Dictionary Entries
Showing 1,001–1,020 of 2,498 words
တ
တန်းစိ.
[táɴsì.]
Arakanese:
တံသီးတိုက်။ ညီမျှရေ။ အပိုအလို မဟိ ဖြစ်တေ
Burmese:
မပိုမလျော့။ ညီမျှသည်။ အပိုအလို မရှိ ဖြစ်သည်
English:
equally
Grammar Note:
ကြိယာ
တန်းစိ.ဘက်စိ.
[táɴsì.bʱɛʔsì.]
Arakanese:
တံသီးတိုက်။ အမင်ာင်နှမျှ ဖြစ်တေ။ အပိုအလို မဟိ ဖြစ်တေ
Burmese:
မပိုမလျော့။ အညီအမျှ ဖြစ်သည်။ အပိုအလို မရှိ ဖြစ်သည်
English:
equally
Grammar Note:
ကြိယာ
တန်းစိ.ဘက်စိ.၂
[táɴsì.bʱɛʔsì.၂]
Arakanese:
ပြည့်ပြည့်စုံစုံ။ လစ်ဟင်းခြင်း မဟိ
Burmese:
ပြည့်ပြည့်စုံစုံ။ လစ်ဟင်းခြင်း မရှိ
English:
sufficient
Grammar Note:
ကြိယာ
တန်းစီ
[táɴsí]
Arakanese:
တယောက် နောက်ခါ တယောက် စောင့်ရပ် နိန်ရေ
Burmese:
တစ်ယောက် နောက်မှ တစ်ယောက် စောင့်ရပ် နေသည်
English:
queue
Grammar Note:
ကြိယာ
တန်းစွယ်
[táɴswɛ̀]
Arakanese:
မြက်ပင်၊ စပါးပင် ရိတ်ဖြတ်ရန် ပိုင် ကောက်ထားရေ သံကိရိယာ။ မြက်ရိတ်တန်းစွယ်၊ သားရေရွန်ကြိုး၊ ထမ်းပိုးလက်ရိုက်၊ မီးတိုက်မီးခတ်၊ မချန်လတ်ပဲ (ဆဒ္ဒန်)
Burmese:
မြက်ပင်၊ ကောက်ပင် ရိတ်ဖြတ်ရန် အသွား ကောက်ထားသော သံကိရိယာ။ မြက်ရိတ်တန်းစွယ်၊ သားရေလွန်ကြိုး၊ ထမ်းပိုးလက်ရိုက်၊ မီးတိုက်မီးခတ်၊ မချန်လတ်ပဲ (ဆဒ္ဒန်)
English:
lawnmower
Grammar Note:
နာမ်
တန်းဆစ်
[táɴsʰɪʔ]
Arakanese:
ရေစပ်မာ ပေါက်သော ရိုးတံ အူပွ မြက်ပင် တမျိုး
Burmese:
ရေစပ်တွင် ပေါက်သော ရိုးတံ အူပွ မြက်ပင် တစ်မျိုး
English:
weed
Grammar Note:
နာမ်
တန်းဆစ်သီး
[táɴsʰɪʔθï]
Arakanese:
အသီးလုံးလုံး အသီးမာ အမွီးလို အစူးလို ထနီရေ ဟင်းချက် စားရရေ နွယ်ပင် အသီး တမျိုး
Burmese:
အသီးလုံးလုံး အသီးတွင် အမွေးလို အဆူးလို ထနေသည့် ဟင်းချက် စားရသော နွယ်ပင် အသီး တစ်မျိုး
English:
vine
Grammar Note:
နာမ်
တန်ဆာ
[tàɴsʰà]
Arakanese:
တင့်ရေ လှပအောင် ပြုပျင် စရာ အဝတ်အစား၊ ဝန်၊ ကိရိယာ စရေ။ အဆင်အယင်။ ဆင်ယင်စရာ၊ ဝတ်တန်ဆာဖြင့် (ပန်း)။ လူယောကျာ်း၊ တိရိစ္ဆာန်ရို့၏ အဖို အင်္ဂါဇာတ်။ ဒေဝန်းနပါတ် ဌာနာ သုံးပွာင်း တရာကို တန်ဆာ သိမ်းပြီးမှ မော်လိပ်အစို့မာ ဖြည့်တော်မူသည် (မဟာထုံး)
Burmese:
တင့်တယ် လှပအောင် ပြုပြင် စရာ အဝတ်အစား၊ ပစ္စည်း၊ ကိရိယာ စသည်။ အဆင်အယင်။ ဆင်ယင်စရာ၊ ဝတ်တန်ဆာဖြင့် (ပန်း)။ လူယောကျာ်း၊ တိရိစ္ဆာန်တို့၏ အဖို အင်္ဂါဇာတ်။ ဒေဝန်းနပါတ် ဌာနာ လူပေါင်း တစ်ရာကို တန်ဆာ သိမ်းပြီးမှ မော်လိပ်အစို့မှာ ဖြည့်တော်မူသည် (မဟာထုံး)
English:
cloth
Grammar Note:
နာမ်
တန်ဆာပလာ
[tàɴsʰàplà]
Arakanese:
ဝတ်စား ဆင်ယင်စရာ။ တုတ်၊ ဓါး၊ သီနတ်၊ လှံ၊ လေး၊ မြား၊ အမြောက်၊ စားနပ်ရိက္ခာ၊ အသုံး အဆောင် အစဟိစွာ
Burmese:
ဝတ်စား ဆင်ယင်စရာ။ တုတ်၊ ဓါး၊ သေနတ်၊ လှံ၊ လေး၊ မြား၊ အမြောက်၊ စားနပ်ရိက္ခာ၊ အသုံး အဆောင် စသည်
English:
tool
Grammar Note:
နာမ်
တန်းဆိပ်
[táɴsʰìaʔ]
Arakanese:
မျက်နှာ ထက်မာ ညိုမည်းသော အကွက် အပြောက် ပေါ်ရေ အနာ တမျိုး။ တင်းတိပ်
Burmese:
မျက်နှာ ပေါ်တွင် ညိုမည်းသော အကွက် အပြောက် ပေါ်သည့် အနာ တစ်မျိုး။ တင်းတိပ်
English:
curtain
Grammar Note:
နာမ်
တန်းဆီးပေါက်
[táɴsʰïpaʊʔ]
Arakanese:
ထွီးထားရေ သွန်းဆီး။စက်
Burmese:
ထွေးထားသော တံတွေးစက်
English:
spittle
Grammar Note:
နာမ်
တန်းဆောက်
[táɴsʰɔ́ɛʔ]
Arakanese:
မျက်နှာ ပြင်မာ ပိုင်စိပ်စိပ် အချေ ဖော်ထားရေ သံတိုက် ကိရိယာ။ တင်းစိုင်း
Burmese:
မျက်နှာ ပြင်တွင် အသွားစိပ်စိပ် ကလေး ဖော်ထားသော သံတိုက် ကိရိယာ။ တံစဉ်း
English:
lawnmower
Grammar Note:
နာမ်
တန်ဆောင်
[tàɴsʰàʊɴ]
Arakanese:
ဆီမီး။ ဆီမီး တန်ဆောင်၊ များမြောင် ထီးကြီးပျင်၍ (ဥဂ္ဂါပျံ)
Burmese:
ဆီမီး။ ဆီမီး တန်ဆောင်၊ များမြောင် ထီးကြီးပျင်၍ (ဥဂ္ဂါပျံ)
English:
flame
Grammar Note:
နာမ်
တန်ဆောင်း
[tàɴsʰáʊɴ]
Arakanese:
အာရုံ ပြုဖို့နန့် ဘုရား ဝတ်ပြုဖို့ ဆောက်လုပ် ထားရေ အဆောက် အအုံ
Burmese:
အာရုံ ပြုရန်နှင့် ဘုရား ဝတ်ပြုရန် ဆောက်လုပ် ထားသော အဆောက် အအုံ
English:
fane
Grammar Note:
နာမ်
တန်ဆောင်တိုင်ပွဲ
[tàɴsʰàʊɴtàɪɴpwɛ]
Arakanese:
တန်ဆောင်မုန်း လပြည့်နိမာ ပြုလုပ်ရေ မီးထွန်းပွဲ
Burmese:
တန်ဆောင်မုန်း လပြည့်နေ့တွင် ပြုလုပ်သော မီးထွန်းပွဲ
English:
lighting festival of Dazaunmon
Grammar Note:
နာမ်
တန်ဆောင်မုန်းလ
[tàɴsʰàʊɴmóʊɴl]
Arakanese:
ရခိုင် တဆယ့် နှစ်လမာ သျှစ်လမြောက် ဖြစ်ရေ လ ၏ အမည်
Burmese:
ရခိုင် တစ်ဆယ့် နှစ်လတွင် ရှစ်လမြောက် ဖြစ်သော လ ၏ အမည်
English:
Dazaunmon
Grammar Note:
နာမ်
တန်းညှိ
[táɴɲ̯ì]
Arakanese:
တန်းစီ ရာမာ တယောက်နန့် တယောက် မဝီးမပါး အာ့လုံးညီယောင် လုပ်ပီးသည်
Burmese:
တန်းစီ ရာတွင် တစ်ယောက်နှင့် တစ်ယောက် မနီးမဝေး တပြေးတည်း ညီအောင် လုပ်ပေးသည်
English:
rank
Grammar Note:
ကြိယာ
တန်းတက်သမား
[táɴtɛʔθmá]
Arakanese:
တန်းထက်မာ တက်ပနာ ကျွမ်းစိုက် ပြခြင်း၊ ခုန်၍ ကပြခြင်း၊ ယင်းပိုင် အမျိုးမျိုး ပြတတ်ရေ ကျွမ်းဘားသမား။ ကျွမ်းထိုးတန်းတက်၊ လူများသျှင်ရို့၊ အထင်ခတ်အောင်၊ မျက်လှည့်လက်လှည့် (ပဒုမ္မ)
Burmese:
တန်းပေါ်တွင် တက်၍ ကျွမ်းစိုက် ပြခြင်း၊ ခုန်၍ ကပြခြင်း၊ ယင်းကဲ့သို့ အမျိုးမျိုး ပြတတ်သော ကျွမ်းဘားသမား။ ကျွမ်းထိုးတန်းတက်၊ လူများရှင်တို့၊ အထင်ခတ်အောင်၊ မျက်လှည့်လက်လှည့် (ပဒုမ္မ)
English:
acrobat
Grammar Note:
နာမ်
တန်းတင်
[táɴtɪ̀ɴ]
Arakanese:
တောင် ကမ်းထောင်းယံမှ အဟိန် အဟုန်ဖြင့် တဟုန်ထိုး ဦးစောက်ကျ ရီစီး ဆင်းရာ အရပ်။ တံရှင်။ တောင်ခြီတောင်ခြီရင်း၊ တသွင်သွင်လေ၊ တန်းတင်ထက်က၊ ဆင်းသက်ကျလို့ (ဓမ္မသာ)။ ကျောက်စွယ်တန်းတင်၊ ရီသွင်သွင်နန့် (ထာနု)။ ပန်းမြိုင်ခွင်မာ၊ တန်းတင်ထက်က၊ စမ်းမြရီညှိ၊ တစိုစိုနန့်၊
Burmese:
တောင် ကမ်းပါးယံမှ အရှိန် အဟုန်ဖြင့် တဟုန်ထိုး ဦးစောက်ကျ ရေစီး ဆင်းရာ အရပ်။ ရေတံခွန်။ တောင်ခြီတောင်ရင်း၊ တသွင်သွင်လေ၊ တန်းတင်ထက်က၊ သက်ဆင်းကျလို့ (ဓမ္မသာ)။ ကျောက်စွယ်တန်းတင်၊ ရီသွင်သွင်နှင့် (ထာနု)။ ပန်းမြိုင်ခွင်မှာ၊ တန်းတင်ထက်က၊ စမ်းမြရေညှိ၊ တစိုစိုနှင့်၊
English:
waterfall
Grammar Note:
နာမ်
တန်းတန်း
[táɴtáɴ]
Arakanese:
ဖြောင့်ဖြောင့် တန်းတန်း
Burmese:
ဖြောင့်ဖြောင့် တန်းတန်း
English:
straight
Grammar Note:
ကြိယာဝိသေသန