Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 2,498 words

    တ

    တစ်ပိန်းတည်း

    [tɪʔpéɪɴtɛ́]
    တပြင်တည်း ပိတ်သော
    တစ်ပြင်တည်း ပိတ်သော
    close
    နာမဝိသေသန

    တစ်ပို

    [tɪʔpÒ]
    ညည့်ကို ပင်ဖြစ်ဖြစ်၊ နိကို ပင်ဖြစ်ဖြစ်၊ အချိန်ကို လေးပိုင်း ပိုင်း၍ တပိုင်းမျှ ဖြစ်ရေ အချိန် ကာလ။ စိတ်ညစ်ဖို့ရာ၊ တအာအာနန့်၊ များစွာလည်းငို၊ ညည့်လည်းပိုမာ၊ တပိုမအိပ်၊ ရွှီနို့သျှင်လေ၊ မိခင်သိပ်ကေ၊ အိပ်ပါငါ့သား (ဂုတ္တိလ)
    ညည့်ကို လည်းကောင်း၊ နေ့ကို လည်းကောင်း၊ အချိန်ကို လေးပိုင်း ပိုင်း၍ တစ်ပိုင်းမျှ ဖြစ်သော အချိန် ကာလ။ စိတ်ညစ်ဖို့ရာ၊ တစ်အာအာနှင့်၊ များစွာလည်းငို၊ ညည့်လည်းပိုမှာ၊ တပိုမအိပ်၊ ရွှေနို့သျှင်လေ၊ မိခင်သိပ်ကေ၊ အိပ်ပါငါ့သား (ဂုတ္တိလ)
    period
    နာမ်

    တစ်ပိုး

    [tɪʔpó]
    ဟိရင်းစွဲထက် တဆ တိုးသော အတိုင်း အတာ ပမာဏ။ ဆထက်တိုးလို့ တပိုးတက်
    ရှိရင်းစွဲထက် တစ်ဆ တိုးသော အတိုင်း အတာ ပမာဏ။ ဆထက်တိုးလို့ တစ်ပိုးတက်
    extent
    နာမ်

    တစ်ပို၂

    [tɪʔpÒ၂]
    (ဆီးရွက်ကို ပျစ်၍ ထားစွာ) အပျစ် တဆယ့်နှစ်ပျစ်။ (ဆီးရွက်ကြီး ၁၂ ရွက်ကို ဝါးခြမ်း သေးသေးဖြင့် သီထားရေကို တပျစ် ဟု ခေါ်ဆို၍၊ ယင်း ၁၂ ပျစ်ကို တပိုဟု ခေါ်ရေ၊ ဆီးရွက်အားဖြင့် တပိုမာ ၁၄၄ ရွက် ဟိရေ။ ပိုကြီး၊ ပိုငယ် ဆိုပနာလည်း ဟိသိရေ။) တဆယ့်နှစ်ရွ
    (ဆေးရွက်ကို ပျစ်၍ ထားတာ) အပျစ် တစ်ဆယ့်နှစ်ပျစ်။ (ဆေးရွက်ကြီး ၁၂ ရွက်ကို ဝါးခြမ်း သေးသေးဖြင့် သီထားသည်ကို တစ်ပျစ် ဟု ခေါ်ဆို၍၊ ယင်း ၁၂ ပျစ်ကို တစ်ပိုဟု ခေါ်သည်၊ ဆေးရွက်အားဖြင့် တစ်ပိုတွင် ၁၄၄ ရွက် ရှိသည်။ ပိုကြီး၊ ပိုငယ် ဟူ၍လည်း ရှိသေးသည်။) တစ်ဆယ့်နှစ်ရွ
    twelve of tobacco leaf
    ကြိယာ

    တစ်ပို၃

    [tɪʔpÒ၃]
    ပို ကို ရွီတွက်ရာမာ သုံးသော စကားလုံး
    ပို ကို ရေတွက်ရာ၌ သုံးသော စကားလုံး
    count
    ကြိယာဝိသေသန

    တစ်ပို၄

    [tɪʔpÒ၄]
    တိုတောင်းသော အခိုက်အတန့်။ အချိန်ကာလ
    တိုတောင်းသော အခိုက်အတန့်။ အချိန်ကာလ
    short period
    နာမ်

    တစ်ပိုင်း

    [tɪʔpáɪɴ]
    တခု။ တထည်။ ဒယောတပိုင်း၊ ခတောင်းပိုင်းတပိုင်း အစဟိစွာ
    တစ်ခု။ တစ်ထည်။ ဒယောတစ်ပိုင်း၊ ပုဆိုးပိုင်းတစ်ပိုင်း စသည်
    one
    နာမ်

    တစ်ပိုင်း၂

    [tɪʔpáɪɴ၂]
    ၁၊ ကွမ်းသီးလုံးရေ (၈၀)ကို ခေါ်သော စကားလုံး။ ၂၊ ဆန်တအိပ်ရေ ထက်ဝက်ကို ခေါ်သော စကားလုံး။ ကြံတပိုင်း၊ ဝါးတပိုင်း၊ သစ်တုံးတပိုင်း အစဟိစွာ
    ၁၊ ကွမ်းသီးလုံးရေ (၈၀)ကို ခေါ်သော စကားလုံး။ ၂၊ ဆန်တစ်အိပ်၏ ထက်ဝက်ကို ခေါ်သော စကားလုံး။ ကြံတပိုင်း၊ ဝါးတပိုင်း၊ သစ်တုံးတစ်ပိုင်း စသည်
    half of rice bag
    နာမ်

    တစ်ပိုင်းတစ်စ

    [tɪʔpáɪɴtɪʔs]
    (လမ်း) ထက်ဝက်။ လမ်းခုလပ်။ ဟိုမရောက် သည်မရောက် ဟိနီခြင်း။ အလပ် တပျက် ဖြစ်ခြင်း။ မပြည့် မစုံ ဖြစ်ခြင်း
    (လမ်း) ထက်ဝက်။ လမ်းခုလပ်။ ဟိုမရောက် သည်မရောက် ရှိနေခြင်း။ တဝက် တပျက် ဖြစ်ခြင်း။ မပြည့် မစုံ ဖြစ်ခြင်း
    half
    နာမ်

    တစ်ပိုင်းတစ်ပေါ်

    [tɪʔpáɪɴtɪʔpɔ̀]
    (လမ်း) ထက်ဝက်။ လမ်းခုလပ်။ ဟိုမရောက် သည်မရောက် ဟိနီခြင်း။ အလပ်တပျက် ဖြစ်ခြင်း။ မပြည့်မစုံ ဖြစ်ခြင်း
    (လမ်း) ထက်ဝက်။ လမ်းခုလပ်။ ဟိုမရောက် သည်မရောက် ရှိနေခြင်း။ တဝက်တပျက် ဖြစ်ခြင်း။ မပြည့်မစုံ ဖြစ်ခြင်း
    half
    နာမ်

    တစ်ပိုင်းရူး

    [tɪʔpáɪɴɹùး]
    ၁၊ ရူးကြောင်ကြောင်။ ပေါ်ချီပေါ်ချာ။ စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမူဗျာယ်။ ၂၊ သတိတရား မဟိဘဲ။ ဆင်ခြင် မဟိဘဲ
    ၁၊ ရူးကြောင်ကြောင်။ ရူးပေါပေါ။ စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမူလျက်။ ၂၊ သတိတရား ကင်းမဲ့စွာ။ ဆင်ခြင် ကင်းမဲ့စွာ
    inanely
    ကြိယာဝိသေသန

    တစ်ပိုင်းသီ

    [tɪʔpáɪɴθí]
    ၁၊ တစုံ တခုသော ဝေဒနာကြောင့် ခါးမှ အထက်ပိုင်း လှုပ်ရှားနှိုင်ပနာ အောက်ပိုင်း မလှုပ်ရှားနိုင် ဖြစ်တေ။ ၂၊ အသက်ကို ပဓါန မထားပဲ အကြိတ်အနယ် ဇကုန် ဆောင်ရွက် ပြုလုပ်ရေ။ အသီအကြေ ဖြစ်တေ
    ၁၊ တစ်စုံ တစ်ခုသော ဝေဒနာကြောင့် ခါးမှ အထက်ပိုင်း လှုပ်ရှားနိုင်၍ အောက်ပိုင်း မလှုပ်ရှားနိုင် ဖြစ်သည်။ ၂၊ အသက်ကို ပဓါန မထားပဲ အကြိတ်အနယ် အစွမ်းကုန် ဆောင်ရွက် ပြုလုပ်သည်။ အသေအကြေ ဖြစ်သည်
    paraplegia
    ကြိယာ

    တစ်ပိုးတက်

    [tɪʔpótɛʔ]
    ဟိရင်းစွဲထက် တဆ တိုးရေ။ ပိုရေ။ လွန်ကဲသည်
    ရှိရင်းစွဲထက် တစ်ဆ တိုးသည်။ ပိုသည်။ လွန်ကဲသည်
    exceed
    ပစ္စည်း

    တစ်ပိုးလွန်

    [tɪʔpólʊ̀ɴ]
    အဆပေါင်း များစွာ ပိုပြီးကေ ကျော်လွန်ဗျာယ်
    အဆပေါင်း များစွာ ပိုမို ကျော်လွန်လျက်
    exceed
    ကြိယာဝိသေသန

    တစ်ပုံ

    [tɪʔpòʊɴ]
    ၁၊ အဖို့အစု။ ၂၊ အပေါင်း အစုအားဖြင့် ခွဲထားရေ အဖို့ပမာဏ။ ၃၊ လူအစုအဝီး
    ၁၊ အဖို့အစု။ ၂၊ အပေါင်း အစုအားဖြင့် ခွဲထားသော အဖို့ပမာဏ။ ၃၊ လူအစုအဝေး
    pile up-community
    နာမဝိသေသန

    တစ်ပုံ၂

    [tɪʔpòʊɴ၂]
    တခု ထက်မာ တခု ထပ်ထားရေ။ တနီရာ တည်းမာ စုထားရေ
    တစ်ခု ပေါ်တွင် တစ်ခု ထပ်ထားသည်။ တစ်နေရာ တည်းတွင် စုထားသည်
    pile up
    ကြိယာ

    တစ်ပုံ၃

    [tɪʔpòʊɴ၃]
    အမျာအပြား။ များရေအနိန်နန့်။ လူ တပုံကြားမာ ရှက်ကောင်း ထမန်း
    အမျာအပြား။ များသော အားဖြင့်။ လူ တစ်ပုံကြားမှာ ရှက်ကောင်း ထမန်း
    many
    ကြိယာဝိသေသန

    တစ်ပုတ်တည်းဆန်

    [tɪʔpoʊʔtɛ́sʰàɴ]
    (ဥပစာ) စိတ်ချင်း သဖောချင်း တူညီရေ။ တသဘောတည်း ဖြစ်တေ။ အလိုချင်း ညီညွတ်ရေ။ စိတ်တူ ကိုယ်မျှ ဖြစ်တေ
    (ဥပစာ) စိတ်ချင်း သဘောချင်း တူညီသည်။ တစ်သဘောတည်း ဖြစ်သည်။ အလိုချင်း ညီညွတ်သည်။ စိတ်တူ ကိုယ်မျှ ဖြစ်သည်
    same
    နာမ်

    တစ်ပူး

    [tɪʔpùး]
    နှစ်ခု အရွီအတွက်
    နှစ်ခု အရေအတွက်
    two
    နာမ်

    တစ်ပေါက်

    [tɪʔpaʊʔ]
    (ရေ၊ ဆီ အစဟိစွာ) အစက် အချေ တစက်
    (ရေ၊ ဆီ စသည်) အစက် ကလေး တစ်စက်
    dot
    နာမ်