Dictionary Entries
Showing 761–780 of 2,498 words
တ
တစ်ရွယ်တည်း
[tɪʔɹwɛ̀tɛ́]
Arakanese:
အရွယ်ချင်း ညီသော။ တရွယ်တည်း ဖြစ်ရေ
Burmese:
အရွယ်ချင်း ညီသော။ တစ်ရွယ်တည်း ဖြစ်သော
English:
same
Grammar Note:
နာမဝိသေသန
တစ်ရွယ်တည်း၂
[tɪʔɹwɛ̀tɛ́၂]
Arakanese:
အရွယ်ချင်း ညီသော အရာ
Burmese:
အရွယ်ချင်း ညီသော အရာ
English:
same
Grammar Note:
နာမ်
တစ်ရွီ
[tɪʔɹwí]
Arakanese:
ကျွဲ၊ နွား တိရစ္ဆာန် အုပ်စု အလိုက် နေစွာကို ရည်၍ ပြောသော စကားလုံး။ များပြားစွာ တစုံ တရုံးတည်း ဟိနိန်ရေ သက်ဟိ သတ္တဝါ။ (ကျွဲ၊ နွား အစဟိစွာ အုပ်စုအလိုက်။ ကျွဲအုပ်၊ နွားအုပ်။) ကျွဲကြိုးတခြွီ၊ ကျွဲတရွီနန့်၊ အမင်ာင်ယောက်ျား၊ ကျွဲကျောင်းသား (ကျီးဖြူ)။ ကျွဲတ
Burmese:
ကျွဲ၊ နွား တိရစ္ဆာန် အုပ်စု အလိုက် နေသည်ကို ရည်၍ ပြောသော စကားလုံး။ များပြားစွာ တစ်စုံ တစ်ရုံးတည်း ရှိနေသော သက်ရှိ သတ္တဝါ။ (ကျွဲ၊ နွား စသည် အုပ်စုအလိုက်။ ကျွဲအုပ်၊ နွားအုပ်။) ကျွဲကြိုးတစ်ခြွီ၊ ကျွဲတစ်ရွီနန့်၊ အမောင်ယောက်ျား၊ ကျွဲကျောင်းသား (ကျီးဖြူ)။ ကျွဲတ
English:
group
Grammar Note:
နာမ်
တစ်ရွီတစ်ဖျင်
[tɪʔɹwítɪʔpʰrɪ̀ɴ]
Arakanese:
အမျိုးအမည်၊ အရွီအတွက် အစဟိစွာ များပြားစွာ။ မကန်မဝှန်
Burmese:
အမျိုးအမည်၊ အရေအတွက် စသည် များပြားစွာ။ အများအပြား
English:
many
Grammar Note:
ကြိယာဝိသေသန
တစ်ရွီတစ်ဖျင်၂
[tɪʔɹwítɪʔpʰrɪ̀ɴ၂]
Arakanese:
အမျိုးအမည်၊ အရွီအတွက်ကို မခွဲခြားပဲ အတိကို ရည်၍ ပြောသော စကားလုံး
Burmese:
အမျိုးအမည်၊ အရေအတွက်ကို မခွဲခြားပဲ အများကို ရည်၍ ပြောသော စကားလုံး
English:
many
Grammar Note:
နာမ်
တစ်ရွီတစ်ဖျင်တစ်စင်းတင်
[tɪʔɹwítɪʔpʰrɪ̀ɴtɪʔsɪ́ɴtɪ̀ɴ]
Arakanese:
အမျိုးအမည်၊ အရွီအတွက် စရေ များပြားစွာ။ အလွန် များရေအနိန်နန့်
Burmese:
အမျိုးအမည်၊ အရေအတွက် စသည့် များပြားစွာ။ အလွန် များသော အားဖြင့်
English:
many
Grammar Note:
ကြိယာဝိသေသန
တစ်ရွေးတစ်စိ
[tɪʔɹwétɪʔsì]
Arakanese:
ရွေးစိ တစိခန့်။ စိကေချေခန့်
Burmese:
ရွေးစေ့ တစ်စေ့ခန့်။ အနည်းငယ်ခန့်
English:
a little
Grammar Note:
နာမ်
တစ်ရွှား
[tɪʔɹW̯á]
Arakanese:
အပြား။ အပျိုင်။ အလွှာ။ အထပ်။ အချပ်တခု။ အိမ်မိုးသွပ်ပြားတရွှား၊ ထရံတရွှား၊ ပျိုင်တရွှား အစဟိစွာ
Burmese:
အပြား။ အပျဉ်။ အလွှာ။ အထပ်။ အချပ်တစ်ခု။ သံဖြူတစ်ရွှား၊ ထရံတစ်ရွှား၊ ပျဉ်တစ်ရွှား စသည်
English:
layer
Grammar Note:
နာမ်
တစ်လက်
[tɪʔlɛʔ]
Arakanese:
တခေါက်။ တခါ။ တခေါက်။ တလှည့်။ ဒိုးလက်ဆံတခု။ (ဒိုးတလက် စရေ။
Burmese:
တစ်ကြိမ်။ တစ်ခါ။ တစ်ခေါက်။ တစ်လှည့်။ ဂုံညင်းဆံတစ်ခု။ (ဒိုးတစ်လက် စသည်။
English:
once
Grammar Note:
နာမ်
တစ်လက်ကျက်
[tɪʔlɛʔt͡ɕɛʔ]
Arakanese:
အခြည်းအနှီး။ အလဟဿ။ မဟုတ်စွာကို ဟုတ်ရေလို့ ဝါဗျာယ်
Burmese:
အချည်းအနှီး။ အလဟဿ။ မဟုတ်သည်ကို ဟုတ်သည်ဟု လိမ်လည်လျက်
English:
naught
Grammar Note:
ကြိယာဝိသေသန
တစ်လက်ကျက်၂
[tɪʔlɛʔt͡ɕɛʔ၂]
Arakanese:
တခေါက် အလိမ် အမိ ခံရရေ။ ဇာလေ့ မပါဟိပဲ အကျိုးမဲ့ အလဟဿ ဖြစ်တေ
Burmese:
တစ်ကြိမ် အလိမ် အမိ ခံရသည်။ ဘာမျှ မပါရှိပဲ အကျိုးမဲ့ အလဟဿ ဖြစ်သည်
English:
unprofitably
Grammar Note:
ကြိယာ
တစ်လက်စားတည်း
[tɪʔlɛʔsátɛ́]
Arakanese:
တပြိုင်တည်းတည်း။ တပါတည်း။ တပြိုင်တည်း။ တတူတကွ
Burmese:
တစ်ပြိုင်နက်တည်း။ တစ်ပါတည်း။ တစ်ချက်တည်း။ အတူတကွ
English:
together
Grammar Note:
ကြိယာဝိသေသန
တစ်လက်ဖက်
[tɪʔlɛʔpʰɛʔ]
Arakanese:
ကျုံ့ခွက် နိန်ရေ လက်ဝါး နှစ်ဖက် ပူးဗျာယ်။ ခြင်တွယ် သတ်မှတ်သော အခြင်အတွယ် ပမာဏ
Burmese:
ကျုံ့ခွက် နေသော လက်ဝါး နှစ်ဖက် ပူးလျက်။ ခြင်တွယ် သတ်မှတ်သော အခြင်အတွယ် ပမာဏ
English:
magnitude
Grammar Note:
နာမ်
တစ်လင်ကွာ
[tɪʔlɪ̀ɴkwà]
Arakanese:
တခေါက် ထိမ်းမြှား ပြီးပနာ ကွာရှင်းသော မမာ့။ တခုလပ်။ တလင်ကွာ - ဖုံပြာမကို၊ စိတ်မဟိ (ဇမ်း)
Burmese:
တစ်ကြိမ် ထိမ်းမြှား ပြီး၍ ကွာရှင်းသော မိန်းမ။ တစ်ခုလပ်။ တစ်လင်ကွာ - ဖုံပြာမကို၊ စိတ်မဟိ (ဇမ်း)
English:
divorce
Grammar Note:
နာမ်
တစ်လယားတစ်နံ
[tɪʔljátɪʔnံ]
Arakanese:
အလျားလိုက်၊ အနံလိုက် အုတ်ကို တတန်းစီ တတန်းလိုက် စီထည့် ထားရေ၏ အဖြစ်
Burmese:
အလျားလိုက်၊ အနံလိုက် အုတ်ကို တစ်တန်းစီ တစ်တန်းလိုက် စီထည့် ထားသည်၏ အဖြစ်
English:
line up
Grammar Note:
နာမ်
တစ်လီ
[tɪʔlí]
Arakanese:
တခေါက်။ တခါ ။ ငယ်ကကြင်ကေ၊ ဆင်မင်းလှမာ၊ ရှေးကတလီ၊ ခုတလီကေ၊ နှစ်လီကျမြောက် (ဆဒ္ဒန်)
Burmese:
တစ်ကြိမ်။ တစ်ခါ ။ ငယ်ကကြင်ကေ၊ ဆင်မင်းလှမှာ၊ ရှေးကတလီ၊ ခုတလီကေ၊ နှစ်လီကျမြောက် (ဆဒ္ဒန်)
English:
once
Grammar Note:
နာမ်
တစ်လီး
[tɪʔlï]
Arakanese:
အချိန် အဆ ပမာဏ တခု၏ အလီးချိန်။ လီးလံသော ဝန်စည် ဝန် တခု၏ အလီးချိန်
Burmese:
အချိန် အဆ ပမာဏ တစ်ခု၏ အလေးချိန်။ လေးလံသော ဝန်စည် ပစ္စည်း တစ်ခု၏ အလေးချိန်
English:
weight
Grammar Note:
နာမ်
တစ်လီး၂
[tɪʔlï၂]
Arakanese:
အားဟိ သရွီ့။ တအား တိုးချဗျာယ်
Burmese:
အားရှိ သရွေ့။ တစ်အား တွန်းချလျက်
English:
with all the force
Grammar Note:
ကြိယာဝိသေသန
တစ်လုံး
[tɪʔlóʊɴ]
Arakanese:
သစ်သီး အစဟိရေ အရာကို ရွီတွက် ရာမာ သုံးသော စကားလုံး
Burmese:
သစ်သီး စသော အရာကို ရေတွက် ရာ၌ သုံးသော စကားလုံး
English:
count
Grammar Note:
နာမ်
တစ်လုံး၂
[tɪʔlóʊɴ၂]
Arakanese:
(လက်သီး ဆုပ်၍) တခေါက် (ထိုးနှက်သည်)။ မောင်လှကို လက်သီးနန့် တလုံး ထိုးနှက် လိုက်တေ။ သစ်သီးတလုံး၊ ပန်းကန်တလုံး၊ အပ်ခြည်တခင်၊ အိုးတလုံး အစဟိစွာအနိန်နန့် အသုံး ဟိရေ
Burmese:
(လက်သီး ဆုပ်၍) တစ်ကြိမ် (ထိုးနှက်သည်)။ မောင်လှကို လက်သီးနန့် တစ်လုံး ထိုးနှက် လိုက်တေ။ သစ်သီးတစ်လုံး၊ ပန်းကန်တစ်လုံး၊ အပ်ချည်တစ်လုံး၊ အိုးတစ်လုံး စသည်ဖြင့် အသုံး ရှိသည်
English:
attack with force
Grammar Note:
နာမ်