Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 2,498 words

    တ

    တစ်ဆွဲ၂

    [tɪʔsʰwɛ၂]
    ၁၊ (မုန့်တီမျှင်) နှစ်သိုက်ခွဲ ဟိရေ အလီးချိန်။ ၂၊ တဆွဲ ဆန့်ရေ ဆုံ၌ ညှစ်၍ ထွက်လှာသော မုန့်တီ အမျှင် အစု
    ၁၊ (မုန့်တီမျှင်) တစ်ပိဿာ ရှိသော အလေးချိန်။ ၂၊ တစ်ဆွဲ ဆန့်သည့် ဆုံ၌ ညှစ်၍ ထွက်လာသော မုန့်တီ အမျှင် အစု
    weight
    နာမ်

    တစ်ဇရောင်

    [tɪʔzɹàʊɴ]
    တဆယ့်နှစ်ခု အရွီအတွက် ဟိရေ ဝန်။ တဒါဇင်
    တစ်ဆယ့်နှစ်ခု အရေအတွက် ရှိသော ပစ္စည်း။ တစ်ဒါဇင်
    dozen
    နာမ်

    တစ်ညတာ

    [tɪʔɲtà]
    ည တညည့်၏ ကာလ အပိုင်းအရာ။ ဒါဘောင်အိမ်မာ၊ တညည့်စွာကို၊ တည်းပါရစီ (ဓမ္မသာ)
    ည တစ်ည၏ ကာလ အပိုင်းအခြား။ ဒါဘောင်အိမ်မှာ၊ တစ်ညတာကို၊ တည်းပါရစီ (ဓမ္မသာ)
    one night
    နာမ်

    တစ်ညှင်း

    [tɪʔɲ̯ɪ́ɴ]
    ငါး၊ အမဲသား အစဟိစွာရို့ကို ငယ်အောင် အလျားလိုက် လှီးထားရေ အချောင်း တခု
    ငါး၊ အမဲသား စသည်တို့ကို သေးငယ်အောင် အလျားလိုက် လှီးထားသော အချောင်း တစ်ခု
    cut up into long thin strips
    နာမ်

    တစ်ညှို

    [tɪʔɲ̯Ò]
    လက်ထွာကို ဆန့်၍ လက်မနန့် လက်ညှိုးထိပ် ရို့၏ အကြားဟိ အတိုင်းအတာ။ သုဇာစွာရေ၊ ဟင်္သာဟန်မပြားတည်း၊ နွဲ့သည်ခါး နှစ်ညှိုကျော် (ဗမာချီ)
    လက်ထွာကို ဆန့်၍ လက်မနှင့် လက်ညှိုးထိပ် တို့၏ အကြားရှိ အတိုင်းအတာ။ သုဇာတာသည်၊ ဟင်္သာဟန်မပြားတည်း၊ နွဲ့သည်ခါး နှစ်ညှိုကျော် (ဗမာချီ)
    extent
    နာမ်

    တစ်ညှိုပတ်

    [tɪʔɲ̯Òpaʔ]
    လုံးဝန်းသော အရာကို လက်မထိပ်နန့် လက်ညှိုးထိပ် ထိပနာ တိုင်းရရေ အတိုင်းအတာ
    လုံးဝန်းသော အရာကို လက်မထိပ်နှင့် လက်ညှိုးထိပ် ထိ၍ တိုင်းရသော အတိုင်းအတာ
    measurement
    နာမ်

    တစ်တက်

    [tɪʔtɛʔ]
    ၁၊ အသီးတောက် တခု။ မှင်းကျိုးသီးတတောင့်၊ မန်ကျီးသီးတတက် စရေ။ ၂၊ အပင်၊ ပန်းပင်ရို့၏ အခက်အလက် အတက် တခု
    ၁၊ အသီးတောင့် တစ်ခု။ မန်ကျည်းသီးတစ်တောင့်၊ မန်ကျီးသီးတစ်တက် စသည်။ ၂၊ သစ်ပင်၊ ပန်းပင်တို့၏ အခက်အလက် အတက် တစ်ခု
    fruits
    နာမ်

    တစ်တန်

    [tɪʔtàɴ]
    တဆင့်မှ တဆင့်။ တယောက်မှ တယောက် လက်သို့။ တနီရာမှ တနီရာသို့။ ကုန်းတတန်၊ ရီ(ရေ)တတန်။ ဘာဇူရွက်တန်၊ ညောင်ရွက်ပန်၊ တတန်ကုတိုး၊ ဝက်တေသူ (တေး)။ တတန်ကုရို့ မြတ်ရာပို့ (ပုံ)
    တစ်ဆင့်မှ တစ်ဆင့်။ တစ်ယောက်မှ တစ်ယောက် လက်သို့။ တစ်နေရာမှ တစ်နေရာသို့။ ကုန်းတစ်တန်၊ ရီ(ရေ)တစ်တန်။ ဘာဇူရွက်တန်၊ ညောင်ရွက်ပန်၊ တတန်ကုတိုး၊ ဝက်တေသူ (တေး)။ တတန်ကုတို့ မြတ်ရာပို့ (ပုံ)
    indirect
    နာမ်

    တစ်တန့်

    [tɪʔtàɴ့]
    ၁၊ တမျိုး။ တဖုံ။ တနည်း။ ၂၊ သွယ်တန်း နိန်ရေ အရာတခု
    ၁၊ တစ်မျိုး။ တစ်ဖုံ။ တစ်နည်း။ ၂၊ သွယ်တန်း နေသော အရာတစ်ခု
    one way
    နာမ်

    တစ်တန်း

    [tɪʔtáɴ]
    ဟိနီာက် ရှည်လျား စီတန်း နိန်ရေ အတန်းလိုက် တခု
    ရှေ့နောက် ရှည်လျား စီတန်း နေသော အတန်းလိုက် တစ်ခု
    series
    နာမ်

    တစ်တို့

    [tɪʔto̰]
    လက်ညှိုးဖြင့် ရို့လောက် ရုံမျှသော (အရာ)။ စိကေချေလောင်းာက် ဖြစ်ရေ
    လက်ညှိုးဖြင့် တို့လောက် ရုံမျှသော (အရာ)။ အနည်းငယ်မျှ ဖြစ်သော
    little
    နာမ်

    တစ်တိုင်

    [tɪʔtàɪɴ]
    ၁၊ တစု။ တရွီ။ တတိုင်သား။ တသင်း။ ၂၊ တသုတ်။ နောက်ကတတိုင်၊ ဟိတတိုင်သည်၊ သံပြိုင်တီးမှုတ်ကာနန့် (ဥဒိန်သာ)
    ၁၊ တစ်စု။ တစ်အုပ်။ တစ်ဖွဲ့။ တစ်သင်း။ ၂၊ တစ်သုတ်။ နောက်ကတစ်တိုင်၊ ရှိတစ်တိုင်သည်၊ သံပြိုင်တီးမှုတ်ကာနှင့် (ဥဒိန်သာ)
    group
    နာမ်

    တစ်တိုင်တည်း

    [tɪʔtàɪɴtɛ́]
    တစု။ တသင်း။ တရွီ။ တတိုင်သား။ မိသားစု တစုတည်းရာ
    တစ်စု။ တစ်သင်း။ တစ်အုပ်။ တစ်ဖွဲ့။ မိသားစု တစ်စုတည်းသာ
    group
    နာမ်

    တစ်တိုင်းတည်း

    [tɪʔtáɪɴtɛ́]
    အရွယ်ချင်း တူညီရေ။ တရွယ်တည်း ဖြစ်ရေ။ တူသော အရွယ်ဟိရေ
    အရွယ်ချင်း တူညီသော။ တစ်ရွယ်တည်း ဖြစ်သော။ တူသော အရွယ်ရှိသော
    equal
    နာမ်

    တစ်တုံး

    [tɪʔtóʊɴ]
    အတုံးအခဲ တခု။ ဆိတ်ချီးတရာ၊ ဆင်ချီးတတုံး(ပုံ)
    အတုံးအခဲ တစ်ခု။ ဆိတ်ချီးတစ်ရာ၊ ဆင်ချီးတစ်တုံး(ပုံ)
    block
    နာမ်

    တစ်တုတ်

    [tɪʔtoʊʔ]
    ၁၊ ရေတကျိုက် (သောက်မျိုသည်)။ ၂၊ (ဆီးလိပ်) တဟိုတ်(ဖွာသည်)။ ရီတတုတ်၊ ဆီးလိပ်တတုတ် အစဟိစွာ
    ၁၊ ရေတစ်ကျိုက် (သောက်မျိုသည်)။ ၂၊ (ဆေးလိပ်) တစ်ရှိုတ်(ဖွာသည်)။ ရီတစ်တုတ်၊ ဆီးလိပ်တစ်တုတ် စသည်
    drink
    နာမ်

    တစ်တော

    [tɪʔtɔ́]
    အပင် ခြုံနွယ် ထူထပ် များပြားစွာ အုပ်အုပ်ဆိုင်းဆိုင်း ပေါက်ရောက် နိန်ရေ တောအုပ် တခု။ တတောသို့ဝင်၊ တပြင်ကိုသန်း၊ တခန်းကိုလှည့် (ပန်း)
    သစ်ပင် ချုံနွယ် ထူထပ် များပြားစွာ အုပ်အုပ်ဆိုင်းဆိုင်း ပေါက်ရောက် နေသော တောအုပ် တစ်ခု။ တတောသို့ဝင်၊ တပြင်ကိုသန်း၊ တခန်းကိုလှည့် (ပန်း)
    forest
    နာမ်

    တစ်တော၂

    [tɪʔtɔ́၂]
    ၁၊ အမျိုးတူရာ၊ သဘောတူရာ အစုအဖွဲ့။ ၂၊ အိမ်မာ စုပေါင်း နီထိုင်ကတ်တေ လူစု။ မိသားစု။ ဆွီမျိုး သားချင်း အားလုံး။ မူလကနှယ်၊ သားမိတတော၊ သားဖတတော၊ တဟားဟားနှင့်၊ လားကတ်မေဟု (ပဋာ)
    ၁၊ အမျိုးတူရာ၊ သဘောတူရာ အစုအဖွဲ့။ ၂၊ အိမ်တွင် စုပေါင်း နေထိုင်ကြသော လူစု။ မိသားစု။ ဆွေမျိုး သားချင်း အားလုံး။ မူလကနှယ်၊ သားမိတတော၊ သားဖတတော၊ တဟားဟားနှင့်၊ သွားကြမည်ဟု (ပဋာ)
    family-classify
    နာမ်

    တစ်တောင်း

    [tɪʔtáʊɴ]
    ခြောက်ပြည်ဝင်သော ချင့်တောင်း။ (နို့ဆီ ၄ ဗူး ဆန့်သော ချင့်တောင်းကို တသိုက်ဟု ခေါ်ပနာ ယင့်ချင့်တောင်းဖြင့် တဆယ့်နှစ်သိုက် ကို တတောင်းဟု ခေါ်ရေ။ ယင်း တဆယ့်နှစ်သိုက် (တတောင်း)မာ နို့ဆီဗူးအနိန်နန့် လေးဆယ့်သျှစ်ဗူး ဟိရေ။
    ခြောက်ပြည်ဝင်သော ချင့်တောင်း။ (နို့ဆီ ၄ ဗူး ဆန့်သော ချင့်တောင်းကို တစ်သိုက်ဟု ခေါ်၍ ယင့်ချင့်တောင်းဖြင့် တစ်ဆယ့်နှစ်သိုက် ကို တစ်တောင်းဟု ခေါ်သည်။ ယင်း တစ်ဆယ့်နှစ်သိုက် (တစ်တောင်း)တွင် နို့ဆီဗူး အားဖြင့် လေးဆယ့်ရှစ်ဗူး ရှိသည်။
    basket
    နာမ်

    တစ်တွတ်

    [tɪʔtwaʔ]
    တိုတောင်း လှစွာသော အခိုက်အတန့်။ မျက်စိ ဆယ်မှိတ်နန့် ညီမျှသော အခိုက်အတန့်
    တိုတောင်း လှစွာသော အခိုက်အတန့်။ မျက်စိ ဆယ်မှိတ်နှင့် ညီမျှသော အခိုက်အတန့်
    short period
    နာမ်