Dictionary Entries
Showing 561–580 of 2,498 words
တ
တစ်ပါး
[tɪʔpàး]
Arakanese:
တခြားသော သူ
Burmese:
တစ်ခြားသော သူ
English:
other
Grammar Note:
နာမ်
တစ်ပါး၂
[tɪʔpàး၂]
Arakanese:
အရေ အတွက်ကို ဖော်ပြသော စကားလုံး။ ရဟန်းတပါး။ သုံးဘုံပါး။ မီးတဆယ့်တပါး အစဟိစွာ
Burmese:
အရေ အတွက်ကို ဖော်ပြသော စကားလုံး။ ရဟန်းတစ်ပါး။ သုံးဘုံပါး။ မီးတစ်ဆယ့်တစ်ပါး စသည်
English:
count
Grammar Note:
ပစ္စည်း
တစ်ပျစ်
[tɪʔprɪʔ]
Arakanese:
ပေါင်းစည်း တွဲစပ် ထားရေ အရာ တခု။ အုန်း (အုန်း) တပျစ်။ သက်ကယ် တပျစ်။ ဆီးတပျစ်။ နှမ်းတပျစ် အစဟိစွာ
Burmese:
ပေါင်းစည်း တွဲစပ် ထားသော အရာ တစ်ခု။ ဓနိ (အုန်း) တစ်ပျစ်။ သက်ကယ် တစ်ပျစ်။ ဆီးတစ်ပျစ်။ နှမ်းတစ်ပျစ် စသည်
English:
put into combination
Grammar Note:
နာမ်
တစ်ပျစ်၂
[tɪʔprɪʔ၂]
Arakanese:
ပေါင်းစည်း တွဲစပ် ထားရေ အရာကို ရွီတွက် ရာမာ သုံးသော စကားလုံး
Burmese:
ပေါင်းစည်း တွဲစပ် ထားသော အရာကို ရေတွက် ရာတွင် သုံးသော စကားလုံး
English:
count
Grammar Note:
နာမ်
တစ်ပျာလာ
[tɪʔpràlà]
Arakanese:
အစောက် တိမ်၍ ပြန့်သော လောင်ပွန်း တခု၏ ပမာဏ
Burmese:
အစောက် တိမ်၍ ပြန့်သော ပန်းကန်ပြား တစ်ခု၏ ပမာဏ
English:
extent
Grammar Note:
နာမ်
တစ်ပြက်
[tɪʔpɹɛʔ]
Arakanese:
ပဲစိ၊ မန်းကျည်းစိကို ဒေါင်လိုက် ခွဲထားရေ အစိ၏ တခြမ်း
Burmese:
ပဲစေ့၊ မန်းကျည်းစေ့ကို ဒေါင်လိုက် ခွဲထားသော အစေ့၏ တစ်ခြမ်း
English:
seed
Grammar Note:
နာမ်
တစ်ပြက်၂
[tɪʔpɹɛʔ၂]
Arakanese:
အကြိမ်၊ အလှည့်။ မိုးတပြက်ရွာ၊ နီတပြက်ပူ အစဟိစွာ
Burmese:
အကြိမ်၊ အလှည့်။ မိုးတစ်ပြက်ရွာ၊ နီတစ်ပြက်ပူ စသည်
English:
turning
Grammar Note:
နာမ်
တစ်ပြက်၃
[tɪʔpɹɛʔ၃]
Arakanese:
တိုတောင်း လှစွာသော အခိုက် အတန့်။ အချိန်ကာလ
Burmese:
တိုတောင်း လှစွာသော အခိုက် အတန့်။ အချိန်ကာလ
English:
short period
Grammar Note:
နာမ်
တစ်ပြက်တစ်ချက်
[tɪʔpɹɛʔtɪʔɕɛʔ]
Arakanese:
ဗြုန်းခနဲ။ ဖြုတ်ခြည်း။ မယ့်ရုပ်သွင်ကို၊ မမြင်တချက်၊ ရိပ်အသွင်ကို၊ မြင်တချက်နန့်၊ တပြက်တချက်၊ ညည့်သိုင်ခေါင်မာ၊ မိုးကြီးနက်မာ၊ ပြတ်သောလျှပ်သို့ (မျိုးက်)
Burmese:
ရုတ်တရက်။ ဖြုတ်ချည်း။ မယ့်ရုပ်သွင်ကို၊ မမြင်တစ်ချက်၊ ရိပ်အသွင်ကို၊ မြင်တစ်ချက်နှင့်၊ တပြက်တချက်၊ ညည့်သိုင်ခေါင်တွင်၊ မိုးမှောင်နက်မှာ၊ ပြတ်သောလျှပ်သို့ (မျောက်)
English:
suddenly
Grammar Note:
နာမ်
တစ်ပြက်တစ်ချက်၂
[tɪʔpɹɛʔtɪʔɕɛʔ၂]
Arakanese:
တိုတောင်း လှစွာသော အခိုက် အတန့်။ မကြာသိမ့်ခင်သော ကာလ အပိုင်း အရာ
Burmese:
တိုတောင်း လှစွာသော အခိုက် အတန့်။ မကြာသေးမီသော ကာလ အပိုင်း အခြား
English:
short period
Grammar Note:
နာမ်
တစ်ပြက်သတ်
[tɪʔpɹɛʔθaʔ]
Arakanese:
အသင့်အတင့် နီပူ လှန်းထားရေ
Burmese:
အသင့်အတင့် နေပူ လှန်းထားသည်
English:
keep something in the sun
Grammar Note:
နာမ်
တစ်ပြင်
[tɪʔpɹɪ̀ɴ]
Arakanese:
၁၊ လယ်ပြင်(ပြင်) တခု။ ၂၊ မလှမ်း မကမ်းသော ခရီး (တထောက်)
Burmese:
၁၊ လယ်ကွင်း(ပြင်) တစ်ခု။ ၂၊ မလှမ်း မကမ်းသော ခရီး (တစ်ထောက်)
English:
field-near by place
Grammar Note:
နာမ်
တစ်ပြင်၂
[tɪʔpɹɪ̀ɴ၂]
Arakanese:
(စာ) တမျက်နှာ
Burmese:
(စာ) တစ်မျက်နှာ
English:
one page
Grammar Note:
နာမ်
တစ်ပြင်စီး
[tɪʔpɹɪ̀ɴsï]
Arakanese:
၁၊ စုပေါင်း ဆောင်ရွက်၍ ရဟိရေ အမြတ် အစွန်းကို ခွဲဝီ စားခြင်း။ ၂၊ တဦးနန့် တဦး လျော့ခြင်း သာခြင်း မဟိဘဲ သာတူ ညီမျှ ခွဲဝီ ယူခြင်း အစဟိစွာ
Burmese:
၁၊ စုပေါင်း ဆောင်ရွက်၍ ရရှိသည့် အမြတ် အစွန်းကို ခွဲဝေ စားခြင်း။ ၂၊ တစ်ဦးနှင့် တစ်ဦး လျော့ခြင်း သာခြင်း မရှိပဲ သာတူ ညီမျှ ခွဲဝေ ယူခြင်း စသည်
English:
apportionment
Grammar Note:
နာမ်
တစ်ပြင်သန်း
[tɪʔpɹɪ̀ɴθáɴ]
Arakanese:
မနီးလွန်း မဝီးလွန်းသော အရပ် ဒေသ။ နီရာ အရပ်
Burmese:
မနီးလွန်း မဝေးလွန်းသော အရပ် ဒေသ။ နေရာ အရပ်
English:
some distance
Grammar Note:
နာမ်
တစ်ပြား
[tɪʔpɹá]
Arakanese:
၁၊ ငွီ တကျပ်။ ၂၊ ဖေသာ တပြားကို ခေါ်သော စကားလုံး
Burmese:
၁၊ ငွေ တစ်ကျပ်။ ၂၊ ပိုက်ဆံ တစ်ပြားကို ခေါ်သော စကားလုံး
English:
one bean
Grammar Note:
နာမ်
တစ်ပြားတစ်ချပ်
[tɪʔpɹátɪʔɕaʔ]
Arakanese:
၁၊ ငွီ တကျပ်။ ၂၊ နည်းများ မဟူ
Burmese:
၁၊ ငွေ တစ်ကျပ်။ ၂၊ နည်းများ မဟူ
English:
one kyat
Grammar Note:
နာမ်
တစ်ပြားတစ်ချပ်၂
[tɪʔpɹátɪʔɕaʔ၂]
Arakanese:
စိကေချေ၊ တဖဲ့ချေတောင် ဖြစ်ရေ (ကြီးငွီ ဖေသာ)
Burmese:
အနည်းငယ်၊ စိုးစဉ်းမျှ ဖြစ်သော (ကြေးငွေ ပိုက်ဆံ)
English:
jot
Grammar Note:
နာမဝိသေသန
တစ်ပြားမူခွဲ
[tɪʔpɹámùkʰwɛ]
Arakanese:
နည်းများ မဟူ။ တဖဲ့ချေတောင် ဖြစ်ရေ ငွီကြီး ဖေသာ
Burmese:
နည်းများ မဟူ။ စိုးစဉ်းမျှ ဖြစ်သော ငွေကြေး ပိုက်ဆံ
English:
jot
Grammar Note:
နာမ်
တစ်ပြားသား
[tɪʔpɹáθá]
Arakanese:
ဣန္ဒြေ အရှက် အကြောက် ကင်းမဲ့စွာကို ပြောဆိုရာမာ သုံးသော စကားလုံး။ ဣန္ဒြေ အရှက်အကြောက် တပြားသားပင် မဟိကာ
Burmese:
ဣန္ဒြေ အရှက် အကြောက် ကင်းမဲ့သည်ကို ပြောဆိုရာ၌ သုံးသော စကားလုံး။ ဣန္ဒြေ အရှက်အကြောက် တစ်ပြားသားပင် မဟိကာ
English:
be shameless-be brazen
Grammar Note:
နာမ်