Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 901–920 of 2,498 words

    တ

    တည့်တည့်ပြ

    [tɛ̰tɛ̰pɹ]
    ဖြောင့်မတ်ရေ။ မယိမ်း မယိုင်၊ မတိမ်း မစောင်း ဖြစ်တေ။ ဖြောင့်စင်းသည်
    ဖြောင့်မတ်သည်။ မယိမ်း မယိုင်၊ မတိမ်း မစောင်း ဖြစ်သည်။ ဖြောင့်စင်းသည်
    straight
    ကြိယာ

    တည်တည်ရပ်ရပ်

    [tɛ̀tɛ̀ɹaʔɹaʔ]
    ခိုင်ခံ့ရေ။ ခိုင်မြဲရေ။ ယိုယွင်း ပျက်စီးခြင်း မဟိ ဖြစ်တေ။ ငြိမ်သက်ရေ။ ယိုင်ကျေး သိမ်မွေ့ရေ။ ကောင်းမွန်ရေ
    ခိုင်ခံ့သည်။ ခိုင်မြဲသည်။ ယိုယွင်း ပျက်စီးခြင်း မရှိ ဖြစ်သည်။ ငြိမ်သက်သည်။ ယဉ်ကျေး သိမ်မွေ့သည်။ ကောင်းမွန်သည်
    firm
    ကြိယာ

    တည်ထောင်

    [tɛ̀tʰàʊɴ]
    ဇနီး မောင်နှံ အဖြစ် ပေါင်းဖက်ရေ။ ထိမ်းမြှား ထိမ်းမြားရေ။ ကြီးအရွယ်ရောက်၊ လှပျုံးချုကေ၊ ပျိုဆတောက်ဟု၊ ဆိုလောက်သောခါ၊ ဓမ္မတာဖြင့်၊ ဃရာဝါသ၊ တည်ထောင်ချမည်၊ မိနန့်ဖရို့၊ ပြုကြလီကေ (ရာမ)
    ဇနီး မောင်နှံ အဖြစ် ပေါင်းဖက်သည်။ ထိမ်းမြှား လက်ထပ်သည်။ ကြီးအရွယ်ရောက်၊ လှပျုံးချုကေ၊ ပျိုဆတောက်ဟု၊ ဆိုလောက်သောခါ၊ ဓမ္မတာဖြင့်၊ ဃရာဝါသ၊ တည်ထောင်ချမည်၊ မိနှင့်ဖတို့၊ ပြုကြလေကေ (ရာမ)
    establish
    ကြိယာ

    တည်ထောင်၂

    [tɛ̀tʰàʊɴ၂]
    လင် (တနည်း) မယား။ အိမ်ထောင်ဖက်။ တတူနီ မိသားစု။ တတူနီ လင်မယား
    လင် (သို့မဟုတ်) မယား။ အိမ်ထောင်ဖက်။ အတူနေ မိသားစု။ အတူနေ လင်မယား
    mate
    နာမ်

    တည်ထောင်ကျ

    [tɛ̀tʰàʊɴt͡ɕ]
    အိမ်ထောင်သည် အဖြစ်သို့ ရောက်ရေ။ လင် (တနည်း) မယား ရရေ။ ဇနီး မောင်နှံအဖြစ် နီထိုင်သည်
    အိမ်ထောင်သည် အဖြစ်သို့ ရောက်သည်။ လင် (သို့မဟုတ်) မယား ရသည်။ ဇနီး မောင်နှံအဖြစ် နေထိုင်သည်
    married
    ကြိယာ

    တည်ထောင်ချ

    [tɛ̀tʰàʊɴɕ]
    နှစ်ဖက်သော မိဖရို့က လင်မယား အဖြစ် ထိမ်းမြား ထိမ်းမြှား နစပ် လိုက်ရေ
    နှစ်ဖက်သော မိဖတို့က လင်မယား အဖြစ် လက်ထပ် ထိမ်းမြှား ပေးစား လိုက်သည်
    wed
    ကြိယာ

    တည်းဖြတ်

    [tɛ́pʰɹaʔ]
    စာပီ အရီးအသား ရို့ကို အခြားမူ ရို့နန့် ညှိနှိုင်းသည်
    စာပေ အရေးအသား တို့ကို တခြားမူ တို့နှင့် ညှိနှိုင်းသည်
    edit
    ကြိယာ

    တည်မြဲ

    [tɛ̀mɹɛ]
    ကာလ ရှည်လျားစွာ မပျက် မစီး တည်ဟိ နိန်ရေ
    ကာလ ရှည်လျားစွာ မပျက် မစီး တည်ရှိ နေသည်
    enduringness
    ကြိယာ

    တည်ရပ်

    [tɛ̀ɹaʔ]
    မပျက် မစီး ခိုင်မြဲစွာ တည်ဟိ နိန်ရေ
    မပျက် မစီး ခိုင်မြဲစွာ တည်ရှိ နေသည်
    bonding
    ကြိယာ

    တည်ရာ

    [tɛ̀ɹà]
    တည်ဟိရာ အရပ်။ အားကိုး ရပ်တည်ရာ။ အမှီပြုရာ။ နီထိုင်ရာ အရပ်
    တည်ရှိရာ အရပ်။ အားကိုး ရပ်တည်ရာ။ အမှီပြုရာ။ နေထိုင်ရာ အရပ်
    locus
    နာမ်

    တည်ဟိ

    [tɛ̀hì]
    မပြောင်း မရွေ့၊ မပျက်မစီး (မူလ အတိုင်းပင်) တည်နီရေ
    မပြောင်း မရွေ့၊ မပျက်မစီး (မူလ အတိုင်းပင်) တည်နေသည်
    origin
    ကြိယာ

    တည်းအပ်

    [tɛ́ʔaʔ]
    အဝတ် အထည် တခုနန့် တခုကို ချိတ်တွယ်ရရေ သံချိတ်။ တွယ်အပ်။ ထိုးသီ တွယ်ကပ် ထားရရေ အပ်။ တွယ်အပ်
    အဝတ် အထည် တစ်ခုနှင့် တစ်ခုကို ချိတ်တွယ်ရသော သံချိတ်။ တွယ်ချိတ်။ ထိုးသီ တွယ်ကပ် ထားရသော အပ်။ တွယ်အပ်
    safety pin
    နာမ်

    တည်းအိမ်

    [tɛ́ʔèɪɴ]
    ညည့်နိ အစဟိစွာ အိပ်စက် နားနီရာ အိမ်
    ညည့်နေ့ စသည် အိပ်စက် နားနေရာ အိမ်
    lodging house
    နာမ်

    တညှိုးငယ်ငယ်

    [tɲ̯óŋɛ̀ŋɛ̀]
    ၁၊ ရွှင်ပြခြင်း မဟိ။ ၂၊ သိမ်ငယ်သည်
    ၁၊ ရွှင်ပျခြင်း မရှိ။ ၂၊ သေးသိမ်သည်
    pettiness
    ကြိယာ

    တညှိုးညှိုး

    [tɲ̯óɲ̯ó]
    ၁၊ ရွှင်ပြ လန်းဆန်းခြင်း မဟိ။ ၂၊ နွမ်းရိသည်
    ၁၊ ရွှင်ပျ လန်းဆန်းခြင်း မရှိ။ ၂၊ နွမ်းနယ်သည်
    fatigue
    ကြိယာ

    တံ့တံ့

    [tံ့tံ့]
    ခိုင်မြဲစွာ ရပ်တည်လျှက်။ ကြံ့ကြံ့ တည်တည်။ တံ့တံ့တည်တည်၊ ခိုင်မြဲစီရန်၊ စိတ်ဝယ်ကြံပနာ (ရှီးထုံး)
    ခိုင်မြဲစွာ ရပ်တည်လျှက်။ ကြံ့ကြံ့ တည်တည်။ တံ့တံ့တည်တည်၊ ခိုင်မြဲစေရန်၊ စိတ်ဝယ်ကြံ၍ (ရှေးထုံး)
    resolutely
    ကြိယာဝိသေသန

    တတ တ

    [tt t]
    ၁၊ လိုလား မျှော်ခေါ် အောင်းမေ့။ မြွက်ဟ ခေါ်ဝေါ် တောင်းဆိုရေ။ တတတကေ၊ တရေငှက်မ၊ မြစ်ပင်လယ်မာ၊ ဒါးမနှိုင်မ (ဓမ္မက)။ ၂၊ ကွဲကွာသူ တစုံ တဦးအား တမ်းတ၍ ကြီကွဲ ဝမ်းနည်းရေ။ အောက်မိ တမ်းတရေ။ ချစ်ကျွမ်းဝင်ကေ၊ လင်မင်းသားလျှင်၊ လားရေနိ့က၊ တတတနှင့်၊ ညတိုင်းမမ
    ၁၊ လိုလား မျှော်ခေါ် အောက်မေ့သည်။ မြွက်ဟ ခေါ်ဝေါ် တောင်းဆိုသည်။ တတတကေ၊ တရေငှက်မ၊ မြစ်ပင်လယ်မှာ၊ ပန်းဇင်းမ (ဓမ္မက)။ ၂၊ ကွဲကွာသူ တစ်စုံ တစ်ဦးအား တမ်းတ၍ ကြေကွဲ ဝမ်းနည်းသည်။ အောက်မေ့ တမ်းတသည်။ ချစ်ကျွမ်းဝင်ကေ၊ လင်မင်းသားလျှင်၊ သွားသည်နိ့က၊ တတတနှင့်၊ ညတိုင်းမမ
    yearn
    ကြိယာ

    တတစ်

    [ttɪʔ]
    ၁၊ စိကေချေ မျှသော အဖဲ့အစ။ ၂၊ မူလ ဝန်မှ ဖဲ့၍ ယူသော စိကေချေ မျှသော အစိတ်အပိုင်း။ အတုံးအခဲ
    ၁၊ အနည်းငယ် မျှသော အဖဲ့အစ။ ၂၊ မူလ ပစ္စည်းမှ ဖဲ့၍ ယူသော အနည်းငယ် မျှသော အစိတ်အပိုင်း။ အတုံးအခဲ
    chunk
    နာမ်

    တတစ်သျှေ

    [ttɪʔʃè]
    မပြောပလောက်သော စိကေချေ မျှသော အဖဲ့အစ။ စိုးစဉ်း။ နည်းသော ပမာဏ
    မပြောပလောက်သော အနည်းငယ် မျှသော အဖဲ့အစ။ စိုးစဉ်း။ နည်းသော ပမာဏ
    a little
    နာမ်

    တံ့တံ့တည်တည်

    [tံ့tံ့tɛ̀tɛ̀]
    ကြံ့ကြံ့ခိုင်မြဲ ရပ်တည်လျှက်
    ကြံ့ကြံ့ခိုင်မြဲ ရပ်တည်လျှက်
    resolutely
    ကြိယာဝိသေသန