Dictionary Entries
Showing 861–880 of 2,498 words
တ
တဆိတ်ကေ
[tsʰeɪʔkè]
Arakanese:
မပြောပလောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဖဲ့ချေတောင် ဖြစ်ရေ ပမာဏ
Burmese:
မပြောပလောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ စိုးစဉ်းမျှ ဖြစ်သော ပမာဏ
English:
little
Grammar Note:
နာမ်
တဆိတ်ကေသျှေ
[tsʰeɪʔkèʃè]
Arakanese:
မပြောပလောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဆိတ်စာလေး
Burmese:
မပြောပလောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ တဆိတ်စာလေး
English:
dribs and drabs
Grammar Note:
နာမ်
တဆိတ်ကေသျှေတဗွေသျှေ
[tsʰeɪʔkèʃètbwèʃè]
Arakanese:
မပြောပလောက်သော ပမာဏ။ စိကေချေလောင်းာက် လောက်သော ပမာဏ။ တဆိတ်စာလေး
Burmese:
မပြောပလောက်သော ပမာဏ။ အနည်းငယ်မျှ လောက်သော ပမာဏ။ တဆိတ်စာလေး
English:
dribs and drabs
Grammar Note:
နာမ်
တံဆိပ်
[tံsʰìaʔ]
Arakanese:
ရွှီ၊ ငွီ၊ ဒင်္ဂါး၊ သစ်သား၊ စက္ကူ၊ ချိပ် အစဟိစွာရို့မာ ခပ်နှိပ်၍ ပါရေ အစိုးရ အာဏာ ပါရေ အမှတ် အသား။ ရွှီ၊ ငွီ အစဟိစွာ ရို့မာ တံဆိပ် အက္ခရာ ခပ်နှိပ် ပီးအပ်ရေ ဘွဲ့အမည်။ အသင်း၊ အဖွဲ့၊ ရုံး၊ ကျောင်း အစဟိစွာရို့၏ အမှတ် အသား။ စွဲမြဲ မှတ်သား ထားခြင်း။ နှလုံးမူခြင်
Burmese:
ရွှေ၊ ငွေ၊ ဒင်္ဂါး၊ သစ်သား၊ စက္ကူ၊ ချိပ် စသည်တို့တွင် ခပ်နှိပ်၍ ပါသော အစိုးရ အာဏာ ပါသည့် အမှတ် အသား။ ရွှေ၊ ငွေ စသည် တို့တွင် တံဆိပ် အက္ခရာ ခပ်နှိပ် ပေးအပ်သော ဘွဲ့အမည်။ အသင်း၊ အဖွဲ့၊ ရုံး၊ ကျောင်း စသည်တို့၏ အမှတ် အသား။ စွဲမြဲ မှတ်သား ထားခြင်း။ နှလုံးမူခြင်
English:
stamp
Grammar Note:
နာမ်
တံဆိပ်တုံး
[tံsʰìaʔtóʊɴ]
Arakanese:
တံဆိပ် ရိုက်နှိပ်ရန် ထုထွင်း ထားရေ သတ္တု၊ ရော်ဘာ အစဟိစွာ
Burmese:
တံဆိပ် ရိုက်နှိပ်ရန် ထုထွင်း ထားသော သတ္တု၊ ရော်ဘာ စသည်
English:
seal
Grammar Note:
နာမ်
တံဆိုး
[tံsʰó]
Arakanese:
ကိုယ့် အလိုသို့ ပါစီရန် ပီးရေ လက်ဆောင်။ မဖွယ်မရာ၊ မမာ့ယုတ်ရို့၊ သပြာတံဆိုး၊ ထိုးရန်ပီးခါ (ကော်)
Burmese:
မိမိ အလိုသို့ ပါစေရန် ပေးသော လက်ဆောင်။ မဖွယ်မရာ၊ မိန်းမယုတ်တို့၊ သပြာတံဆိုး၊ ထိုးရန်ပီးခါ (ကော်)
English:
present
Grammar Note:
နာမ်
တဆိုင်းတည်း
[tsʰáɪɴtɛ́]
Arakanese:
အရွယ်ချင်း တူညီရေ။ တရွယ်တည်း ဖြစ်ရေ။ တူသော အရွယ်ဟိရေ
Burmese:
အရွယ်ချင်း တူညီသော။ တစ်ရွယ်တည်း ဖြစ်သော။ တူသော အရွယ်ရှိသော
English:
equal
Grammar Note:
နာမဝိသေသန
တဆီ
[tsʰí]
Arakanese:
သတ္တဝါ သီပြီးကေ ဖြစ်တေဆိုရေ မကောင်း ဆိုးဝါး။ ဆစ္ဆီ၊ သဆီ
Burmese:
သတ္တဝါ သေ၍ ဖြစ်သည် ဆိုသော မကောင်း ဆိုးဝါး။ တစ္ဆေ
English:
ghost
Grammar Note:
နာမ်
တဆီး
[tsʰï]
Arakanese:
သီရည် သေရက် ပြုလုပ် ရာမာ သုံးရရေ တောဆီးမြစ် ရို့နန့် ဖော်စပ် ထားရေ ကစော် ဖေါက်သော ဆီးတမျိုး
Burmese:
သေရည် သေရက် ပြုလုပ် ရာတွင် သုံးရသော တောဆေးမြစ် တို့ဖြင့် ဖော်စပ် ထားသော ကစော် ဖေါက်သော ဆေးတစ်မျိုး
English:
lovage
Grammar Note:
နာမ်
တဆီဗလိ
[tsʰíblì]
Arakanese:
ပင်လယ် ကမ်းစ နံဖီးဟိ မားမာ နီလေ့ ဟိရေ ဗလိနီ ခေါ်တင်သော ဂဏန်း ကောင်ငယ် တမျိုး
Burmese:
ပင်လယ် ကမ်းစပ် အနီးရှိ တွင်းတွင် နေလေ့ ရှိသည့် ဗလိနီ ခေါ်တင်သော ဂဏန်း ကောင်ငယ် တစ်မျိုး
English:
crab
Grammar Note:
နာမ်
တဆွတ်ချင်း
[tsʰwaʔɕɪ́ɴ]
Arakanese:
ဖြူဖွေးသော
Burmese:
ဖြူဖွေးသော
English:
pure white
Grammar Note:
နာမဝိသေသန
တံဇောင်
[tံzàʊɴ]
Arakanese:
အရိုးတံရှည်၍ လုံးထွင်းလှီ ပြုလုပ်ရာမာ ပဲခွပ်ကြီး တမျိုး။ တံစည်း။ စူးဆောက်တရပါ၊ တံဇောင်လောင်ပူ၊ သံမှိုကစ၊ မကျန်ရယောင် (ထွန်းတိ)
Burmese:
အရိုးတံရှည်၍ လုံးထွင်းလှေ ပြုလုပ်ရာ၌ ပဲခွပ်ကြီး တစ်မျိုး။ တံစည်း။ စူးဆောက်တရပါ၊ တံဇောင်လောင်ပူ၊ သံမှိုကစ၊ မကျန်ရအောင် (ထွန်းတိ)
English:
adze
Grammar Note:
နာမ်
တဇွတ်ဆွဲ
[tzwaʔsʰwɛ]
Arakanese:
မြေမာ တွဲလောင်းချ ပွတ်ဆွဲရေ
Burmese:
မြေတွင် တွဲလျားချ ပွတ်ဆွဲသည်
English:
rub
Grammar Note:
ကြိယာ
တဇွတ်တိုက်
[tzwaʔtaɪʔ]
Arakanese:
မြေမာ တွဲလောင်းချ ပွတ်တိုက်ဗျာယ်
Burmese:
မြေတွင် တွဲလျားချ ပွတ်တိုက်လျက်
English:
scrub
Grammar Note:
ကြိယာဝိသေသန
တညံညံ
[tɲံɲံ]
Arakanese:
၁၊ ရက်ပြတ် မြည်သော အသံ။ ဆလွဲအော်သံ၊ တညံညံနှင့်၊ ပျံကာသွားမြောက် (ထာနု)။ ၂၊ သံပြိုင် ရွတ်ဆိုရေ အသံ
Burmese:
၁၊ အဆက်မပြတ် မြည်သော အသံ။ ဆလွဲမြည်သံ၊ တညံညံနှင့်၊ ပျံကာသွားမြောက် (ထာနု)။ ၂၊ သံပြိုင် ရွတ်ဆိုသော အသံ
English:
wail
Grammar Note:
နာမ်
တည်
[tɛ̀]
Arakanese:
အသီးလုံး ငယ်၍ အခေါက် အပွီး အကွက် အကွက် ကွာသော အပင် တမျိုး။ ရို့သျှင်မသည်၊ ဒေဝကညာ၊ ဟိရင်ပြင်မာ၊ လပပြောင်ညီး၊ လှပတင့်ရေ၊ တေရွန်းသီးလို့၊ မကြီးမငယ် (ကော်)
Burmese:
အသီးလုံး ငယ်၍ အခေါက် အပွေး အကွက် အကွက် ကွာသော သစ်ပင် တစ်မျိုး။ တို့သျှင်မသည်၊ ဒေဝကညာ၊ ရှိရင်ပြင်မှာ၊ လသာပြောင်ညီး၊ လှပတင့်တယ်၊ တေလွန်းသီးလို့၊ မကြီးမငယ် (ကော်)
English:
diospyros-melanoxylon
Grammar Note:
နာမ်
တည့်
[tɛ̰]
Arakanese:
ဖြောင့်စင်းသော။ မတ်သော။ မတိမ်း မစောင်းသော။ မချွတ် မလွဲဖြစ်ရေ
Burmese:
ဖြောင့်စင်းသော။ မတ်သော။ မတိမ်း မစောင်းသော။ မချွတ် မလွဲဖြစ်သော
English:
straight
Grammar Note:
နာမဝိသေသန
တည်း
[tɛ́]
Arakanese:
ကြိုး အစဟိစွာအနိန်နန့် ဖွဲ့တုပ်ရေ။ ချိုင်နှောင်ရေ။ ကိုယ်မာ ဝတ်လှ၊ ခတောင်းစကို၊ ဆွဲထနှုတ်ကျင် အခေါက်ငင်ပျာ၊ ဝါးပင်မာတည်း၊ ရွှဲခက်ရေပုခွက် (ဂုတ္တိလ)။ ခတောင်းကို ကြက်၊ ဝါးမာတည်းကေ၊ နွယ်ပုခွက်နန့် (ရာမ)
Burmese:
ကြိုး စသည်ဖြင့် ဖွဲ့တုပ်သည်။ ချည်နှောင်သည်။ ကိုယ်တွင် ဝတ်လှ၊ ပုဆိုးစကို၊ ဆွဲထနှုတ်ကျင် အခေါက်ငင်ပျာ၊ ဝါးပင်မှာတည်း၊ ရွှဲခက်သည့်ပုခွက် (ဂုတ္တိလ)။ ပုဆိုးကို ကြက်၊ ဝါးမှာတည်းကေ၊ နွယ်ပုခွက်နှင့် (ရာမ)
English:
tie
Grammar Note:
ကြိယာ
တည်၂
[tɛ̀၂]
Arakanese:
အစွယ်ရှည် တချောင်းတည်း ဟိရေ ဆင်
Burmese:
အစွယ်ရှည် တစ်ချောင်းတည်း ရှိသော ဆင်
English:
elephant
Grammar Note:
နာမ်
တည့်၂
[tɛ̰၂]
Arakanese:
သင့်မြတ်ရေ။ လျော်ကျောက်ရေ။ ဆက်ဆံမှု ပြေလည်သည်
Burmese:
သင့်မြတ်သည်။ လျော်ကန်သည်။ ဆက်ဆံမှု ပြေလည်သည်
English:
reconciled
Grammar Note:
ကြိယာ