Dictionary Entries
Showing 941–960 of 2,498 words
တ
တတ်
[taʔ]
Arakanese:
၁၊ ဉာဏ်ဖြင့် ဆင်ခြင်၍ သဖောပေါက် နားလည်ရေ။ ၂၊ ဆောင်ရွက် နိုင်စွမ်း၊ အရာမာ နိုင်စွမ်း ဟိရေ
Burmese:
၁၊ ဉာဏ်ဖြင့် ဆင်ခြင်၍ သဘောပေါက် နားလည်သည်။ ၂၊ ဆောင်ရွက် နိုင်စွမ်း၊ ပြီးမြောက် နိုင်စွမ်း ရှိသည်
English:
clever
Grammar Note:
ကြိယာ
တတ်ကျွမ်း
[taʔt͡ɕʊ̀ɴ]
Arakanese:
တတ်သိ လိမ္မာသည်၊ လိလာ ပွန်းတီးရေ။ ဉာဏ်ဖြင့် ဆင်ခြင်၍ သဖောပေါက် နားလည်သည်
Burmese:
တတ်သိ လိမ္မာသည်၊ လေ့လာ ပွန်းတီးသည်။ ဉာဏ်ဖြင့် ဆင်ခြင်၍ သဘောပေါက် နားလည်သည်
English:
skill
Grammar Note:
ကြိယာ
တတ်စွမ်း
[taʔsʊ̀ɴ]
Arakanese:
ပြုလုပ် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ဟိရေ
Burmese:
ပြုလုပ် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသည်
English:
capability
Grammar Note:
ကြိယာ
တတ်တတ်
[taʔtaʔ]
Arakanese:
သီသီ ချာချာ၊ ထင်ထင် ရှားရှား။ (ကြားရေ၊ သိရေ၊ မြင်ရေ။) ရူပအင်ညီ၊ သီသည်မျက်စိ၊ မြင်ဘိတတ်တတ် (ပဉ္စဘုတ်)
Burmese:
သေသေ ချာချာ၊ ထင်ထင် ရှားရှား။ (ကြားသည်၊ သိသည်၊ မြင်သည်။) ရူပအင်ညီ၊ သီသည်မျက်စိ၊ မြင်ဘိတတ်တတ် (ပဉ္စဘုတ်)
English:
prominently
Grammar Note:
ကြိယာ
တတ်တီတတ်တာ
[taʔtítaʔtà]
Arakanese:
မပီကလာ ပီကလာဖြင့် နားထောင်ချင် စဖွယ် ချစ်ခင် ဖွယ်ရာ အမူအယာဖြင့် ရက်ပြတ် ချွဲ၍ ပြောဆို ပြုမူဗျာယ်
Burmese:
မပီကလာ ပီကလာဖြင့် နားထောင်ချင် စဖွယ် ချစ်ခင် ဖွယ်ရာ အမူအယာဖြင့် အဆက်မပြတ် ချွဲ၍ ပြောဆို ပြုမူလျက်
English:
sway
Grammar Note:
ကြိယာဝိသေသန
တတ်နိုင်
[taʔnàɪɴ]
Arakanese:
ပြုလုပ် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ဟိရေ
Burmese:
ပြုလုပ် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသည်
English:
able
Grammar Note:
ကြိယာ
တတ်ပွန်
[taʔpʊ̀ɴ]
Arakanese:
တခုခုသော ပညာရပ်မာ အထူး တတ်သိ လိမ္မာရေ။ လိလာ ပွန်းတီးရေ။ တတ်မြောက် တတ်ကျွမ်းရေ
Burmese:
တစ်ခုခုသော ပညာရပ်တွင် အထူး တတ်သိ လိမ္မာသည်။ လေ့လာ ပွန်းတီးသည်။ တတ်မြောက် ကျွမ်းကျင်သည်
English:
skill-study
Grammar Note:
ကြိယာ
တတ်မြောက်
[taʔmɹɔ́ɛʔ]
Arakanese:
တတ်သိ နားလည်ရေ။ လိလာ ပွန်းတီးသည်
Burmese:
တတ်သိ နားလည်သည်။ လေ့လာ ပွန်းတီးသည်
English:
complete
Grammar Note:
ကြိယာ
တတ်ယောင်ကား
[taʔjàʊɴká]
Arakanese:
တတ်ကျွမ်း နားလည် အကွန်ဆောင်ရေ
Burmese:
တတ်ကျွမ်း နားလည် ဟန်ဆောင်သည်
English:
charlatan
Grammar Note:
ကြိယာ
တတ်သိ
[taʔθì]
Arakanese:
သိမြင် နားလည်ရေ။ ဉာဏ်ဖြင့် တွေးဆ၍ သဖောပေါက် နားလည်သည်
Burmese:
သိမြင် နားလည်သည်။ ဉာဏ်ဖြင့် တွေးဆ၍ သဘောပေါက် နားလည်သည်
English:
perceptive
Grammar Note:
ကြိယာ
တတ်အား
[taʔá]
Arakanese:
ပြုလုပ် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း ဉာဏ်စွမ်း ဟိရေ။ တတ်စွမ်းသည်
Burmese:
ပြုလုပ် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသည်။ တတ်စွမ်းသည်
English:
capability
Grammar Note:
ကြိယာ
တတွက်တွက်
[ttwɛʔtwɛʔ]
Arakanese:
၁၊ ချီတုန် ချတုန် ဆင်ခြင် တွက်ဖော်ပြီးကေ။ ၂၊ ချီတုန် ချတုန် တွေးခေါ် ယုံမားခြင်း ဖြစ်ဗျာယ်။ စိုးရိမ် ကြောင့်ကြမှု ဖြစ်တေ
Burmese:
၁၊ သို့လော သို့လော ဆင်ခြင် စဉ်းစားလျက်။ ၂၊ သို့လော သို့လော တွေးတော ယုံမှားခြင်း ဖြစ်လျက်။ စိုးရိမ် ကြောင့်ကြမှု ဖြစ်သည်
English:
anxiety
Grammar Note:
ကြိယာဝိသေသန
တတွတ်တွတ်
[ttwaʔtwaʔ]
Arakanese:
၁၊ မပြတ်မလပ် ဆက်ကာ ဆက်ကာ တီးသော အသံမျိုး အဆက် မပြတ် မြည်ဗျာယ်။ မိုးသောက်ဖက်ဝယ်ညမပြတ်၊ စည်ကြီးတီးကာ၊ ဗေါမှုတ်ပါရေ၊ သံဝါတရုရုနှင့် (ဗမာချီ)။ ၂၊ ရက်ပြတ် မြည်တမ်းဗျာယ်။ ငှက်ရွှီဝါတရုရု၊ ရောက်ပျာရောက်ပျာ၊ တြင်းဆော်သည်၊ ကျူးကာနိမိတ်ဖတ်ပနာ (မေတ္တာ)
Burmese:
၁၊ မပြတ်မလပ် ဆက်ကာ ဆက်ကာ တီးသော အသံမျိုး အဆက် မပြတ် မြည်လျက်။ မနက်ဝယ်ညမပြတ်၊ စည်ကြီးတီးကာ၊ ဗေါမှုတ်ပါသည်၊ သံဝါတတွတ်တွတ်နှင့် (ဗမာချီ)။ ၂၊ အဆက်မပြတ် မြည်တမ်းလျက်။ ငှက်ရွှီဝါတတွတ်တွတ်၊ ရောက်ပျာရောက်ပျာ၊ တြင်းဆော်သည်၊ ကျူးကာနိမိတ်ဖတ်၍ (မေတ္တာ)
English:
rattle
Grammar Note:
ကြိယာဝိသေသန
တတွတ်တွတ်၂
[ttwaʔtwaʔ၂]
Arakanese:
မပြတ်မလပ် ဆက်ကာ ဆက်ကာ တီးသော အသံမျိုး အဆက် မပြတ် မြည်ဗျာယ်
Burmese:
မပြတ်မလပ် ဆက်ကာ ဆက်ကာ တီးသော အသံမျိုး အဆက် မပြတ် မြည်လျက်
English:
rattle
Grammar Note:
ကြိယာဝိသေသန
တတွတ်တွတ်၃
[ttwaʔtwaʔ၃]
Arakanese:
တနားတခါ။ ရက်ပြတ် (တရုရု ခေါ်ဗျာယ်။) တစာစာ တရုရု၊ ဆွတ်ဆွတ်လည်းခေါ်၊ ဖကိုရှာကေ၊ မကြာခုပီးလတ်ဟု (မေတ္တာ)
Burmese:
မကြာခဏ။ အဆက်မပြတ် (တတွတ်တွတ် ခေါ်လျက်။) တစာစာ တတွတ်တွတ်၊ ဆွတ်ဆွတ်လည်းခေါ်၊ ဖကိုရှာကေ၊ မကြာခုပီးလတ်ဟု (မေတ္တာ)
English:
frequently
Grammar Note:
ကြိယာဝိသေသန
တတွတ်တွတ်၄
[ttwaʔtwaʔ၄]
Arakanese:
မငြိမ်မသက် ဖြစ်ယောင် လှုံဆော် ပီးရေ။ တိုက်တွန်း ခိုင်းစီရေ။ စိဆော်သည်
Burmese:
မငြိမ်မသက် ဖြစ်အောင် လှုံဆော် ပေးသည်။ တိုက်တွန်း စေခိုင်းသည်။ စေ့ဆော်သည်
English:
motivate
Grammar Note:
ကြိယာ
တထင့်ထင့်
[ttʰɪ̀ɴ့tʰɪ̀ɴ့]
Arakanese:
(စိတ်) တုန်လှုပ်ရေ။ မငြိမ်မသက် ဖြစ်တေ။ ချောက်ချားရေ။ ၂၊ စိတ်ချောက်ချား လှုပ်ရှားသည်
Burmese:
(စိတ်) တုန်လှုပ်သည်။ မငြိမ်မသက် ဖြစ်သည်။ ချောက်ချားသည်။ ၂၊ စိတ်ချောက်ချား လှုပ်ရှားသည်
English:
destabilize
Grammar Note:
ကြိယာ
တထစ်ကျ
[ttʰɪʔt͡ɕ]
Arakanese:
မုချ။ ဧကန်။ ကျိန်းသီ။ ကိန်းသီ
Burmese:
မုချ။ ဧကန်။ ကျိန်းသေ။ ကိန်းသေ
English:
certainly
Grammar Note:
ကြိယာဝိသေသန
တထိကရောက်
[ttʰìkɹɔ́ɛʔ]
Arakanese:
အကျိုး သက်ရောက်ရေ။ ထိရောက်ရေ။ ထိမိရေ
Burmese:
အကျိုး သက်ရောက်သည်။ ထိရောက်သည်။ ထိမိသည်
English:
affect
Grammar Note:
ကြိယာ
တထိတရောက်
[ttʰìtɹɔ́ɛʔ]
Arakanese:
အကျိုး သက်ရောက်ရေ။ ထိရောက်ရေ။ ထိမိရေ
Burmese:
အကျိုး သက်ရောက်သည်။ ထိရောက်သည်။ ထိမိသည်
English:
affect
Grammar Note:
ကြိယာ