Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 641–660 of 2,498 words

    တ

    တစ်ဖြိုင်ဖြိုင်

    [tɪʔpʰɹàɪɴpʰɹàɪɴ]
    (မိုးရီ အစဟိစွာ) များပြားစွာ ရွာသွန်း ကြဲဗျာယ်
    (မိုးရေ စသည်) များပြားစွာ ရွာသွန်း ကြဲလျက်
    rain
    ကြိယာဝိသေသန

    တစ်ဖြီး

    [tɪʔpʰɹï]
    နှပျိုးခိုင်မှ ထွက်သော အညှာမာ တန်း၍ သီးနိန်ရေ အသီးတွဲ တခု။ (နှပျိုးတဖီး)
    ငှက်ပျောခိုင်မှ ထွက်သော အညှာတွင် တန်း၍ သီးနေသော အသီးတွဲ တစ်ခု။ (ငှက်ပျောတစ်ဖီး)
    banana
    နာမ်

    တစ်ဖြုတ်

    [tɪʔpʰɹoʊʔ]
    တိုတောင်း လှသော အခိုက်အတန့်
    တိုတောင်း လှသော အခိုက်အတန့်
    curtly period
    နာမ်

    တစ်ဖြုတ်ကောင်း

    [tɪʔpʰɹoʊʔkáʊɴ]
    ခဏသာ ကောင်းရေ။ခဏသာ ကြီးပွားသည်
    ခဏသာ ကောင်းသည်။ခဏသာ ကြီးပွားသည်
    a moment prosper
    ကြိယာ

    တစ်ဖြူး

    [tɪʔpʰɹú]
    မျက်နှာပြင် တခုခုထက်ရို့ အမှုန့် တစုံ တရာ ဖြန့်ကြဲသော အကြိမ်ကို ရွီတွက်သော စကားလုံး
    မျက်နှာပြင် တစ်ခုခုပေါ်သို့ အမှုန့် တစ်စုံ တစ်ရာ ဖြန့်ကြဲသော အကြိမ်ကို ရေတွက်သော စကားလုံး
    sprinkle
    နာမ်

    တစ်ဖြူးတည်း

    [tɪʔpʰɹútɛ́]
    ဖြောင့်စင်းသော။ ၂၊ (တဖြူးတည်း) မြင့်မားသော
    ဖြောင့်စင်းသော။ ၂၊ (တစ်ဖြူးတည်း) မြင့်မားသော
    straight-lofty
    နာမဝိသေသန

    တစ်ဖွင်း

    [tɪʔpʰwɪ́ɴ]
    (ဆီးလိပ်) တဖွာ။ တဟိုက်။ (သောက်ရီ)
    (ဆေးလိပ်) တစ်ဖွာ။ တစ်ရှိုက်။ (သောက်သည်)
    fray-spray
    နာမ်

    တစ်ဖွင်းဖွင်း

    [tɪʔpʰwɪ́ɴpʰwɪ́ɴ]
    (ဆီးလိပ်) ရက်ပြတ်။ ဆက်ကာ ဆက်ကာ သောက်ဗျာယ်
    (ဆေးလိပ်) အဆက်မပြတ်။ ဆက်ကာ ဆက်ကာ သောက်လျက်
    without a break
    ကြိယာဝိသေသန

    တစ်ဖွယ်

    [tɪʔpʰwɛ̀]
    (တဗျင်း မဟုတ်) နည်းသော။ စိကေချေလောင်းာက် ဖြစ်ရေ
    (အများကြီး မဟုတ်) နည်းသော။ အနည်းငယ်မျှ ဖြစ်သော
    a little
    နာမဝိသေသန

    တစ်ဖွာ

    [tɪʔpʰwà]
    မီးဖိုထားရေ မီးဖို တခု။ မီးပုံ တခု
    မီးမွှေးထားသည့် မီးဖို တစ်ခု။ မီးပုံ တစ်ခု
    stove-camp fire
    နာမ်

    တစ်ဖွီဖွီ

    [tɪʔpʰwípʰwí]
    အဟိန်မပြတ်။ တဆတ်ဆတ် (ပူပန် လောင်ကျွမ်းဗျာယ်)။ တငွိ့ငွိ့။ ၂။ ရက်ပြတ်။ မပြတ်ပလပ် ဖြစ်ဗျာယ်
    အရှိန်မပြတ်။ တဖြည်းဖြည်း (ပူပန် လောင်ကျွမ်းလျက်)။ တငွေ့ငွေ့။ ၂။ အဆက်မပြတ်။ မပြတ်ပလပ် ဖြစ်လျက်
    gradual-continuous
    ကြိယာဝိသေသန

    တစ်ဖွီးဖွီး

    [tɪʔpʰwïpʰwï]
    အဟိန်မပြတ်။ တဆတ်ဆတ် (ပူပန် လောင်ကျွမ်းဗျာယ်)။ တငွိ့ငွိ့။ ၂။ ရက်ပြတ်။ မပြတ်ပလပ် ဖြစ်ဗျာယ်
    အရှိန်မပြတ်။ တဖြည်းဖြည်း (ပူပန် လောင်ကျွမ်းလျက်)။ တငွေ့ငွေ့။ ၂။ အဆက်မပြတ်။ မပြတ်ပလပ် ဖြစ်လျက်
    gradual-continuous
    ကြိယာဝိသေသန

    တစ်ဗရ

    [tɪʔbɹ]
    လွန်ကဲစွာ။ အလွန့် အလွန့်။၏
    လွန်ကဲစွာ။ အလွန့် အလွန့်။၏
    exceed
    ကြိယာဝိသေသန

    တစ်ဗရုံ

    [tɪʔbɹòʊɴ]
    တပြိုင်တည်း စုအုံဗျာယ်၊၊ အပုံလိုက်ဗျာယ်
    တစ်ပြိုင်နက် စုအုံလျက်၊၊ စုပုံလျက်
    pile up
    ကြိယာဝိသေသန

    တစ်ဗရုံ၂

    [tɪʔbɹòʊɴ၂]
    (ဒါဇင်အလိုက် အရွီအတွက်သုံး) ၁၂ဒါဇင်။ (တခုကျ အရွီအတွက်အနိန်နန့် ၁၄၄ ဟိရေ။) တဆယ့်နှစ်ခု တဇရောင်၊ တဆယ့်နှစ်ဇရောင်-တဗရုံ၊ တဆယ့်နှစ်ဗရုံ-တဂြန္ထ။ တဆယ့်နှစ်ဂြန္ထ-တရို။ တဆယ်နှစ်ရို-တအင်။ အင်သုံးဆယ်-တမြ (ဂဏန်း)
    (ဒါဇင်အလိုက် အရေအတွက်သုံး) ၁၂ဒါဇင်။ (တစ်ခုစီ အရေအတွက် အားဖြင့် ၁၄၄ ရှိသည်။) တစ်ဆယ့်နှစ်ခု တစ်ဇရောင်၊ တစ်ဆယ့်နှစ်ဇရောင်-တစ်ဗရုံ၊ တစ်ဆယ့်နှစ်ဗရုံ-တစ်ဂြန္ထ။ တစ်ဆယ့်နှစ်ဂြန္ထ-တစ်ရို။ တစ်ဆယ်နှစ်ရို-တစ်အင်။ အင်သုံးဆယ်-တစ်မြ (ဂဏန်း)
    twelve dozens
    နာမ်

    တစ်ဗီ

    [tɪʔbí]
    တိုတောင်း လှစွာသော အခိုက်အတန့်။ မကြာ သိမ့်ရေ ကာလ အပိုင်းအရာ
    တိုတောင်း လှစွာသော အခိုက်အတန့်။ မကြာ သေးသော ကာလ အပိုင်းအခြား
    recent period
    နာမ်

    တစ်ဗီ၂

    [tɪʔbí၂]
    စက်နာရီ ၁၂ စက္ကန်။ ညည့်နိ နာရီ ခြောက်ဆယ်စီနန့် ဟု မင်းသမီး ဧချင်းပါ ရခိုင်နာရီကို တရာ့ နှစ်ဆယ်စိတ်၍ တစိတ်မျှသော အချိန်ကာလ။ မြင့်တာရှည်လေ၊ နီလေငြားက၊ တနားတဗီ၊ တနာရီနန့်၊ တဗီဇနာ၊ တခရာလေ၊ မကွာမကွဲ၊ ပုလဲသွယ်ကေ၊ ရွှီလိုင်ဆွဲသို့ (ရာမ)
    စက်နာရီ ၁၂ စက္ကန်။ ညည့်နေ့ နာရီ ခြောက်ဆယ်စီနှင့် ဟု မင်းသမီး ဧချင်းပါ ရခိုင်နာရီကို တစ်ရာ့ နှစ်ဆယ်စိတ်၍ တစ်စိတ်မျှသော အချိန်ကာလ။ မြင့်တာရှည်လေ၊ နေလေငြားက၊ တနားတဗီ၊ တစ်နာရီနှင့်၊ တစ်ဗီဇနာ၊ တခရာလေ၊ မကွာမကွဲ၊ ပုလဲသွယ်ကေ၊ ရွှေလည်ဆွဲသို့ (ရာမ)
    nightfall
    နာမ်

    တစ်ဗီရာ

    [tɪʔbíɹà]
    ကွမ်းရွက် (ဂဝ)ပါ တထုတ်ကို ခေါ်သော် စကားလုံး
    ကွမ်းရွက် (ဂဝ)ပါ တစ်ထုတ်ကို ခေါ်သော် စကားလုံး
    eighty of betel leaf
    နာမ်

    တစ်ဗီရာ၂

    [tɪʔbíɹà၂]
    ဗီရာ၏ အရေ အတွက်သုံး စကားလုံး
    ဗီရာ၏ အရေ အတွက်သုံး စကားလုံး
    count
    နာမ်

    တစ်ဗွေ

    [tɪʔbwè]
    မနီးလွန်း မဝီးလွန်းသော အကွာအဝီး။ မလှမ်း မကမ်းသော အကွာအဝီး။ ကြီးရေမြင့်ခေါင်၊ နောင်တော်တောင်ကို၊ မွီးမောင်ဖျင်ပါး၊ လက်ဝဲဖယ်ပျာ၊ တဗွေထားလို့ (သာချမ်း)
    မနီးလွန်း မဝေးလွန်းသော အကွာအဝေး။ မလှမ်း မကမ်းသော အကွာအဝေး။ ကြီးတဲ့မြင့်ခေါင်၊ နောင်တော်တောင်ကို၊ မွီးမောင်ဖျင်ပါး၊ လက်ဝဲဖယ်ပျာ၊ တဗွေထားလို့ (သာချမ်း)
    distance
    နာမ်