Dictionary Entries
Showing 981–1,000 of 2,498 words
တ
တနားတပို
[tnátpÒ]
Arakanese:
တနားချေတဗွေချေ ခဏ။ တိုတောင်း လှသော ကာလ အပိုင်း အရာ
Burmese:
ခေတ္တ ခဏ။ တိုတောင်း လှသော ကာလ အပိုင်း အခြား
English:
short period
Grammar Note:
နာမ်
တနု
[tnoʊ]
Arakanese:
ပျိုမျစ် ငယ်ရွယ်သော။ ပျောင်းပျော့ နွဲ့လျသော
Burmese:
ပျိုမျစ် ငယ်ရွယ်သော။ ပျောင်းပျော့ နွဲ့လျသော
English:
mashy
Grammar Note:
နာမဝိသေသန
တနုသျှေ
[tnoʊʃè]
Arakanese:
စိုပြေ နူးညံသော။ ၂၊ အလွန် ချောမွိ့ နူးညံသော
Burmese:
စိုပြေ နူးညံသော။ ၂၊ အလွန် ချောမွေ့ နူးညံသော
English:
smooth
Grammar Note:
နာမဝိသေသန
တနုသျှေ၂
[tnoʊʃè၂]
Arakanese:
ငယ်ရေ အရာဝတ္တု
Burmese:
သေးငယ်သော အရာဝတ္တု
English:
tenny
Grammar Note:
နာမ်
တန္တ
[tn̪a̰n̪t̪a̰]
Arakanese:
လူဆိုး၊ သခိုး၊ ဓါးပြ၊ ဗဟူတန္တ၊ ဓါးမရရို့၊ သတ်ကြထောင်းထုယူပနာ (ဗမာချီ)။ ရွှီ၊ ငွီတိနန့်၊ ခိုးသားတန္တ၊ အစားဝ၍၊ ဓါးပြမုဒိမ်း၊ ရှင်းယှင်းပြတ်ကေ၊ ကင်းလွတ်ငြိမ်းလို့ (ပဒုမ္မ)။ အနောက်တောင်က၊ ခိုးသတန္တပေါအံ့ (ပါရာ)
Burmese:
လူဆိုး၊ သူခိုး၊ ဓါးပြ၊ ဗဟူတန္တ၊ ဓါးမရတို့၊ သတ်ကြထောင်းထုယူ၍ (ဗမာချီ)။ ရွှေ၊ ငွေများနှင့်၊ ခိုးသားတန္တ၊ အစားဝ၍၊ ဓါးပြမုဒိမ်း၊ ရှင်းရှင်းပြတ်ကေ၊ ကင်းလွတ်ငြိမ်းလို့ (ပဒုမ္မ)။ အနောက်တောင်က၊ ခိုးသတန္တပေါအံ့ (ပါရာ)
English:
thief-robber
Grammar Note:
နာမ်
တန္တဗိုလ်
[tn̪a̰n̪t̪a̰bÒl်]
Arakanese:
လူဆိုး၊ သခိုး၊ ဓါးပြရို့ကို နှိမ်နှင်းသော သူရဲကောင်း။ သခိုးကို တန္တဂေါင်းရိတ်တေ (ပုံ)။ သခိုးရို့ကို- တန္တဗိုလ်၊ ခေါင်းကို ရိတ်ဖြတ်-သတ်အံ့ (တဘောင်)။ (မှတ်ချက်-စန္ဒဝိဇယရာဇာ မင်းမဖြစ်မီ သခိုး၊ ဓါးပြရို့ကို အငုတ်ပါ မကျန် နှိမ်နှင်း အတွက်နန့် ဘုရင် မင်
Burmese:
လူဆိုး၊ သူခိုး၊ ဓါးပြတို့ကို နှိမ်နှင်းသော သူရဲကောင်း။ သူခိုးကို တန္တခေါင်းရိတ်တေ (ပုံ)။ သူခိုးတို့ကို- တန္တဗိုလ်၊ ခေါင်းကို ရိတ်ဖြတ်-သတ်လတ္တံ့ (တဘောင်)။ (မှတ်ချက်-စန္ဒဝိဇယရာဇာ မင်းမဖြစ်မီ သူခိုး၊ ဓါးပြတို့ကို အငုတ်ပါ မကျန် နှိမ်နှင်း သောကြောင့် ဘုရင် မင်
English:
hero
Grammar Note:
နာမ်
တန္တု
[tn̪a̰n̪t̪a̰oʊ]
Arakanese:
ဓလိ့ ထုံးစိုင်။ ပြုမြဲ ဖြစ်မြဲ ဖြစ်ရေ သဘော။ နမူနာ တန္တု-ထုံးတမ်း ပြုပနာ (ရခိုင်ဟောင်း)
Burmese:
ဓလေ့ ထုံးစံ။ ပြုမြဲ ဖြစ်မြဲ ဖြစ်သော သဘော။ ဥပမာ တန္တု-ထုံးတမ်း ပြု၍ (ရခိုင်ဟောင်း)
English:
custom
Grammar Note:
နာမ်
တန်
[tàɴ]
Arakanese:
‘တန်ယာ၊ တန်ရာ’ ဟု တားမြစ်ရေ။ ဟိကို ဆက်ပနာပြီးကေ ဆောင်ရွက်ခြင်း မဟိ။ ရပ်နားရေ။ တန်ပါတချေ၊ လျှောက်မနေနန့် (ထာနု)
Burmese:
‘တော်ပြီ၊ တန်ပြီ’ ဟု တားမြစ်သည်။ ရှေ့ကို ဆက်လက်၍ ဆောင်ရွက်ခြင်း မရှိ။ ရပ်နားသည်။ တန်ပါတချေ၊ လျှောက်မနေနှင့် (ထာနု)
English:
prohibit
Grammar Note:
ကြိယာ
တန့်
[tàɴ့]
Arakanese:
ရပ်နားရေ။ ရပ်ဆိုင်းရေ။ ကျာကျာလူသံ၊ ခေါ်သံကြားဘိ၊ တန့်မှီလိုက်နာ (ရှီးထုံး)။ မဟာရုက္ခ၊ ပြိုင်ညောင်ပင်ကို၊ မြင်ကာလမာ၊ တန့်ထပန်းဖြေ၊ နေတောဖို့လို့ (ပန်း)။ လားကတ်လေမြောက်၊ သပြီပင်ကို၊ ခိုဝင်ရောက်ကေ၊ တယောက်တန့်ကြ။ လူမျိုးက်ခိုးသား၊ ဇာကိုလားလိမ့်၊ တန့်လားဟာလူ၊ မယူလ
Burmese:
ရပ်နားသည်။ ရပ်ဆိုင်းသည်။ ကျာကျာလူသံ၊ ခေါ်သံကြားဘိ၊ တန့်မှီနာခံ (ရှေးထုံး)။ မဟာရုက္ခ၊ ပြိုင်ညောင်ပင်ကို၊ မြင်ကာလ၌၊ တန့်ထပန်းဖြေ၊ နေတောမည်ဟု (ပန်း)။ သွားကြလေမြောက်၊ သပြီပင်ကို၊ ခိုဝင်ရောက်ကေ၊ တစ်ယောက်တန့်ကြ။ လူမျောက်ခိုးသား၊ ဇာကိုလားလိမ့်၊ တန့်လားဟာလူ၊ မယူလ
English:
halt
Grammar Note:
ကြိယာ
တန်း
[táɴ]
Arakanese:
ရှေ့မတိုး နောက်မဆုတ်ပဲ တန့်ရပ် နိန်ရေ။ တိုးလို့တန်းလန်း တပိုင်းတစ ဖြစ်နီရေ။ ဝန် မစုံလို့ အလုပ် မလုပ်ရ၊ တန်းနီရေ။ မကွေ့မကောက် ဖြောင့်စင်းရေ။ လက်ညှိုးပိုင် တန်းနီရေ။ တဖြောင့်တည်း ရှီးရှုရေ။ အိမ်သို့ မလာပဲ အရက်ဆိုင်ကို တန်းလို့ ဝင်လှား ခရေ။ ကြိုးအစဟိရေ ရှည်သွယ်သ
Burmese:
ရှေ့မတိုး နောက်မဆုတ်ပဲ တန့်ရပ် နေသည်။ မပြီးမပြတ် တပိုင်းတစ ဖြစ်နေသည်။ ပစ္စည်း မစုံလို့ အလုပ် မလုပ်ရ၊ တန်းနီရေ။ မကွေ့မကောက် ဖြောင့်စင်းသည်။ လက်ညှိုးပိုင် တန်းနီရေ။ တဖြောင့်တည်း ရှေးရှုသည်။ အိမ်ကို မလာပဲ အရက်ဆိုင်ကို တန်းလို့ ဝင်လား ခရေ။ ကြိုးစသော ရှည်သွယ်သ
English:
suspend
Grammar Note:
ကြိယာ
တန်၂
[tàɴ၂]
Arakanese:
စျီးနှုံး ချိုသာရေ။ သက်သာ ချောင်ချိရေ။ ဈီး အလွန် သက်သာသည်
Burmese:
ဈေးနှုံး ချိုသာသည်။ သက်သာ ချောင်ချိသည်။ ဈေး အလွန် သက်သာသည်
English:
cheap
Grammar Note:
ကြိယာ
တန်း၂
[táɴ၂]
Arakanese:
အပြစ်ဒဏ် ရောက်သော သူရို့ကို ခြုပ်ထားရေ အခန်း။ အပြစ်ဒဏ် ရောက်သော သူရို့ကို စစ်ဆီးဆဲ ခဏ ခြုပ်ထားရေ နီရာ။ ထောင်တန်းဂါရာ၊ တညည့်စွာကို၊ သုံးလီသုံးထပ်၊ နိတိုင်းရပ်ဗျာယ် (ကင်းရီလား)
Burmese:
အပြစ်ဒဏ် ရောက်သော သူတို့ကို ချုပ်ထားသော အခန်း။ အပြစ်ဒဏ် ရောက်သော သူတို့ကို စစ်ဆေးဆဲ ခဏ ချုပ်ထားသော နေရာ။ ထောင်တန်းဂါရာ၊ တညည့်တာကို၊ သုံးလီသုံးထပ်၊ နေ့တိုင်းရပ်လျက် (ကင်းရီလား)
English:
prison
Grammar Note:
နာမ်
တန်၃
[tàɴ၃]
Arakanese:
အတိုင်းအဆ၊ အရည်အခြင်း အစဟိစွာရို့နန့် သင့်လျော်ရေ။ ထိုက်ရေ။ တူစွာ မျှရေ။ ကိုယ်နန့်မတန်၊ မင်းဖြစ်ကတ်ံသည် (တဘောင်)။ ပတ္တမြား မျက်ရှင်၊ ရောင်ထင်ထင်ကို၊ လက်မာစွပ်မူ၊ တန်သောသူအား၊ မင်းမူပါစီ၊ မိန့်တော်တွေဖြင့် (ရှီးထုံး)။ အိုးတန်တန်ခပ်၊ ပြည့်ကျင့်ဝတ် (ပုံ
Burmese:
အတိုင်းအဆ၊ အရည်အချင်း စသည်တို့နှင့် သင့်လျော်သည်။ ထိုက်သည်။ တူသည်။ မျှသည်။ ကိုယ်နှင့်မတန်၊ မင်းဖြစ်ကြံသည် (တဘောင်)။ ပတ္တမြား မျက်ရှင်၊ ရောင်ထင်ထင်ကို၊ လက်တွင်စွပ်မူ၊ တန်သောသူအား၊ မင်းမူပါစေ၊ မိန့်တော်တွေဖြင့် (ရှေးထုံး)။ အိုးတန်တန်ခပ်၊ ပြည့်ကျင့်ဝတ် (ပုံ
English:
suitable
Grammar Note:
ကြိယာ
တန်း၃
[táɴ၃]
Arakanese:
ကြိုးတန်း၊ ကြိမ်တန်းများ ပိုင် သွယ်တန်း ထားရေ အရာ။ ဆိုင်တန်း၊ အိမ်တန်းများ ပိုင် အစိုင် တန်းနိန်ရေ အရာ
Burmese:
ကြိုးတန်း၊ ကြိမ်တန်းများ သဖွယ် သွယ်တန်း ထားသော အရာ။ ဆိုင်တန်း၊ အိမ်တန်းများ ကဲ့သို့ အစဉ် တန်းနေသော အရာ
English:
tight rope
Grammar Note:
နာမ်
တန်းကိုင်တတ်သျှေ
[táɴkàɪɴtaʔʃè]
Arakanese:
ရပ်တွား၍ မလားတတ် သိမ့်ခင် အမှီ တခုခုကို (တန်းကို) ကိုင်ပနာ ရပ်စောက် ရပ်ရုံမျှ ဖြစ်ရေ အဘုချေ။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နန့်၊ ရပ်တတ်ကပင် (ကော်)
Burmese:
ရပ်တွား၍ မသွားတတ် သေးမီ အမှီ တစ်ခုခုကို (တန်းကို) ကိုင်၍ မတ်တတ် ရပ်ရုံမျှ ဖြစ်သော ခလေး။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နှင့်၊ ရပ်တတ်ကပင် (ကော်)
English:
baby
Grammar Note:
နာမ်
တန်ကြေး
[tàɴt͡ɕé]
Arakanese:
တစုံ တခုသော ဝန် ရောင်းဝယ်ရန် သတ်မှတ် ထားရေ တန်ဖိုးငွီ
Burmese:
တစ်စုံ တစ်ခုသော ပစ္စည်း ရောင်းဝယ်ရန် သတ်မှတ် ထားသော တန်ဖိုးငွေ
English:
price
Grammar Note:
နာမ်
တန်ခိုး
[tàɴkʰó]
Arakanese:
ဘုန်း။ ထက်မြက်ရေ အစွမ်း။ အတိနန့် မတူ ထူးခြားသော အရည်အခြင်း။ အစွမ်း။ သတ္တိ။ ဘုန်းတန်ခိုး အာနုဘော်နန့် ပြည့်စုံ တော်မူသော အသျှင်မင်းကြီး (ရခိုင်ဟောင်း)
Burmese:
ဘုန်း။ ထက်မြက်သော အစွမ်း။ အများနှင့် မတူ ထူးခြားသော အရည်အချင်း။ အစွမ်း။ သတ္တိ။ ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံ တော်မူသော အရှင်မင်းကြီး (ရခိုင်ဟောင်း)
English:
power
Grammar Note:
နာမ်
တန်ခူး
[tàɴkʰùး]
Arakanese:
ရခိုင် တဆယ့် နှစ်လမာ အစ ဆုံးသော လ ၏ အမည်
Burmese:
ရခိုင် တစ်ဆယ့် နှစ်လတွင် အစ ဆုံးသော လ ၏ အမည်
English:
Dagu
Grammar Note:
နာမ်
တန်းခါး
[táɴkʰàး]
Arakanese:
ပိတ်ပနာ ဖွင့်၍ ရယောင် ပျိုင်ချပ်ဖြင့် ပြုလုပ် တပ်ဆင် ထားရေ ဝင်ထွက်စရာ အပေါက်။ နီအိမ်ဆောင်မာ၊ တောင်တန်းခါးက၊ ဆင်းလားလီလို့၊ အမည်ရှာကာ၊ ရီခပ်ယောင်လေ၊ ဆောင်တုံငြားလျှက် (ပဋာ)
Burmese:
ပိတ်၍ ဖွင့်၍ ရအောင် ပျဉ်ချပ်ဖြင့် ပြုလုပ် တပ်ဆင် ထားသော ဝင်ထွက်စရာ အပေါက်။ နေအိမ်ဆောင်မှာ၊ တောင်တန်းခါးက၊ ဆင်းသွားလေလို့၊ အမည်ရှာကာ၊ ရီခပ်ယောင်လေ၊ ဆောင်တုံငြားလျှက် (ပဋာ)
English:
door
Grammar Note:
နာမ်
တန်းခွန်
[táɴkʰʊ̀ɴ]
Arakanese:
အဝတ်ကို အလံပိုင် လွင့်ထူ ထားရရေ အရာ(တင်းခွန်အလုံး၊ အပြားဆိုပနာလည်း ဟိရေ။) တန်းခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမာလဲမောင်ရို့ (ကျီးဖြူ)
Burmese:
အဝတ်ကို အလံကဲ့သို့ လွင့်ထူ ထားရသော အရာ(တံခွန်အလုံး၊ အပြားဟူ၍လည်း ရှိသည်။) တန်းခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမှာလဲမောင်ရို့ (ကျီးဖြူ)
English:
pennant
Grammar Note:
နာမ်