Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 2,498 words

    တ

    တကဲကဲ၂

    [tkɛkɛ၂]
    မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ ဆူဆူ ညံညံ (တကဲကဲ ရန်ဖြစ်ဗျာယ်)။ သတ်မည်ပုတ်မည်၊ ရန်တကဲကဲ၊ မစဲအသံ၊ တညံညံဖြင့် (ရခိုင်ကာ)။ အသံမစဲ၊ တကဲကဲဖြင့်၊ ရန်ခဲပုစ္ဆာ၊ ပြဿနာကို (ရခိုင်ကာ)
    မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ ဆူဆူ ညံညံ (တကဲကဲ ရန်ဖြစ်လျက်)။ သတ်မည်ပုတ်မည်၊ ရန်တကဲကဲ၊ မစဲအသံ၊ တညံညံဖြင့် (ရခိုင်ကာ)။ အသံမစဲ၊ တကဲကဲဖြင့်၊ ရန်ခဲပုစ္ဆာ၊ ပြဿနာကို (ရခိုင်ကာ)
    repeat
    ကြိယာဝိသေသန

    တက္ကတွန်း

    [tkə́kətʊ́ɴ]
    မားသော အယူ ဟိရေ တိတ္တရဟန်း
    မှားသော အယူ ရှိသော တိတ္တရဟန်း
    hierophant
    နာမ်

    တက္ကရစ်

    [tkə́kəɹɪʔ]
    ဘုရာဖူးစောင် အတွက် တောင်ထက် တောင်အောက် စောင်းတန်း တလျှောက် အတက် အဆင်း လွယ်ကူစီရန်၊ ရှည်လျားစွာ အထစ် အဆင့်ဆင့် ပြုလုပ်ထားရေ အရာ။ လှီကားထစ်။ ရှည်သွယ်စောင်းတန်း၊ ဘုရားလမ်းမာ၊ တလမ်းတဆစ်၊ တက္ကရစ်ဟု၊ ပြေပြစ်လှညီ၊ ထပ်ထပ်စီဗျာယ်၊ စာတီထက်အောက်၊ တောင်ခြီရောက
    ဘုရားဖူးရန် အတွက် တောင်ထက် တောင်အောက် စောင်းတန်း တစ်လျှောက် အတက် အဆင်း လွယ်ကူစေရန်၊ ရှည်လျားစွာ အထစ် အဆင့်ဆင့် ပြုလုပ်ထားသော အရာ။ လှေကားထစ်။ ရှည်သွယ်စောင်းတန်း၊ ဘုရားလမ်းတွင်၊ တစ်လမ်းတစ်ဆစ်၊ တက္ကရစ်ဟု၊ ပြေပြစ်လှညီ၊ ထပ်ထပ်စီလျက်၊ စေတီထက်အောက်၊ တောင်ခြေရောက
    rung
    နာမ်

    တက္ကသီလ

    [tkə́kəθíl]
    ဇာတက လာဟိရေ အတိုင်း ဂန္ဓရတိုင်း၏ နီပြည်တော် အဠရသသိပ္ပအဝဝရို့ကို သင်ကြား ပို့ချရာ အရပ်။ တက္ကသီလံ၊ ဆရာပါးကာ၊ အပ်နှံလေလီရေ
    ဇာတက လာရှိသည့် အတိုင်း ဂန္ဓရတိုင်း၏ နေပြည်တော် အဠရသသိပ္ပအဝဝတို့ကို သင်ကြား ပို့ချရာ အရပ်။ တက္ကသီလံ၊ ဆရာထံမှာ၊ အပ်နှံလေတော့သည်
    country
    နာမ်

    တက်

    [tɛʔ]
    တိုးပွားရေ။ စီးပွား လာဘ်လာဘ တက်တေ။ အနိမ့်မှ အမြင်သို့ ရွိ့လားသည်
    တိုးပွားသည်။ စီးပွား လာဘ်လာဘ တက်တေ။ အနိမ့်မှ အမြင်သို့ ရွေ့သွားသည်
    prosper
    ကြိယာ

    တက်၂

    [tɛʔ၂]
    လောင်း၊ သမ္ဗာန် စစွာကို လောင်းာ်ခတ် ရရေ ကိရိယာ
    လှေ၊ သမ္ဗာန် စသည်ကို လှော်ခတ် ရသော ကိရိယာ
    oar
    နာမ်

    တက်၃

    [tɛʔ၃]
    တစုံ တခုသော ရောဂါကြောင့် ခန္ဓာကိုယ် တွန့်လိမ် ကောက်ကွိ လာရေ
    တစ်စုံ တစ်ခုသော ရောဂါကြောင့် ခန္ဓာကိုယ် တွန့်လိမ် ကောက်ကွေ့ လာသည်
    be twisted
    ကြိယာ

    တက်ကပ်

    [tɛʔkaʔ]
    လူရို့၏ အသက်တမ်း နှစ်ဆယ်မှ စပြီးကေ အသချေယ ထိတောင် ဖြစ်ရေ ကပ်
    လူတို့၏ အသက်တမ်း နှစ်ဆယ်မှ စ၍ အသချေယ တိုင်အောင် ဖြစ်သော ကပ်
    age of progress
    နာမ်

    တက်ကိုင်

    [tɛʔkàɪɴ]
    ပြိုင်လောင်းမာ တက်မကိုင်နန့် ဦးစီးမှ တပါးသော တက်ခတ်သမား။ တက်စွဲ
    ပြိုင်လှေတွင် ပဲ့နင်းနှင့် ဦးစီးမှ တစ်ပါးသော လှေလှော်သမား။ တက်စွဲ
    oarsman
    နာမ်

    တက်ကေစီး

    [tɛʔkèsï]
    အဆင်သင့်။ အပြည့်အစုံ။ အားလုံး အဆင်သင့် တက်ကေ စီးဖို့ရာ လိုရေဗျာ
    အဆင်သင့်။ အပြည့်အစုံ။ အားလုံး အဆင်သင့် တက်ကေ စီးဖို့ရာ လိုရေဗျာ
    ready
    ကြိယာဝိသေသန

    တက်ကြ

    [tɛʔt͡ɕ]
    (စိတ်အား) ပြင်းပြ လာရေ
    (စိတ်အား) ပြင်းပြ လာသည်
    feisty
    ကြိယာ

    တက်ခေတ်

    [tɛʔkʰèaʔ]
    အစစ အရာရာ စည်ပင် ထွန်းကား လာရေ
    အစစ အရာရာ စည်ပင် ထွန်းကား လာသည်
    be prominent
    ကြိယာ

    တက်ခေါက်

    [tɛʔkʰaʊʔ]
    စစ်ပွဲထိုး၊ လက်ဝှေ့ထိုး၊ ပြိုင်လောင်းပွဲ၊ စာမိန်းပွဲ အစဟိစွာ့ တခုခုရို့မာ ယှုံးနိမ့်ရေ။ မနိုင်ကေ. တက်ခေါက် ပြန်မွှီး့ရာ ဟိရေဗျာယ်
    စစ်ပွဲထိုး၊ လက်ဝှေ့ထိုး၊ လှေပြိုင်ပွဲ၊ စာမေးပွဲ စသည့် တစ်ခုခုတို့တွင် ရှုံးနိမ့်သည်။ မနိုင်ကေ. တက်ခေါက် ပြန်ဖို့ရာ ဟိရေဗျာယ်
    lose
    ကြိယာ

    တက်ခေါ်

    [tɛʔkʰɔ̀]
    ပဇိပဆာများ အတွက်နန့် လျှာထိပ်ကို အာခေါင်မာ ကပ်ထိပနာ တက် (တောက်) ဆိုရေ အသံကို ထွက်အောင် လုပ်ရေ
    အလိုမကျ သောကြောင့် လျှာထိပ်ကို အာခေါင်တွင် ကပ်ထိ၍ တက် (တောက်) ဟူသော အသံကို ထွက်အောင် လုပ်သည်
    make a clicking sound with tongue
    ကြိယာ

    တက်ခဲ

    [tɛʔkʰɛ]
    နွား အစဟိစွာ၏ လည်ကုပ်ပေါ်၌ မို့မောက်သော အရိုးဆစ် ခုံး။ လည်ပို့
    နွား စသည်၏ လည်ကုပ်ပေါ်၌ မို့မောက်သော အရိုးဆစ် ခုံး။ လည်ပို့
    hump
    နာမ်

    တက်ချလက်ချ

    [tɛʔɕlɛʔɕ]
    ညီညာဖဖျ။ စည်းစည်းလုံးလုံး။ (ဥပစာ) အားထုတ် ကြိုးပမ်းမှု ညီမျှစွာ။ ပြည့်စုံ ညီညွတ်စွာ
    ညီညာဖြဖြ။ စည်းစည်းလုံးလုံး။ (ဥပစာ) အားထုတ် ကြိုးပမ်းမှု ညီမျှစွာ။ ပြည့်စုံ ညီညွတ်စွာ
    unitedly
    ကြိယာဝိသေသန

    တက်ခြင်း

    [tɛʔkʰɹɪ́ɴ]
    တက်ခတ် ခတ်ခြင်းနန့် ဆိုင်ရေ လောင်းာ်ခတ်နည်း။ လောင်း လောင်းာ်ခတ်ခြင်းနန့် ဆိုင်ရေ အခြင်းအရာ
    လှေလှော် ခတ်ခြင်းနှင့် ဆိုင်သော လှော်ခတ်နည်း။ လှေ လှော်ခတ်ခြင်းနှင့် ဆိုင်သော အခြင်းအရာ
    paddle
    နာမ်

    တက်ခြင်းဖော်

    [tɛʔkʰɹɪ́ɴpʰɔ̀]
    တက်ခတ် ခတ်ခြင်းနန့် ဆိုင်ရာ လောင်းာ်ခတ်ပုံ၊ လောင်းာ်ခတ်နည်းကို ဖော်ထုတ်ပနာ သီဆိုရေ အခြင်း အရသာ။ များစွာလှီကေ၊ ကုန်သည် ပေါင်းရို့၊ သံညောင်းဟစ်ကြော်၊ တက်ခြင်းဖော်ကေ၊ နွဲ့ကိုယ်ပျောင်းပျ (သာချမ်း)
    လှေလှော် ခတ်ခြင်းနှင့် ဆိုင်ရာ လှော်ခတ်ပုံ၊ လှော်ခတ်နည်းကို ဖော်ထုတ်၍ သီဆိုသော အခြင်း အရသာ။ များစွာလှီကေ၊ ကုန်သည် ပေါင်းတို့၊ သံညောင်းဟစ်ကြော်၊ တက်ခြင်းဖော်ကေ၊ နွဲ့ကိုယ်ပျောင်းပျ (သာချမ်း)
    paddle
    နာမ်

    တက်စ

    [tɛʔs]
    အရွယ် ရောက်ဦးစ ယောက်ျား၊ မမာ့ (အစဟိစွာ)။ အင်အား တောင့်တင်း ပြည့်ဖြိုးစ အရွယ်
    အရွယ် ရောက်ဦးစ ယောက်ျား၊ မိန်းမ (စသည်)။ အင်အား တောင့်တင်း ပြည့်ဖြိုးစ အရွယ်
    rising
    နာမ်

    တက်စသျှေ

    [tɛʔsʃè]
    အရွယ် ရောက်ဦးစ ယောက်ျားငယ်၊ မမာ့ငယ်။ အင်အား တောင့်တင်း ပြည့်ဖြိုးစ ယောက်ျားငယ်၊ မမာ့ငယ် အစဟိစွာ
    အရွယ် ရောက်ဦးစ ယောက်ျားငယ်၊ မိန်းမငယ်။ အင်အား တောင့်တင်း ပြည့်ဖြိုးစ ယောက်ျားငယ်၊ မိန်းမငယ် စသည်
    rising
    နာမ်