Dictionary Entries
Showing 821–840 of 2,498 words
တ
တစ်သိုက်
[tɪʔθaɪʔ]
Arakanese:
နှစ်တောင်း၏ ၃၂ ပုံ တပုံ အခြင်အတွယ် ပမာဏ။ သျှစ်ဆယ် ကျပ်သား အလီးချိန်။ ငါးမန်းငါးခြောက်၊ လှန်းထားရာက၊ ယူလာယားကေ၊ ထင်းမီးတောက်မာ၊ တသိုက်လောက်ဖုတ်၊ ပြုတ်စွာပြုတ်လို့၊ လက်သုပ်သုပ်ထွေ (ငါး)
Burmese:
တစ်တင်း၏ ၃၂ ပုံ တစ်ပုံ အခြင်အတွယ် ပမာဏ။ ရှစ်ဆယ် ကျပ်သား အလေးချိန်။ ငါးမန်းငါးခြောက်၊ လှန်းထားရာက၊ ယူလာပြီးကေ၊ ထင်းမီးတောက်မှာ၊ တစ်သိုက်လောက်ဖုတ်၊ ပြုတ်စွာပြုတ်လို့၊ လက်သုပ်သုပ်ထွေ (ငါး)
English:
weight
Grammar Note:
နာမ်
တစ်သိုက်တစ်တာ
[tɪʔθaɪʔtɪʔtà]
Arakanese:
တနီရာ တည်းမာ အများ ပေါင်းစုဗျာယ်
Burmese:
တစ်နေရာ တည်းတွင် အများ ပေါင်းစုလျက်
English:
incorporate
Grammar Note:
ကြိယာဝိသေသန
တစ်သီးစား
[tɪʔθïsá]
Arakanese:
တခေါက်သာ စားရရေ သီးနှံ
Burmese:
တစ်ကြိမ်သာ စားရသော သီးနှံ
English:
crop
Grammar Note:
နာမ်
တစ်သီးတစ်ခြား
[tɪʔθïtɪʔkʰɹá]
Arakanese:
တသီး တသန့် ဖြစ်ဗျာယ်။ မဆက် မစပ်ပဲ ဖြစ်ဗျာယ်
Burmese:
တစ်သီး တစ်သန့် ဖြစ်လျက်။ မဆက် မစပ်ပဲ ဖြစ်လျက်
English:
separate
Grammar Note:
ကြိယာဝိသေသန
တစ်သီးပုဂ္ဂလ
[tɪʔθïpoʊɡə́ɡəl]
Arakanese:
တကိုယ်တည်း ဖြစ်ခြင်း။ လုံးချင်းတည်း ဖြစ်ခြင်း။ သီးသန့် ဖြစ်ခြင်း။ တပါးသော သူနန့် ရောနှောမှု မဟိခြင်း
Burmese:
တစ်ကိုယ်တည်း ဖြစ်ခြင်း။ တစ်ယောက်တည်း ဖြစ်ခြင်း။ သီးခြား ဖြစ်ခြင်း။ တစ်ပါးသော သူနှင့် ရောနှောမှု မရှိခြင်း
English:
lone
Grammar Note:
နာမ်
တစ်သျှင်
[tɪʔʃɪ̀ɴ]
Arakanese:
တဦး တယောက်။ ပိုင်ဆိုင်သူ တယောက်။ တဦးတည်းသော လယ်မြီ ပိုင်သျှင်
Burmese:
တစ်ဦး တစ်ယောက်။ ပိုင်ဆိုင်သူ တစ်ယောက်။ တစ်ဦးတည်းသော လယ်မြေ ပိုင်ရှင်
English:
owner
Grammar Note:
နာမ်
တစ်သျှဉ်း
[tɪʔʃɪ́ɴ]
Arakanese:
တဆယ့်နှစ်တောင် ဝါးပြန်၈၀၀ ဟိရေ မြီကွက်။ ၆ ဧက ဒသမ ၄၀ဟိရေ လယ်မြီ။ ပြင်လယ်ဂေါင်ရွာမာ ဟိန်ဒုသော ရောမော ဒေါနော အဝင် ၅ သျှဉ်း ၃ ပဝါ လှူတော် ပြုသည် လဲကို သားစဉ် မြီးဆက် စားစီ ဆိုပနာ ကရာထားရေ (တေဇ)
Burmese:
တစ်ဆယ့်နှစ်တောင် ဝါးပြန်၈၀၀ ရှိသော မြေကွက်။ ၆ ဧက ဒသမ ၄၀ရှိသော လယ်မြေ။ ကွင်းပြင်ရွာတွင် ဟိန်ဒုသော ရောမော ဒေါနော အဝင် ၅ သျှဉ်း ၃ ပဝါ လှူတော် ပြုသည် လဲကို သားစဉ် မြီးဆက် စားစီ ဟူ၍ ကပဲထားသည် (တေဇ)
English:
plot of land
Grammar Note:
နာမ်
တစ်သျှူ
[tɪʔʃù]
Arakanese:
သာမန် ယောက်ျား ရပ်စောက် ရပ်ပနာ အဂေါင်း အထက်ကို မြှောက်ထားရေ လက်ထိပ်မှ အောက်ခြီအထိ အတိုင်းအတာ။ အမြင့် လေးဒေါင့် တထွာ ပမာဏ အတိုင်းအတာ။ အောက်ကို ငုံ့ကြည့် လိုက်ရေအခါ ရေ တနည်း မြီကို မှုန်မှုန်မွှားမွှား မြင်ရရေ အကွာအဝီး။ အစောက် ပမာဏ။ ရီမားအောက်ကို
Burmese:
သာမန် ယောက်ျား မတ်တပ် ရပ်၍ ဦးခေါင်း အထက်သို့ မြှောက်ထားသော လက်ထိပ်မှ အောက်ခြေအထိ အတိုင်းအတာ။ အမြင့် လေးထောင့် တစ်ထွာ ပမာဏ အတိုင်းအတာ။ အောက်သို့ ငုံ့ကြည့် လိုက်သောအခါ ရေ သို့မဟုတ် မြေကို မှုန်မှုန်မွှားမွှား မြင်ရသော အကွာအဝေး။ အစောက် ပမာဏ။ ရီတွင်းအောက်ကို
English:
height
Grammar Note:
နာမ်
တစ်သျှောင်သျှောင်
[tɪʔʃàʊɴʃàʊɴ]
Arakanese:
တခေါက် တခေါက်လျှင် စိကေချေစီ။ တသျှောင်သျှောင် မကျမ္မာ ဖြစ်တေ
Burmese:
တစ်ကြိမ် တစ်ကြိမ်လျှင် အနည်းငယ်စီ။ တစ်သျှောင်သျှောင် မကျန်းမာ ဖြစ်သည်
English:
a little
Grammar Note:
ကြိယာဝိသေသန
တစ်သွန်တည်း
[tɪʔθʊ̀ɴtɛ́]
Arakanese:
ရက်ပြတ် လီရာ လီညှင်း တိုက်ခတ်ဗျာယ်
Burmese:
အဆက်မပြတ် လေပြေ လေညှင်း တိုက်ခတ်လျက်
English:
blow
Grammar Note:
ကြိယာဝိသေသန
တစ်သွန်တည်း၂
[tɪʔθʊ̀ɴtɛ́၂]
Arakanese:
အလုံးအဖန် တညီ တညွတ်တည်း။ တဖြိုးတည်း
Burmese:
အလုံးအဖန် တညီ တညွတ်တည်း။ တဖြိုးတည်း
English:
unity
Grammar Note:
ကြိယာဝိသေသန
တစ်သွီးတည်းတစ်သားတည်း
[tɪʔθwïtɛ́tɪʔθátɛ́]
Arakanese:
တမိတည်းက မွေးသော သားသမီး
Burmese:
တစ်မိတည်းက မွေးသော သားသမီး
English:
brother and sister
Grammar Note:
နာမ်
တစ်ဟပ်
[tɪʔhaʔ]
Arakanese:
အစိတ် အတိုင်း တစုံ တရာ ပြတ်ကွာ လားရေ။ အပေါင်းအစုမှ တစိတ် တဒေသ ကွာစဉ် ထွက်ရေ။ မင်းရို့ ပြောစွာကို နာရေမဆိုကေ့ ၊ တဖဲ့ တဟပ်ပင် ပဲ့ဆင်းလီ အရီးမကြီး။ ကြင်ရာယောက်ျား၊ သူ့မယားကို ပြောဟောကဲ့၏၊ အပြစ်ဖွဲ့ကေ ပဲ့ယွဲ့တဟပ်၊ ကျမတတ်တေ၊ ဆတ်ဆတ်တုန်ဟစ် (
Burmese:
အစိတ် အတိုင်း တစ်စုံ တစ်ရာ ပြတ်ကွာ သွားသည်။ အပေါင်းအစုမှ တစ်စိတ် တစ်ဒေသ ကွာစဉ် ထွက်သည်။ မင်းရို့ ပြောစွာကို နာရေမဆိုကေ့ ၊ တစ်ဖဲ့ တစ်ဟပ်ပင် ပဲ့ဆင်းလီ အရေးမကြီး။ ကြင်ရာယောက်ျား၊ သူ့မယားကို ပြောဟောကဲ့ရဲ့၊ အပြစ်ဖွဲ့ကေ ပဲ့ယွဲ့တစ်ဟပ်၊ ကျမတတ်တေ၊ ဆတ်ဆတ်တုန်ဟစ် (
English:
none
Grammar Note:
ကြိယာ
တစ်ဟပ်၂
[tɪʔhaʔ၂]
Arakanese:
ဖျင်တို၊ ဖျင်စ အတို အထွာ
Burmese:
ဖျင်တို၊ ဖျင်စ အတို အထွာ
English:
petty items
Grammar Note:
နာမ်
တစ်ဟပ်တစ်စပ်
[tɪʔhaʔtɪʔsaʔ]
Arakanese:
ဝတ်စရာ အဝတ် အထည်။ ဒယော အကျ စရေ။ သင်္ကြန် နီးနီဗျာလ် ဝတ်ဖို့ စားဖို့ တစပ် တဟပ်လိုဖို့
Burmese:
ဝတ်စရာ အဝတ် အထည်။ လုံချည် အကျ စသည်။ သင်္ကြန် နီးနီဗျာလ် ဝတ်ဖို့ စားဖို့ တစ်စပ် တစ်ဟပ်လိုဖို့
English:
remainder
Grammar Note:
နာမ်
တစ်ဟိန်ထိုး
[tɪʔhèɪɴtʰó]
Arakanese:
အရပ်အနား အဆုတ်အဆိုင်း မဟိဘဲ။ ဆက်ပနာ အယင့်ယင်
Burmese:
အရပ်အနား အဆုတ်အဆိုင်း မရှိဘဲ။ ဆက်လက် လျင်မြန်စွာ
English:
rapidly
Grammar Note:
ကြိယာဝိသေသန
တစ်ဟိန်ဟိန်
[tɪʔhèɪɴhèɪɴ]
Arakanese:
မပြတ် မလပ် (ကိုက်ခဲ နာကြင်ဗျာယ်)
Burmese:
မပြတ် မလပ် (ကိုက်ခဲ နာကျင်လျက်)
English:
ache
Grammar Note:
ကြိယာဝိသေသန
တစ်ဟုတ်
[tɪʔhoʊʔ]
Arakanese:
ဟုတ်ခနဲ၊ ရုတ်ခနဲ လီရှုချက်နန့် အမျှ အယင့်ယင် (နခေါင်း ထဲကို ဝင်လှားရေ။) မှိုင်ကာကျလို့၊ ဖြစ်ထချိန်ခါ လူကောင်ပုပ်ရို့၊ တဟုတ်ဝင်ကေ(ဂုတ္ထိလ)
Burmese:
ဟုတ်ခနဲ၊ ရုတ်ခနဲ လေရှုချက်နှင့် အမျှ လျင်မြန်စွာ (နှာခေါင်း ထဲသို့ ဝင်သွားသည်။) မှိုင်ကာကျလို့၊ ဖြစ်ထစဉ်တွင် လူကောင်ပုပ်တို့၊ တစ်ဟုတ်ဝင်ကေ(ဂုတ္ထိလ)
English:
abrupt
Grammar Note:
ကြိယာဝိသေသန
တစ်ဟုတ်ချင်း
[tɪʔhoʊʔɕɪ́ɴ]
Arakanese:
ခဏ အဂု။ အလျင် အပြင်း။ ၂၊ တမုဟုန်ချင်း ။ ၃၊ မဆုတ်မဆိုင်းပဲ
Burmese:
ခဏ ချက်ချင်း။ အလျင် အမြန်။ ၂၊ တစ်မုဟုန်ချင်း ။ ၃၊ မဆုတ်မဆိုင်းပဲ
English:
rapidly-stubborn
Grammar Note:
ကြိယာဝိသေသန
တစ်ဟုန်
[tɪʔhòʊɴ]
Arakanese:
မဆုတ်မဆိုင်း။ မရပ်မနား။ အသက်ကိုပုံ၊ ရင်ကတုန်ကေ၊ တဟုန်ပြီးကာ၊ လာခရာကား (ဇမ်း)
Burmese:
မဆုတ်မဆိုင်း။ မရပ်မနား။ အသက်ကိုပုံ၊ ရင်ကတုန်ကေ၊ တဟုန်ပြီးကာ၊ လာခဲ့ရာကား (ဇမ်း)
English:
non stop
Grammar Note:
ကြိယာဝိသေသန