Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 2,498 words

    တ

    တစ်မုံစာ

    [tɪʔmòʊɴsà]
    ခံမားထဲမာ ထည့်ဆောင် ထားနိုင် လောက်ရေ ရေ၏ ပမာဏ။ ရီသောက်ကေလေ့ တမုံစာရာ သောက်ရရေ
    ခံတွင်းထဲတွင် ထည့်ဆောင် ထားနိုင် လောက်သည့် ရေ၏ ပမာဏ။ ရီသောက်ကေလေ့ တစ်မုံစာရာ သောက်ရရေ
    mouthful
    နာမ်

    တစ်မုတ်

    [tɪʔmoʊʔ]
    လက်မ ထောင်ထားရေ လက်ဆုပ်၏ အတိုင်း အတာ တခု။ လက်သစ်အနိန်နန့် သျှစ်လက်သစ်
    လက်မ ထောင်ထားသော လက်ဆုပ်၏ အတိုင်း အတာ တစ်ခု။ လက်သစ် အားဖြင့် ရှစ်လက်သစ်
    handful
    နာမ်

    တစ်မောင်း

    [tɪʔmáʊɴ]
    အိနိ္ဒယ နိုင်ငံသုံး အချိန် အတွယ် တမျိုး။ (အသိုက် လေးဆယ်-တမောင်း) ယင်း တမောင်းသည် (၂၂) ပိဿာခွဲခန့် ဟိပြီးကေ ကျပ်အားဖြင့် (၃၂၀၀) ကျပ် ထိုင်းမှိုင်းသည်
    အိနိ္ဒယ နိုင်ငံသုံး အချိန် အတွယ် တစ်မျိုး။ (အသိုက် လေးဆယ်-တစ်မောင်း) ယင်း တစ်မောင်းသည် (၂၂) ပိဿာခွဲခန့် ရှိ၍ ကျပ်အားဖြင့် (၃၂၀၀) ကျပ် လေးလံသည်
    weight
    နာမ်

    တစ်မော်

    [tɪʔmɔ̀]
    ဒေါင့်စွန်း ထွက်နိန်ရေ အရာ တခု
    ထောင့်စွန်း ထွက်နေသော အရာ တစ်ခု
    corner
    နာမ်

    တစ်မျက်

    [tɪʔmrɛʔ]
    ကွမ်း လေးရွက်ကို ခေါ်သော စကားလုံး။ ကွမ်းလေးရွက်-တမျက်၊ အမျက်နှစ်ဆယ် - တဘီရာ
    ကွမ်း လေးရွက်ကို ခေါ်သော စကားလုံး။ ကွမ်းလေးရွက်-တစ်မျက်၊ အမျက်နှစ်ဆယ် - တစ်ဘီရာ
    four betel vine
    နာမ်

    တစ်မျက်၂

    [tɪʔmrɛʔ၂]
    (ရက်ကန်း) ခြည်မျှင် လေးပင်။ တယီ။ (ကွမ်းနန့် ခြည်မျှင်ကို ရွီတွက် ရာမာ ကွမ်းတရွက်၊ ခြည်တမျှင် အစဟိစွာ မရွီတွက်ပဲ၊ ကွမ်း လေးရွက်ကို ကွမ်း တမျက် ဆိုပနာ ပင်ဖြစ်ဖြစ်၊ ခြည် လေးပင်ကို ခြည် တမျက် ဆိုပနာ ပင်ဖြစ်ဖြစ် ရွီတွက် သုံးနှူန်းရေ။
    (ယက်ကန်း) ချည်မျှင် လေးပင်။ တယီ။ (ကွမ်းနှင့် ချည်မျှင်ကို ရေတွက် ရာတွင် ကွမ်းတစ်ရွက်၊ ချည်တစ်မျှင် စသည် မရေတွက်ပဲ၊ ကွမ်း လေးရွက်ကို ကွမ်း တစ်မျက် ဟူ၍ လည်းကောင်း၊ ချည် လေးပင်ကို ချည် တစ်မျက် ဟူ၍ လည်းကောင်း ရေတွက် သုံးနှူန်းသည်။
    four betel vine
    နာမ်

    တစ်မျိုး

    [tɪʔmró]
    မတူ ကွဲပြားရေ
    မတူ ကွဲပြားသည်
    different
    ကြိယာ

    တစ်မျိုးတစ်ဖုံ

    [tɪʔmrótɪʔpʰòʊɴ]
    အခြား နည်းလမ်း
    တခြား နည်းလမ်း
    other way
    နာမ်

    တစ်မျိုးတစ်မည်

    [tɪʔmrótɪʔmɛ̀]
    တမျိုးတည်း
    တစ်မျိုးတည်း
    kind
    နာမ်

    တစ်မျိုးတည်း

    [tɪʔmrótɛ́]
    အမျိုး အမည် ကွဲပြားမှု မဟိ၊ တူညီရေ
    အမျိုး အမည် ကွဲပြားမှု မရှိ၊ တူညီသည်
    same
    ကြိယာ

    တစ်မျိုးမျိုး

    [tɪʔmrómró]
    တခြားသော နည်းလမ်း၊ တနည်း နည်း
    တစ်ခြားသော နည်းလမ်း၊ တစ်နည်း နည်း
    other way
    နာမ်

    တစ်မျှဉ်

    [tɪʔmr̯ɪ̀ɴ]
    တနားချေတဗွေချေ ခဏ (အိပ်သည်)
    ခေတ္တ ခဏ (အိပ်သည်)
    forty winks
    နာမ်

    တစ်မျှဉ်း

    [tɪʔmr̯ɪ́ɴ]
    အခိုက် အတန့် အိပ်ရေ။ ပုံသွန်းထုတ်သော်၊ ဟောသော်အတိုင်း၊ တမျှဉ်းနိုပ်ဗျာယ်
    အခိုက် အတန့် အိပ်သည်။ ပုံသွန်းထုတ်သော်၊ ဟောသော်အတိုင်း၊ တစ်မျှဉ်းနိုပ်လျက်
    forty winks
    ကြိယာ

    တစ်မျှဉ်း၂

    [tɪʔmr̯ɪ́ɴ၂]
    အခိုက် အတန့် အိပ်ရေ။ ပုံသွန်းထုတ်သော်၊ ဟောသော်အတိုင်း၊ တမျှဉ်းနိုပ်ဗျာယ်
    အခိုက် အတန့် အိပ်သည်။ ပုံသွန်းထုတ်သော်၊ ဟောသော်အတိုင်း၊ တစ်မျှဉ်းနိုပ်လျက်
    forty winks
    နာမ်

    တစ်မျှဉ်းနိုပ်

    [tɪʔmr̯ɪ́ɴnÒaʔ]
    တမျှဉ်း နှိပ်
    တမျှဉ်း နှိပ်
    none
    ကြိယာ

    တစ်မျှဉ်နှိပ်

    [tɪʔmr̯ɪ̀ɴn̥ìaʔ]
    တအောင့်သျှေ မှေးစက်ရေ။ အခိုက်အတန့် အိပ်သည်
    ခဏလေး မှေးစက်သည်။ အခိုက်အတန့် အိပ်သည်
    forty winks
    ကြိယာ

    တစ်မျှဉ်မျှဉ်

    [tɪʔmr̯ɪ̀ɴmr̯ɪ̀ɴ]
    အိပ်ချင်အား ကြီးပြီးကေ အဂေါင်း ယိမ်းယိုင် နိန်ရေ
    အိပ်ချင်အား ကြီး၍ ဦးခေါင်း ယိမ်းယိုင် နေသည်
    be sleepy
    ကြိယာ

    တစ်မျှဉ်းမျှဉ်း

    [tɪʔmr̯ɪ́ɴmr̯ɪ́ɴ]
    တရွေ့ တရွေ့။ တဖြည်း တဖြည်း
    တစ်ရွေ့ တစ်ရွေ့။ တစ်ဖြည်း တစ်ဖြည်း
    gradually-progressively
    ကြိယာဝိသေသန

    တစ်မျှောင်း

    [tɪʔmr̯áʊɴ]
    တမျှောင်း (ဒုတ်ဖြင့် ရိုပ်နိုက်၍ အဂေါင်း၊ ကြောရိုး အစဟိစွာမာ) ရှည်သွယ် ဖောင်းကြွ နိန်ရေ ဒဏ်ရာ ဒဏ်ချက်
    တမျှောင်း (ဒုတ်ဖြင့် ရိုပ်နိုက်၍ ဦးခေါင်း၊ ကျောရိုး စသည်တွင်) ရှည်သွယ် ဖောင်းကြွ နေသော ဒဏ်ရာ ဒဏ်ချက်
    wound
    နာမ်

    တစ်မြ

    [tɪʔmɹ]
    ၁၇၄ ၄၉၆၀ ဒါဇင်။ (တခုကျ အရေ အတွက်အနိန်နန့် ဂ၉၅၇၉၅၂၀။ တဗရုံကို ပြန်ကြည့်ပါ။ ဇာ ဝန်ကို မဆို ဤအတိုင်း ရွီတွက် နှိုင်ပါရေ
    ၁၇၄ ၄၉၆၀ ဒါဇင်။ (တစ်ခုစီ အရေ အတွက် အားဖြင့် ဂ၉၅၇၉၅၂၀။ တစ်ဗရုံကို ပြန်ကြည့်ပါ။ မည်သည့် ပစ္စည်းကို မဆို ဤအတိုင်း ရေတွက် နိုင်ပါသည်
    dozen
    နာမ်