Dictionary Entries
Showing 81–100 of 2,498 words
တ
တက်တက်ဆာ
[tɛʔtɛʔsʰà]
Arakanese:
မညှာ မတာသော သဘောနန့်။ သနား ကြင်နာခြင်း မဟိဘဲ။ ရက်ရက်စက်စက်။ နားကနားဋောင်းကို တက်တက် ချွတ်ယူလား ခရေ။ လက်က လက်ကောက်ကို တက်တက် ဆာဃျတ် ယူလားခရေ
Burmese:
မညှာ မတာသော သဘောဖြင့်။ သနား ကြင်နာခြင်း ကင်းမဲ့စွာ။ ရက်ရက်စက်စက်။ နားကနားဋောင်းကို တက်တက် ချွတ်ယူလား ခရေ။ လက်က လက်ကောက်ကို တက်တက် ဆာဃျတ် ယူလားခရေ
English:
without remorse
Grammar Note:
နာမဝိသေသန
တက်တက်ပြန်
[tɛʔtɛʔpɹàɴ]
Arakanese:
နောက်ထပ်အနိန်နန့်။ အလှယ် အဖယ်အားဖြင့်။ ပြန်လှန်သောအနိန်နန့်
Burmese:
နောက်ထပ် အားဖြင့်။ အလှယ် အဖယ်အားဖြင့်။ ပြန်လှန်သော အားဖြင့်
English:
impugn
Grammar Note:
ကြိယာဝိသေသန
တက်တက်ပြန်၂
[tɛʔtɛʔpɹàɴ၂]
Arakanese:
တခုတရီ ပြုလုပ်ဖို့ အတွက် ခိုင်းစီစွာကို လက်မခံ နှိုင်ကြောင်း မလိုက်နာ နှိုင်ကြောင်း (ပြန်လှန်) ပြောဆိုရေ
Burmese:
တစ်စုံတစ်ခု ပြုလုပ်ရန် အတွက် ခိုင်းစေသည်ကို လက်မခံ နိုင်ကြောင်း မလိုက်နာ နိုင်ကြောင်း (ပြန်လှန်) ပြောဆိုသည်
English:
impugn
Grammar Note:
ကြိယာ
တက်တက်ပြုန်း
[tɛʔtɛʔpɹóʊɴ]
Arakanese:
တခုလောက် မကျန် အားနုန်း တက်တက်ပြောင်သည် အဖြစ်သို့ ရောက်ရေ။ ကုန်ပြတ်ရေ။ အကျိုးမဲ့ ယိုယွင်း ပျောက်ပျက်ရေ။ လုံးဝ ဆုံးယှုံး ပျက်စီးရေ။ မျိုးရိုးမတ်မွန်၊ သီလွန်သက်ဆုံး၊ တက်တက်ပြုန်းကေ၊ ညှိုးသုဉ်းမြို့စွာ (တိုက်)
Burmese:
တစ်ခုမျှ မကျန် အကုန်လုံး ကုန်စင်သည် အဖြစ်သို့ ရောက်သည်။ ကုန်ပြတ်သည်။ အကျိုးမဲ့ ယိုယွင်း ပျောက်ပျက်သည်။ လုံးဝ ဆုံးရှုံး ပျက်စီးသည်။ မျိုးရိုးမတ်မွန်၊ သေလွန်သက်ဆုံး၊ တက်တက်ပြုန်းကေ၊ ညှိုးသုဉ်းမြို့စွာ (တိုက်)
English:
be destroyed
Grammar Note:
ကြိယာ
တက်တက်ပြောင်
[tɛʔtɛʔpɹàʊɴ]
Arakanese:
အကပ်အသပ် မဟိအောင် အားနုန်း ပြောင်စင်ရေ။ မွဲလို့ တက်တက်ပြောင်၊ မီးလောင်လို့ တက်တက်ပြောင်
Burmese:
အကြွင်းအကျန် မရှိအောင် အကုန်လုံး ပြောင်စင်သည်။ မွဲလို့ တက်တက်ပြောင်၊ မီးလောင်လို့ တက်တက်ပြောင်
English:
be cleaned out
Grammar Note:
ကြိယာ
တက်တက်ရက်ရက်
[tɛʔtɛʔɹɛʔɹɛʔ]
Arakanese:
အလွန်တရာ။ အထူး ပိုပြီးကေ လွန်ကဲစွာ။ သူ တပါး၏ အလို ဆန္ဒနန့် ဆန့်ကျင်ဗျာယ် နိုင်ထက် စီးနင်း။ အင်အား အဟိန်အဟုန်ကို များစွာ အသုံးပြုဗျာယ်
Burmese:
အလွန့်အလွန်။ အထူး ပိုမို လွန်ကဲစွာ။ သူ တစ်ပါး၏ အလို ဆန္ဒနှင့် ဆန့်ကျင်လျက် နိုင်ထက် စီးနင်း။ အင်အား အရှိန်အဟုန်ကို များစွာ အသုံးပြုလျက်
English:
exceed
Grammar Note:
ကြိယာဝိသေသန
တက်တက်ရက်ရက်၂
[tɛʔtɛʔɹɛʔɹɛʔ၂]
Arakanese:
သနား ကြင်နာခြင်း ကင်းမဲ့ရေ။ ရက်စက်ရေ။ သားရေချီးကို၊ မိခင်လက်မှ၊ တက်တက်ရက်ရက်၊ လုဗျာယ်ယူထွေ (ပန်း)
Burmese:
သနား ကြင်နာခြင်း ကင်းမဲ့သည်။ ရက်စက်သည်။ သားရေမစင်ကို၊ မိခင်လက်မှ၊ တက်တက်ရက်ရက်၊ လုလျက်ယူထွေ (ပန်း)
English:
without remorse
Grammar Note:
ကြိယာ
တက်နာ
[tɛʔnà]
Arakanese:
ကိုယ်ခန္ဓာရို့ ကောက်ကွိ ခွေလိပ်လာရေ အနာ
Burmese:
ကိုယ်ခန္ဓာတို့ ကောက်ကွေ့ ခွေလိပ်လာသော အနာ
English:
sore
Grammar Note:
နာမ်
တက်နီ
[tɛʔní]
Arakanese:
မိုးထပိုင်း တက်ခါစ နေ။ မွန်း မတည့်မီ ဖြစ်ရေ နေ။ သကြဇ်တထောင်ပြည့်၊ ဝါဆိုလဆုတ် ခုနစ်ရက် စနီနိ တက်နီ တပဟိုရ် ကျော်မာ လောင်းကြက်စား (ငကုသလအမတ်ကြီး) မင်းပြုတော်မူ၏။ (တောင်)
Burmese:
နံနက်ပိုင်း တက်ခါစ နေ။ မွန်း မတည့်မီ ဖြစ်သော နေ။ သကြဇ်တထောင်ပြည့်၊ ဝါဆိုလဆုတ် ခုနစ်ရက် စနေနေ့ တက်နီ တပဟိုရ် ကျော်တွင် လောင်းကြက်စား (ငကုသလအမတ်ကြီး) မင်းပြုတော်မူ၏။ (တောင်)
English:
forenoon
Grammar Note:
နာမ်
တက်ပဲ့
[tɛʔpé]
Arakanese:
လောင်းပဲ့ ကိုင်ရရေ ရှည်သော အရိုးဟိရေ တက်။ အရိုးတပ် သစ်သားပျိုင်။ ပင်တိုးချီချီ၊ တက်ပဲ့ယှာရှာ၊ သစ်ကိုင်းပေါ်၊ ဘူလညိုညို (တေး)
Burmese:
လှေပဲ့ ကိုင်ရသော ရှည်သော အရိုးရှိသော တက်။ အရိုးတပ် သစ်သားပျဉ်။ ပင်တွန်းချီချီ၊ တက်ပဲ့ရှာရှာ၊ သစ်ကိုင်းပေါ်၊ ဘူလညိုညို (တေး)
English:
oar-paddle
Grammar Note:
နာမ်
တက်ပဲ့ကိုင်
[tɛʔpékàɪɴ]
Arakanese:
လောင်း၊ သင်္ဘော အစဟိစွာ လိုရာ ရောက်ယောင် ထိန်းကျောင်း ပေးသူ။ လောင်းကို ပဲ့ကိုင်သော သူ။ ဦးစီး ဦးရွက် စီမံ ပေးသူ
Burmese:
လှေ၊ သင်္ဘော စသည် လိုရာ ရောက်အောင် ထိန်းကျောင်း ပေးသူ။ လှေကို ပဲ့ကိုင်သော သူ။ ဦးစီး ဦးရွက် စီမံ ပေးသူ
English:
coxswain
Grammar Note:
နာမ်
တက်ပဲ့ကိုင်၂
[tɛʔpékàɪɴ၂]
Arakanese:
(လောင်း၊ သင်္ဘော စစွာကို) လိုရာ ရောက်ယောင် ထိန်းကျောင်း ပီးရေ
Burmese:
(လှေ၊ သင်္ဘော စသည်ကို) လိုရာ ရောက်အောင် ထိန်းကျောင်း ပေးသည်
English:
coxswain
Grammar Note:
ကြိယာ
တက်ပြင်းစီ
[tɛʔpɹɪ́ɴsí]
Arakanese:
သွက်လက် အယင့်ယင်။ တဟုန်တည်း။ ရုတ်ကနဲ။ သုတ်ကနဲ။ (လောင်းာ်ခတ်ဗျာယ်)။ လားလီလားလီ၊ လူလေးယောက်ကို၊ တက်ပြင်းစီ (တေး)
Burmese:
သွက်လက် လျင်မြန်စွာ။ တစ်ဟုန်တည်း။ ရုတ်ကနဲ။ သုတ်ကနဲ။ (လှော်ခတ်လျက်)။ လားလီလားလီ၊ လူလေးယောက်ကို၊ တက်ပြင်းစီ (တေး)
English:
quickly
Grammar Note:
ကြိယာဝိသေသန
တက်ပြုတ်
[tɛʔpɹoʊʔ]
Arakanese:
စီးပွားရီး လုံး၀ ပျက်စီး ဆုံးယှုံးသောအနိန်နန့်
Burmese:
စီးပွားရေး လုံး၀ ပျက်စီး ဆုံးရှုံးသော အားဖြင့်
English:
damage
Grammar Note:
ကြိယာဝိသေသန
တက်ပြုတ်၂
[tɛʔpɹoʊʔ၂]
Arakanese:
တာဝန်မှ ဖြုတ်ပယ်ခြင်း ခံရရေ။ ရာထူးမှ ဖြုတ်ခံရရေ
Burmese:
တာဝန်မှ ဖြုတ်ပယ်ခြင်း ခံရသည်။ ရာထူးမှ ဖြုတ်ခံရသည်
English:
dismiss from employment
Grammar Note:
ကြိယာ
တက်ပြွန်းစီး
[tɛʔpWɹáɴsï]
Arakanese:
သွက်လက် အယင့်ယင်။ တဟုန်တည်း။ ရုတ်ကနဲ။ သုတ်ကနဲ။ (လောင်းာ်ခတ်ဗျာယ်)။ လားလီလားလီ၊ လူလေးယောက်ကို၊ တက်ပြင်းစီ (တေး)
Burmese:
သွက်လက် လျင်မြန်စွာ။ တစ်ဟုန်တည်း။ ရုတ်ကနဲ။ သုတ်ကနဲ။ (လှော်ခတ်လျက်)။ လားလီလားလီ၊ လူလေးယောက်ကို၊ တက်ပြင်းစီ (တေး)
English:
quickly
Grammar Note:
ကြိယာဝိသေသန
တက်ဖျားသက်ဖျား
[tɛʔpʰráθɛʔpʰrá]
Arakanese:
ကိုယ် ပူတလှည့် ကျတလှည့် ဖြစ်ရေ အဖျား ရောဂါ တမျိုး
Burmese:
ကိုယ် ပူတစ်လှည့် ကျတစ်လှည့် ဖြစ်သော အဖျား ရောဂါ တစ်မျိုး
English:
intermittent fever
Grammar Note:
နာမ်
တက်ဖြားကျဖြား
[tɛʔpʰɹát͡ɕpʰɹá]
Arakanese:
တက်လိုက် ကျလိုက် ဖြစ်ရေ ဖြားရီ
Burmese:
တက်လိုက် ကျလိုက် ဖြစ်သော ဒီရေ
English:
tide
Grammar Note:
နာမ်
တက်မ
[tɛʔm]
Arakanese:
လောင်းပဲ့ ကိုင်ရရေ ရှည်သော အရိုးဟိရေ တက်။ အရိုးတပ် သစ်သားပျိုင်။ ပင်တိုးချီချီ၊ တက်ပဲ့ယှာရှာ၊ သစ်ကိုင်းပေါ်၊ ဘူလညိုညို (တေး)
Burmese:
လှေပဲ့ ကိုင်ရသော ရှည်သော အရိုးရှိသော တက်။ အရိုးတပ် သစ်သားပျဉ်။ ပင်တွန်းချီချီ၊ တက်ပဲ့ရှာရှာ၊ သစ်ကိုင်းပေါ်၊ ဘူလညိုညို (တေး)
English:
oar
Grammar Note:
နာမ်
တက်မကိုင်
[tɛʔmkàɪɴ]
Arakanese:
လောင်းကို ပဲ့ကိုင်သော သူ။ ကျောက်လွတ်ရာက၊ ရှောင်ကာသွားဘိ၊ တက်မကိုင်မာ၊ ပိုင်ပိုင်သွားရင်၊ အများသိလို့ (သာချမ်း)။ ကုလားဦးစီး၊ ကိုယ်ကားပဲ့တည်း၊ တက်မကိုင်ပနာ၊ ဝမ်းနည်းခြင်းကို၊ ဧပိုင်ဆို၏ (ထွန်းတိ)
Burmese:
လှေကို ပဲ့ကိုင်သော သူ။ ကျောက်လွတ်ရာက၊ ရှောင်ကာသွားဘိ၊ တက်မကိုင်မှာ၊ ပိုင်ပိုင်လားကေ၊ အများသိလို့ (သာချမ်း)။ ကုလားဦးစီး၊ ကိုယ်ကားပဲ့တည်း၊ တက်မကိုင်၍၊ ဝမ်းနည်းခြင်းကို၊ ဤသို့ဆို၏ (ထွန်းတိ)
English:
helmsman
Grammar Note:
နာမ်