်နှင့် (ထာနု)
    suddenly
    ကြိယာဝိသေသန

    တစ်ချက်ကောင်း

    [tɪʔɕɛʔkáʊɴ]
    ခဏသာ ကောင်းရေ။ ခဏသာ ကြီးပွားသည်
    ခဏသာ ကောင်းသည်။ ခဏသာ ကြီးပွားသည်
    a moment of prosper
    ကြိယာ

    တစ်ချက်တစ်ပြက်

    [tɪʔɕɛʔtɪʔpɹɛʔ]
    တခေါက် တခါ။ တခါ တလေ။ အခင်ကြီး အကျွန်ရို့ အိမ်သို့ တချက် တပြက်ပင် အလည်မလာကော
    တစ်ကြိမ် တစ်ခါ။ တစ်ခါ တစ်လေ။ အခင်ကြီး အကျွန်ရို့ အိမ်ကို တစ်ချက် တပြက်ပင် အလည်မလာပါကာ
    sometime
    နာမ်

    တစ်ချက်တစ်ပြက်၂

    [tɪʔɕɛʔtɪʔpɹɛʔ၂]
    ဖြတ်ခြည်း။ ခဏအထဲ။ ဗြုန်းခနဲ။ မောင်ဖြူ မျက်နှာကို တချက် တပြက်ရာ မြင်လိုက်ရရေ
    ဖြတ်ချည်း။ ခဏအတွင်း။ ရုတ်တရက်။ မောင်ဖြူ မျက်နှာကို တစ်ချက် တစ်ပြက်ရာ မြင်လိုက်ရရေ
    suddenly
    ကြိယာဝိသေသန

    တစ်ချက်တည်း

    [tɪʔɕɛʔtɛ́]
    တခေါက်တည်း။ တခါတည်း။ အဂု။ တပါတည်း။ အလျှင်ထွက်ဗြီး၊ တပြိုင်တည်းနန့်၊ ဖမ်းဆီးယူမည် (ရာမ)
    တစ်ကြိမ်တည်း။ တစ်ခါတည်း။ ချက်ချင်း။ တစ်ပါတည်း။ အလျှင်ထွက်ပြေး၊ တစ်ချက်တည်းနှင့်၊ ဖမ်းဆီးယူမည် (ရာမ)
    immediately
    ကြိယာဝိသေသန

    တစ်ချက်တည်း၂

    [tɪʔɕɛʔtɛ́၂]
    တတတူ။ ကွဲပြား ခြားနားမှု မဟိဘဲ။ ထပ်တူထပ်မျှ။ တပေါင်းတည်း။ ဦးထိပ်တင်ဘေ၊ လင်နန့်ကွဲလို့၊ ဆင်းရဲဒုက္ခ၊ မယ့်တကိုယ်လေ၊ တိုင်းယတည်း၊ သက်မသေပဲ၊ ရှည်ရေလို့လိ့၊ ရီးမတော်ကေ၊ သီရေ်နန့်လည်း၊ တပြိုင်တည်းရာ (ထာနု)
    အတူတူ။ ကွဲပြား ခြားနားမှု မရှိပဲ။ ထပ်တူထပ်မျှ။ တစ်ပေါင်းတည်း။ ဦးထိပ်တင်ဘေ၊ လင်နှင့်ကွဲလို့၊ ဆင်းရဲဒုက္ခ၊ မယ့်တစ်ကိုယ်လေ၊ တကာယတည်း၊ သက်မသေပဲ၊ ရှည်သည်လို့လည်း၊ ရေးမတော်ကေ၊ သေသော်နှင့်လည်း၊ တစ်ချက်တည်းရာ (ထာနု)
    same
    ကြိယာဝိသေသန

    တစ်ချက်တာ

    [tɪʔɕɛʔtà]
    အကျိုးသင့် အကြောင်းသင့်။ အကျိုး အကြောင်း အနိန်နန့်။ တချက်စွာ ငါရို့ အကြောင်းသင့်ဖို့ ဆိုခကေေဌီး (ဌေး) ရေဗျာယ်။ ချမ်းသာ ကြွယ်ဝမည်
    အကျိုးသင့် အကြောင်းသင့်။ အကျိုး အကြောင်း အားလျော်စွာ။ တစ်ချက်တာ ငါရို့ အကြောင်းသင့်ဖို့ ဆိုပါကေဌီး (ဌေး) ရေဗျာယ်။ ချမ်းသာ ကြွယ်ဝမည်
    reasonably
    ကြိယာဝိသေသန

    တစ်ချက်တာ၂

    [tɪʔɕɛʔtà၂]
    တနားချေတဗွေချေ။ ခဏ။ တခေါက်တခါ။ အခိုက်အတန့်။ ဆောက် တခေါက် ငှါးပါ၊ တချက်စွာ လိုပါရေ
    ခေတ္တ။ ခဏ။ တစ်ကြိမ်တစ်ခါ။ အခိုက်အတန့်။ ဆောက် တစ်ခေါက် ငှါးပါ၊ တစ်ချက်တာ လိုပါရေ
    a moment - a short while
    နာမ်

    တစ်ချက်လွှတ်

    [tɪʔɕɛʔlW̯aʔ]
    (အမိန့် အာဏာတော်ကို) ပြန်ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း မဟိရေအနိန်နန့်။ ထွက်သော ဆင်စွယ် ဝင်ရေမဟိ၊ တချက်လွတ် အမိန့်တော် (စကားပြေ)
    (အမိန့် အာဏာတော်ကို) ပြန်ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း မရှိသော အားဖြင့်။ ထွက်သော ဆင်စွယ် ဝင်သည်မရှိ၊ တစ်ချက်လွှတ် အမိန့်တော် (စကားပြေ)
    prepare-no change
    ကြိယာဝိသေသန

    တစ်ချက်သျှေ

    [tɪʔɕɛʔʃè]
    တိုတောင်းလှသော ကာလ။ အခိုက်အတန့်။ ခဏ။ တနားချေတဗွေချေ။ အဆွီအပါးက မျက်မှန် တချက်သျှေ ငှါးပါ
    တိုတောင်းလှသော ကာလ။ အခိုက်အတန့်။ ခဏ။ ခေတ္တ။ အဆွေအပါးက မျက်မှန် တစ်ချက်သျှေ ငှါးပါ
    short period
    နာမ်

    တစ်ချက်သျှေ၂

    [tɪʔɕɛʔʃè၂]
    အလွန် တိုတောင်း လှသော ကာလအထဲ။ တအောင့်သျှေ။ ချစ်ကောင်းပိုင်၊ ဘကြီးတော်လေ၊ ငါတချက်သျှေ၊ ရွက်စိမ်းဖို့လို့ (ပန်း)
    အလွန် တိုတောင်း လှသော ကာလအတွင်း။ ခဏလေး။ ချစ်ကောင်းသဖွယ်၊ ဘကြီးတော်လေ၊ ငါတစ်ချက်သျှေ၊ ရွက်စိမ်းမည်ဟု (ပန်း)
    short period
    နာမ်

    တစ်ချပ်

    [tɪʔɕaʔ]
    တကျပ်ကို ခေါ်သော စကားလုံး။ သကြဇ်ဂ ၅၈ ခု၊ တင်္ကာတရာ၊ ငါးဆဲ့လေးချပ် (ဘုရားနီ)။ သွပ်ပြားတရွှား၊ သင်ပုန်းတရွှား အစဟိစွာ
    တစ်ကျပ်ကို ခေါ်သော စကားလုံး။ သကြဇ်ဂ ၅၈ ခု၊ တင်္ကာတရာ၊ ငါးဆဲ့လေးချပ် (ဘုရားနီ)။ သွပ်ပြားတစ်ချပ်၊ သင်ပုန်းတစ်ချပ် စသည်
    one kyat
    နာမ်

    တစ်ချိန်း

    [tɪʔɕéɪɴ]
    တခေါက်။ တခါ။ မျှားမာ တစာ၊ ကျွန်းမာ တချိန်း (ပုံ)
    တစ်ကြိမ်။ တစ်ခါ။ မျှားမှာ တစ်စာ၊ ကျွန်းမှာ တစ်ချိန်း (ပုံ)
    once
    နာမ်

    တစ်ချို့

    [tɪʔɕo̰]
    ၁၊ တစိတ် တဒေသ။ တဝီအလပ်။ ၂၊ တမျိုး တဖုံ
    ၁၊ တစ်စိတ် တစ်ဒေသ။ အချို့အဝက်။ ၂၊ တစ်မျိုး တစ်ဖုံ
    some
    နာမ်

    တစ်ချို့တစ်ရီ

    [tɪʔɕo̰tɪʔɹí]
    တချို့ သူ
    အချို့သော သူ
    somebody
    နာမ်

    တစ်ချိုးတည်း

    [tɪʔɕótɛ́]
    တထပ်တည်း။ တမျိုးစားတည်း။ ရုပ်ချင်းတူမျိုး၊ တချိုးတည်းပင်၊ ဟိနီကျင်ကေ (ပဉ္စဘုတ်)
    တစ်ပုံစံတည်း။ တစ်မျိုးစားတည်း။ ရုပ်ချင်းတူမျိုး၊ တစ်ချိုးတည်းပင်၊ ဟိနီကျင်ကေ (ပဉ္စဘုတ်)
    same
    နာမ်

    တစ်ချောင်း

    [tɪʔɕáʊɴ]
    လယ်တသျှဉ်းမာ ၆ ဧက ဒသမ ၄၀ ဟိရာ ယင်းတသျှဉ်း၏ လေးဖို့တဖို့ ဖြစ်ရေ လယ်ယာ မြီကွက်။ သုံးပဝါ၊ တချောင်း၊ တဂန္တို (တေဇ)
    လယ်တစ်သျှဉ်းတွင် ၆ ဧက ဒသမ ၄၀ ရှိရာ ယင်းတစ်သျှဉ်း၏ လေးဖို့တစ်ဖို့ ဖြစ်သော လယ်ယာ မြေကွက်။ သုံးပဝါ၊ တစ်ချောင်း၊ တစ်ဂန္တို (တေဇ)
    quarter of land for cultivation
    နာမ်

    တစ်ခြုံ

    [tɪʔkʰɹÒʊɴ]
    ၁၊ အပေါင်း အစု တခု။ အသင်း အဖွဲ့ အုပ်စု တခု။ ၂၊ တဆွေ တမျိုးလုံး။ မိသားစု တခုလုံး။ ပန်းတခြုံ။ နွယ်တခြုံ။ ဆွေတခြုံ။ မျိုးတခြုံ။ အစဟိစွာ
    ၁၊ အပေါင်း အစု တစ်ခု။ အသင်း အဖွဲ့ အုပ်စု တစ်ခု။ ၂၊ တစ်ဆွေ တစ်မျိုးလုံး။ မိသားစု တစ်ခုလုံး။ ပန်းတစ်ခြုံ။ နွယ်တစ်ခြုံ။ ဆွေတစ်ခြုံ။ မျိုးတစ်ခြုံ။ စသည်
    group
    နာမ်

    တစ်ခြွီ

    [tɪʔkʰWɹí]
    ဝန်းဝိုင်း ကွေးရစ် ထားရေ ကြိုးအခွီ တခု
    ဝန်းဝိုင်း ကွေးရစ် ထားသော ကြိုးအခွေ တစ်ခု
    rope
    နာမ်