Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 661–680 of 2,498 words

    တ

    တစ်ဗွေ၂

    [tɪʔbwè၂]
    ဗီရာ၏ အရေ အတွက်သုံး စကားလုံး
    ဗီရာ၏ အရေ အတွက်သုံး စကားလုံး
    count
    နာမ်

    တစ်ဗွေသျှေ

    [tɪʔbwèʃè]
    ၁၊ မျက်စိ တမှိတ်၊ လျှပ်စီး တပြက်နန့် ညီမျှသော အခါ ကာလ။ ၂၊ တိုတောင်း လှစွာသော အခိုက်အတန့်
    ၁၊ မျက်စိ တစ်မှိတ်၊ လျှပ်စီး တစ်ပြက်နှင့် ညီမျှသော အခါ ကာလ။ ၂၊ တိုတောင်း လှစွာသော အခိုက်အတန့်
    moment
    နာမ်

    တစ်ဘီရာ

    [tɪʔbʱíɹà]
    ကွမ်းရွက် (၈ဝ) ပါ တထုတ်ကို ခေါ်သော် စကားလုံး
    ကွမ်းရွက် (၈ဝ) ပါ တစ်ထုတ်ကို ခေါ်သော် စကားလုံး
    eighty of betel leaf
    နာမ်

    တစ်မ

    [tɪʔm]
    (ကျွဲ၊ နွား) သားအမိ နှစ်ကောင်။ (ကြက်အကောင် ကန့်သတ် ထားခြင်း မဟိ။ တခေါက် ပေါက်သော ကြက်ချေ များ။) ကျွဲ တမ၊ နွား တမ၊ ကြက် တမ စရေ။ ကျွဲ တမနန့် အုန်း တပင်နန့် မဖ (ပုံ)
    (ကျွဲ၊ နွား) သားအမိ နှစ်ကောင်။ (ကြက်အကောင် ကန့်သတ် ထားခြင်း မရှိ။ တစ်ကြိမ် ပေါက်သော ကြက်ကလေး များ။) ကျွဲ တစ်မ၊ နွား တစ်မ၊ ကြက် တစ်မ စသည်။ ကျွဲ တစ်မနန့် အုန်း တစ်ပင်နန့် မဖ (ပုံ)
    mother and child
    နာမ်

    တစ်မက်

    [tɪʔmɛʔ]
    တခေါက် တည်းဖြင့် ကိုယ့်ဘက်ကို ပါအောင် သိမ်းသွင်း နှိုင်ရေ
    တစ်ကြိမ် တည်းဖြင့် မိမိဘက်သို့ ပါအောင် ဆွဲဆောင် နိုင်သည်
    attract
    ကြိယာ

    တစ်မက်

    [tɪʔmɛʔ]
    ၁၊ ငွီ တကျပ်၏ လေးပုံ တပုံ။ ၂၊ မြေ တသျှဉ်း၏ လေးပုံ တပုံ
    ၁၊ ငွေ တစ်ကျပ်၏ လေးပုံ တစ်ပုံ။ ၂၊ မြေ တစ်သျှဉ်း၏ လေးပုံ တစ်ပုံ
    quarter of a kyat
    နာမ်

    တစ်မနက်

    [tɪʔmnɛʔ]
    တိုတောင်း လှစွာသော အခိုက်အတန့်။ မကြာ သိမ့်ရေ ကာလ အပိုင်း အရာ
    တိုတောင်း လှစွာသော အခိုက်အတန့်။ မကြာ သေးသော ကာလ အပိုင်း အခြား
    recent period
    နာမ်

    တစ်မနက်၂

    [tɪʔmnɛʔ၂]
    မိုးထပိုင်း။ နေ ထွက်ခါစ ကပင် မွန်းတည့် ကာလ အထဲ
    နံနက်ပိုင်း။ နေ ထွက်ခါစ ကပင် မွန်းတည့် ကာလ အတွင်း
    morning
    နာမ်

    တစ်မသုန်

    [tɪʔmθòʊɴ]
    တမိုး။ တဆောင်း။ တနွေ။ တနှစ်။ မသုန်ကုန်ဆုံး၊ တနှစ်ကျုံးသည်၊ ရောက်တုံ တဖန်သျှောင်း၏ (မေတ္တာစာ)။ မိုဃ်း တမသုန်၊ ဆောင်း တမသုန်၊ တနှစ် တမသုန် ကုန်ပျာ အစဟိစွာ
    တစ်မိုး။ တစ်ဆောင်း။ တစ်နွေ။ တစ်နှစ်။ မသုန်ကုန်ဆုံး၊ တစ်နှစ်ကျုံးသည်၊ ရောက်တုံ တစ်ဖန်သျှောင်း၏ (မေတ္တာစာ)။ မိုဃ်း တစ်မသုန်၊ ဆောင်း တစ်မသုန်၊ တစ်နှစ် တစ်မသုန် ကုန်ပျာ စသည်
    one year
    နာမ်

    တစ်မိတစ်ဖ

    [tɪʔmìtɪʔpʰ]
    မိသား တစု
    မိသား တစ်စု
    family
    နာမ်

    တစ်မိတစ်ဖ၂

    [tɪʔmìtɪʔpʰ၂]
    တမအေ တဖတည်းမှ ပေါက်ဖွားသော သားသမီး
    တစ်မအေ တစ်ဖတည်းမှ ပေါက်ဖွားသော သားသမီး
    sibling
    နာမ်

    တစ်မိတည်း

    [tɪʔmìtɛ́]
    တမအေတည်းမှ ပေါက်ဖွား လာရေ သားသမီး။ ညီ အကို မောင် နှမ
    တစ်မအေတည်းမှ ပေါက်ဖွား လာသော သားသမီး။ ညီ အကို မောင် နှမ
    sibling
    နာမ်

    တစ်မိတ်ထောက်

    [tɪʔmeɪʔtʰɔ́ɛʔ]
    လူရို့၏ မိတ် (မေး) ဖျားလောက် မြင့်သော အရပ်။ မြင့်သော အရပ် ပမာဏ
    လူတို့၏ မိတ် (မေး) ဖျားလောက် မြင့်သော အရပ်။ မြင့်သော အရပ် ပမာဏ
    height
    နာမ်

    တစ်မိပေါက်

    [tɪʔmìpaʊʔ]
    တမအေတည်းမှ ပေါက်ဖွား လာရေ သားသမီး။ ညီ အကို မောင် နှမ
    တစ်မအေတည်းမှ ပေါက်ဖွား လာသော သားသမီး။ ညီ အကို မောင် နှမ
    sibling
    နာမ်

    တစ်မိသားချင်း

    [tɪʔmìθáɕɪ́ɴ]
    တမအေတည်းမှ ပေါက်ဖွား လာရေ သားသမီး။ ညီ အကို မောင် နှမ
    တစ်မအေတည်းမှ ပေါက်ဖွား လာသော သားသမီး။ ညီ အကို မောင် နှမ
    sibling
    နာမ်

    တစ်မီးကောင်း

    [tɪʔmïkáʊɴ]
    ခဏသာ ကောင်းရေ။ ခဏသာ ကြီးပွားသည်
    ခဏသာ ကောင်းသည်။ ခဏသာ ကြီးပွားသည်
    a moment prosper
    ကြိယာ

    တစ်မီးကောင်း၂

    [tɪʔmïkáʊɴ၂]
    ခဏသာ စိတ်ထား လုံ့လ ကောင်းရေ၏ အဖြစ်
    ခဏသာ စိတ်ထား လုံ့လ ကောင်းသည်၏ အဖြစ်
    a moment diligence
    နာမ်

    တစ်မီးတောက်

    [tɪʔmïtɔ́ɛʔ]
    ခဏသာ ကောင်းရေ။ ခဏသာ ကြီးပွားသည်
    ခဏသာ ကောင်းသည်။ ခဏသာ ကြီးပွားသည်
    a moment prosper
    ကြိယာ

    တစ်မုံ

    [tɪʔmòʊɴ]
    ခံမား ထဲမာ ရေကို ထည့်ဆောင် ထားရေ
    ခံတွင်း ထဲတွင် ရေကို ထည့်ဆောင် ထားသည်
    sip
    ကြိယာ

    တစ်မုံ၂

    [tɪʔmòʊɴ၂]
    ခံမားထဲမာ ရေကို ထည့်ဆောင် ထားရေ
    ခံတွင်းထဲတွင် ရေကို ထည့်ဆောင် ထားသည်
    mouthful
    နာမ်