Dictionary Entries
Showing 581–600 of 2,498 words
တ
တစ်ပြောင်းတစ်ပြန်
[tɪʔpɹáʊɴtɪʔpɹàɴ]
Arakanese:
၁၊ အစီအစိုင် အနိန်အထား အစိုင်အလာ ဆန့်ကျင်ဗျာယ်။ ၂၊ အကြိမ် များစွာ တဖက်နန့် တဖက် အတုံ့ အလှည့်အနိန်နန့်။ အပြန်ပြန် အလှန်လှန်။ ထပ်ကာထပ်ကာ
Burmese:
၁၊ အစီအစဉ် အနေအထား အစဉ်အလာ ဆန့်ကျင်လျက်။ ၂၊ အကြိမ် များစွာ တစ်ဘက်နှင့် တစ်ဘက် အတုံ့ အလှည့် အားဖြင့်။ အပြန်ပြန် အလှန်လှန်။ ထပ်တလဲလဲ
English:
opposite
Grammar Note:
နာမ်
တစ်ပြွတ်
[tɪʔpWɹaʔ]
Arakanese:
ပျစ် နိန်ရေ အသီး အခိုင် တခု
Burmese:
ပြွတ်သိပ် နေသော အသီး အခိုင် တစ်ခု
English:
one bunch
Grammar Note:
နာမ်
တစ်ပွာ
[tɪʔpwà]
Arakanese:
၁၊ နှစ်ဆယ် ကျပ်သား အလီးချိန် ဟိရေ ချင့်ဝန်။ ၂၊ (ဆန်စပါး ထည့်တွက်ရာမာ) နို့ဆီဗူး တလုံး။ (နို့ဆီလေးလုံးသည် တသိုက် ဖြစ်တေ။) လုံးတီးဆန်ကို၊ နက်ဖြန်အခါ၊ နိ.ရက်ပြတ်မာ၊ တနပ်စာကေ၊ တပွါယူလီ (ပဋာ)။ ၃၊ လယ်မြီ ထည့်တွက်ရာမာ လယ်တသျှဉ်း၏ (တဆယ့်နှစ်တောင
Burmese:
၁၊ နှစ်ဆယ် ကျပ်သား အလေးချိန် ရှိသော ချင့်ဝန်။ ၂၊ (ဆန်စပါး ချင့်တွက်ရာ၌) နို့ဆီဗူး တစ်လုံး။ (နို့ဆီလေးလုံးသည် တစ်သိုက် ဖြစ်သည်။) လုံးတီးဆန်ကို၊ နက်ဖြန်အခါ၊ နိ.ရက်ပြတ်မှာ၊ တစ်နပ်စာလျှင်၊ တပွါယူလေ (ပဋာ)။ ၃၊ လယ်မြေ ချင့်တွက်ရာ၌ လယ်တစ်သျှဉ်း၏ (တစ်ဆယ့်နှစ်တောင
English:
load
Grammar Note:
နာမ်
တစ်ပွေ
[tɪʔpwè]
Arakanese:
လွန်ကဲရေ။ ပိုလွန်သည်
Burmese:
လွန်ကဲသည်။ ပိုလွန်သည်
English:
exceed
Grammar Note:
နာမ်
တစ်ပွဲ
[tɪʔpwɛ]
Arakanese:
ပွဲ အကြိမ် အခါကို ရွီတွက်သော စကားလုံး
Burmese:
ပွဲ အကြိမ် အခါကို ရေတွက်သော စကားလုံး
English:
count
Grammar Note:
နာမ်
တစ်ပွဲ၂
[tɪʔpwɛ၂]
Arakanese:
၁၊ ပွဲပြီးဆုံးရေ ထိတောင်။ ၂၊ တခုတရီကို ကစပ်ကတ်ရာမာ ပွဲပြီးဆုံးရေ့ ထိယောင်ထိ။ ၃၊ အကြိမ်။ အခါ။ အလှည့်အနိန်နန့်
Burmese:
၁၊ ပွဲပြီးဆုံးသည် တိုင်အောင်။ ၂၊ တစ်စုံတစ်ခုကို ကစားကြရာ၌ ပွဲပြီးဆုံးသည့် တိုင်အောင်ထိ။ ၃၊ အကြိမ်။ အခါ။ အလှည့် အားဖြင့်
English:
finish
Grammar Note:
ကြိယာဝိသေသန
တစ်ပွဲတင်
[tɪʔpwɛtɪ̀ɴ]
Arakanese:
တစုံ တခု ကစပ်ကတ်ရာမာ တခေါက် အနိုင်ရရေ။ တပွဲတင်-ကြောင်မလင် (ကြောင်မနင်)၊ ပတ်စာထိုး၊ ဂြိုးမလင် (တေး)
Burmese:
တစ်စုံ တစ်ခု ကစားကြရာ၌ တစ်ကြိမ် အနိုင်ရသည်။ တစ်ပွဲတင်-ကြောင်မလင် (ကြောင်မနင်)၊ ပတ်စာထိုး၊ ဂြိုးမလင် (တေး)
English:
win
Grammar Note:
ကြိယာ
တစ်ပွဲတင်၂
[tɪʔpwɛtɪ̀ɴ၂]
Arakanese:
အနိုင်ရရာမာ သုံးသော စကားလုံး
Burmese:
အနိုင်ရရာ၌ သုံးသော စကားလုံး
English:
win
Grammar Note:
နာမ်
တစ်ပွဲတစ်လမ်း
[tɪʔpwɛtɪʔláɴ]
Arakanese:
အရာ နည်းလမ်း တခု။ တနည်း တဖုံ။ တနည်း တလမ်း
Burmese:
အခြား နည်းလမ်း တစ်ခု။ တစ်နည်း တစ်ဖုံ။ တစ်နည်း တစ်လမ်း
English:
other way
Grammar Note:
နာမ်
တစ်ပွဲသုံး
[tɪʔpwɛθóʊɴ]
Arakanese:
တခေါက် တရီချေပင်သာ အကျိုး ဟိရေ
Burmese:
တစ်ကြိမ် တစ်ခါမျှသာ အကျိုး ရှိသည်
English:
disposable
Grammar Note:
ကြိယာ
တစ်ပွဲသုံး၂
[tɪʔpwɛθóʊɴ၂]
Arakanese:
တခေါက် တရီချေပင်သာ အကျိုး ဟိရေ အရာ
Burmese:
တစ်ကြိမ် တစ်ခါမျှသာ အကျိုး ရှိသော အရာ
English:
disposable
Grammar Note:
နာမ်
တစ်ဖက်
[tɪʔpʰɛʔ]
Arakanese:
၁၊ ထက်ဝက်။ ၂၊ လယ် တသျှဉ်းမာ ၆ ဧက ဒသမ ၄၀ ဟိရာ ယင်း လယ်မြီ တသျှဉ်း၏ နှစ်ဖို့ တဖို့ ဖြစ်ရေ လယ်ယာ မြီကွက်။ သျှဉ်းအထဲမာက လယ်ခုနစ်သျှဉ်း တဖက်
Burmese:
၁၊ ထက်ဝက်။ ၂၊ လယ် တစ်သျှဉ်းတွင် ၆ ဧက ဒသမ ၄၀ ရှိရာ ယင်း လယ်မြေ တစ်သျှဉ်း၏ နှစ်ဖို့ တစ်ဖို့ ဖြစ်သော လယ်ယာ မြေကွက်။ သျှဉ်းအတွင်းတွင်က လယ်ခုနစ်သျှဉ်း တဖက်
English:
half
Grammar Note:
နာမ်
တစ်ဖက်၂
[tɪʔpʰɛʔ၂]
Arakanese:
တခု။ လက်တဖက်၊ ဖိနပ်တဖက် စရေ။ လန့်ဆန့်ဗိုခေါင်၊ တဖက်စောင်း(တေး)။ ဇာဝဲညာထောင်၊ တဖက်စောင် (ကျွဲ)
Burmese:
တစ်ခု။ လက်တစ်ဖက်၊ ဖိနပ်တစ်ဖက် စသည်။ ကန့်လန့်ဗိုခေါင်၊ တစ်ဖက်စောင်း(တေး)။ ဘယ်ဝဲညာထောင်၊ တစ်ဖက်စောင် (ကျွဲ)
English:
one
Grammar Note:
နာမ်
တစ်ဖက်ကမ်းခတ်၂
[tɪʔpʰɛʔkáɴkʰaʔ၂]
Arakanese:
ယင်းပိုင် တတ်ကျွမ်း တတ်မြောက်သူ
Burmese:
ယင်းသို့ ကျွမ်းကျင် တတ်မြောက်သူ
English:
complete a course of study
Grammar Note:
နာမ်
တစ်ဖက်ကမ်းခပ်
[tɪʔpʰɛʔkáɴkʰaʔ]
Arakanese:
အတတ်ပညာ တရပ်ရပ်မာ အဆုံး ရောက်ယောင် တတ်ကျွမ်း တတ်မြောက်သည်
Burmese:
အတတ်ပညာ တစ်ရပ်ရပ်တွင် အဆုံး ရောက်အောင် ကျွမ်းကျင် တတ်မြောက်သည်
English:
complete a course of study
Grammar Note:
ကြိယာ
တစ်ဖက်ကာ
[tɪʔpʰɛʔkà]
Arakanese:
တဖက်သော လက်တဖက်တည်းဖြင့်။ ဘုန်းကြီးကို ဆွမ်းကပ်ကေ၊ လက် တဖက်ကာနန့် မကပ်ရ၊ နှစ်ဖက်နန့် ကပ်ရရေ
Burmese:
တစ်ဖက်သော လက်တစ်ဖက်တည်းဖြင့်။ ဘုန်းကြီးကို ဆွမ်းကပ်ကေ၊ လက် တစ်ဖက်ကာနဲ့ မကပ်ရ၊ နှစ်ဖက်နဲ့ ကပ်ရရေ
English:
offer food to Buddha and monks
Grammar Note:
နာမ်
တစ်ဖက်ကာသား
[tɪʔpʰɛʔkàθá]
Arakanese:
၁၊ တယောက်ယောက်၊ တဖက်ဖက်ကို သစ္စာဟိစွာ ကျိုးနွံ လိုက်နာ တတ်ရေ စိတ်ချ ယုံကြည်ရသူ။ တဖက်ဖက်သို့ အယူအဆ တိမ်းငိုက်လိုက်ပါသူ။ ဖက်တော်သား။ ၂၊ အရာ တဖက်ကလူ။ တပါးသူ။ တခြားလူ
Burmese:
၁၊ တစ်စုံတစ်ဦး၊ တစ်ဖက်ဖက်ကို သစ္စာရှိစွာ ကျိုးနွံ နာခံ တတ်သော စိတ်ချ ယုံကြည်ရသူ။ တစ်ဖက်ဖက်သို့ အယူအဆ တိမ်းငိုက်လိုက်ပါသူ။ ဖက်တော်သား။ ၂၊ အခြား တစ်ဖက်ကလူ။ တစ်ပါးသူ။ တစ်ခြားလူ
English:
someone-confidence
Grammar Note:
နာမ်
တစ်ဖက်ကာသား၂
[tɪʔpʰɛʔkàθá၂]
Arakanese:
တဖက်ကသာ လွန်း၍ တဖက်က တပျင်းနာဗျာယ်။ နှိုင်ထက်စီးနင်း
Burmese:
တစ်ဖက်ကသာ လွန်း၍ တစ်ဖက်က နာလွန်းလျက်။ တစ်ဖက်စီးနင်း
English:
one side
Grammar Note:
ကြိယာဝိသေသန
တစ်ဖက်ခွပ်
[tɪʔpʰɛʔkʰwaʔ]
Arakanese:
တဖက်သားကို မျက်နှာသာ ပီးပြီးကေ တဖက်သားအား နိုင်ထက် စီးနင်း ပြုရေအနိန်နန့်
Burmese:
တစ်ဖက်သားကို မျက်နှာသာ ပေး၍ တစ်ဖက်သားအား နိုင်ထက် စီးနင်း ပြုသော အားဖြင့်
English:
one side
Grammar Note:
ကြိယာဝိသေသန
တစ်ဖက်စီးနင်း
[tɪʔpʰɛʔsïnɪ́ɴ]
Arakanese:
တဖက်ကသာ လွန်း၍ တဖက်က တပျင်းနာဗျာယ်။ တဖက် စီးနင်း
Burmese:
တစ်ဖက်ကသာ လွန်း၍ တစ်ဖက်က နာလွန်းလျက်။ တစ်ဖက် စီးနင်း
English:
one side
Grammar Note:
ကြိယာဝိသေသန