Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 2,498 words

    တ

    တက်စာ

    [tɛʔsà]
    ကိုယ်လက် အကြော အခြင်ရို့ ကိုက်ခဲ တောင့်တင်း စီတတ်ရေ အစားအစာ
    ကိုယ်လက် အကြော အခြင်တို့ ကိုက်ခဲ တောင့်တင်း စေတတ်သော အစားအစာ
    liturgy
    နာမ်

    တက်စားပီး

    [tɛʔsápï]
    တစုံ တခုသော ဝန် နစ်နာ ဆုံးယှုံးမှုအတွက် ပီးလျော်ရေ။ သကြဇ် (၉၁၀) ခု၊ နံတော်လဆန်း (၈)ရက် ကြာသပတိနိ ဓိသုံးပါးရို့မာ တက်စားပီး သေကားပြီး၏ (အဓိပဓိ)။ သက်ဟိသက်မဲ့ တခုခု၏ နီရာမာ အရာ သက်ဟိ သက်မဲ့ တခုခုကို လှဲလှယ် အသုံး ပြုရေ။ အစား ထိုးသည်
    တစ်စုံ တစ်ခုသော ပစ္စည်း နစ်နာ ဆုံးရှုံးမှု အတွက် ပေးလျော်သည်။ သကြဇ် (၉၁၀) ခု၊ နတ်တော်လဆန်း (၈)ရက် ကြာသပတိနိ ဓိသုံးပါးတို့တွင် တက်စားပီး သေကားပြီး၏ (အဓိပဓိ)။ သက်ရှိသက်မဲ့ တစ်ခုခု၏ နေရာတွင် အခြား သက်ရှိ သက်မဲ့ တစ်ခုခုကို လှဲလှယ် အသုံး ပြုသည်။ အစား ထိုးသည်
    be proper
    ကြိယာ

    တက်စားပီး၂

    [tɛʔsápï၂]
    အလဲအလှယ်၊ အတုံ့အပြန် (ကျွဲ တကောင် သီရေ အတွက် နွား နှစ်ကောင် တက်စား ပီးရရေ) ယင်းနည်းပိုင် သက်ဟိ သက်မဲ့ အလျော် ပီးရရေ၏ အဖြစ်
    အလဲအလှယ်၊ အတုံ့အပြန် (ကျွဲ တစ်ကောင် သေသည့် အတွက် နွား နှစ်ကောင် တက်စား ပေးရသည်) အလားတူ သက်ရှိ သက်မဲ့ အလျော် ပေးရသည်၏ အဖြစ်
    compensation
    နာမ်

    တက်စိ.လက်စိ.

    [tɛʔsì.lɛʔsì.]
    မပို မလျော့။ အမင်ာင်နှမျှ ဖြစ်တေ။ တတိ ဖြစ်တေ
    မပို မလျော့။ အညီအမျှ ဖြစ်သည်။ အပိုအလိုမရှိ ဖြစ်သည်
    equal
    ကြိယာဝိသေသန

    တက်စုံလက်စုံ

    [tɛʔsòʊɴlɛʔsòʊɴ]
    (ဥပစာ) အားထုတ် ကြိုးပမ်းမှု ညီမျှစွာ။ ပြည့်စုံ ညီညာစွာ
    (ဥပစာ) အားထုတ် ကြိုးပမ်းမှု ညီမျှစွာ။ ပြည့်စုံ ညီညာစွာ
    complete
    ကြိယာဝိသေသန

    တက်ဈီး

    [tɛʔzʱï]
    တိုးတက် နိန်ရေ တန်ဖိုး (ဈီး)နှုန်း။ မြင့်မားသော တန်ဖိုးနှုန်း
    တိုးတက် နေသော တန်ဖိုး (ဈေး)နှုန်း။ မြင့်မားသော တန်ဖိုးနှုန်း
    value
    နာမ်

    တက်တက်

    [tɛʔtɛʔ]
    မညှာ မတာသော သဘောနန့်။ သနား ကြင်နာခြင်း မဟိဘဲ။ ရက်ရက် စက်စက်။ နားကနားဋောင်းကို တက်တက် ချွတ်ယူလား ခရေ
    မညှာ မတာသော သဘောဖြင့်။ သနား ကြင်နာခြင်း ကင်းမဲ့စွာ။ ရက်ရက် စက်စက်။ နားကနားဋောင်းကို တက်တက် ချွတ်ယူလား ခရေ
    mercilessly
    ကြိယာဝိသေသန

    တက်တက်၂

    [tɛʔtɛʔ၂]
    မကွာ မလှမ်းသော နီရာ၊ အရပ်။ မဝီးသော နီရာ၊ အရပ်
    မကွာ မလှမ်းသော နေရာ၊ အရပ်။ မဝေးသော နေရာ၊ အရပ်
    closely
    နာမ်

    တက်တက်၃

    [tɛʔtɛʔ၃]
    နံဖီးသို့ ချိုင်းကပ်၍
    အနီးသို့ ချဉ်းကပ်၍
    approach
    ကြိယာဝိသေသန

    တက်တက်ကပ်

    [tɛʔtɛʔkaʔ]
    ပြီးကေ တက်တက်ကုန်၊ တက်တက်ကြား၊ တက်တက်ခါ၊ တက်တက်ခါး၊ တက်တက်ချိုင်၊ တက်တက်ငြင်း၊ အရီကျွတ်၊ တက်တက်ဆာ၊ တက်တက်နာ၊ တက်တက်ပြောင်၊ တက်တက်ပြုန်း၊ တက်တက်မွဲ၊ တက်တက်လန် အစဟိစွာအနိန်နန့် တွဲပြီးကေ သုံးကတ် သိရေ
    ပြီးလျှင် တက်တက်ကုန်၊ တက်တက်ကြား၊ တက်တက်ခါ၊ တက်တက်ခါး၊ တက်တက်ချဉ်၊ တက်တက်ငြင်း၊ တက်တက်စင်၊ တက်တက်ဆာ၊ တက်တက်နာ၊ တက်တက်ပြောင်၊ တက်တက်ပြုန်း၊ တက်တက်မွဲ၊ တက်တက်လန် စသည်ဖြင့် တွဲ၍ သုံးကြ သေးသည်
    approach
    ကြိယာ

    တက်တက်ကုန်

    [tɛʔtɛʔkòʊɴ]
    အားလုံး ကုန်ပျောက်ရေ။ အားလုံး တက်တက်ပြောင်သည်
    အားလုံး ကုန်ပျောက်သည်။ အားလုံး ကုန်စင်သည်
    complete
    ကြိယာ

    တက်တက်ကြား

    [tɛʔtɛʔt͡ɕá]
    တပ်အပ် သေချာ။ စိသားကိုက်။ အတိအကျ။ အသီအချာ။ ဧကန်မုချ။ အမှန်က။ မောင့်အသံကို၊ မေရို့နီကေ၊ အိမ်ထောင်ဖက်က၊ တက်တက်ကေကြားလို့ (ဇမ်း)
    တပ်အပ် သေချာ။ တိတိကျကျ။ အတိအကျ။ အသေအချာ။ ဧကန်မုချ။ အမှန်စင်စစ်။ မောင့်အသံကို၊ မေရို့နီကေ၊ အိမ်ထောင်ဖက်က၊ တက်တက်ကေကြားလို့ (ဇမ်း)
    certainly
    ကြိယာဝိသေသန

    တက်တက်ကြောင်

    [tɛʔtɛʔt͡ɕàʊɴ]
    ကြောင်မျက်စိ အဆင်း ဟိရေ
    ကြောင်မျက်စိ အဆင်း ရှိသော
    sight
    နာမဝိသေသန

    တက်တက်ခေါ်

    [tɛʔtɛʔkʰɔ̀]
    ပဇိပဆာများ အတွက်နန့် လျှာထိပ်ကို အာခေါင်မာ ကပ်ထိပနာ တက် (တောက်) ဆိုရေ အသံကို ထွက်အောင် လုပ် ရေ။ ကျောက်ဖျာအထက်၊ တက်ကာထိုင်ကေ၊ မှိုင်ကာတွက်လို့၊ မသက်မသာ၊ တက်တက်ခေါ်ကေ၊ ကျောက်ဖျာကထ၊ စိတ်ညစ်မာန်ပါ၊ မနေပျော်၍၊ ဟေမာတောမာ၊ လားကာလမာ (ပန်း)
    အလိုမကျ သောကြောင့် လျှာထိပ်ကို အာခေါင်တွင် ကပ်ထိ၍ တက် (တောက်) ဟူသော အသံကို ထွက်အောင် လုပ် သည်။ ကျောက်ဖျာအထက်၊ တက်ကာထိုင်ကေ၊ မှိုင်ကာတွက်လို့၊ မသက်မသာ၊ တက်တက်ခေါ်ကေ၊ ကျောက်ဖျာကထ၊ စိတ်ညစ်မာန်ပါ၊ မနေပျော်၍၊ ဟေမာတောမှာ၊ သွားကာလ၌ (ပန်း)
    make a clicking sound with tongue
    ကြိယာ

    တက်တက်ခါ

    [tɛʔtɛʔkʰà]
    လက်မခံ၊ တိမ်းရှောင်ရေ။ ငြင်းပယ်သည်
    လက်မခံ၊ ရှောင်တိမ်းသည်။ ငြင်းပယ်သည်
    deny
    ကြိယာ

    တက်တက်ခါး

    [tɛʔtɛʔkʰàး]
    အလွန့် အလွန် (ခါးသည်)
    အလွန့် အလွန် (ခါးသည်)
    exceed
    ကြိယာဝိသေသန

    တက်တက်ခါး၂

    [tɛʔtɛʔkʰàး၂]
    (ဥပစာ) အလွန် မုန်းတီးရေ။ ရွံမုန်းသည်
    (ဥပစာ) အလွန် မုန်းတီးသည်။ ရွံမုန်းသည်
    hate
    ကြိယာ

    တက်တက်ချဉ်

    [tɛʔtɛʔɕɪ̀ɴ]
    အလွန် ချိုင်သော အရသာ ဟိရေ။ ချိုင်စုတ်စုတ် အရသာ ဟိရေ
    အလွန် ချဉ်သော အရသာ ရှိသော။ ချဉ်စုတ်စုတ် အရသာ ရှိသော
    sour
    နာမဝိသေသန

    တက်တက်ငြင်း

    [tɛʔtɛʔɲɪ́ɴ]
    လက်မခံ၊ တိမ်းရှောင်ရေ။ ငြင်းပယ်သည်
    လက်မခံ၊ ရှောင်တိမ်းသည်။ ငြင်းပယ်သည်
    elude
    ကြိယာ

    တက်တက်စင်

    [tɛʔtɛʔsɪ̀ɴ]
    တခုလောက် မကျန် သည်၏ အဖြစ်သို့ ရောက်ရေ။ ဂေါင်းထက်ဆံပင်၊ အရီကျွတ်ယောင်၊ သူလျှင်ဆိုဆဲ (ပန်း)
    တစ်ခုမျှ မကျန် သည်၏ အဖြစ်သို့ ရောက်သည်။ ဂေါင်းထက်ဆံပင်၊ တက်တက်စင်ယောင်၊ သူလျှင်ဆိုဆဲ (ပန်း)
    entirely
    ကြိယာ